သင့္ဘဝကို ပိုေကာင္းလာေအာင္ျပဳလုပ္ႏိုင္တဲ့ ႐ိုး႐ွင္းတဲ့အခ်က္ (၅) ခ်က္

သင့္ဘဝကို ပိုေကာင္းလာေအာင္ျပဳလုပ္ႏိုင္တဲ့ ႐ိုး႐ွင္းတဲ့အခ်က္ (၅) ခ်က္

တကယ္ေတာ့ သင့္ဘဝကို တိုးတက္ေအာင္ျပဳလုပ္ခ်င္တာက ထင္သေလာက္မခက္ခဲပါဘူး။ အေတြ႕အၾကဳံေကာင္းေတြေလ့လာဖို႔နဲ႔ လက္ေတြ႕လုပ္ေဆာင္ဖို႔ပဲလိုအပ္ပါတယ္။ အခုေျပာျပေပးမွာက သင့္ဘဝကို ပိုေကာင္းလာေအာင္ ျပဳလုပ္ႏိုင္တဲ့ ႐ိုး႐ွင္းတဲ့ အခ်က္(၅)ခ်က္ ကိုေျပာျပေပးမွာျဖစ္ပါတယ္။ ေအာက္မွာ ဖတ္ၾကည့္လိုက္ပါအံုးေနာ္ …။

(၁) သင္ယူမႈအသစ္ေတြ လုပ္ပါ

သင္ယူမႈအသစ္တခုကို အခ်ိန္ေပးၿပီးသင္ယူတာက သင့္ဘဝကိုခ်က္ခ်င္းနဲ႔ အခ်ိန္ၾကာလာတာနဲ႔အမွ် တိုးတက္လာေစပါတယ္။ ဥပမာ – ဘာသာစကားအသစ္တခုသင္ယူတာမ်ိဳးပါ။ ဘာသာစကားတခုထက္ပိုပီး တတ္ေျမာက္ျခင္းက သင့္အတြက္ အလုပ္အကိုင္အခြင့္အလမ္း ပိုမိုေကာင္းေစတဲ့အျပင္ တျခားအက်ိဳးေက်းဇူးေတြပါ ရရိွႏိုင္ပါတယ္ …။

(၂) သင့္ကိုခ်စ္တဲ့သူေတြနဲ႔အတူ အခ်ိန္ျဖဳန္းပါ

သင့္မိတ္ေဆြအသိုင္းအဝိုင္းကိုျပန္ဆန္းစစ္ၾကည့္ပါ။ တကယ္လို႔သင့္ကိုလိုအပ္လို႔အသုံးခ်ေနသူေတြ မလိုအပ္ဘဲဖိအားေပးေနတဲ့သူေတြ႐ွိရင္ သူတို႔နဲ႔အဆက္အသြယ္လုပ္တာကို ေလွ်ာ့လိုက္ပါ။ ၿပီးရင္ သင့္ကိုအမွန္တကယ္ခ်စ္ခင္တဲ့သူေတြကို ေက်းဇူးတင္ေၾကာင္းေဖာ္ျပလိုက္ပါ။ အခု သင့္မွာ ဒီလိုလူေတြမ႐ွိေသးဘူးဆိုရင္ေတာင္ ေ႐ွ႕ေလွ်ာက္ စစ္မွန္တဲ့ ဆက္ဆံေရးေတြကိုပဲ တည္ေဆာက္သြားပါ …။

(၃) တက္ႂကြတဲ့လူေနမႈပုံစံ႐ွိပါေစ

အခုေခတ္မွာ လူေတြဟာအျပင္ထြက္ေဈးဝယ္မယ့္အစား ကြန္ပ်ဴတာေ႐ွ႕ကေန အြန္လိုင္းကေဈးဝယ္တာအျပင္ စာသင္တာေတြပါလုပ္ႏိုင္ၾကပါတယ္။ လႈပ္လ်ားမႈနည္းတဲ့လူေနမႈပုံစံက အဝလြန္တာ၊ ႏွလုံး၊ ေသြးတိုးစတဲ့ က်န္းမာေရးအတြက္ေဘးထြက္ဆိုးက်ိဳးေတြအျပင္ စိတ္ပိုင္းဆိုင္ရာကိုလဲ သက္ေရာက္မႈ႐ွိေစပါတယ္။ ဒါ့ေၾကာင့္ သင့္အေနနဲ႔လႈပ္လ်ားမႈ႐ွိတဲ့ လူေနမႈပုံစံမ်ိဳး႐ွိေအာင္ ျပဳလုပ္သင့္ပါတယ္ေနာ္ …။

(၄) ဒဏ္ရာေဟာင္းကို ကုသပါ

တကယ္လို႔သင္ရဲ႕ relationship တခုပ်က္စီးခဲ့ဖူးတယ္ဆိုရင္ အက်ိဳးဆက္ကေနာက္လူေတြကိုပါ သက္ေရာက္မႈ႐ွိေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သင့္မွာ႐ွိေနတဲ့စိတ္ဒဏ္ရာကိုဘယ္လိုကုသမလဲစဥ္းစားဖို႔လိုပါတယ္။ သင့္ဘဝထဲကိုေနာက္ထပ္ဝင္လာမယ့္သူေတြအကုန္လုံး ဒီလိုပဲျဖစ္ေနမွာမဟုတ္ပါဘူး။ ျဖစ္ခဲ့သမွ်ကိုျပန္ေတြးၿပီး ခံစားေနမယ့္အစား အေတြ႕အၾကဳံအျဖစ္သင္ခန္းစာယူၿပီး ေန႔ရက္အသစ္ေတြကို ျပန္စဖို႔ လုပ္လိုက္ပါ …။

(၅) သင့္ကိုသင္ၾကင္နာပါ

အထူးသျဖင့္ သင္ၾကဳံေတြ႕ေနရတဲ့ျပသနာေတြမွာက်ရံွဳးမႈေတြ႐ွိေနရင္ေတာင္ သင့္ကိုယ္သင္ၾကင္နာဖို႔ဘယ္ ေတာ့မွ မေမ့ပါနဲ႔။ မနက္ဖန္တိုင္းဟာ ဘဝကိုအေကာင္းဆုံးျဖတ္သန္းႏိုင္ဖို႔ အခြင့္အေရးသစ္ေတြပါပဲ။ ၿပီးျပည့္စုံတဲ့သူဆိုတာမ႐ွိတဲ့အတြက္ သင့္ကိုယ္တိုင္မွာလဲ တခါတရံမျပည့္စုံတာေတြ႕ရင္ခြင့္ျပဳေပးဖို႔လိုပါတယ္။ သင့္မထိန္းခ်ဳပ္ႏိုင္တဲ့အရာေတြအမ်ားႀကီး႐ွိေပမယ့္ သင္လုပ္ႏိုင္တာကိုသာ အေကာင္းဆုံးလုပ္ေဆာင္ပါေနာ္ …။ ။

Kwee

Unicode

သင့်ဘဝကို ပိုကောင်းလာအောင်ပြုလုပ်နိုင်တဲ့ ရိုးရှင်းတဲ့အချက် (၅) ချက်

တကယ်တော့ သင့်ဘဝကို တိုးတက်အောင်ပြုလုပ်ချင်တာက ထင်သလောက်မခက်ခဲပါဘူး။ အတွေ့အကြုံကောင်းတွေလေ့လာဖို့နဲ့ လက်တွေ့လုပ်ဆောင်ဖို့ပဲလိုအပ်ပါတယ်။ အခုပြောပြပေးမှာက သင့်ဘဝကို ပိုကောင်းလာအောင် ပြုလုပ်နိုင်တဲ့ ရိုးရှင်းတဲ့ အချက်(၅)ချက် ကိုပြောပြပေးမှာဖြစ်ပါတယ်။ အောက်မှာ ဖတ်ကြည့်လိုက်ပါအုံးနော် …။

(၁) သင်ယူမှုအသစ်တွေ လုပ်ပါ

သင်ယူမှုအသစ်တခုကို အချိန်ပေးပြီးသင်ယူတာက သင့်ဘဝကိုချက်ချင်းနဲ့ အချိန်ကြာလာတာနဲ့အမျှ တိုးတက်လာစေပါတယ်။ ဥပမာ – ဘာသာစကားအသစ်တခုသင်ယူတာမျိုးပါ။ ဘာသာစကားတခုထက်ပိုပီး တတ်မြောက်ခြင်းက သင့်အတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုကောင်းစေတဲ့အပြင် တခြားအကျိုးကျေးဇူးတွေပါ ရရှိနိုင်ပါတယ် …။

(၂) သင့်ကိုချစ်တဲ့သူတွေနဲ့အတူ အချိန်ဖြုန်းပါ

သင့်မိတ်ဆွေအသိုင်းအဝိုင်းကိုပြန်ဆန်းစစ်ကြည့်ပါ။ တကယ်လို့သင့်ကိုလိုအပ်လို့အသုံးချနေသူတွေ မလိုအပ်ဘဲဖိအားပေးနေတဲ့သူတွေရှိရင် သူတို့နဲ့အဆက်အသွယ်လုပ်တာကို လျှော့လိုက်ပါ။ ပြီးရင် သင့်ကိုအမှန်တကယ်ချစ်ခင်တဲ့သူတွေကို ကျေးဇူးတင်ကြောင်းဖော်ပြလိုက်ပါ။ အခု သင့်မှာ ဒီလိုလူတွေမရှိသေးဘူးဆိုရင်တောင် ရှေ့လျှောက် စစ်မှန်တဲ့ ဆက်ဆံရေးတွေကိုပဲ တည်ဆောက်သွားပါ …။

(၃) တက်ကြွတဲ့လူနေမှုပုံစံရှိပါစေ

အခုခေတ်မှာ လူတွေဟာအပြင်ထွက်ဈေးဝယ်မယ့်အစား ကွန်ပျူတာရှေ့ကနေ အွန်လိုင်းကဈေးဝယ်တာအပြင် စာသင်တာတွေပါလုပ်နိုင်ကြပါတယ်။ လှုပ်လျားမှုနည်းတဲ့လူနေမှုပုံစံက အဝလွန်တာ၊ နှလုံး၊ သွေးတိုးစတဲ့ ကျန်းမာရေးအတွက်ဘေးထွက်ဆိုးကျိုးတွေအပြင် စိတ်ပိုင်းဆိုင်ရာကိုလဲ သက်ရောက်မှုရှိစေပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့လှုပ်လျားမှုရှိတဲ့ လူနေမှုပုံစံမျိုးရှိအောင် ပြုလုပ်သင့်ပါတယ်နော် …။

(၄) ဒဏ်ရာဟောင်းကို ကုသပါ

တကယ်လို့သင်ရဲ့ relationship တခုပျက်စီးခဲ့ဖူးတယ်ဆိုရင် အကျိုးဆက်ကနောက်လူတွေကိုပါ သက်ရောက်မှုရှိစေနိုင်ပါတယ်။ ဒါ့ကြောင့် သင့်မှာရှိနေတဲ့စိတ်ဒဏ်ရာကိုဘယ်လိုကုသမလဲစဉ်းစားဖို့လိုပါတယ်။ သင့်ဘဝထဲကိုနောက်ထပ်ဝင်လာမယ့်သူတွေအကုန်လုံး ဒီလိုပဲဖြစ်နေမှာမဟုတ်ပါဘူး။ ဖြစ်ခဲ့သမျှကိုပြန်တွေးပြီး ခံစားနေမယ့်အစား အတွေ့အကြုံအဖြစ်သင်ခန်းစာယူပြီး နေ့ရက်အသစ်တွေကို ပြန်စဖို့ လုပ်လိုက်ပါ …။

(၅) သင့်ကိုသင်ကြင်နာပါ

အထူးသဖြင့် သင်ကြုံတွေ့နေရတဲ့ပြသနာတွေမှာကျရှုံးမှုတွေရှိနေရင်တောင် သင့်ကိုယ်သင်ကြင်နာဖို့ဘယ် တော့မှ မမေ့ပါနဲ့။ မနက်ဖန်တိုင်းဟာ ဘဝကိုအကောင်းဆုံးဖြတ်သန်းနိုင်ဖို့ အခွင့်အရေးသစ်တွေပါပဲ။ ပြီးပြည့်စုံတဲ့သူဆိုတာမရှိတဲ့အတွက် သင့်ကိုယ်တိုင်မှာလဲ တခါတရံမပြည့်စုံတာတွေ့ရင်ခွင့်ပြုပေးဖို့လိုပါတယ်။ သင့်မထိန်းချုပ်နိုင်တဲ့အရာတွေအများကြီးရှိပေမယ့် သင်လုပ်နိုင်တာကိုသာ အကောင်းဆုံးလုပ်ဆောင်ပါနော် …။ ။

Kwee