(၁) ဆံပင်”
(၂) လည်ပင်း အနောက်ဖက်”
(၃) ညှပ်ရိုး”
(၄) နားရွက်”
(၅) ခြေဖ၀ါး”
CRD-SHWEMOM
Unicode
မိန်းကလေးတွေက သူတို့ရဲ့ဒီခန္ဓာကိုယ် အစိတ်အပိုင်း(၅)ခုကို ထိတွေ့ အခံချင်ဆုံးပါတဲ့…
မိန်းကလေးတွေက သူတို့ရဲ့ ချစ်သူတွေ၊ အိမ်ထောင်ဖက်တွေ နဲ့ အတူရှိနေတဲ့ အချိန်တွေမှာဆိုရင် သူတို့ကို ထိတွေ့စေချင်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ရှိသတဲ့။ အဲဒီလိုပြောလို့ ထင်ရာမြင်ရာတွေ လျှောက်တွေးမနေနဲ့ဦး။ ဒီအချက်တွေက bigeye.ug ဆိုတဲ့ ဝက်ဆိုက် နဲ့ faceofmalawi.com ဆိုတဲ့ ဝက်ဆိုက်တွေကနေ ကူးယူဖော်ပြတာဖြစ်ပြီး သူတို့ရဲ့လေ့လာတွေ့ရှိချက်လေးတွေကို ပြန်လည် မျှဝေပေးထားတာပဲ ဖြစ်ပါတယ်နော် …။
(၁) ဆံပင်”
မိန်းကလေးတွေဟာ သူတို့ရဲ့ဆံပင်တွေကို သူတို့ကို တန်ဖိုး ထားတဲ့ ယောင်္ကျားလေး တစ်ယောက်ကို ထိတွေ့စေချင်ကြသတဲ့။ သူတို့က ဆံပင်ကို ဆေးရောင်အမျိုးမျိုးခြယ်ကြတယ်၊ပုံစံအမျိုးမျိုး ဖန်တီးကြတယ်ဆိုတာ ဖိအားတွေ လျော့ကျဖို့အတွက် ဖြစ်ကြပြီး သူတို့ရဲ့ ဆံပင်တွေကို သူတို့ချစ်တဲ့သူ ကိုင်ဖို့ မျှော်လင့်တတ် ကြပါတယ်တဲ့ …။
(၂) လည်ပင်း အနောက်ဖက်”
ကိုယ်ချစ် တဲ့မိန်းကလေးတစ်ယောက်ရဲ့ လည်ပင်း အနောက်ဖက်နားကို လက်နဲ့ ကိုင်ထားပြီး အနမ်းလေးပေးကြည့်စမ်းပါ။ ဂျပန်မှာတော့ ဒီအလေ့အထဟာ အရမ်းပဲ ခေတ်စား ပါတယ်တဲ့။ အမျိုးသားတွေက မိန်းကလေးတွေရဲ့ လည်ပင်းအနောက်ဖက်နားကို ထိတွေ့ဖို့ စိတ်ဝင်စားကြပြီး စိတ်ပိုင်းဆိုင်ရာ ခံစားမှုကိုလည်း မြင့်တက်နေပါသတဲ့ …။
(၃) ညှပ်ရိုး”
လည်ပင်းအောက်ခြေနားမှာ ရှိတဲ့ ညှပ်ရိုးဆိုတာ မိန်းကလေးတွေ ရဲ့ ဆွဲဆောင်မှုအရှိဆုံး နေရာတွေထဲက တစ်ခုတဲ့။ တချို့ဆိုရင် အဲဒီ ညှပ်ရိုးမပေါ်လို့ စိတ်ညစ်ကြသူတွေတောင် ရှိတယ်။ မိန်းကလေးတွေက အဲဒီနေရာကို ထိတာ၊ နမ်းတာကို ကြိုက်ကြသလို သူတို့ရဲ့ အလှအပကို အသိအမှတ်ပြုတယ်လို့လည်း ခံစားရကြပါတယ်တဲ့ …။
(၄) နားရွက်”
နားရွက်နဲ့ ပတ်သက်ပြီး မိန်းကလေးတွေရဲ့ ခံစားမှုက တစ်မျိုးပါ။ သူတို့က နားရွက်ကို ထိရင် ပျော်ကြတယ်တဲ့။ နားရွက်ကို နမ်းတာမျိုးတို့၊ ဖွဖွလေး ကိုင်ထားတာမျိုး တို့ဆိုရင် သူတို့က သဘောကျတတ်ကြပြီး ဒါဟာ သူတို့ ထိတွေ့စေချင်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းဆိုတာ သေချာပါတယ် …။
(၅) ခြေဖဝါး”
ခြေဖဝါးကို ဘာလို့ ထိရမှာလဲ၊ ရွံစရာကြီးလို့ တွေးမိကြတယ် မို့လား။ မိန်းကလေးတွေက သူတို့ရဲ့ ခြေဖဝါးကို အထိ ခံချင်ကြတယ်တဲ့။ အဲဒါကြောင့်ပဲ Foot Massageတွေ ဆီ သွားကြတာဖြစ်ပြီး သူတို့အတွက် ခံစားမှု အသစ်တွေ ပေးစွမ်းနိုင်တယ်လို့ ယုံကြည်ကြပါတယ်တဲ့နော် …။ ။
CRD-SHWEMOM