MAY THAZINHTOO
Unicode
လူတစ်ယောက်က သင့်ကိုအရမ်း သတိရနေတဲ့အခါ သင့်ဘက်မှာကြုံတွေ့ရမယ့် အရာ(၆)မျိုး…
တခါတလေ လူတစ်ယောက်ကို အကြောင်းပြချက်မှမရှိဘဲ ရုတ်တရက်သတိရလာပြီး သူ့အကြောင်းတွေတွေးမိနေတာမျိုး ဖြစ်ဖူးပါသလား။ အဲ့ဒီလိုဖြစ်ဖူးတာက သင်တစ်ယောက်တည်း မဟုတ်ပါဘူး၊ ဒီတော့ သင်တွေးဖူးသလို တခြားတစ်ယောက်ကလည်း သင့်အကြောင်း တွေးမိနေတဲ့အခါမျိုးတွေ ရှိပါတယ်။ တစ်ယောက်ယောက်က သင့်အကြောင်းတွေးနေတဲ့အခါမျိုးမှာ သင့်ဘက်မှာ ဒီလို အဖြစ်အပျက်လေးတွေကို ကြုံရတတ်ပါတယ်နော် …။
(၁) မျက်လုံးတဝိုက်မှာ လှုပ်တာမျိုး၊ ယားယံတာ
မျက်လုံးတဝိုက်မှာ လှုပ်နေတာမျိုး၊ မျက်လုံးတစ်ဖက်တည်းက အရမ်းယားနေတာမျိုးတွေ ဆက်တိုက်ဖြစ်နေရင် တစ်ယောက်ယောက်က သင့်အကြောင်း တွေးတောနေတာကြောင့် ဖြစ်ပါတယ် …။
(၂) ပါးပြင်နဲ့နားရွက်တွေပူနွေးနေတာ
တစ်စုံတစ်ယောက်က သင့်အကြောင်း တွေးတောနေရင် ပါးပြင်နဲ့ နားရွက်တွေမှာ ရုတ်တရက် ပူနွေးလာပါလိမ့်မယ်။ တခါတလေဆို အရေပြားပေါ်မှာ နီမြန်းနေတာမျိုးတောင် ဖြစ်တတ်ပါတယ် …။
(၃) ရုတ်တရက်ခံစားချက်ပြောင်းသွားတာ
ဒီအတိုင်းနေရင်းက ရုတ်တရက် စိတ်ခံစားချက်က ပြောင်းသွားတာမျိုး၊ ပျော်ရွှင်နေတဲ့အချိန်မှာ ရုတ်တရက် ဝမ်းနည်းလာသလိုမျိုး ဖြစ်လာရင်လည်း တစ်ယောက်ယောက်အတွေးထဲ သင်ရောက်နေတာကြောင့်ပဲ ဖြစ်ပါတယ် …။
(၄) စိတ်ထဲမှာ အလိုလိုပျော်နေတာ
မနက်အိပ်ရာ နိုးကတည်းက စိတ်ကကြည်လင်နေပြီး၊ တစ်နေကုန် လုပ်သမျှ အဆင်ပြေနေတယ်၊ ပျော်နေတယ်ဆိုရင်လည်း သင့်အကြောင်း အကောင်းတွေ တွေးနေတဲ့သူ ရှိလို့ပါတဲ့နော် …။
(၅) တစ်ယောက်ယောက်ကို အိပ်မက်မက်တာ
အဲ့ဒီတစ်ယောက်အကြောင်းလည်း မတွေးပါဘဲနဲ့ သူ့ကိုရုတ်တရက် အိပ်မက်မက်တယ်၊ နိုးလာတဲ့ အချိန်မှာတောင် အဲ့ဒီအိပ်မက်ကို သေသေချာချာ မှတ်မိနေတယ် ဆိုရင်တော့ သေချာပေါက် အိပ်မက်ထဲက တစ်ယောက်က သင့်အကြောင်းတွေ တွေးနေလို့ပဲ ဖြစ်ပါတယ် …။
(၆) အစားစားနေတုန်း နင်သွားတာ
အလောတကြီးလည်း မစားပါဘဲနဲ့ စားနေတုန်း နင်သွားတာမျိုး ဖြစ်တာကလည်း တစ်ယောက်ယောက်က သင့်အကြောင်းကို အပြင်းအထန် တွေးနေလို့ပါပဲနော် …။ ။
MAY THAZINHTOO