အရြယ္နဲ႔မွမလိုက္ ရုပ္ရင့္ၿပီးအိုမင္းမေနေစဖို႔ လံုးဝမလုပ္သင့္တဲ့ အက်င့္ဆိုး (၆) ခု

အရြယ္နဲ႔မွမလိုက္ ရုပ္ရင့္ၿပီးအိုမင္းမေနေစဖို႔ လံုးဝမလုပ္သင့္တဲ့ အက်င့္ဆိုး (၆) ခု

လူတုိင္းလူတုိင္းကေတာ့ အရြယ္တင္ႏုပ်ိဳမႈကိုပဲ လိုလားၾကမွာပါ။ အထူးျဖင့္ အလွအပႀကိဳက္တဲ့ မိန္းမသားေတြေပါ့။

သင့္ရဲ႕ေန႔စဥ္နိစၥဒူဝကိစၥေတြထဲ သင့္ရဲ႕ႏုပ်ိဳမႈကို ရပ္တန္႔ကာ အရြယ္နဲ႔မလိုက္ေအာင္ အိုမင္းရင့္ေရာ္မႈေတြကို ျဖစ္ေစႏုိင္တဲ့ အက်င့္ဆိုးေတြရွိေနပါတယ္။

ဒါေတြကိုေရွာင္က်ဥ္ႏုိင္ဖို႔အတြက္ ဘာေတြမ်ားျဖစ္မလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္လား။

(၁) Suncream မလိမ္းျခင္း

ေနပူထဲမသြးသည့္တုိင္ေအာင္ အိမ္မွာေနရင္းလည္း suncream လိမ္းေပးသင့္တယ္ဆိုတာ သင္သိပါသလား။

အထူးသျဖင့္ laptop နဲ႔ ဖုန္းအၾကည့္မ်ားတဲ့ ပ်ိဳေမေတြအေနနဲ႔ screen ကထြက္လာမယ့္ rays ေတြကို ကာကြယ္ဖို႔အတြက္ suncream လိမ္းေပးသသင့္ပါတယ္။ UV ဟာ အိုမင္းရင့္ေရာ္မႈကို အားေပးပါတယ္။

(၂) အိပ္ေရးဝေအာင္မအိပ္ျခင္း

အိပ္ေရးမဝတဲ့အခါ မ်က္တြင္းေတြ က်လာၿပီး အိပ္ခ်ိန္မမွန္တာေၾကာင့္ metabolism ေတြ ကေမာက္ကမျဖစ္လာေစႏုိင္ပါတယ္။

ဒီအတြက္ ႏုပ်ိဳေစတဲ့ ေကာ္လဂ်င္ထြက္မႈအားေတြေလ်ာ့က်တာမ်ိဳး၊ အသားအေရဆဲလ္အသစ္ေတြျဖစ္ျခင္း လုပ္ငန္းစဥ္ေတြကို ေႏွာင့္ေႏွးတာမ်ိဳးေတြ ျဖစ္လာႏိုုင္ပါတယ္။

(၃) ေစာင္းအိပ္ျခင္းနဲ႔ ေမွာက္အိပ္ျခင္း

ေစာင္းအိပ္တာနဲ႔ ေမွာက္အိပ္တဲ့အခါ မ်က္ႏွာဟာ ေခါင္းအံုးနဲ႔ ဖိကပ္ေနတဲ့အတြက္ေၾကာင့္ ႏွစ္ေတြၾကာလာတဲ့အခါ အေရျပားေတြတြန္႔လာတာ ပံုေသျဖစ္လာႏုိင္ပါတယ္။

ဒါေၾကာင့္ အေကာင္းဆံုးအိပ္စက္ျခင္းပံုစံကေတာ့ ပက္လက္ေလး အိပ္တာပါတဲ့။

(၄) အလုပ္အလြန္အကၽြံလုပ္ျခင္း

အလုပ္လုပ္တဲ့အခါ ဘယ္အခ်ိန္မဆိုဆို စိတ္ဖိဆီးမႈေတြေတာ့ ရွိၾကမွာပါပဲ။ သာမန္ထက္ အလုပ္ကိစၥေတြဟာ ဘဝရဲ႕အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို ေနရာယူလာတဲ့အခါမွာေတာ့ စိတ္ေရာကိုယ္ပါ ပင္ပမ္းၿပီး စိတ္ဖိဆီးမႈမ်ားကာ ရုပ္ရည္က်ေစပါတယ္။

ငယ္ရြယ္စဥ္ပင္ပမ္းခဲ့တဲ့လူေတြဆိုရင္ အလုပ္သိပ္မလုပ္တဲ့ သက္သူရြယ္တူေတြထက္ ပိုရင့္တတ္ၾကတာ ျမင္ဖူးၾကတယ္မလား။

(၅) ခႏၶာကိုယ္မထိန္းျခင္း

မိမိရဲ႕ ကိုယ္အေလးခ်ိန္ကို ထိန္းထိန္းသိမ္းသိမ္းမေနဘဲ အရမ္းအဝခံလြန္းမယ္၊ အရမ္းပိန္ခံလြန္းမယ္ဆိုရင္လည္း အရြယ္တင္ဖို႔ အဆင္ေျပမွာမဟုတ္ပါဘူး။

ဝရင္လည္း ရုပ္ရင့္တယ္၊ ပိန္ရင္လည္း ရုပ္ကက်တယ္မဟုတ္လား။ ဒီအတြက္ေၾကာင့္ မပိန္လြန္းမဝလြန္းတဲ့ ခႏၶာကို္ယ္ရဖို႔အတြက္ အစားအေသာက္၊ အေနအထုိင္နဲ႔ ေလ့က်င့္ခန္းေတြပါ တြဲလု္ပေပးသင့္ပါတယ္။

(၆) ေရလံုေလာက္စြာမေသာက္ျခင္း

လူ႕ခႏၶာကို္မွာ လိုအပ္တဲ့ ေရဓာတ္ကို ျဖည့္မေပးႏုိင္ဘူးဆိုရင္ သင့္အသားအေရေတြဟာ မည္းေျခာက္လာမွာပါ။ ႏုပ်ိဳေစဖို႔အတြက္ဆိုရင္ စိုေျပတင္းရင္းတဲ့အသားအေရ ရွိမွလည္း ျဖစ္မွာပါ။

(၇) ျဖည့္စြက္စာမ်ား မစားျခင္း

အသက္ ၂၅ ႏွစ္ေက်ာ္လာတာနဲ႔ မိန္းကေလးတစ္ေယာက္ဟာ collagen တို႔၊ gluta တို႔လို အသားအေရအတြက္ ျဖည့္စြက္ေဆးဝါးေတြကို မွီဝဲသင့္ေနပါၿပီ။ ဒီအျပင္ ႏုပ်ိေစမယ့္ ေဆာ္လ္မြန္လိုမ်ိဳးအစားအေသာက္ေတြကိုလည္း ပံုမွန္ေလး ဂရုတစိုက္စားေပးကာမွ အရြယ္တင္ေစမွာျဖစ္ပါတယ္။

penny

Unicode

အရွယ်နဲ့မှမလိုက် ရုပ်ရင့်ပြီးအိုမင်းမနေစေဖို့ လုံးဝမလုပ်သင့်တဲ့ အကျင့်ဆိုး (၆) ခု

လူတိုင်းလူတိုင်းကတော့ အရွယ်တင်နုပျိုမှုကိုပဲ လိုလားကြမှာပါ။ အထူးဖြင့် အလှအပကြိုက်တဲ့ မိန်းမသားတွေပေါ့။

သင့်ရဲ့နေ့စဉ်နိစ္စဒူဝကိစ္စတွေထဲ သင့်ရဲ့နုပျိုမှုကို ရပ်တန့်ကာ အရွယ်နဲ့မလိုက်အောင် အိုမင်းရင့်ရော်မှုတွေကို ဖြစ်စေနိုင်တဲ့ အကျင့်ဆိုးတွေရှိနေပါတယ်။

ဒါတွေကိုရှောင်ကျဉ်နိုင်ဖို့အတွက် ဘာတွေများဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်လား။

(၁) Suncream မလိမ်းခြင်း

နေပူထဲမသွးသည့်တိုင်အောင် အိမ်မှာနေရင်းလည်း suncream လိမ်းပေးသင့်တယ်ဆိုတာ သင်သိပါသလား။

အထူးသဖြင့် laptop နဲ့ ဖုန်းအကြည့်များတဲ့ ပျိုမေတွေအနေနဲ့ screen ကထွက်လာမယ့် rays တွေကို ကာကွယ်ဖို့အတွက် suncream လိမ်းပေးသသင့်ပါတယ်။ UV ဟာ အိုမင်းရင့်ရော်မှုကို အားပေးပါတယ်။

(၂) အိပ်ရေးဝအောင်မအိပ်ခြင်း

အိပ်ရေးမဝတဲ့အခါ မျက်တွင်းတွေ ကျလာပြီး အိပ်ချိန်မမှန်တာကြောင့် metabolism တွေ ကမောက်ကမဖြစ်လာစေနိုင်ပါတယ်။

ဒီအတွက် နုပျိုစေတဲ့ ကော်လဂျင်ထွက်မှုအားတွေလျော့ကျတာမျိုး၊ အသားအရေဆဲလ်အသစ်တွေဖြစ်ခြင်း လုပ်ငန်းစဉ်တွေကို နှောင့်နှေးတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

(၃) စောင်းအိပ်ခြင်းနဲ့ မှောက်အိပ်ခြင်း

စောင်းအိပ်တာနဲ့ မှောက်အိပ်တဲ့အခါ မျက်နှာဟာ ခေါင်းအုံးနဲ့ ဖိကပ်နေတဲ့အတွက်ကြောင့် နှစ်တွေကြာလာတဲ့အခါ အရေပြားတွေတွန့်လာတာ ပုံသေဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် အကောင်းဆုံးအိပ်စက်ခြင်းပုံစံကတော့ ပက်လက်လေး အိပ်တာပါတဲ့။

(၄) အလုပ်အလွန်အကျွံလုပ်ခြင်း

အလုပ်လုပ်တဲ့အခါ ဘယ်အချိန်မဆိုဆို စိတ်ဖိဆီးမှုတွေတော့ ရှိကြမှာပါပဲ။ သာမန်ထက် အလုပ်ကိစ္စတွေဟာ ဘဝရဲ့အချိန်တော်တော်များများကို နေရာယူလာတဲ့အခါမှာတော့ စိတ်ရောကိုယ်ပါ ပင်ပမ်းပြီး စိတ်ဖိဆီးမှုများကာ ရုပ်ရည်ကျစေပါတယ်။

ငယ်ရွယ်စဉ်ပင်ပမ်းခဲ့တဲ့လူတွေဆိုရင် အလုပ်သိပ်မလုပ်တဲ့ သက်သူရွယ်တူတွေထက် ပိုရင့်တတ်ကြတာ မြင်ဖူးကြတယ်မလား။

(၅) ခန္ဓာကိုယ်မထိန်းခြင်း

မိမိရဲ့ ကိုယ်အလေးချိန်ကို ထိန်းထိန်းသိမ်းသိမ်းမနေဘဲ အရမ်းအဝခံလွန်းမယ်၊ အရမ်းပိန်ခံလွန်းမယ်ဆိုရင်လည်း အရွယ်တင်ဖို့ အဆင်ပြေမှာမဟုတ်ပါဘူး။

ဝရင်လည်း ရုပ်ရင့်တယ်၊ ပိန်ရင်လည်း ရုပ်ကကျတယ်မဟုတ်လား။ ဒီအတွက်ကြောင့် မပိန်လွန်းမဝလွန်းတဲ့ ခန္ဓာက်ိုယ်ရဖို့အတွက် အစားအသောက်၊ အနေအထိုင်နဲ့ လေ့ကျင့်ခန်းတွေပါ တွဲလ်ုပပေးသင့်ပါတယ်။

(၆) ရေလုံလောက်စွာမသောက်ခြင်း

လူ့ခန္ဓာက်ိုမှာ လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်မပေးနိုင်ဘူးဆိုရင် သင့်အသားအရေတွေဟာ မည်းခြောက်လာမှာပါ။ နုပျိုစေဖို့အတွက်ဆိုရင် စိုပြေတင်းရင်းတဲ့အသားအရေ ရှိမှလည်း ဖြစ်မှာပါ။

(၇) ဖြည့်စွက်စာများ မစားခြင်း

အသက် ၂၅ နှစ်ကျော်လာတာနဲ့ မိန်းကလေးတစ်ယောက်ဟာ collagen တို့၊ gluta တို့လို အသားအရေအတွက် ဖြည့်စွက်ဆေးဝါးတွေကို မှီဝဲသင့်နေပါပြီ။ ဒီအပြင် နုပျိစေမယ့် ဆော်လ်မွန်လိုမျိုးအစားအသောက်တွေကိုလည်း ပုံမှန်လေး ဂရုတစိုက်စားပေးကာမှ အရွယ်တင်စေမှာဖြစ်ပါတယ်။

penny