ညဘက္အိပ္ယာမ၀င္ခင္ ေရခ်ဳိးျခင္းေၾကာင္႔ ရရိွလာမယ္႔ အက်ိဳးေက်းဇူးမ်ား…

ညဘက္အိပ္ယာမ၀င္ခင္ ေရခ်ဳိးျခင္းေၾကာင္႔ ရရိွလာမယ္႔ အက်ိဳးေက်းဇူးမ်ား…

မနက္ပုိင္းမွာ ေရခ်ဳိးျခင္းက တစ္ေန႕တာလုံးလန္းလန္းဆန္းဆန္းရွိေစျပီး တီထြင္ျခင္းကုိ အားေပးပါတယ္ လုိ႕ ေလ့လာမႈ တစ္ခုက တင္ျပဖူးပါတယ္။ဒါေပမဲ့ အခုေတြရွိ႕ခ်က္က ညဘက္ မအိပ္ခင္မွာ ေရခ်ဳိးျခင္းဟာ သင္ကုိ ပုိျပီး အိပ္ေပ်ာ္ေစတယ္ လို႕ဆုိထားပါတယ္။ အေမရိကန္ႏုိင္ငံ နယူးေယာက္မွ အိပ္စက္ေရးဆုိင္ရာေဆးပညာ အသင္းမွ ေဒါက္တာ ဒန္နီ အာဂလီ ကေတာ့ ” မအိပ္ခင္ ခႏၶာကုိယ္ အပူခ်ိန္ ျမင့္တက္ေအာင္ လုပ္ျခင္းဟာ အိပ္စက္ျခင္းကုိ အေႏွာင့္အယွက္ ျဖစ္ေစတယ္ ” လုိ႔ ဆိုထားပါတယ္ …။

ခႏၶာကုိယ္ အပူခ်ိန္ဟာ ခႏၶာကုိယ္ရဲ႕ ၂၄ နာရီမွာ ျဖစ္ပ်က္ေနတဲ့ ဇီ၀ျဖစ္စဥ္ စည္းခ်က္(circadian rhythm) အတြက္ အေရးပါပါတယ္။ circadian rhythm ဟာ ကၽြန္ေတာ္တုိ႕ ခႏၶာကုိယ္ ဘယ္အခ်ိန္မွာ အိပ္စက္သင့္လဲ၊ ဘယ္အခ်ိန္မွာ ျဖတ္ျဖတ္လတ္လတ္ ရွိေနသင့္လဲ ဆုိတာ ကုိ ဆုံးျဖတ္ေပးတဲ့ ျဖစ္စဥ္တစ္မ်ဳိးျဖစ္ပါတယ္။ ေန႕ဘက္ပုိင္းမွာဆုိရင္ ခႏၶာကုိယ္ရဲ႕ အပူခ်ိန္က တျဖည္းျဖည္း ျမင့္တက္လာေနျပီး မြန္းတည့္ခ်ိန္မွာ ခႏၶာကုိယ္ အပူခ်ိန္က အျမင့္ဆုံး ျဖစ္ေနပါတယ္ …။

မြန္းတည့္အခ်ိန္ကေန ညေနဘက္ အခ်ိန္ေတြအထိ ခႏၶာကုိယ္ရဲ႕ အပူခ်ိန္က တျဖည္းျဖည္း နည္းသြားျပီး အပူခ်ိန္နည္းသြားျခင္းက ကၽြန္ေတာ္တုိ႕ကုိ အိပ္စက္သင့္ေနျပီဆုိတာ အခ်က္ျပတဲ့ လကၡဏာ တစ္ရပ္ျဖစ္ပါတယ္။ ဒီလုိခႏၶာကုိယ္က အပူခ်ိန္ အလုိအေလ်ာက္ နည္းသြားတာကုိ ေနွာင့္ယွက္မိရင္ ညဘက္ အိပ္မေပ်ာ္ ျခင္းမ်ားကုိ ျဖစ္ေစႏုိင္ပါတယ္။ညေနပုိင္းမွာ ေရခ်ဳိးလုိက္ျခင္းဟာ ခႏၶာကုိယ္ အပူခ်ိန္ က်ဆင္းေအာင္ ကူညီေပးျပီး ညဘက္မွာလည္း ႏွစ္ႏွစ္ျခဳိက္ျခဳိက္ အိပ္ေပ်ာ္ေစႏိုင္ပါတယ္ …။

မအိပ္ခင္ နာရီ၀က္ ကေန တစ္နာရီ ၾကား ေရခ်ဳိးေပးျခင္းဟာ သင့္ ခႏၶာကုိယ္ကုိ ေျခာက္ေသြ႕၊ေအးျမေစျပီး အိပ္စက္ဖုိ႕ အသင့္ ျဖစ္ေစပါတယ္ လုိ႕ ဒန္နီ ကဆုိပါတယ္။ တစ္ဆက္တည္းအေနနဲ႕ ညဘက္ အိပ္ယာမ၀င္ခင္ မ်က္ႏွာ သစ္ျခင္းဟာ အေရျပား ေျခာက္ေသြ႕ျခင္းနဲ႕ အေရးအေၾကာင္းမ်ားကုိ ကာကြယ္ေပးျပီး ညဘက္အိပ္ယာ၀င္ ခရမ္ေတြရဲ႕ အစြမ္းသတၱိကုိ ပုိျပီး ထိေရာက္ေစတယ္ လုိ႕လည္း သိရပါတယ္ …။ ။

Myo Myo (auntymay)

Ref : Time

Unicode

ညဘက်အိပ်ယာမဝင်ခင် ရေချိုးခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးများ…

မနက်ပိုင်းမှာ ရေချိုးခြင်းက တစ်နေ့တာလုံးလန်းလန်းဆန်းဆန်းရှိစေပြီး တီထွင်ခြင်းကို အားပေးပါတယ် လို့ လေ့လာမှု တစ်ခုက တင်ပြဖူးပါတယ်။ဒါပေမဲ့ အခုတွေရှိ့ချက်က ညဘက် မအိပ်ခင်မှာ ရေချိုးခြင်းဟာ သင်ကို ပိုပြီး အိပ်ပျော်စေတယ် လို့ဆိုထားပါတယ်။ အမေရိကန်နိုင်ငံ နယူးယောက်မှ အိပ်စက်ရေးဆိုင်ရာဆေးပညာ အသင်းမှ ဒေါက်တာ ဒန်နီ အာဂလီ ကတော့ ” မအိပ်ခင် ခန္ဓာကိုယ် အပူချိန် မြင့်တက်အောင် လုပ်ခြင်းဟာ အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေတယ် ” လို့ ဆိုထားပါတယ် …။

ခန္ဓာကိုယ် အပူချိန်ဟာ ခန္ဓာကိုယ်ရဲ့ ၂၄ နာရီမှာ ဖြစ်ပျက်နေတဲ့ ဇီ၀ဖြစ်စဉ် စည်းချက်(circadian rhythm) အတွက် အရေးပါပါတယ်။ circadian rhythm ဟာ ကျွန်တော်တို့ ခန္ဓာကိုယ် ဘယ်အချိန်မှာ အိပ်စက်သင့်လဲ၊ ဘယ်အချိန်မှာ ဖြတ်ဖြတ်လတ်လတ် ရှိနေသင့်လဲ ဆိုတာ ကို ဆုံးဖြတ်ပေးတဲ့ ဖြစ်စဉ်တစ်မျိုးဖြစ်ပါတယ်။ နေ့ဘက်ပိုင်းမှာဆိုရင် ခန္ဓာကိုယ်ရဲ့ အပူချိန်က တဖြည်းဖြည်း မြင့်တက်လာနေပြီး မွန်းတည့်ချိန်မှာ ခန္ဓာကိုယ် အပူချိန်က အမြင့်ဆုံး ဖြစ်နေပါတယ် …။

မွန်းတည့်အချိန်ကနေ ညနေဘက် အချိန်တွေအထိ ခန္ဓာကိုယ်ရဲ့ အပူချိန်က တဖြည်းဖြည်း နည်းသွားပြီး အပူချိန်နည်းသွားခြင်းက ကျွန်တော်တို့ကို အိပ်စက်သင့်နေပြီဆိုတာ အချက်ပြတဲ့ လက္ခဏာ တစ်ရပ်ဖြစ်ပါတယ်။ ဒီလိုခန္ဓာကိုယ်က အပူချိန် အလိုအလျောက် နည်းသွားတာကို နှောင့်ယှက်မိရင် ညဘက် အိပ်မပျော် ခြင်းများကို ဖြစ်စေနိုင်ပါတယ်။ညနေပိုင်းမှာ ရေချိုးလိုက်ခြင်းဟာ ခန္ဓာကိုယ် အပူချိန် ကျဆင်းအောင် ကူညီပေးပြီး ညဘက်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ် …။

မအိပ်ခင် နာရီဝက် ကနေ တစ်နာရီ ကြား ရေချိုးပေးခြင်းဟာ သင့် ခန္ဓာကိုယ်ကို ခြောက်သွေ့၊အေးမြစေပြီး အိပ်စက်ဖို့ အသင့် ဖြစ်စေပါတယ် လို့ ဒန်နီ ကဆိုပါတယ်။ တစ်ဆက်တည်းအနေနဲ့ ညဘက် အိပ်ယာမဝင်ခင် မျက်နှာ သစ်ခြင်းဟာ အရေပြား ခြောက်သွေ့ခြင်းနဲ့ အရေးအကြောင်းများကို ကာကွယ်ပေးပြီး ညဘက်အိပ်ယာဝင် ခရမ်တွေရဲ့ အစွမ်းသတ္တိကို ပိုပြီး ထိရောက်စေတယ် လို့လည်း သိရပါတယ် …။ ။

Myo Myo (auntymay)

Ref : Time