မိန္းကေလးတုိင္း အခ်စ္နဲ႔ ပတ္သက္ၿပီး သိထားသင့္၊ လက္ခံထားသင့္တဲ့ အခ်က္မ်ား

မိန္းကေလးတုိင္း အခ်စ္နဲ႔ ပတ္သက္ၿပီး သိထားသင့္၊ လက္ခံထားသင့္တဲ့ အခ်က္မ်ား

ရည္းစားဆုိတာက တစ္သက္လံုး လက္တြဲသြားဖို႔ကို ရည္႐ြယ္ၿပီး တြဲျဖစ္ခဲ့ေပမယ့္္ အေၾကာင္းမတုိက္ဆုိင္လုိ႔ လမ္းခြဲျပတ္စဲတာမ်ိဳးေတြလည္း ျဖစ္တတ္တာပဲ ဒါက မဆန္းပါဘူး။ ကိုယ့္ကိုယ္ ထားရစ္ခဲ့တဲ့ ခ်စ္သူမ်ိဳးကိုေတာ့ လြမ္းေလာက္မယ္ မထင္ပါဘူးေနာ္။

ဒါေပမယ့္လုိ႔ သူ႔ဆီကေတာ့ ကိုယ္သိခြင့္ရလုိက္တဲ့ သင္ခန္းစာေတြ အမ်ားႀကီးပါပဲ။ အခ်စ္္နဲ႔ပတ္သက္ၿပီး မိန္းကေလးတုိင္း သိထားသင့္တဲ့ အခ်က္ေလးေတြကို ေစတနာေ႐ွ႕ထားၿပီး ေျပာျပခ်င္ပါတယ္။

သူလုိလူက ေနာက္ထပ္ တစ္ေယာက္မ႐ွိႏုိင္ေတာ့ဘူးလုိ႔ ထင္ေနတာေတြ ရပ္လုိက္ပါ။ ဒီလုိ ထင္လုိက္မိၿပီဆုိတာနဲ႔ သင့္ရဲ႕အျမင္ေတြ ပိတ္သြားတတ္လို႔႔ပါေနာ္။

သူလုိပဲ ကိုယ့္ကိုယ္ ခ်စ္ေပးႏုိင္တဲ့သူေတြ ကိုယ့္အနားမွာ ႐ွိေနပါေသးတယ္။ သူက အရာရာ မဟုတ္ပါဘူး ဒါေၾကာင့္ သူ႔မ႐ွိရင္ မျဖစ္ဘူးဆုိိတဲ့ အေတြးမ်ိဳးေတြကို ေဖ်ာက္ပါ။

လူတုိင္းက ေျပာင္းလဲတတ္တယ္ဆုိတာ ယံုထားပါ။ သူဟာလည္း တစ္ခ်ိန္မွာ ေျပာင္းလဲသြားခဲ့ရင္ ဒါကို လက္ခံႏုိင္ေအာင္ ႀကိဳးစားပါ။ တစ္ခ်ိန္ခ်ိန္မွာ သင့္ကို မခ်စ္ေတာ့ရင္ ဒါကို လက္ခံတတ္ေအာင္ ႀကိဳးစားပါ။

သူ႔ကို အတင္းဆြဲထားတာမ်ိဳးေတြ မလုပ္ပါနဲ႔။ ကိုယ့္ဆီမွာလည္း ထား႐ွိသင့္တဲ့ မာနေတြဆုိတာ ႐ွိပါတယ္။

သူျပန္လာဖို႔ကို ေစာင့္မေနပါနဲ႔ ျပန္လာခဲ့ရင္လည္း သူဟာ အရင္လူ မဟုတ္ႏုိင္ေတာ့ပါဘူး။ ကိုယ့္ကိုယ္ မလုိခ်င္လုိ႔ ထားပစ္ခဲ့တဲ့သူကို ေမ့ပစ္လိုက္တာက ကိုယ့္အတြက္ အေကာင္းဆံုးေသာ လုပ္ရပ္ပါ။

ကိုယ့္ကိုယ္ကိုပဲ အေကာင္းဆံုး ေနထိုင္ႏုိင္ေအာင္ ႀကိဳးစားပါ။

ကိုယ့္ကိုယ္ကို ပိုေတာ္လာေအာင္၊ ပိုထက္ျမက္လာေအာင္နဲ႔ ပိုလွလာေအာင္ ကိုယ့္ကိုယ္ကို ဂ႐ုစိုက္္ပါ။ ကိုယ့္ကိုယ္ကို အေကာင္းဆံုး ျဖစ္ေအာင္ေနျခင္းက ကိုယ့္အတြက္ အေကာင္းဆံုး ထိုက္တန္ျခင္းပါပဲ။

ကိုယ္နဲ႔ မထိုက္တဲ့ သူေတြကေတာ့ ကိုယ့္အနားက ထြက္ခြါသြားၾကမွာပဲ ဒါက ဝမ္းမနည္းေလာက္ပါဘူး။

ကိုယ္ဟာ အေရာင္အေသြြးေတြ ေတာက္ပေနတဲ့အဟာ သူ႔ထက္ ပိုေကာင္းတဲ့သူ၊ ကိုယ္နဲ႔ထိုက္တန္တဲ့သူ တစ္ေယာက္ကေတာ့ သင့္ဆီကို ေရာက္ကိုေရာက္လာမွာပါ။ တစ္ခါတစ္ေလမွာ ပိုေကာင္းတာေတြေရာက္လာဖု႔ိ ဘာမွမဟုတ္တဲ့ ေသးေသးမႊားမႊား အရာေလးေတြကို လႊတ္ခ်တတ္ရပါတယ္။

ကိုယ့္အတြက္ စစ္မွန္တဲ့ အခ်စ္ေတြကို ျမင္ေအာင္ၾကည့္တတ္ေအာင္ ႀကိဳးစားပါ။ ကိုယ့္အနားမွာ မေျပာင္းမလဲ႐ွိေနေပးတဲ့ သူေတြကို တန္္ဖိုးထားပါ။ လူတုိင္းမွာ တန္ဖိုးကိုယ္စီ႐ွိတာျဖစ္လုိ႔ တစ္ျခားသူေတြအေပၚ လက္လြတ္စပယ္ မဆက္ဆံပါနဲ႔။ သူမ်ားကို တစ္ခုခု မျပဳမူခင္မွာ ငါသာဆုိရင္ေရာ ဆုိတဲ့ အေတြးကို အရင္ေတြးပါ။

အခ်စ္ကို မကိုးကြယ္ပါနဲ႔ အခ်စ္က ကိုယ့္ကိုယ္သာ သခင္တစ္ေယာက္လုိ ကိုးကြယ္ပါေစ။ ထက္ထက္ျမက္ျမက္ ခ်စ္တတ္ပါေစ အယံုမလြယ္ပါနဲ႔။ လူတုိင္းက ကိုယ့္လိုစိတ္ထားမဟုတ္ႏိုင္ဘူးဆုိတာကို သတိရပါ။

အခ်စ္္က ဘဝရဲ႕ တစ္စိတ္တစ္္ပိုင္္းမွ်သာျဖစ္ၿပီး အခ်စ္က ဘဝကို ပိုလွပေအာင္ေတာ့ လုပ္ႏုိင္ပါတယ္။ ဒါေပမယ့္ တစ္္ခ်ိဳ႕အခ်စ္ေတြက ဘဝကို ပို႐ုပ္ဆုိးအက်ဥ္းတန္တတ္ပါတယ္ေနာ္။

Khin

Unicode

မိန်းကလေးတိုင်း အချစ်နဲ့ ပတ်သက်ပြီး သိထားသင့်၊ လက်ခံထားသင့်တဲ့ အချက်များ

ရည်းစားဆိုတာက တစ်သက်လုံး လက်တွဲသွားဖို့ကို ရည်ရွယ်ပြီး တွဲဖြစ်ခဲ့ပေမယ့် အကြောင်းမတိုက်ဆိုင်လို့ လမ်းခွဲပြတ်စဲတာမျိုးတွေလည်း ဖြစ်တတ်တာပဲ ဒါက မဆန်းပါဘူး။ ကိုယ့်ကိုယ် ထားရစ်ခဲ့တဲ့ ချစ်သူမျိုးကိုတော့ လွမ်းလောက်မယ် မထင်ပါဘူးနော်။

ဒါပေမယ့်လို့ သူ့ဆီကတော့ ကိုယ်သိခွင့်ရလိုက်တဲ့ သင်ခန်းစာတွေ အများကြီးပါပဲ။ အချစ်နဲ့ပတ်သက်ပြီး မိန်းကလေးတိုင်း သိထားသင့်တဲ့ အချက်လေးတွေကို စေတနာရှေ့ထားပြီး ပြောပြချင်ပါတယ်။

သူလိုလူက နောက်ထပ် တစ်ယောက်မရှိနိုင်တော့ဘူးလို့ ထင်နေတာတွေ ရပ်လိုက်ပါ။ ဒီလို ထင်လိုက်မိပြီဆိုတာနဲ့ သင့်ရဲ့အမြင်တွေ ပိတ်သွားတတ်လို့ပါနော်။

သူလိုပဲ ကိုယ့်ကိုယ် ချစ်ပေးနိုင်တဲ့သူတွေ ကိုယ့်အနားမှာ ရှိနေပါသေးတယ်။ သူက အရာရာ မဟုတ်ပါဘူး ဒါကြောင့် သူ့မရှိရင် မဖြစ်ဘူးဆိုတဲ့ အတွေးမျိုးတွေကို ဖျောက်ပါ။

လူတိုင်းက ပြောင်းလဲတတ်တယ်ဆိုတာ ယုံထားပါ။ သူဟာလည်း တစ်ချိန်မှာ ပြောင်းလဲသွားခဲ့ရင် ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။ တစ်ချိန်ချိန်မှာ သင့်ကို မချစ်တော့ရင် ဒါကို လက်ခံတတ်အောင် ကြိုးစားပါ။

သူ့ကို အတင်းဆွဲထားတာမျိုးတွေ မလုပ်ပါနဲ့။ ကိုယ့်ဆီမှာလည်း ထားရှိသင့်တဲ့ မာနတွေဆိုတာ ရှိပါတယ်။

သူပြန်လာဖို့ကို စောင့်မနေပါနဲ့ ပြန်လာခဲ့ရင်လည်း သူဟာ အရင်လူ မဟုတ်နိုင်တော့ပါဘူး။ ကိုယ့်ကိုယ် မလိုချင်လို့ ထားပစ်ခဲ့တဲ့သူကို မေ့ပစ်လိုက်တာက ကိုယ့်အတွက် အကောင်းဆုံးသော လုပ်ရပ်ပါ။

ကိုယ့်ကိုယ်ကိုပဲ အကောင်းဆုံး နေထိုင်နိုင်အောင် ကြိုးစားပါ။

ကိုယ့်ကိုယ်ကို ပိုတော်လာအောင်၊ ပိုထက်မြက်လာအောင်နဲ့ ပိုလှလာအောင် ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ ကိုယ့်ကိုယ်ကို အကောင်းဆုံး ဖြစ်အောင်နေခြင်းက ကိုယ့်အတွက် အကောင်းဆုံး ထိုက်တန်ခြင်းပါပဲ။

ကိုယ်နဲ့ မထိုက်တဲ့ သူတွေကတော့ ကိုယ့်အနားက ထွက်ခွါသွားကြမှာပဲ ဒါက ဝမ်းမနည်းလောက်ပါဘူး။

ကိုယ်ဟာ အရောင်အသွေးတွေ တောက်ပနေတဲ့အဟာ သူ့ထက် ပိုကောင်းတဲ့သူ၊ ကိုယ်နဲ့ထိုက်တန်တဲ့သူ တစ်ယောက်ကတော့ သင့်ဆီကို ရောက်ကိုရောက်လာမှာပါ။ တစ်ခါတစ်လေမှာ ပိုကောင်းတာတွေရောက်လာဖို့ ဘာမှမဟုတ်တဲ့ သေးသေးမွှားမွှား အရာလေးတွေကို လွှတ်ချတတ်ရပါတယ်။

ကိုယ့်အတွက် စစ်မှန်တဲ့ အချစ်တွေကို မြင်အောင်ကြည့်တတ်အောင် ကြိုးစားပါ။ ကိုယ့်အနားမှာ မပြောင်းမလဲရှိနေပေးတဲ့ သူတွေကို တန်ဖိုးထားပါ။ လူတိုင်းမှာ တန်ဖိုးကိုယ်စီရှိတာဖြစ်လို့ တစ်ခြားသူတွေအပေါ် လက်လွတ်စပယ် မဆက်ဆံပါနဲ့။ သူများကို တစ်ခုခု မပြုမူခင်မှာ ငါသာဆိုရင်ရော ဆိုတဲ့ အတွေးကို အရင်တွေးပါ။

အချစ်ကို မကိုးကွယ်ပါနဲ့ အချစ်က ကိုယ့်ကိုယ်သာ သခင်တစ်ယောက်လို ကိုးကွယ်ပါစေ။ ထက်ထက်မြက်မြက် ချစ်တတ်ပါစေ အယုံမလွယ်ပါနဲ့။ လူတိုင်းက ကိုယ့်လိုစိတ်ထားမဟုတ်နိုင်ဘူးဆိုတာကို သတိရပါ။

အချစ်က ဘဝရဲ့ တစ်စိတ်တစ်ပိုင်းမျှသာဖြစ်ပြီး အချစ်က ဘဝကို ပိုလှပအောင်တော့ လုပ်နိုင်ပါတယ်။ ဒါပေမယ့် တစ်ချို့အချစ်တွေက ဘဝကို ပိုရုပ်ဆိုးအကျဉ်းတန်တတ်ပါတယ်နော်။

Khin