သာမန္မိန္းကေလးေတြထက္ တမူထူးျခားေနတဲ့ မိန္းကေလးဆိုတာ ဒီလိုမ်ိဳးပါ

သာမန္မိန္းကေလးေတြထက္ တမူထူးျခားေနတဲ့ မိန္းကေလးဆိုတာ ဒီလိုမ်ိဳးပါ

မိန္းကေလးေတြဆုိေပမယ့္လည္း တစ္ေယာက္နဲ႔ တစ္ေယာက္ မတူၾကပါဘူး။ အမ်ားစု မိန္းကေလးေတြနဲ႔ မတူတဲ့ ကြက္ၿပီး ထူးျခားေနတဲ့ ေကာင္မေလးေတြလည္း ရွိေနပါေသးတယ္။

သူတို႔ေတြကေတာ့ ဒီလိုမ်ိဳး သိသာတဲ့ အခ်က္ေတြကို ပိုင္ဆိုင္ထားေလ့ ရွိၾကပါတယ္။

(၁) မိန္းကေလးေတြနဲ႔ ေပါင္းရတာ နည္းနည္း ခက္တယ္

အက်င့္ေတြ ပံုစံေတြ တူမွ လူဆိုတာ ေပါင္းလို႔ ရတာပါ။ သူတို႔ေတြကေတာ့ ပံုမွန္ မိန္းကေလးေတြနဲ႔ မတူ ျဖစ္ေနတာေၾကာင့္ ေပါင္းရတာ အခက္အခဲ ရွိေနတတ္ပါတယ္။

တစ္ဖက္က အဆင္မေျပတာနဲ႔ သူတို႔က အဆင္မေျပတာ တစ္မ်ိဳးမဟုတ္ တစ္မ်ိဳးနဲ႔ ၿငိေနၿပီး မိန္းကေလး သူငယ္ခ်င္း ရွားေနပါတယ္။

(၂) မိန္းကေလးဆိုတာ…..မ်ိဳးကို ဂရုမစိုက္ဘူး

မိန္းကေလးဆိုတာ အိမ္မႈကိစၥ ႏိုင္နင္းရမယ္။ မိန္းကေလးဆိုတာ ေယာက်ၤားေလးကို အခ်ိန္တန္ ျပဳစုရမွာပဲ။

မိန္းကေလးဆိုတာ ဘယ္လိုအလုပ္ မလုပ္ရဘူး စတဲ့ ေျပာဆိုမႈေတြကို သူတို႔ကေတာ့ နည္းနည္းေလးေတာင္ လက္မခံၾကပါဘူး။ လူလူခ်င္း ခြဲျခားမႈ မရွိေစဘူးဆိုတာကိုပဲ လက္ခံၾကတာ ျဖစ္ပါတယ္။

(၃) မိတ္ကပ္ျပင္ရတာ မႀကိဳက္ဘူး

သူတို႔ေတြကေတာ့ အလွ မႀကိဳက္တာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ အခ်ိန္ကုန္ခံၿပီး အလွေတြ ျပင္ေနရတာကို သေဘာမက်တတ္ၾကပါဘူး။

ဒါေၾကာင့္ လြယ္လြယ္လိမ္းလို႔ ရတာေတြပဲ လိမ္းေလ့ ရွိပါတယ္။ သူတို႔က မိတ္ကပ္ပစၥည္းေတြအေၾကာင္းပါ နားမလည္ၾကပါဘူး။

(၄) မခၽြဲတတ္ဘူး

သူတို႔ေတြကေတာ့ မိန္းကေလးျဖစ္ေနေပမယ့္ ပ်စ္ခၽြဲခၽြဲ မလုပ္တတ္ၾကပါဘူး။ ေျပာစရာ ရွိရင္ ပံုမွန္အတို္င္းပဲ ေျပာတတ္ၾကပါတယ္။

သူတို႔ကေတာ့ ခၽြဲတဲ့သူေတြကိုလည္း ခ်စ္ဖို႔ေကာင္းတယ္လို႔ မျမင္ၾကသလို ဟန္ေဆာင္ေနၾကတယ္လို႔ပဲ ျမင္တတ္ၾကပါတယ္။

(၅) ပြင့္လင္းတယ္

သူတို႔ေတြကေတာ့ စကားကို ပြင့္ပြင့္လင္းလင္း ေျပာတတ္သလို ဒီလို ေျပာတာက ရိုးသားတာကို ျပတာလို႔ ယံုၾကည္ထားတတ္ၾကပါတယ္။

ပြင့္ပြင့္လင္းလင္းေျပာတာက ဘယ္သူကိုမွ ထိခိုက္တာ မဟုတ္ဘူးလို႔လည္း ေျပာတတ္ၾကပါေသးတယ္။

Kham

Unicode

သာမန်မိန်းကလေးတွေထက် တမူထူးခြားနေတဲ့ မိန်းကလေးဆိုတာ ဒီလိုမျိုးပါ

မိန်းကလေးတွေဆိုပေမယ့်လည်း တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ အများစု မိန်းကလေးတွေနဲ့ မတူတဲ့ ကွက်ပြီး ထူးခြားနေတဲ့ ကောင်မလေးတွေလည်း ရှိနေပါသေးတယ်။

သူတို့တွေကတော့ ဒီလိုမျိုး သိသာတဲ့ အချက်တွေကို ပိုင်ဆိုင်ထားလေ့ ရှိကြပါတယ်။

(၁) မိန်းကလေးတွေနဲ့ ပေါင်းရတာ နည်းနည်း ခက်တယ်

အကျင့်တွေ ပုံစံတွေ တူမှ လူဆိုတာ ပေါင်းလို့ ရတာပါ။ သူတို့တွေကတော့ ပုံမှန် မိန်းကလေးတွေနဲ့ မတူ ဖြစ်နေတာကြောင့် ပေါင်းရတာ အခက်အခဲ ရှိနေတတ်ပါတယ်။

တစ်ဖက်က အဆင်မပြေတာနဲ့ သူတို့က အဆင်မပြေတာ တစ်မျိုးမဟုတ် တစ်မျိုးနဲ့ ငြိနေပြီး မိန်းကလေး သူငယ်ချင်း ရှားနေပါတယ်။

(၂) မိန်းကလေးဆိုတာ…..မျိုးကို ဂရုမစိုက်ဘူး

မိန်းကလေးဆိုတာ အိမ်မှုကိစ္စ နိုင်နင်းရမယ်။ မိန်းကလေးဆိုတာ ယောင်္ကျားလေးကို အချိန်တန် ပြုစုရမှာပဲ။

မိန်းကလေးဆိုတာ ဘယ်လိုအလုပ် မလုပ်ရဘူး စတဲ့ ပြောဆိုမှုတွေကို သူတို့ကတော့ နည်းနည်းလေးတောင် လက်မခံကြပါဘူး။ လူလူချင်း ခွဲခြားမှု မရှိစေဘူးဆိုတာကိုပဲ လက်ခံကြတာ ဖြစ်ပါတယ်။

(၃) မိတ်ကပ်ပြင်ရတာ မကြိုက်ဘူး

သူတို့တွေကတော့ အလှ မကြိုက်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အချိန်ကုန်ခံပြီး အလှတွေ ပြင်နေရတာကို သဘောမကျတတ်ကြပါဘူး။

ဒါကြောင့် လွယ်လွယ်လိမ်းလို့ ရတာတွေပဲ လိမ်းလေ့ ရှိပါတယ်။ သူတို့က မိတ်ကပ်ပစ္စည်းတွေအကြောင်းပါ နားမလည်ကြပါဘူး။

(၄) မချွဲတတ်ဘူး

သူတို့တွေကတော့ မိန်းကလေးဖြစ်နေပေမယ့် ပျစ်ချွဲချွဲ မလုပ်တတ်ကြပါဘူး။ ပြောစရာ ရှိရင် ပုံမှန်အတ်ိုင်းပဲ ပြောတတ်ကြပါတယ်။

သူတို့ကတော့ ချွဲတဲ့သူတွေကိုလည်း ချစ်ဖို့ကောင်းတယ်လို့ မမြင်ကြသလို ဟန်ဆောင်နေကြတယ်လို့ပဲ မြင်တတ်ကြပါတယ်။

(၅) ပွင့်လင်းတယ်

သူတို့တွေကတော့ စကားကို ပွင့်ပွင့်လင်းလင်း ပြောတတ်သလို ဒီလို ပြောတာက ရိုးသားတာကို ပြတာလို့ ယုံကြည်ထားတတ်ကြပါတယ်။

ပွင့်ပွင့်လင်းလင်းပြောတာက ဘယ်သူကိုမှ ထိခိုက်တာ မဟုတ်ဘူးလို့လည်း ပြောတတ်ကြပါသေးတယ်။

Kham