“နတ္ကြန္းမွာ ကန္ေတာ့ပြဲသြားပို႔တဲ႔ မိန္းကေလးေတြကို စေနာက္မိလို႔ မိေခ်ာင္းလို သြားေနရတဲ႔အမ်ိဳးသား(ရုပ္သံ)”

“နတ္ကြန္းမွာ ကန္ေတာ့ပြဲသြားပို႔တဲ႔ မိန္းကေလးေတြကို စေနာက္မိလို႔ မိေခ်ာင္းလို သြားေနရတဲ႔အမ်ိဳးသား(ရုပ္သံ)”

ပေထာ္ေက်း႐ြာက အမ်ိဳးသားတစ္ဦး ေဒသခံေတြအဆိုအရမိေက်ာင္းဝင္ပူး

ၿမိတ္ခ႐ိုင္၊ကြၽန္းစုၿမိဳ႕နယ္၊ ပေထာ္ေက်း႐ြာမွာရွိတဲ့ “ရွင္မကန္” အေဆာက္အဦးမွာ ဓေလ့အရ အုန္းငွက္ေပ်ာပြဲ လာေရာက္ဆက္သတဲ့ အမ်ိဳးသမီး ႏွစ္ဦးကို အဆိုပါ

ေနရာအနီးနားမွာ သုႆာန္ အုတ္ဂူလုပ္ဖို႔ ၿခဳံႏြယ္ရွင္းလင္းေနတဲ့ ပန္းရံ လုပ္သားတစ္ဦးက ႏႈတ္နဲ႔ စေနာက္ခဲ့ၿပီးတဲ့ေနာက္ မိေက်ာင္းပုံသ႑ာန္ တြားသြားေနတဲ့ပုံမ်ိဳး ျဖစ္ေပၚခဲ့လို႔ ေဒသခံေတြက မွတ္တမ္း႐ိုက္ယူခဲ့တာပါ။

ဇူလိုင္လ ၂၃ ရက္ေန႔က ျဖစ္ပြားခဲ့တာျဖစ္ၿပီး အဲဒီလို အုန္း ငွက္ေပ်ာပြဲ လာေရာက္ဆက္သတဲ့ အမ်ိဳးသမီး ၂ ဦးကို “အဲဒီ ဆက္သတဲ့ေနရာမွာ မိေက်ာင္း႐ုပ္က မရွိဘူး

” လို႔ ႏႈတ္နဲ႔ စေနာက္ခဲ့ၿပီး အုတ္ဂူ လုပ္မယ့္ေနရာကို ျပန္ေရာက္တဲ့အခ်ိန္မွာ အခုလိုျဖစ္ေပၚခဲ့တာလို႔ ေဒသခံေတြက ေျပာပါတယ္။

အဲဒီလို မိေက်ာင္းပုံသ႑ာန္တြားသြားၿပီး အဆိုပါ သခ်ႋဳင္းနဲ႔ ကိုက္တစ္ရာေက်ာ္ အကြာေဝးမွာရွိတဲ့ နတ္ကြန္းကို အခု႐ုပ္သံမွာ ျမင္ေတြ႕ရတဲ့အတိုင္း တြားသြားခဲ့တာေၾကာင့္ နားလည္ တတ္ကြၽမ္းတဲ့သူေတြ ေခၚယူၿပီး ကန္ေတာ့ပြဲေပး ေတာင္းပန္ခဲ့ရတယ္လို႔ မ်က္ျမင္ေတြ႕ရွိသူေတြက ေျပာပါတယ္။

အဆိုပါ ရွင္မကန္ အေဆာက္အဦးဟာ ေရွးယခင္ကတည္းက ေရလမ္းခရီးနဲ႔ ကုန္သြယ္မႈျပဳလုပ္သူေတြ လူမ်ိဳးဘာသာမေ႐ြး အဆိုပါ ရွင္မကန္အေဆာက္အဦးမွာ လာေရာက္ပူေဇာ္ပသၾကတယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။

ေဒသခံေတြကိုယ္တိုင္႐ိုက္ကူးထားတဲ့ အခု႐ုပ္သံကို ထူးျခားျဖစ္စဥ္အေနနဲ႔ ေတာင္ပိုင္းသား သတင္းဌာနက ျပန္လည္ တင္ဆက္လိုက္ရပါတယ္။

ျမတ္ထြဋ္ (ၿမိတ္)

Unicoded

“နတ်ကွန်းမှာ ကန်တော့ပွဲသွားပို့တဲ့ မိန်းကလေးတွေကို စနောက်မိလို့ မိချောင်းလို သွားနေရတဲ့အမျိုးသား(ရုပ်သံ)”

ပထော်ကျေးရွာက အမျိုးသားတစ်ဦး ဒေသခံတွေအဆိုအရမိကျောင်းဝင်ပူး

မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၊ ပထော်ကျေးရွာမှာရှိတဲ့ “ရှင်မကန်” အဆောက်အဦးမှာ ဓလေ့အရ အုန်းငှက်ပျောပွဲ လာရောက်ဆက်သတဲ့ အမျိုးသမီး နှစ်ဦးကို အဆိုပါ

နေရာအနီးနားမှာ သုဿာန် အုတ်ဂူလုပ်ဖို့ ခြုံနွယ်ရှင်းလင်းနေတဲ့ ပန်းရံ လုပ်သားတစ်ဦးက နှုတ်နဲ့ စနောက်ခဲ့ပြီးတဲ့နောက် မိကျောင်းပုံသဏ္ဍာန် တွားသွားနေတဲ့ပုံမျိုး ဖြစ်ပေါ်ခဲ့လို့ ဒေသခံတွေက မှတ်တမ်းရိုက်ယူခဲ့တာပါ။

ဇူလိုင်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီလို အုန်း ငှက်ပျောပွဲ လာရောက်ဆက်သတဲ့ အမျိုးသမီး ၂ ဦးကို “အဲဒီ ဆက်သတဲ့နေရာမှာ မိကျောင်းရုပ်က မရှိဘူး

” လို့ နှုတ်နဲ့ စနောက်ခဲ့ပြီး အုတ်ဂူ လုပ်မယ့်နေရာကို ပြန်ရောက်တဲ့အချိန်မှာ အခုလိုဖြစ်ပေါ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလို မိကျောင်းပုံသဏ္ဍာန်တွားသွားပြီး အဆိုပါ သင်္ချိုင်းနဲ့ ကိုက်တစ်ရာကျော် အကွာဝေးမှာရှိတဲ့ နတ်ကွန်းကို အခုရုပ်သံမှာ မြင်တွေ့ရတဲ့အတိုင်း တွားသွားခဲ့တာကြောင့် နားလည် တတ်ကျွမ်းတဲ့သူတွေ ခေါ်ယူပြီး ကန်တော့ပွဲပေး တောင်းပန်ခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

အဆိုပါ ရှင်မကန် အဆောက်အဦးဟာ ရှေးယခင်ကတည်းက ရေလမ်းခရီးနဲ့ ကုန်သွယ်မှုပြုလုပ်သူတွေ လူမျိုးဘာသာမရွေး အဆိုပါ ရှင်မကန်အဆောက်အဦးမှာ လာရောက်ပူဇော်ပသကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေကိုယ်တိုင်ရိုက်ကူးထားတဲ့ အခုရုပ်သံကို ထူးခြားဖြစ်စဉ်အနေနဲ့ တောင်ပိုင်းသား သတင်းဌာနက ပြန်လည် တင်ဆက်လိုက်ရပါတယ်။

မြတ်ထွဋ် (မြိတ်)