Credit 7Day TV
Unicode
တက္ကသိုလ်ကျောင်းသူသေဆုံးမှုတစ်လပြည့်သည့် ယနေ့တွင် ဇွဲကပင်တောင်ပေါ်တွင် အစောင့်လုပ်သားနှစ်ဦး သေဆုံးမှုဖြစ်ပြန်
ဇွဲကပင်တောင်ပေါ်က ကျောင်းဆောင်တစ်ခုမှာ ဒီကနေ့မနက်ပိုင်းက လင်မယားနှစ်ဦး သေဆုံးလျက်သားတွေ့ရပါတယ်။
အဲ့ဒီလင်မယားနှစ်ဦးဟာ ကေဘယ်လ်လုပ်ငန်းခွင်က အစောင့်လုပ်သားဖြစ်တယ်လို့ ဇွဲကပင်တောင်ပေါ်က ဦးဇင်းတစ်ပါးက ပြောပြပါတယ်။
အဲ့ဒီလင်မယားနှစ်ဦးဟာ ကေဘယ်လ်လုပ်ငန်းခွင်က အစောင့်လုပ်သားတွေဖြစ်ပြီး မိုးကြိုးပစ်ခံရတာလား ဓာတ်လိုက်ခံရပြီးသေဆုံးခဲ့ရတာလားဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။
ဒီနေ့ဟာ တက္ကသိုလ်ကျောင်းသူတစ်ဦး ဇွဲကပင်တောင်ပေါ်က ခုန်ချသေဆုံးခဲ့တဲ့ တစ်လပြည့်တဲ့နေ့လည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၅ ရက်ကလည်း တက္ကသိုလ်ကျောင်းသား တစ်ဦး ခုန်ချသေဆုံးခဲ့ပါတယ်။
Credit 7Day TV