ခ်စ္သူႏွစ္ဦး ေ၀းကြာေစေသာ အေၾကာင္းအရင္း…

ခ်စ္သူႏွစ္ဦး ေ၀းကြာေစေသာ အေၾကာင္းအရင္း…

အခ်စ္ဆိုတာ ရယူျခင္း ပိုင္ဆိုင္ျခင္း ေပးဆပ္ျခင္း စြန္႔လႊတ္ျခင္း စသျဖင့္ အမ်ိဳးမ်ိဳး ဖြင့္ဆိုၾကပါတယ္။ အခ်စ္ဆိုတာ ႀကီးတာ ငယ္တာ အိုတာ လွတာနဲ႔လည္းမဆိုင္ပါဘူးေနာ္ …။

လူရယ္လို႔ ျဖစ္လာရင္ ေယာက်္ားမိန္းမအားလံုး တစ္ေန႔တစ္ခ်ိန္မွာေတာ့ အခ်စ္ဆိုတဲ့အရာနဲ႔ ေတြ႔ဆံုၾကရပါမယ္။ ကိုယ္ ခ်စ္တဲ႔သူကို ရယူပိုင္ဆိုင္ ခ်င္တတ္ၾကပါတယ္ …။

သို႔ေသာ္လည္း အေၾကာင္းအ မ်ိဳးမ်ိဳးေၾကာင့္ ခြဲခြာၾကရတာလည္း ဒုႏွင့္ေဒးပင္ ျဖစ္ပါတယ္။ ရင္နင့္စရာခြဲခြာမႈေတြကို ေရွာင္ရွားဖို႔ ေအာက္ပါအခ်က္မ်ားကို

လိုက္နာမယ္ဆိုလွ်င္ သာယာၾကည္ႏူးဖြယ္ ခ်စ္လမ္းခရီးျဖစ္ပါလိမ့္မယ္ေနာ္ …။

၁။ ဘယ္ေသာအခါမွ ကိုယ့္ခ်စ္သူကို ၾကမ္းတမ္းစြာေျပာဆိုဆက္ဆံျခင္းမျပဳပါႏွင့္ …၊

၂။ ဘယ္ေသာအခါမွ ကိုယ့္ခ်စ္သူရဲ႕ အားနည္းခ်က္ကိုျပစ္တင္ေလွာင္ေျပာင္ျခင္း မျပဳပါႏွင့္ …၊

၃။ ဘယ္ေသာအခါမွ ကိုယ့္ခ်စ္သူရဲ႕ အသိုင္း၀ိုင္းကို ျပစ္တင္ေ၀ဖန္ျခင္းမျပဳပါႏွင့္ …၊

၄။ ကိုယ့္ခ်စ္သူရဲ႕ယံုၾကည္မႈကို ဘယ္ေသာအခါမွ အလြဲသံုးစား မျပဳပါႏွင့္ …၊

၅။ ဘယ္ေသာအခါမွ ဘယ္အရာကိုမွ ခ်စ္သူနဲ႔ အႏိုင္အရႈံး မၿပိဳင္ပါႏွင့္ …၊

၆။ ခ်စ္သူႏွစ္ဦးရဲ႕ျပသနာမွန္သမွ်ကို ရိုးသားမွန္ကန္ပြင့္လင္းစြာ တိုင္ပင္ျပီး အေျဖရွာပါ …၊

၇။ မိမိအတၱဆန္ေသာစိတ္မ်ားကို အတတ္ႏိုင္ဆံုးေလွ်ာ့ခ်ပါ …။

ဒီအခ်က္ေလးေတြကိုေတာ႔ အျမဲေဆာင္ထားပါ …။

၁။ မိမိခ်စ္သူသည္သာ မိမိအခ်စ္ဆံုးျဖစ္သည္ကို ခ်စ္သူသိေအာင္ႀကိဳးစားပါ …။

၂။ မိမိခ်စ္သူ ယံုၾကည္အားကိုးထိုက္ေသာသူ ျဖစ္ေအာင္ေနပါ …။

၃။ မိမိခ်စ္သူကို ေပ်ာ္ရႊင္ေအာင္ အတတ္ႏိုင္ဆံုးႀကိဳးစားပါ …။

၄။ ေပ်ာ္စရာကိုျဖစ္ေစ စိတ္ညစ္စရာကိုျဖစ္ေစ အတူမွ်ေ၀ ခံစားပါ …။

၅။ အေသးအဖြဲေလးမ်ားကို ဘယ္ေသာအခါမွ ပံုႀကီးမခ်ဲ႕ပါႏွင့္ …။

၆။ အတတ္ႏိုင္ဆံုးနာလည္ လိုက္ေလ်ာပါ …။

ေဖာ္ျပေပးခဲ႔တဲ႔ ေဆာင္ရန္ ေရွာင္ရန္အခ်က္ေလးေတြကို အထူးသတိထားလိုက္နာမယ္ဆိုရင္ သာယာၾကည္ႏူးဖြယ္ ခ်စ္လမ္းခရီးကို ေလွ်ာက္လွမ္းႏိုင္မွာပဲ ျဖစ္ပါတယ္ေနာ္ …။ ။

Credit

Unicode

ချစ်သူနှစ်ဦး ဝေးကွာစေသော အကြောင်းအရင်း…

အချစ်ဆိုတာ ရယူခြင်း ပိုင်ဆိုင်ခြင်း ပေးဆပ်ခြင်း စွန့်လွှတ်ခြင်း စသဖြင့် အမျိုးမျိုး ဖွင့်ဆိုကြပါတယ်။ အချစ်ဆိုတာ ကြီးတာ ငယ်တာ အိုတာ လှတာနဲ့လည်းမဆိုင်ပါဘူးနော် …။

လူရယ်လို့ ဖြစ်လာရင် ယောက်ျားမိန်းမအားလုံး တစ်နေ့တစ်ချိန်မှာတော့ အချစ်ဆိုတဲ့အရာနဲ့ တွေ့ဆုံကြရပါမယ်။ ကိုယ် ချစ်တဲ့သူကို ရယူပိုင်ဆိုင် ချင်တတ်ကြပါတယ် …။

သို့သော်လည်း အကြောင်းအ မျိုးမျိုးကြောင့် ခွဲခွာကြရတာလည်း ဒုနှင့်ဒေးပင် ဖြစ်ပါတယ်။ ရင်နင့်စရာခွဲခွာမှုတွေကို ရှောင်ရှားဖို့ အောက်ပါအချက်များကို

လိုက်နာမယ်ဆိုလျှင် သာယာကြည်နူးဖွယ် ချစ်လမ်းခရီးဖြစ်ပါလိမ့်မယ်နော် …။

၁။ ဘယ်သောအခါမှ ကိုယ့်ချစ်သူကို ကြမ်းတမ်းစွာပြောဆိုဆက်ဆံခြင်းမပြုပါနှင့် …၊

၂။ ဘယ်သောအခါမှ ကိုယ့်ချစ်သူရဲ့ အားနည်းချက်ကိုပြစ်တင်လှောင်ပြောင်ခြင်း မပြုပါနှင့် …၊

၃။ ဘယ်သောအခါမှ ကိုယ့်ချစ်သူရဲ့ အသိုင်းဝိုင်းကို ပြစ်တင်ဝေဖန်ခြင်းမပြုပါနှင့် …၊

၄။ ကိုယ့်ချစ်သူရဲ့ယုံကြည်မှုကို ဘယ်သောအခါမှ အလွဲသုံးစား မပြုပါနှင့် …၊

၅။ ဘယ်သောအခါမှ ဘယ်အရာကိုမှ ချစ်သူနဲ့ အနိုင်အရှုံး မပြိုင်ပါနှင့် …၊

၆။ ချစ်သူနှစ်ဦးရဲ့ပြသနာမှန်သမျှကို ရိုးသားမှန်ကန်ပွင့်လင်းစွာ တိုင်ပင်ပြီး အဖြေရှာပါ …၊

၇။ မိမိအတ္တဆန်သောစိတ်များကို အတတ်နိုင်ဆုံးလျှော့ချပါ …။

ဒီအချက်လေးတွေကိုတော့ အမြဲဆောင်ထားပါ …။

၁။ မိမိချစ်သူသည်သာ မိမိအချစ်ဆုံးဖြစ်သည်ကို ချစ်သူသိအောင်ကြိုးစားပါ …။

၂။ မိမိချစ်သူ ယုံကြည်အားကိုးထိုက်သောသူ ဖြစ်အောင်နေပါ …။

၃။ မိမိချစ်သူကို ပျော်ရွှင်အောင် အတတ်နိုင်ဆုံးကြိုးစားပါ …။

၄။ ပျော်စရာကိုဖြစ်စေ စိတ်ညစ်စရာကိုဖြစ်စေ အတူမျှဝေ ခံစားပါ …။

၅။ အသေးအဖွဲလေးများကို ဘယ်သောအခါမှ ပုံကြီးမချဲ့ပါနှင့် …။

၆။ အတတ်နိုင်ဆုံးနာလည် လိုက်လျောပါ …။

ဖော်ပြပေးခဲ့တဲ့ ဆောင်ရန် ရှောင်ရန်အချက်လေးတွေကို အထူးသတိထားလိုက်နာမယ်ဆိုရင် သာယာကြည်နူးဖွယ် ချစ်လမ်းခရီးကို လျှောက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်နော် …။ ။

Credit