ျမန္မာ အမ်ိဳးသမီးေတြ အား တ႐ုတ္ျပည္သို႔ မလာၾက ဖို႔ တိုက္တြန္း လိုက္တဲ့ တ႐ုတ္ျပည္ ေရာင္းစားခံ ခဲ့ရသူ ျမန္မာ အမ်ိဳးသမီးတစ္ဦး

ျမန္မာ အမ်ိဳးသမီးေတြ အား တ႐ုတ္ျပည္သို႔ မလာၾက ဖို႔ တိုက္တြန္း လိုက္တဲ့ တ႐ုတ္ျပည္ ေရာင္းစားခံ ခဲ့ရသူ ျမန္မာ အမ်ိဳးသမီးတစ္ဦး

ျမန္မာျပည္မွာ အလုပ္အကိုင္ရွားပါးမႈေတြ စားဝတ္ေနေရး အခက္အခဲေတြနဲ႔ မိသားစု အဆင္မေျပမႈေတြရဲ့ ဒဏ္ေတြေၾကာင့္ အမ်ိဳးသမီးအမ်ားစုဟာ လူကုန္ကူးသူေတြရဲ့ သားေကာင္ေတြ ျဖစ္ေနၾကရပါတယ္။

အဲဒီထဲမွာ ေမာ္လၿမိဳင္ မုပြန္က မဇာဇာေအးလဲ ပါဝင္ပါတယ္။ သူဟာ အသက္ ၁၄ ႏွစ္အရြယ္ ၂၀၁၉ ခုႏွစ္ ေမလမွာ တ႐ုတ္ျပည္ ကို လူကုန္ကူးခံခဲ့ရတာပါ။“အေမနဲ႔အေဖနဲ႔ အေဖတို႔ရြာ ဧရာဝတီ က်ိဳက္လတ္ဘက္ကို လိုက္သြားတာ အဲဒီမွာ အေမနဲ႔ အမ်ိဳးေတြနဲ႔

စကားမ်ားေတာ့ သမီးက ရွက္ၿပီး ထြက္လာတာ။ေမာ္လၿမိဳင္ ျပန္ေရာက္တယ္ ေမာ္လၿမိဳင္ကေန ေမာင္ႏွမေတြ နဲ႔ အဆင္မေျပလို႔ ရန္ကုန္ကိုတက္လာတာ။ ရန္ကုန္ကားကြင္းမွာ ပြဲစားနဲ႔ေတြ႕တယ္ ပြဲစားကတ႐ုတ္ျပည္ကိုလိုက္ခဲ့ အလုပ္ေကာင္းတယ္ဆိုၿပီး သမီးကိုေခၚတယ္။

သမီးမလိုက္ဘူးလို႔ ေျပာလိုက္တယ္ အဲဒါပဲ သမီးမွတ္မိတယ္”သူ႔ကိုပြဲစားေတြက တ႐ုတ္ျပည္ဘက္ေခၚလာခဲ့တာ သူလုံး ဝမသိခဲ့ဘူးလို႔ဆိုပါတယ္။

မနက္မိုးလင္းလို႔ ကားဂိတ္ေရာက္တဲ့အခါမွ ပြဲစားက သူ႔ကို အိပ္ေနရာက ႏွိုးၿပီး တည္းခိုခန္းကို ပို႔ခဲ့ၿပီး ထြက္မေျပးဖို႔ ၿခိမ္းေျခာက္ေျပာဆို ခဲ့တယ္လို႔လဲ မဇာဇာ က ေျပာျပပါတယ္။

“နယ္စပ္ ကိုေရာက္တာ သမီးမွတ္မိတယ္ က်န္တာ မမွတ္မိဘူး ဘယ္လိုေခၚလာ တာလဲလည္း သမီးမမွတ္မိဘူး။ လြယ္ဂ်ယ္ ကိုေရာက္မွ သမီးသိတာ။ အဲဒီေန႔က သမီးအျပင္လုံးဝ မထြက္ရဘူး။

သမီးကို ‘ပင္လယ္’ တည္းခိုခန္း မွာထားတာ။ တပတ္ေက်ာ္ေက်ာ္ေလာက္ ထားတယ္ ျမန္မာျပည္နယ္စပ္ဘက္ကေပါ့ေနာ္။ သမီးျပန္ဖို႔ႀကိဳးစားတယ္ သမီး ကို ဓားနဲ႔ေထာက္တယ္။

ဓားေျမႇာင္နဲ႔ေထာက္ၿပီး နင္ထြက္ေျပးရဲရင္ ထြက္ေျပးၾကည့္ နယ္စပ္မွာတင္ အသက္ေပ်ာက္သြားမယ္။ ျပန္လို႔ကေတာ့ နင့္ကိုသတ္မွာ နင့္ေပါင္ကို ဓားနဲ႔ထိုးမွာ ဆိုၿပီး ေျပာေတာ့ သမီးေၾကာက္တယ္။

သမီးက တ႐ုတ္ျပည္ေရာက္တာ အသက္မျပည့္ေသး ပါဘူး။ ၁၄ ႏွစ္ေက်ာ္ေလးပဲ ရွိတယ္။ အခု ၇ လပိုင္း ၁ ရက္ေန႔ ကမွ ၁၆ ႏွစ္ျပည့္တာ ”အဲဒီ တည္းခိုခန္းမွာပဲ တ႐ုတ္အမ်ိဳးသား နဲ႔ ေတြ႕ဆုံခဲ့ရၿပီး လက္ထပ္ခဲ့ ရတာေတြ ပြဲစားက တ႐ုတ္အမ်ိဳးသားထံက ေငြေၾကးယူသြား တာေတြကိုလဲ သူက ေျပာျပပါတယ္။

“သမီးေယာက်ာ္း ယူရမယ္ လို႔လဲ မသိခဲ့ဘူး။ ေယာက်ာ္းယူ ရမွန္းမသိတဲ့အခါ သမီးဖာသာသမီး ေအာ္သူတို႔ ပို႔ခဲ့ၿပီးၿပီပဲ ေကာင္းေအာင္ေနလိုက္ေတာ့မယ္ ဆိုၿပီးေနခဲ့တယ္။ ပိုက္ဆံ တ႐ုတ္ေငြ ၆ ေသာင္းခြဲ ပြဲစားက ယူသြားတယ္ အဲလိုေပး လိုက္တာ သမီးျမင္တယ္။

ဒါေပမဲ့ သမီးပါးစပ္က ဘာ မွေျပာလို႔မရဘူး။ သမီးရဲ့ပြဲစားက လက္ရွိ ဒီတ႐ုတ္ျပည္မွာ ရွိတယ္ ဟိုတေလာကမွ သူ႔ကိုျပန္ေတြ႕တာ၊ ဒါေပမဲ့ သမီးကို အဆက္အသြယ္ မလုပ္ဘူး”အဲဒီအခ်ိန္အထိ သူဟာ ပြဲစားက ေရာင္းစားသြားတာကို မသိခဲ့ပါဘူး။

သူ႔ကို ပြဲစားက ၃ လေနရင္ ျပန္လာေခၚမယ္ လို႔ ေျပာခဲ့တဲ့အတြက္ ပြဲစားကို သူေစာင့္ခဲ့တာေတြ ေနာက္မွ ပြဲစားက ေငြယူၿပီး သူ႔ကို ေရာင္းစားသြားတာေတြ သိခဲ့ရတာပါ။“ သမီးကို ေရာင္းစား သြားမွန္း တ႐ုတ္ျပည္ေရာက္ၿပီး ၄ လေလာက္ေန မွ သိရတာ။

ပြဲစားက သမီးကိုေျပာသြားတာက တ႐ုတ္ေယာက္က်ား ကို ယူရမယ္။ သမီးဘဝ ကို မေပးရဘူး။ ၆ လေလာက္ေနရင္ သိန္း ၂၀ ရမယ္ေျပာတယ္။ သမီးက ေမးတယ္ အဲလိုယူရရင္ သမီးမိဘကို ေထာက္ပံံ့လို႔ရမလား ဆိုေတာ့ သမီး ၃ လျပည့္ရင္ သူတို႔က လာျပန္ေခၚမွာ သမီးအိမ္မွာ ဘာမွလုပ္စရာမလိုဘူး။

ကိုယ့္ဘာ သာကိုယ္ ေနရမွာ အဲလိုေျပာလို႔ ေနလိုက္တာ။ ဒါေပမဲ့ ၄ လၾကာေတာ့ သမီးေယာက်ာ္းကိုေမးတယ္ သမီးကိုယ္ဝန္ ၃ လေလာက္မွာ။ သူကေျပာတယ္ လာမေခၚဘူး ေလတဲ့ ပိုက္ဆံယူသြားတယ္ လို႔ေျပာတယ္ အဲဒါ စကားျပန္အမႀကီး တေယာက္ကို ေမးခိုင္းတယ္။

ညီမေလးတဲ့ နင္က တ႐ုတ္ျပည္မွာ ေယာက်ာ္းရတာ ေရာင္းစားခံရတာ အဲလိုေျပာတယ္။ သမီး ယုံေတာင္ မယုံဘူး။ တကယ္ မထင္ခဲ့ဘူး အဲလိုေရာင္းစားခံရတာ”အခုေတာ့ မဇာဇာဟာ ဖူခၽြန္းၿမိဳ႕မွာ တ႐ုတ္အမ်ိဳးသားနဲ႔ ေနထိုင္ရင္း သားေယာက်ာ္းေလးတေယာက္ ေမြးဖြား ခဲ့ၿပီးပါၿပီ။

တ႐ုတ္ျပည္က ကူညီေပး သူတခ်ိဳ႕ေၾကာင့္လဲ ျမန္မာျပည္က မိခင္ ျဖစ္သူနဲ႔လဲ အဆက္သြယ္ ရေနပါၿပီ။“ အေမက ျမန္မာျပည္ကို ျပန္လာခဲ့ တ႐ုတ္ျပည္မွာ မေနနဲ႔ေျပာတယ္။ ဗိုက္ႀကီးေနတာ သူမသိဘူး။

သမီးက ခုျပန္မလာေသးဘူး သမီးဗိုက္ႀကီးနဲ႔ ကေလးေမြးၿပီး မွ ျပန္လာခဲ့မယ္ေျပာေတာ့ အေမက ႐ုံး တိုင္မယ္ လုပ္လို႔ အေမရယ္မတိုင္ပါနဲ႔။ သမီးျပန္လာေတာ့လဲ သမီးကတ႐ုတ္ျပည္မွာ ဘဝရႈံး ခဲ့ၿပီ။

သမီးေလ တ႐ုတ္ျပည္မွာ အေမ့ကို အိမ္ေလးတလုံးနဲ႔ ထားခ်င္တယ္။ အမွန္အတိုင္း ေျပာရရင္ သမီးတို႔ မိသားစုက ဆင္းရဲတယ္။ သမီးက ပေထြးနဲ႔ေနရတာ။

အေမ့ကို အိမ္ေလး တလုံးေလာက္ ဝယ္ေပးခ်င္လို႔ သမီး ႀကိဳးစားပါတယ္။ ဘာလုပ္လုပ္ ဘာေလးဘဲ စားစား အေမ့ကို အရမ္းသတိရတယ္။ အခုသမီး သားေလး တေယာက္ေမြးထားပါတယ္ ၄ လ ပဲ ရွိေသးတယ္”သူ႔ရဲ့ ခုလိုခါးသီးတဲ့ အေတြ႕အၾကဳံေတြရယ္

တ႐ုတ္ျပည္မွာ သူ႔လိုေရာင္းစားခံရတဲ့ ျမန္မာ အမ်ိဳးသမီးေတြ အမ်ားအျပားရွိေနၿပီး ဒုကၡေရာက္ေနၾကတာေတြေၾကာင့္ ျမန္မာမိန္းကေလးေတြ တ႐ုတ္ျပည္ကို မလာၾကဖို႔ သူက ခုလို တိုက္တြန္းပါတယ္။“ဒီတ႐ုတ္ျပည္ကို အရွင္းဆုံးေျပာရရင္ မတက္ လာၾကတာ အေကာင္းဆုံးပါပဲ။

မိဘေပၚသိတတ္တယ္ ကိုယ့္အေပၚေကာင္းတယ္ ကိုယ္ေျပာတဲ့စကားနားေထာင္တယ္။ ကိုယ့္အေပၚ တာဝန္ေက်တဲ့ ေယာက်ာ္းမ်ိဳးေတြ႕ရင္ ေကာင္းတာေပါ့။ မေတြ႕ဘဲ မေတာ္တေရာ္ပြဲစားနဲ႔ေတြ႕ၿပီး မဟုတ္တဲ့ အတန္းမွာေရာင္းစားခံရတဲ့သူေတြလဲရွိတယ္။

တခ်ိဳ႕ ပြဲစားေတြက ယုတ္မာၿပီး ပိုက္ဆံမေပးတာလဲ ရွိတယ္၊ ျမန္မာမိန္းကေလး ေတာ္ေတာ္မ်ားမ်ားပဲ ၊ တခ်ိဳ႕ မိန္းကေလးေတြ က်ေတာ့ တ႐ုတ္ေယာက်ာ္းေကာင္းေပမဲ့ ထြက္ေျပးၿပီး တေယာက္ၿပီး တေယာက္ လိုက္ယူၿပီး ပိုက္ဆံလိုက္လိ မ္စားတယ္။

အဲလိုမိန္းကေလးေတြက်ေတာ့ တ႐ုတ္ေတြက ရိုက္တယ္။ ျပန္ဖမ္းသြားတယ္။ အဲလိုေတြအမ်ားႀကီးရွိတယ္။ ဒါေၾကာင့္ေလ ကိုယ့္နိုင္ငံ မွာ ကိုယ့္မိဘနဲ႔ ကိုယ့္အိုး ကိုယ့္အိမ္ေလး နဲ႔ စားေသာက္ေစခ်င္တယ္။

ျမန္မာျပည္သား အေတာ္မ်ားမ်ားကို တ႐ုတ္ေတြက ႏွိမ္တယ္ ရိုက္တယ္။ ေတာ္ေတာ္ေလးသမီးျမင္ခဲ့ရတယ္၊ ေရႊလီ က်ယ္ေဂါင္ တို႔မွာလဲ သမီးျမင္ဖူးတယ္။ သမီးတို႔ ဖူခၽြန္းမွာ ဆိုရင္ တ႐ုတ္တေယာက္က ျမန္မာမိန္းကေလး ၄ ေယာက္ကို ယူထားတာ။ အရွင္းဆုံး ေျပာရရင္ တ႐ုတ္ျပည္ ကို မတက္လာၾကပါနဲ႔လို႔။

Crd RFA

Unicode,

မြန်မာ အမျိုးသမီးတွေ အား တရုတ်ပြည်သို့ မလာကြ ဖို့ တိုက်တွန်း လိုက်တဲ့ တရုတ်ပြည် ရောင်းစားခံ ခဲ့ရသူ မြန်မာ အမျိုးသမီးတစ်ဦး

မြန်မာပြည်မှာ အလုပ်အကိုင်ရှားပါးမှုတွေ စားဝတ်နေရေး အခက်အခဲတွေနဲ့ မိသားစု အဆင်မပြေမှုတွေရဲ့ ဒဏ်တွေကြောင့် အမျိုးသမီးအများစုဟာ လူကုန်ကူးသူတွေရဲ့ သားကောင်တွေ ဖြစ်နေကြရပါတယ်။

အဲဒီထဲမှာ မော်လမြိုင် မုပွန်က မဇာဇာအေးလဲ ပါဝင်ပါတယ်။ သူဟာ အသက် ၁၄ နှစ်အရွယ် ၂၀၁၉ ခုနှစ် မေလမှာ တရုတ်ပြည် ကို လူကုန်ကူးခံခဲ့ရတာပါ။“အမေနဲ့အဖေနဲ့ အဖေတို့ရွာ ဧရာဝတီ ကျိုက်လတ်ဘက်ကို လိုက်သွားတာ အဲဒီမှာ အမေနဲ့ အမျိုးတွေနဲ့

စကားများတော့ သမီးက ရှက်ပြီး ထွက်လာတာ။မော်လမြိုင် ပြန်ရောက်တယ် မော်လမြိုင်ကနေ မောင်နှမတွေ နဲ့ အဆင်မပြေလို့ ရန်ကုန်ကိုတက်လာတာ။ ရန်ကုန်ကားကွင်းမှာ ပွဲစားနဲ့တွေ့တယ် ပွဲစားကတရုတ်ပြည်ကိုလိုက်ခဲ့ အလုပ်ကောင်းတယ်ဆိုပြီး သမီးကိုခေါ်တယ်။

သမီးမလိုက်ဘူးလို့ ပြောလိုက်တယ် အဲဒါပဲ သမီးမှတ်မိတယ်”သူ့ကိုပွဲစားတွေက တရုတ်ပြည်ဘက်ခေါ်လာခဲ့တာ သူလုံး ဝမသိခဲ့ဘူးလို့ဆိုပါတယ်။ မနက်မိုးလင်းလို့ ကားဂိတ်ရောက်တဲ့အခါမှ ပွဲစားက သူ့ကို အိပ်နေရာက နှိုးပြီး တည်းခိုခန်းကို ပို့ခဲ့ပြီး ထွက်မပြေးဖို့ ခြိမ်းခြောက်ပြောဆို ခဲ့တယ်လို့လဲ မဇာဇာ က ပြောပြပါတယ်။

“နယ်စပ် ကိုရောက်တာ သမီးမှတ်မိတယ် ကျန်တာ မမှတ်မိဘူး ဘယ်လိုခေါ်လာ တာလဲလည်း သမီးမမှတ်မိဘူး။ လွယ်ဂျယ် ကိုရောက်မှ သမီးသိတာ။ အဲဒီနေ့က သမီးအပြင်လုံးဝ မထွက်ရဘူး။

သမီးကို ‘ပင်လယ်’ တည်းခိုခန်း မှာထားတာ။ တပတ်ကျော်ကျော်လောက် ထားတယ် မြန်မာပြည်နယ်စပ်ဘက်ကပေါ့နော်။ သမီးပြန်ဖို့ကြိုးစားတယ် သမီး ကို ဓားနဲ့ထောက်တယ်။

ဓားမြှောင်နဲ့ထောက်ပြီး နင်ထွက်ပြေးရဲရင် ထွက်ပြေးကြည့် နယ်စပ်မှာတင် အသက်ပျောက်သွားမယ်။ ပြန်လို့ကတော့ နင့်ကိုသတ်မှာ နင့်ပေါင်ကို ဓားနဲ့ထိုးမှာ ဆိုပြီး ပြောတော့ သမီးကြောက်တယ်။

သမီးက တရုတ်ပြည်ရောက်တာ အသက်မပြည့်သေး ပါဘူး။ ၁၄ နှစ်ကျော်လေးပဲ ရှိတယ်။ အခု ၇ လပိုင်း ၁ ရက်နေ့ ကမှ ၁၆ နှစ်ပြည့်တာ ”အဲဒီ တည်းခိုခန်းမှာပဲ တရုတ်အမျိုးသား နဲ့ တွေ့ဆုံခဲ့ရပြီး လက်ထပ်ခဲ့ ရတာတွေ ပွဲစားက တရုတ်အမျိုးသားထံက ငွေကြေးယူသွား တာတွေကိုလဲ သူက ပြောပြပါတယ်။

“သမီးယောကျာ်း ယူရမယ် လို့လဲ မသိခဲ့ဘူး။ ယောကျာ်းယူ ရမှန်းမသိတဲ့အခါ သမီးဖာသာသမီး အော်သူတို့ ပို့ခဲ့ပြီးပြီပဲ ကောင်းအောင်နေလိုက်တော့မယ် ဆိုပြီးနေခဲ့တယ်။ ပိုက်ဆံ တရုတ်ငွေ ၆ သောင်းခွဲ ပွဲစားက ယူသွားတယ် အဲလိုပေး လိုက်တာ သမီးမြင်တယ်။

ဒါပေမဲ့ သမီးပါးစပ်က ဘာ မှပြောလို့မရဘူး။ သမီးရဲ့ပွဲစားက လက်ရှိ ဒီတရုတ်ပြည်မှာ ရှိတယ် ဟိုတလောကမှ သူ့ကိုပြန်တွေ့တာ၊ ဒါပေမဲ့ သမီးကို အဆက်အသွယ် မလုပ်ဘူး”အဲဒီအချိန်အထိ သူဟာ ပွဲစားက ရောင်းစားသွားတာကို မသိခဲ့ပါဘူး။

သူ့ကို ပွဲစားက ၃ လနေရင် ပြန်လာခေါ်မယ် လို့ ပြောခဲ့တဲ့အတွက် ပွဲစားကို သူစောင့်ခဲ့တာတွေ နောက်မှ ပွဲစားက ငွေယူပြီး သူ့ကို ရောင်းစားသွားတာတွေ သိခဲ့ရတာပါ။“ သမီးကို ရောင်းစား သွားမှန်း တရုတ်ပြည်ရောက်ပြီး ၄ လလောက်နေ မှ သိရတာ။

ပွဲစားက သမီးကိုပြောသွားတာက တရုတ်ယောက်ကျား ကို ယူရမယ်။ သမီးဘဝ ကို မပေးရဘူး။ ၆ လလောက်နေရင် သိန်း ၂၀ ရမယ်ပြောတယ်။ သမီးက မေးတယ် အဲလိုယူရရင် သမီးမိဘကို ထောက်ပံံ့လို့ရမလား ဆိုတော့ သမီး ၃ လပြည့်ရင် သူတို့က လာပြန်ခေါ်မှာ သမီးအိမ်မှာ ဘာမှလုပ်စရာမလိုဘူး။

ကိုယ့်ဘာ သာကိုယ် နေရမှာ အဲလိုပြောလို့ နေလိုက်တာ။ ဒါပေမဲ့ ၄ လကြာတော့ သမီးယောကျာ်းကိုမေးတယ် သမီးကိုယ်ဝန် ၃ လလောက်မှာ။ သူကပြောတယ် လာမခေါ်ဘူး လေတဲ့ ပိုက်ဆံယူသွားတယ် လို့ပြောတယ် အဲဒါ စကားပြန်အမကြီး တယောက်ကို မေးခိုင်းတယ်။

ညီမလေးတဲ့ နင်က တရုတ်ပြည်မှာ ယောကျာ်းရတာ ရောင်းစားခံရတာ အဲလိုပြောတယ်။ သမီး ယုံတောင် မယုံဘူး။ တကယ် မထင်ခဲ့ဘူး အဲလိုရောင်းစားခံရတာ”အခုတော့ မဇာဇာဟာ ဖူချွန်းမြို့မှာ တရုတ်အမျိုးသားနဲ့ နေထိုင်ရင်း သားယောကျာ်းလေးတယောက် မွေးဖွား ခဲ့ပြီးပါပြီ။

တရုတ်ပြည်က ကူညီပေး သူတချို့ကြောင့်လဲ မြန်မာပြည်က မိခင် ဖြစ်သူနဲ့လဲ အဆက်သွယ် ရနေပါပြီ။“ အမေက မြန်မာပြည်ကို ပြန်လာခဲ့ တရုတ်ပြည်မှာ မနေနဲ့ပြောတယ်။ ဗိုက်ကြီးနေတာ သူမသိဘူး။

သမီးက ခုပြန်မလာသေးဘူး သမီးဗိုက်ကြီးနဲ့ ကလေးမွေးပြီး မှ ပြန်လာခဲ့မယ်ပြောတော့ အမေက ရုံး တိုင်မယ် လုပ်လို့ အမေရယ်မတိုင်ပါနဲ့။ သမီးပြန်လာတော့လဲ သမီးကတရုတ်ပြည်မှာ ဘဝရှုံး ခဲ့ပြီ။

သမီးလေ တရုတ်ပြည်မှာ အမေ့ကို အိမ်လေးတလုံးနဲ့ ထားချင်တယ်။ အမှန်အတိုင်း ပြောရရင် သမီးတို့ မိသားစုက ဆင်းရဲတယ်။ သမီးက ပထွေးနဲ့နေရတာ။

အမေ့ကို အိမ်လေး တလုံးလောက် ဝယ်ပေးချင်လို့ သမီး ကြိုးစားပါတယ်။ ဘာလုပ်လုပ် ဘာလေးဘဲ စားစား အမေ့ကို အရမ်းသတိရတယ်။ အခုသမီး သားလေး တယောက်မွေးထားပါတယ် ၄ လ ပဲ ရှိသေးတယ်”သူ့ရဲ့ ခုလိုခါးသီးတဲ့ အတွေ့အကြုံတွေရယ်

တရုတ်ပြည်မှာ သူ့လိုရောင်းစားခံရတဲ့ မြန်မာ အမျိုးသမီးတွေ အများအပြားရှိနေပြီး ဒုက္ခရောက်နေကြတာတွေကြောင့် မြန်မာမိန်းကလေးတွေ တရုတ်ပြည်ကို မလာကြဖို့ သူက ခုလို တိုက်တွန်းပါတယ်။“ဒီတရုတ်ပြည်ကို အရှင်းဆုံးပြောရရင် မတက် လာကြတာ အကောင်းဆုံးပါပဲ။

မိဘပေါ်သိတတ်တယ် ကိုယ့်အပေါ်ကောင်းတယ် ကိုယ်ပြောတဲ့စကားနားထောင်တယ်။ ကိုယ့်အပေါ် တာဝန်ကျေတဲ့ ယောကျာ်းမျိုးတွေ့ရင် ကောင်းတာပေါ့။ မတွေ့ဘဲ မတော်တရော်ပွဲစားနဲ့တွေ့ပြီး မဟုတ်တဲ့ အတန်းမှာရောင်းစားခံရတဲ့သူတွေလဲရှိတယ်။

တချို့ ပွဲစားတွေက ယုတ်မာပြီး ပိုက်ဆံမပေးတာလဲ ရှိတယ်၊ မြန်မာမိန်းကလေး တော်တော်များများပဲ ၊ တချို့ မိန်းကလေးတွေ ကျတော့ တရုတ်ယောကျာ်းကောင်းပေမဲ့ ထွက်ပြေးပြီး တယောက်ပြီး တယောက် လိုက်ယူပြီး ပိုက်ဆံလိုက်လိ မ်စားတယ်။

အဲလိုမိန်းကလေးတွေကျတော့ တရုတ်တွေက ရိုက်တယ်။ ပြန်ဖမ်းသွားတယ်။ အဲလိုတွေအများကြီးရှိတယ်။ ဒါကြောင့်လေ ကိုယ့်နိုင်ငံ မှာ ကိုယ့်မိဘနဲ့ ကိုယ့်အိုး ကိုယ့်အိမ်လေး နဲ့ စားသောက်စေချင်တယ်။

မြန်မာပြည်သား အတော်များများကို တရုတ်တွေက နှိမ်တယ် ရိုက်တယ်။ တော်တော်လေးသမီးမြင်ခဲ့ရတယ်၊ ရွှေလီ ကျယ်ဂေါင် တို့မှာလဲ သမီးမြင်ဖူးတယ်။ သမီးတို့ ဖူချွန်းမှာ ဆိုရင် တရုတ်တယောက်က မြန်မာမိန်းကလေး ၄ ယောက်ကို ယူထားတာ။ အရှင်းဆုံး ပြောရရင် တရုတ်ပြည် ကို မတက်လာကြပါနဲ့လို့။

Crd RF