ဒိုင္လူႀကီးေတြမ်က္ရည္က်သြားေလာက္တဲ့အထိ လက္ေမာင္းတုျဖင့္ ကၽြမ္းက်င္စြာတေယာတီးခတ္ျပသြားခဲ့တဲ့ အမ်ိဳးသမီး

ဒိုင္လူႀကီးေတြမ်က္ရည္က်သြားေလာက္တဲ့အထိ လက္ေမာင္းတုျဖင့္ ကၽြမ္းက်င္စြာတေယာတီးခတ္ျပသြားခဲ့တဲ့ အမ်ိဳးသမီး

ဂ်ပန္တေယာသမားတစ္ဦး Manami Ito အမည္ရွိအမ်ိဳးသမီးဟာ CBS ၏သ႐ုပ္မွန္စြမ္းရည္ျပပြဲ“ The World’s Best” တြင္ သူမရဲ့လက္ေမာင္းတုျဖင့္ စြဲမက္ဖြယ္တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖသည့္အခါ ပရိသတ္မ်ားႏွင့္အကဲျဖတ္ဒိုင္မ်ားကို အံ့ဩသြားေစခဲ့ပါတယ္။

 

Manami ဟာ သူမအသက္ခုနစ္ႏွစ္သာရွိေသးတဲ့အရြယ္မွာ တေယာကိုစတင္တီးခတ္ခဲ့ၿပီး ၎တူရိယာကိုခ်က္ခ်င္းခ်စ္မိသြားခဲ့ပါတယ္။

သို႔ေပမယ့္ ကံမေကာင္းစြာနဲ႔ သူမအသက္ ၂၀ အရြယ္မွာ Manami ဟာ ကုန္တင္ကားႀကီးတစ္စီးနဲ႔မေတာ္တဆမႈတစ္ခုေၾကာင့္ သူမရဲ့လက္ေမာင္းတစ္ဖက္ကို ဝမ္းနည္းစြာ ဆုံးရႈံးခဲ့ရပါတယ္။

သူမရဲ့ေမၽွာ္လင့္ခ်က္အားလုံးဆုံးရႈံးသြားတာေၾကာင့္ တေယာကိုစြန႔္ဖို႔ကလြဲၿပီး သူမမွာေရြးခ်ယ္စရာမရွိဘူးလို႔ သူမေတြးထင္ခဲ့ရပါတယ္။

ထို႔ျပင္ Manami ဟာ ေက်ာင္းထြက္ကာ တစ္ႏွစ္ေလာက္ အိမ္ျပင္မထြက္ဘဲ ေနခဲ့ပါတယ္။ သို႔ေပမဲ့ သူမရဲ့မိခင္ျဖစ္သူက သူမရဲ့သမီးငယ္ေလးတေယာတီးတာကိုျပန္ၾကည့္ခ်င္ေၾကာင္း တဖြဖြအျမဲေျပာေနခဲ့တာေၾကာင့္ ၎က သူမအတြက္ စိတ္စြဲကာ သံေယာဇဥ္တစ္ခုလိုျဖစ္လာေစခဲ့ပါတယ္။

ေနာက္ပိုင္း သူမဟာ လက္ေမာင္းအတုနဲ႔ ေန႔တိုင္း ႀကိဳးစားေလ့က်င့္လာခဲ့ၿပီး သူမရဲ့အရည္အခ်င္းေတြကလည္း တကယ့္ကို ဆက္လက္ေတာက္ပလာေနခဲ့ပါတယ္။ သူမဟာ ကမၻာႀကီးကိုလႈံ႔ေဆာ္ရန္ႏွင့္ႀကိဳးစားမႈျဖင့္ဘယ္အရာမဆိုကိုျဖစ္ေအာင္လုပ္နိုင္ေၾကာင္းကိုသက္ေသျပလိုခဲ့ပါတယ္။

 

အဆိုပါၿပိဳင္ပြဲေန႔မွာေတာ့ သူမရဲ့စြဲမက္ဖြယ္ေကာင္းလြန္းတဲ့စြမ္းေဆာင္ရည္ဟာ အကဲျဖတ္ဒိုင္မ်ားကိုပင္ မ်က္ရည္က်သြားေစခဲ့ၿပီး ပရိသတ္မ်ားက သူမအတြက္လက္ခုပ္တီးေပးၾကတဲ့အခါ ၎ဟာ သူမရဲ့မ်က္ႏွာ၌ႀကီးမားတဲ့အျပဳံးကို ျဖစ္ေပၚလာ​ေစခဲ့ပါတယ္။

သူမရဲ့ေျပာင္ေျမာက္တဲ့တေယာတီးစြမ္းရည္ေၾကာင့္ အင္တာနက္သုံးစြဲသူတို႔ရဲ့ႏွလုံးသားကို အရည္ေပ်ာ္သြားေစခဲ့ပါေသးတယ္။ “ သူမက လက္ေမာင္းအတုနဲ႔ေကာင္းေကာင္းတီးခတ္ျပနိုင္ခဲ့တာက အရမ္းအံ့ၾသစရာေကာင္းတယ္၊ လူအမ်ားစုက လက္ေမာင္းအစစ္နဲ႔တီးရင္ေတာင္ ဒီေလာက္ေကာင္းေကာင္းတီးနိုင္မွာမဟုတ္ဘူး ”၊ “ ဒါက ငါၾကားဘူးသမၽွထဲမွာအလွဆုံးအရာဘဲ သူမက အရမ္းထက္ျမက္တယ္ ” ၊ “ သူမက အရမ္းေတာ္တာဘဲ ငါ မ်က္ရည္ေတာင္က်တယ္၊ သူမကိုဘုရားသခင္ေကာင္းခ်ီးေပးပါေစ!” စတဲ့အျပဳသေဘာ ေဆာင္မွတ္ခ်က္မ်ားျဖင့္ တုံ႔ျပန္ေပးခဲ့ၾကပါတယ္။

Credit

 

Unicode

ဒိုင်လူကြီးတွေမျက်ရည်ကျသွားလောက်တဲ့အထိ လက်မောင်းတုဖြင့် ကျွမ်းကျင်စွာတယောတီးခတ်ပြသွားခဲ့တဲ့ အမျိုးသမီး

ဂျပန်တယောသမားတစ်ဦး Manami Ito အမည်ရှိအမျိုးသမီးဟာ CBS ၏သရုပ်မှန်စွမ်းရည်ပြပွဲ“ The World’s Best” တွင် သူမရဲ့လက်မောင်းတုဖြင့် စွဲမက်ဖွယ်တစ်ကိုယ်တော်ဖျော်ဖြေသည့်အခါ ပရိသတ်များနှင့်အကဲဖြတ်ဒိုင်များကို အံ့ဩသွားစေခဲ့ပါတယ်။

Manami ဟာ သူမအသက်ခုနစ်နှစ်သာရှိသေးတဲ့အရွယ်မှာ တယောကိုစတင်တီးခတ်ခဲ့ပြီး ၎င်းတူရိယာကိုချက်ချင်းချစ်မိသွားခဲ့ပါတယ်။

သို့ပေမယ့် ကံမကောင်းစွာနဲ့ သူမအသက် ၂၀ အရွယ်မှာ Manami ဟာ ကုန်တင်ကားကြီးတစ်စီးနဲ့မတော်တဆမှုတစ်ခုကြောင့် သူမရဲ့လက်မောင်းတစ်ဖက်ကို ဝမ်းနည်းစွာ ဆုံးရှုံးခဲ့ရပါတယ်။

သူမရဲ့မျှော်လင့်ချက်အားလုံးဆုံးရှုံးသွားတာကြောင့် တယောကိုစွန့်ဖို့ကလွဲပြီး သူမမှာရွေးချယ်စရာမရှိဘူးလို့ သူမတွေးထင်ခဲ့ရပါတယ်။

ထို့ပြင် Manami ဟာ ကျောင်းထွက်ကာ တစ်နှစ်လောက် အိမ်ပြင်မထွက်ဘဲ နေခဲ့ပါတယ်။ သို့ပေမဲ့ သူမရဲ့မိခင်ဖြစ်သူက သူမရဲ့သမီးငယ်လေးတယောတီးတာကိုပြန်ကြည့်ချင်ကြောင်း တဖွဖွအမြဲပြောနေခဲ့တာကြောင့် ၎င်းက သူမအတွက် စိတ်စွဲကာ သံယောဇဉ်တစ်ခုလိုဖြစ်လာစေခဲ့ပါတယ်။

နောက်ပိုင်း သူမဟာ လက်မောင်းအတုနဲ့ နေ့တိုင်း ကြိုးစားလေ့ကျင့်လာခဲ့ပြီး သူမရဲ့အရည်အချင်းတွေကလည်း တကယ့်ကို ဆက်လက်တောက်ပလာနေခဲ့ပါတယ်။ သူမဟာ ကမ္ဘာကြီးကိုလှုံ့ဆော်ရန်နှင့်ကြိုးစားမှုဖြင့်ဘယ်အရာမဆိုကိုဖြစ်အောင်လုပ်နိုင်ကြောင်းကိုသက်သေပြလိုခဲ့ပါတယ်။

အဆိုပါပြိုင်ပွဲနေ့မှာတော့ သူမရဲ့စွဲမက်ဖွယ်ကောင်းလွန်းတဲ့စွမ်းဆောင်ရည်ဟာ အကဲဖြတ်ဒိုင်များကိုပင် မျက်ရည်ကျသွားစေခဲ့ပြီး ပရိသတ်များက သူမအတွက်လက်ခုပ်တီးပေးကြတဲ့အခါ ၎င်းဟာ သူမရဲ့မျက်နှာ၌ကြီးမားတဲ့အပြုံးကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။

သူမရဲ့ပြောင်မြောက်တဲ့တယောတီးစွမ်းရည်ကြောင့် အင်တာနက်သုံးစွဲသူတို့ရဲ့နှလုံးသားကို အရည်ပျော်သွားစေခဲ့ပါသေးတယ်။ “ သူမက လက်မောင်းအတုနဲ့ကောင်းကောင်းတီးခတ်ပြနိုင်ခဲ့တာက အရမ်းအံ့သြစရာကောင်းတယ်၊ လူအများစုက လက်မောင်းအစစ်နဲ့တီးရင်တောင် ဒီလောက်ကောင်းကောင်းတီးနိုင်မှာမဟုတ်ဘူး ”၊ “ ဒါက ငါကြားဘူးသမျှထဲမှာအလှဆုံးအရာဘဲ သူမက အရမ်းထက်မြက်တယ် ” ၊ “ သူမက အရမ်းတော်တာဘဲ ငါ မျက်ရည်တောင်ကျတယ်၊ သူမကိုဘုရားသခင်ကောင်းချီးပေးပါစေ!” စတဲ့အပြုသဘော ဆောင်မှတ်ချက်များဖြင့် တုံ့ပြန်ပေးခဲ့ကြပါတယ်။

Credit