ေခါင္းနဲ႔ေခါင္းအုံးထိလုိက္တာနဲ႔ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားေစမယ့္နည္းလမ္းမ်ား…

ေခါင္းနဲ႔ေခါင္းအုံးထိလုိက္တာနဲ႔ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားေစမယ့္နည္းလမ္းမ်ား…

လူအမ်ားစုက အိပ္မေပ်ာ္တဲ့ ေရာဂါ (insomnia) ကုိ ခံစားေနၾကရပါတယ္။ အိပ္မေပ်ာ္ ၊ အိပ္မရ တာက လူတစ္ေယာက္ရဲ႕ ခႏၶာကုိယ္ ၊ စိတ္ နဲ႕ က်န္းမာေရးကုိ ဘယ္ေလာက္ထိ ထိခုိက္သြားေစႏုိင္သလဲ ဆုိတာ အားလံုးပဲ နားလည္ထားၾကမွာပါ။ ဒါေၾကာင့္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစႏိုင္မယ့္ နည္းလမ္းေတြကို မွ်ေ၀ေပး လုိက္ရပါတယ္ေနာ္ …။

(၁) အိပ္ပုံအေနအထားမွန္ပါေစ”

အိပ္မေပ်ာ္တာေတြအတြက္ အေကာင္းဆုံး အိပ္ပုံအေနအထားကေတာ့ အိပ္ရာနဲ႕ ေက်ာကပ္လ်က္ အေနအထားျဖစ္ပါတယ္။ ဒီလုိအိပ္ေပးတာက ေခါင္း နဲ႕ လည္ပင္း တုိ႕က ပုံမွန္အေနအထားမွာ ရွိသြားပါတယ္။ ဒီလုိ အိပ္ပုံအေနအထားနဲ႕ ပုိအိပ္ေပ်ာ္ေလ့ရွိသလို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစဖုိ႕ အေကာင္းဆုံး ေရြးခ်ယ္မႈတစ္ခုလည္းျဖစ္ပါတယ္။ ေမွာက္အိပ္တာက အိပ္ေပ်ာ္ဖုိ႕ရာ အဆုိးဆုံးနည္းပဲ ျဖစ္ပါတယ္ …။

(၂) အိပ္ေပ်ာ္ေစႏုိင္တဲ့ အစားအေသာက္ကိုစားပါ”

အိပ္ေပ်ာ္ဖုိ႕ အခက္အခဲျဖစ္ေနတယ္ဆုိရင္ သင့္ခႏၶာကုိယ့္ထဲမွာ magnesium ဓာတ္အားနည္းေနလို႔ျဖစ္ပါတယ္။ Magnesium ဓာတ္ပါတဲ့ အသီးအႏွံ႕ေတြကေတာ့ ဟင္းႏုႏြယ္ ၊ အေစ့အစန္ ၊ ေထာပတ္သီး နဲ႕ ကုလားပဲ တုိ႕ျဖစ္ပါတယ္။ magnesium ဓာတ္ပါတဲ့ အစားအစာေတြကို စားေပးတာက သင့္ရဲ႕ အေၾကာ နဲ႕ ၾကြက္သား ေတြကို ေျပေလ်ာ႕သြားေစၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားေစပါတယ္။ ဒါ့အျပင္ magnesium ဓာတ္က ညဘက္အိပ္ရင္း ေယာင္ၿပီး လမ္းထေလွ်ာက္ တတ္တာေတြကိုလည္း ေပ်ာက္ေစပါတယ္ …။

(၃) ခဏတစ္ျဖဳတ္ေလာက္ပဲ ေမွးပါ”

ေန႕လည္ဘက္ အိပ္တတ္သူေတြ ဂရုစုိက္ေပးရမယ့္ အခ်က္ပါ။ ညဘက္အိပ္ေရးပ်က္ခဲ့လုိ႕ ေန႕လည္ဘက္ျပန္အိပ္ေပးတာက ေကာင္းတဲ့နည္းလမ္းျဖစ္ေပမယ့္ အလုပ္မျဖစ္ပါဘူး။ ေန႕လည္ဘက္ အိပ္တာက ညဘက္ အိပ္ခ်ိန္ကို ထိခုိက္ေစပါတယ္။ ဒါေပမယ့္ ေန႕လည္ ျပန္အိပ္မွရမယ္ဆုိရင္ ခဏတစ္ျဖဳတ္ေလာက္ပဲေမွးပါ။ (၂)နာရီထက္ အိပ္မိသြားရင္ (ဒါမွမဟုတ္) ည(၆-၉)နာရီၾကားမွ အိပ္မိသြားရင္ ညအိပ္ခ်ိန္ကို လုံး၀ထိခုိက္သြားတတ္ပါတယ္ …။

(၄) စားပဲြတင္နာရီေတြကို ေနရာေရြ႕ေပးပါ”

အိပ္မေပ်ာ္ရင္း နာရီကို ၾကည့္မိေနမယ္ဆုိရင္ “၂ နာရီေတာင္ ရွိၿပီ ငါအိပ္လုိ႕မရေသးပါလား” လုိ႕ သင့္ရဲ႕ စိတ္အာရုံ နဲ႕ စုိးရိမ္စိတ္ေတြက နာရီကိုေရာက္သြားၿပီး သင့္အိပ္ခ်ိန္ကို အေႏွာက္အယွက္ပုိျဖစ္ေစပါတယ္။ ဒါေၾကာင့္ နာရီကို သင့္နဲ႕ ေ၀းတဲ့ေနရာမွာ (ဒါမွမဟုတ္) သင့္မျမင္ႏုိင္တဲ့ေနရာမွာ ထားေပးၿပီး သင့္ကို အိပ္ေပ်ာ္ေစႏုိင္မယ့္ အေနအထား ၊ ပတ္၀န္းက်င္ ကို ဖန္တီးပါ …။

(၅) ဒုိင္ယာရီေရးေပးပါ”

သင့္ေခါင္းထဲ အေတြးေတြ မ်ားေနရင္ စုိးရိမ္စိတ္ေတြေၾကာင့္ အိပ္ေပ်ာ္ဖုိ႕ခက္သြားပါတယ္။ အိပ္ရာမ၀င္ခင္ (၁၅)မိနစ္ေလာက္ စာအုပ္ထဲမွာ တစ္ေန႕သာျဖစ္ခဲ့တဲ့ ေပ်ာ္စရာေကာင္းတာေတြကို ခ်ေရးေပးပါ ။ ဒီနည္းက သင့္စိတ္ထဲ ေပ်ာ္စရာေတြပဲ ေတြးမိသြားတာေၾကာင့္ စိတ္ဖိစီးေတြကို ေလ်ာ႕သြားေစၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားေစႏို္င္ပါတယ္။ လူေတြက မေကာင္းတာေတြကိုသာ စိတ္ထဲ မွတ္ထားတတ္ၾကတာ ၊ ေကာင္းတဲ့အျဖစ္အပ်က္ေတြကို ခဏေလးနဲ႕ ေမ့လြယ္တတ္ၾကလုိ႕ပါပဲ …။ ။

Hannwe Soe

Unicode

ခေါင်းနဲ့ခေါင်းအုံးထိလိုက်တာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားစေမယ့်နည်းလမ်းများ…

လူအများစုက အိပ်မပျော်တဲ့ ရောဂါ (insomnia) ကို ခံစားနေကြရပါတယ်။ အိပ်မပျော် ၊ အိပ်မရ တာက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် ၊ စိတ် နဲ့ ကျန်းမာရေးကို ဘယ်လောက်ထိ ထိခိုက်သွားစေနိုင်သလဲ ဆိုတာ အားလုံးပဲ နားလည်ထားကြမှာပါ။ ဒါကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေး လိုက်ရပါတယ်နော် …။

(၁) အိပ်ပုံအနေအထားမှန်ပါစေ”

အိပ်မပျော်တာတွေအတွက် အကောင်းဆုံး အိပ်ပုံအနေအထားကတော့ အိပ်ရာနဲ့ ကျောကပ်လျက် အနေအထားဖြစ်ပါတယ်။ ဒီလိုအိပ်ပေးတာက ခေါင်း နဲ့ လည်ပင်း တို့က ပုံမှန်အနေအထားမှာ ရှိသွားပါတယ်။ ဒီလို အိပ်ပုံအနေအထားနဲ့ ပိုအိပ်ပျော်လေ့ရှိသလို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အကောင်းဆုံး ရွေးချယ်မှုတစ်ခုလည်းဖြစ်ပါတယ်။ မှောက်အိပ်တာက အိပ်ပျော်ဖို့ရာ အဆိုးဆုံးနည်းပဲ ဖြစ်ပါတယ် …။

(၂) အိပ်ပျော်စေနိုင်တဲ့ အစားအသောက်ကိုစားပါ”

အိပ်ပျော်ဖို့ အခက်အခဲဖြစ်နေတယ်ဆိုရင် သင့်ခန္ဓာကိုယ့်ထဲမှာ magnesium ဓာတ်အားနည်းနေလို့ဖြစ်ပါတယ်။ Magnesium ဓာတ်ပါတဲ့ အသီးအနှံ့တွေကတော့ ဟင်းနုနွယ် ၊ အစေ့အစန် ၊ ထောပတ်သီး နဲ့ ကုလားပဲ တို့ဖြစ်ပါတယ်။ magnesium ဓာတ်ပါတဲ့ အစားအစာတွေကို စားပေးတာက သင့်ရဲ့ အကြော နဲ့ ကြွက်သား တွေကို ပြေလျော့သွားစေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားစေပါတယ်။ ဒါ့အပြင် magnesium ဓာတ်က ညဘက်အိပ်ရင်း ယောင်ပြီး လမ်းထလျှောက် တတ်တာတွေကိုလည်း ပျောက်စေပါတယ် …။

(၃) ခဏတစ်ဖြုတ်လောက်ပဲ မှေးပါ”

နေ့လည်ဘက် အိပ်တတ်သူတွေ ဂရုစိုက်ပေးရမယ့် အချက်ပါ။ ညဘက်အိပ်ရေးပျက်ခဲ့လို့ နေ့လည်ဘက်ပြန်အိပ်ပေးတာက ကောင်းတဲ့နည်းလမ်းဖြစ်ပေမယ့် အလုပ်မဖြစ်ပါဘူး။ နေ့လည်ဘက် အိပ်တာက ညဘက် အိပ်ချိန်ကို ထိခိုက်စေပါတယ်။ ဒါပေမယ့် နေ့လည် ပြန်အိပ်မှရမယ်ဆိုရင် ခဏတစ်ဖြုတ်လောက်ပဲမှေးပါ။ (၂)နာရီထက် အိပ်မိသွားရင် (ဒါမှမဟုတ်) ည(၆-၉)နာရီကြားမှ အိပ်မိသွားရင် ညအိပ်ချိန်ကို လုံးဝထိခိုက်သွားတတ်ပါတယ် …။

(၄) စားပွဲတင်နာရီတွေကို နေရာရွေ့ပေးပါ”

အိပ်မပျော်ရင်း နာရီကို ကြည့်မိနေမယ်ဆိုရင် “၂ နာရီတောင် ရှိပြီ ငါအိပ်လို့မရသေးပါလား” လို့ သင့်ရဲ့ စိတ်အာရုံ နဲ့ စိုးရိမ်စိတ်တွေက နာရီကိုရောက်သွားပြီး သင့်အိပ်ချိန်ကို အနှောက်အယှက်ပိုဖြစ်စေပါတယ်။ ဒါကြောင့် နာရီကို သင့်နဲ့ ဝေးတဲ့နေရာမှာ (ဒါမှမဟုတ်) သင့်မမြင်နိုင်တဲ့နေရာမှာ ထားပေးပြီး သင့်ကို အိပ်ပျော်စေနိုင်မယ့် အနေအထား ၊ ပတ်ဝန်းကျင် ကို ဖန်တီးပါ …။

(၅) ဒိုင်ယာရီရေးပေးပါ”

သင့်ခေါင်းထဲ အတွေးတွေ များနေရင် စိုးရိမ်စိတ်တွေကြောင့် အိပ်ပျော်ဖို့ခက်သွားပါတယ်။ အိပ်ရာမဝင်ခင် (၁၅)မိနစ်လောက် စာအုပ်ထဲမှာ တစ်နေ့သာဖြစ်ခဲ့တဲ့ ပျော်စရာကောင်းတာတွေကို ချရေးပေးပါ ။ ဒီနည်းက သင့်စိတ်ထဲ ပျော်စရာတွေပဲ တွေးမိသွားတာကြောင့် စိတ်ဖိစီးတွေကို လျော့သွားစေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားစေန်ိုင်ပါတယ်။ လူတွေက မကောင်းတာတွေကိုသာ စိတ်ထဲ မှတ်ထားတတ်ကြတာ ၊ ကောင်းတဲ့အဖြစ်အပျက်တွေကို ခဏလေးနဲ့ မေ့လွယ်တတ်ကြလို့ပါပဲ …။ ။

Hannwe Soe