ဘ၀ရဲ႕လက္တြဲေဖာ္ ေရြးခ်ယ္တဲ႔အခါ ဒီလိုလူမ်ိဳးကို ေရြးခ်ယ္ပါ…

ဘ၀ရဲ႕လက္တြဲေဖာ္ ေရြးခ်ယ္တဲ႔အခါ ဒီလိုလူမ်ိဳးကို ေရြးခ်ယ္ပါ…

လူတစ္ဦးတစ္ေယာက္ကုိ မိမိ ဘ၀တစ္သက္လုံးအတြက္ ဘ၀လက္တြဲေဖာ္အျဖစ္ ေရြးခ်ယ္တဲ့အခါ

မိမိတစ္ေယာက္တည္းအေပၚ သိ္ပ္ခ်စ္ျပီးခ်စ္ေနတုန္းအခ်ိန္ အနစ္နာခံမႈ၊ ဘာမဆုိလုပ္ေပးမႈ၊ကုိယ္တစ္ေယာက္တည္းအေပၚ ခ်စ္ေနတုန္း ေကာင္းျခင္း၊ ယုယျခင္း၊ ရုိးသားျခင္းေလာက္နဲ႔ ဘ၀ရဲ့ လက္တြဲေဖာ္ဆုိျပီး ေရြးခ်ယ္လုိ႔ မရႏုိင္ပါဘူး …။

ဘာလုိ႔လဲဆုိေတာ့… လူဆုိတာ မိမိသေဘာက်ေနတဲ့အခ်ိန္၊ မိမိသိပ္ခ်စ္ေနတဲ့အခ်ိန္၊ မိမိခ်စ္ေနေသာသူကုိ အရာရာအေကာင္းပဲျမင္ၿပီး အရာရာခြင့္လႊတ္ေပးတတ္ၾကတာ သဘာ၀ျဖစ္ပါတယ္ …။

ကုိယ္နဲ႔ အဆင္မေျပေသာ တစ္ေန႔မွာ… ကုိယ့္အေပၚမွာ ၾကမ္းတမ္းေသာ အျပဳအမူ၊ ရုိင္းစုိင္းေသာ အေျပာအဆုိ၊ ရက္စက္ေသာ လုပ္ရပ္ေတြနဲ႔ ထာ၀ရ ရန္သူႀကီးေတြျဖစ္ေနၾကတာ ေလာကမွာ ျမင္ေနၾကရမွာပါ …။

အဲ႔တာေၾကာင့္…လူတစ္ေယာက္ကုိ ဘ၀အတြက္တစ္သက္လုံး ေရြးခ်ယ္တဲ့အခါ – ကုိယ္နဲ႔ လက္တြဲမဲ့သူက တစ္ျခားသူတစ္ဦးေပၚ

– တကယ္ ကုိယ္ခ်င္းစာတရားရွိရဲ႕လား …၊

– တကယ္ စိတ္ေကာင္း ေစတနာေကာင္း ရွိရဲ႕လား …၊

– ပင္ကုိရုိးသားျဖဴစင္ေသာစိတ္ ရွိရဲ႕လား …၊

– စကားေျပာတာဆုိတာကအစ ရုိးသားယဥ္ေက်းသိမ္ေမြ႔မႈ တကယ္ရွိရဲ႕လား …၊

– သေဘာထားႀကီးမႈ၊ နားလည္ခြင့္လြတ္တတ္မႈ ရွိရဲ႕လား …၊

– ကုိယ့္အေပၚအရမ္းေကာင္းတယ္၊ သူမ်ားေပၚမွာ…ကုိယ္ေလာက္မေကာင္းေပမယ့္ ပုံမွန္စိတ္ေကာင္းစိတ္ျမတ္ ရွိရဲ့လား၊ ဆုိတာ စဥ္းစားရပါလိမ့္မယ္ …။

ဒီလုိလူနဲ႔ ဘ၀တစ္သက္လုံးလက္တြဲမွ၊ ေရရွည္မွာ စိတ္ခ်မ္းသာမႈရမွာ ျဖစ္တယ္။ မိမိတစ္ေယာက္တည္း အေပၚ ေကာင္းတာေလာက္နဲ႔ ဘ၀မွာလက္တြဲမိရင္ေတာ့

ဘ၀မွာ ျပင္လုိ႔မရတဲ႔ “ေနာင္တတရားေတြ” က မိမိကုိ ေစာင့္ႀကိဳေနလိမ့္ပါမယ္။ ဒါေၾကာင့္ …ဘ၀တစ္သက္တာအတြက္ လက္တြဲေဖာ္ကုိ ကိုယ့္အေပၚခ်စ္မိေနတုန္း

ေကာင္းျခင္းေလာက္နဲ႔ မေရြးခ်ယ္ၾကပါနဲ႔ လုိ႔ တုိက္တြန္းလုိက္ရပါတယ္ေနာ္ …။ ။

Credit: ေမတၲာျဖင့္…အရွင္ဇနက – မႏၲေလးစာသင္သား (ဓမၼလက္ေဆာင္)

Unicode

ဘဝရဲ့လက်တွဲဖော် ရွေးချယ်တဲ့အခါ ဒီလိုလူမျိုးကို ရွေးချယ်ပါ…

လူတစ်ဦးတစ်ယောက်ကို မိမိ ဘဝတစ်သက်လုံးအတွက် ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်တဲ့အခါ

မိမိတစ်ယောက်တည်းအပေါ် သ်ိပ်ချစ်ပြီးချစ်နေတုန်းအချိန် အနစ်နာခံမှု၊ ဘာမဆိုလုပ်ပေးမှု၊ကိုယ်တစ်ယောက်တည်းအပေါ် ချစ်နေတုန်း ကောင်းခြင်း၊ ယုယခြင်း၊ ရိုးသားခြင်းလောက်နဲ့ ဘဝရဲ့ လက်တွဲဖော်ဆိုပြီး ရွေးချယ်လို့ မရနိုင်ပါဘူး …။

ဘာလို့လဲဆိုတော့… လူဆိုတာ မိမိသဘောကျနေတဲ့အချိန်၊ မိမိသိပ်ချစ်နေတဲ့အချိန်၊ မိမိချစ်နေသောသူကို အရာရာအကောင်းပဲမြင်ပြီး အရာရာခွင့်လွှတ်ပေးတတ်ကြတာ သဘာ၀ဖြစ်ပါတယ် …။

ကိုယ်နဲ့ အဆင်မပြေသော တစ်နေ့မှာ… ကိုယ့်အပေါ်မှာ ကြမ်းတမ်းသော အပြုအမူ၊ ရိုင်းစိုင်းသော အပြောအဆို၊ ရက်စက်သော လုပ်ရပ်တွေနဲ့ ထာဝရ ရန်သူကြီးတွေဖြစ်နေကြတာ လောကမှာ မြင်နေကြရမှာပါ …။

အဲ့တာကြောင့်…လူတစ်ယောက်ကို ဘဝအတွက်တစ်သက်လုံး ရွေးချယ်တဲ့အခါ – ကိုယ်နဲ့ လက်တွဲမဲ့သူက တစ်ခြားသူတစ်ဦးပေါ်

– တကယ် ကိုယ်ချင်းစာတရားရှိရဲ့လား …၊

– တကယ် စိတ်ကောင်း စေတနာကောင်း ရှိရဲ့လား …၊

– ပင်ကိုရိုးသားဖြူစင်သောစိတ် ရှိရဲ့လား …၊

– စကားပြောတာဆိုတာကအစ ရိုးသားယဉ်ကျေးသိမ်မွေ့မှု တကယ်ရှိရဲ့လား …၊

– သဘောထားကြီးမှု၊ နားလည်ခွင့်လွတ်တတ်မှု ရှိရဲ့လား …၊

– ကိုယ့်အပေါ်အရမ်းကောင်းတယ်၊ သူများပေါ်မှာ…ကိုယ်လောက်မကောင်းပေမယ့် ပုံမှန်စိတ်ကောင်းစိတ်မြတ် ရှိရဲ့လား၊ ဆိုတာ စဉ်းစားရပါလိမ့်မယ် …။

ဒီလိုလူနဲ့ ဘဝတစ်သက်လုံးလက်တွဲမှ၊ ရေရှည်မှာ စိတ်ချမ်းသာမှုရမှာ ဖြစ်တယ်။ မိမိတစ်ယောက်တည်း အပေါ် ကောင်းတာလောက်နဲ့ ဘဝမှာလက်တွဲမိရင်တော့

ဘဝမှာ ပြင်လို့မရတဲ့ “နောင်တတရားတွေ” က မိမိကို စောင့်ကြိုနေလိမ့်ပါမယ်။ ဒါကြောင့် …ဘဝတစ်သက်တာအတွက် လက်တွဲဖော်ကို ကိုယ့်အပေါ်ချစ်မိနေတုန်း

ကောင်းခြင်းလောက်နဲ့ မရွေးချယ်ကြပါနဲ့ လို့ တိုက်တွန်းလိုက်ရပါတယ်နော် …။ ။

Credit: မေတ္တာဖြင့်…အရှင်ဇနက – မန္တလေးစာသင်သား (ဓမ္မလက်ဆောင်)