မိဘေျခရာေတာင္းလိုသူမ်ားအတြက္ မိဘေျခရာ ခံယူနည္း

မိဘေျခရာေတာင္းလိုသူမ်ားအတြက္ မိဘေျခရာ ခံယူနည္း

မိဘေျခရာေတာင္းလို သူမ်ား အတြက္ မိဘေျခရာခံယူနည္း။မိဘေျခရာခံယူပြဲဆိုတာက်ေနာ္တို႔ျမန္မာႏိုင္ငံမွာေပ်ာက္ကြယ္လုနီးပါးျဖစ္ေန ပါၿပီ။ ဘာျဖစ္လို႔လဲဆိုေတာ့ ယေန႔ေခတ္ လူေတြ လုံးဝကို မသိၾက လို႔ပါ။

တကယ္ေတာ့ မိဘေျခရာ ခံယူပြဲ ဆိုတာ ျမန္မာတို႔ရဲ႕ ဂုဏ္ယူဖြယ္ရာ အေလ့အထတစ္ခုျဖစ္တာမို႔ျမန္မာမိသားစုတိုင္းခံယူက်င့္သုံးသင့္ပါ တယ္။

ေက်းဇူးရွင္မင္းကြန္းဆရာေတာ္ဘုရားႀကီးနဲ႔ကုံလုံဆရာေတာ္ဘုရားႀကီးတို႔ရဲ႕မိဘေျခရာေတာင္းယူပူေဇာ္နည္းေလးကိုေအာက္မွာေဖာ္ျပေပး လိုက္ပါ တယ္။ မိဘေျခရာ ေတာင္းယူေသာေန႔ဟာ မိဘေရာသားသမီးေတြပါမဂၤလာရွိေသာေမြးေန႔(သို႔)ေမြးရက္ႏွင့္မွတ္တမ္းအပ္ တဲ့ေန႔မ်ားတြင္ က်င္းပလွ်င္ ပို၍ေကာင္းမြန္၏။ မိဘေျခရာေတာင္းယူတဲ့အခ်ိန္မွာ မိဘေရာ၊ သားသမီးပါ ေရခ်ိဳး သန႔္စင္ၿပီး သန႔္ရွင္းေသာ အဝတ္မ်ား ဝတ္ဆင္ကာ ဘုရားစင္ ေရွ႕မွာ ထိုင္ပါ။

က်ေနာ္တို႔ဗုဒၶဘာသာလူမ်ိဳးေတြမွာအရပ္ေလးမ်က္ႏွာ၊အရပ္ရွစ္မ်က္ႏွာ၊အရပ္ဆယ္မ်က္ႏွာရွိတဲ့အထဲမွအထက္အရပ္ရပ္ကိုဦးထိပ္ပန္ဆင္ၿပီး ရတနာ(၃)ပါးကို ပူေဇာ္ကန္ေတာ့ပါ။

ၿပီးရင္အေရွ႕အရပ္မွာမိဘ၊ေတာင္အရပ္မွာဆရာသမား၊ေျမာက္အရပ္မွာေက်းဇူးရွင္မ်ားကိုကန္ေတာ့ၿပီးခင္ပြန္းႀကီး(၁ဝ)ပါးအားဝန္ခ်ေတာင္းပန္ကာ ဘုရားစင္ေရွ႕မွာ ငါးပါးသီလ ခံယူေဆာက္တည္ ပါ။

ေနရာယူရန္။ ။ မိဘမွ ျမင့္ေသာျမတ္ေသာအရပ္မွာထိုင္ၿပီးသားသမီးတို႔မွမိမိတို႔တတ္အားသေ႐ႊ႕ကန္ေတာ့ရန္ပစၥည္းမ်ားျဖင့္ကန္ေတာ့ပါ၊၊ မိဘတို ႔ကလည္း ဆုေပးခ်ီးျမႇင့္ေပးပါ။

မိဘမ်ားမွေမြးဖြားသန႔္စင္တဲ့အ႐ြယ္ကစၿပီးယေန႔မိဘမ်ားေျခရာမေတာင္းယူမီအထိကံသုံးပါးျဖင့္မေတာ္တဆပစ္မွားမိပါကခြင့္လႊတ္ပါရန္ႏွင့္ မသိမျမင္ရေသာ ဘဝမ်ားတုန္းက အျပစ္မ်ားပါမက်န္ ခြင့္လြတ္ ပါရန္(၃)ႀကိမ္ ေတာင္းပန္၍ ကန္ေတာ့ပါ

(၃)ႀကိမ္ေတာင္းပန္၍ကန္ေတာ့ပါ။မိဘမ်ားကလည္းခြင့္လြတ္ပါတယ္ဟု(၃)ႀကိမ္ေျဖၾကားပါ။ေျခရာယူျခင္း။။မိဘေျခေထာက္မ်ားကိုေရဇလုံ တစ္ခုမွာ ေရေဆးေၾကာသန႔္စင္ေပးၿပီး နံ႔သာ မ်ားလိမ္းေပးပါ။

သနပ္ခါးဆိုရင္လည္းရပါတယ္။နံ႔သာလိမ္းထားေသာမိဘေျခအစုံကိုယပ္ေတာင္ျဖင့္ယပ္ခပ္ေပးပါ။ၿပီးလွ်င္ဆီ၊နႏြင္း(သို႔)ပုံႏွိပ္မွင္ျဖင့္မိဘေျခဖဝါးကို ညင္သာစြာ လိမ္းေပးပါ။

သန႔္ရွင္းေသာအဝတ္ေပၚတြင္ပိတ္ျဖဴစခင္းေပးၿပီးအေမ့ေျခဖဝါးကိုဘယ္မွစညာေနာက္လိုက္ကာပိတ္ျဖဴစေပၚတြင္နင္းေပးပါ။အေဖဆိုလွ်င္ေတာ့ ညာအစ ဘယ္အဆုံး လုပ္ရမွာ ျဖစ္ပါတယ္။

ပိတ္ျဖဴေပၚမွာ မိဘမ်ားနင္းၿပီး မတ္တပ္ရပ္ကာ သရဏဂုံတည္ေနစဥ္ သားသမီးမ်ားကလည္း မိဘတို႔ရဲ႕ ေျခအစုံကိုဦးေခါင္းႏွင့္ထိ၍ပူေဇာ္ ကန္ေတာ့ေ နပါ။

ထို႔ေနာက္ေဘးမွဦးေဆာင္၍မိဘေျခရာေတာင္းေပးသူမွမိဘတို႔အားသားသမီးမ်ားအတြက္ေမတၱာမ်ားဤေျခရာတြင္ထားခဲ့ေပးပါ။ထားခဲ့ပါ သလား ဟု (၃)ႀကိမ္အေမး အေျဖ ျပဳလုပ္ေပးပါ။

မိဘရဲ႕ ေျခရာမ်ားဟာ သာမန္အခ်ိန္မွာ ထင္ရစ္ ခဲ့တဲ့ ေျခရာ မဟုတ္ဘဲ သရဏဂုံပြားမ်ားရင္း က်န္ရစ္ခဲ့တာျဖစ္တဲ့အတြက္ေဆာင္ယူေသာ သား သမီး မ်ား ေလာကီ၊

ေလာကုတၱရာအက်ိဳးထူးမ်ားစြာရရွိသလိုခ်ီးျမႇင့္ေပးေသာမိဘမ်ားမွာလည္းမိဘဝတၱရားေက်ပြန္၍အသက္ရွည္စိတ္က်မ္းမာေစပါတယ္။မိဘေျခရာ

က်န္ရစ္ခဲ့တဲ့ ပိတ္ျဖဴစေပၚမွာ မိဘ၏ ေမြးသကၠရာဇ္ ေတာင္းယူေသာ သားသမီးမ်ား၏ အမည္၊ ေတာင္းယူေသာ ေန႔စြဲမ်ားကို အမွတ္တရ ေရးထိုးပါ။
မိဘတို႔ရဲ႕ေျခဖဝါးမ်ားကိုမူလေဆးေၾကာထားေသာေရဇလုံအတြင္းမွာေရနဲ႔ပင္ေဆးေၾကာၿပီးနံ႔သာေရလိမ္းေပးပါ။မိဘတို႔ရဲ႕ေျခရင္း၌မိဘေျခေ ထာက္ မ်ား ေဆးေၾကာထားေသာ ေရဇလုံအတြင္းသို႔ သားဆိုလွ်င္ ညာဘက္လက္ ထည့္ပါ။

သမီးဆိုလွ်င္ ဘယ္ဘက္လက္ထည့္ၿပီး မိဘတို႔အေပၚ ကာယကံ၊ ဝစီကံ၊ မေနာကံအျဖစ္ ျပစ္မွားမိေသာ အျပစ္မ်ားရွိပါက ေက်ပါေစဟု ဆုေတာင္းကာ ထိုေရျဖင့္ ဦးေခါင္းနဲ႔ မ်က္ႏွာကို (၃)ႀကိမ္ထိပါ။

မ်က္ႏွာသစ္လိုကသစ္ႏိုင္ပါတယ္။ မိဘေျခရာေတာင္းယူၿပီးေနာက္။ ။ မိဘေျခရာေတာင္းယူၿပီး မွန္ေဘာင္သြင္းကာ ေခါင္းရင္းမွာထားၿပီး ညစဥ္ ရွိခိုး ကန္ေတာ့ ၿပီးမွ ညအိပ္ရာဝင္ပါ။ ႀကီးမားေသာ မိဘရဲ႕ ေမတၱာအား ေန႔စဥ္ခံယူပါတယ္ဟု႐ြတ္ဆိုပါ။

မိမိ အဓိဠာန္ႏိုင္သေလာက္ ဥပမာ (၃)ရက္၊(၅)ရက္မွ(၁၀)ရက္တန္သည္အထိဥပုသ္သီလေစာင့္ပါ။အေရးႀကဳပါကမိမိေစာင့္ထိန္းခဲ့ေသာ သီလကို သစၥာဆို တိုင္တည္ႏိုင္ပါတယ္။ မိဘေျခရာ ေတာင္းယူေပးစဥ္ဦးေဆာင္သူမွေအာက္ပါဂါထာမ်ားကို႐ြတ္ဖတ္ပူေဇာ္ေပးရပါမယ္။

မိဘေျခရာယူစဥ္႐ြတ္ဆိုရန္။။“ဒသမာေသ၊ဥေရကတြာ၊ဗပါေသတိ၊ပုဎိကာရဏံ၊အာယုဒီဃံဝႆသတံမာတုပါဒံနမာမဟႅံသာမာတာ”အၾကင္ အမိ သည္ ဒသမာေသ– ဆယ္လတိုင္တိုင္ဦးေရကတြာ– ရင္ျဖင့္ပိုက္လြယ္သည္ကိုျပဳ၍ ပုဎိကာရဏံ–

ႀကီးပြားျခင္းအေၾကာင္းကို ကတြာ– ျပဳ၍၊ ေပါသတိ– ႏို႔ရည္တိုက္ေကြၽးေမြးျမဴေပး၏၊ဝႆသတံ– အႏွစ္တစ္ရာတိုင္တိုင္ ထိုအမိ၏ ပါဒံ– ေျခအစုံကို အဟံ– အကြၽႏု္ပ္သည္ နမာမိ– ႐ိုေသျမတ္ႏိုး ရွိခိုးပါ၏။ “ဗုသိကာေရာ၊ အလိေဂၢတြာ၊ ဥပၸိတြာ ပီယပုတၳထံ၊ ရာဇပဇၩံ၊ သုပတိဌံ ပီတုပါဒံနမာမဟႅံ”

ယာပီတု– အၾကင္အဖသည္ ဗုသိကာေရာ– ႀကီးပြားေၾကာင္းကိုျပဳလွ်က္ အလိေဂၢတြာ– လည္ကို ဖက္၍ ဥပၸိတြာ– နမ္း၍ပီယပုတၳထံ– ခ်စ္လွ စြာေသာ သား ကို ရာဇပဇၩံ– မင္းမႉးမတ္တို႔၏အလယ္၌ သုပတိဌံ– ေကာင္းစြာတည္ေစ၏ေသာ ပီတု– ထိုအဖ၏ ပါဒံ–

ေျခအစုံကို အဟံ– အကြၽႏု္ပ္သည္ နမာမိ– ႐ိုေသျမတ္ႏိုး ရွစ္ခိုးပါ၏။ ထိုသို႔ မိဘေျခရာ ေတာင္းယူေနစဥ္မွာ မိဘေတြရဲ႕ မ်က္ႏွာဇရာကို သံေဝဂရလိုက္ သား သမီးေတြက ႐ိုေသေလးျမတ္စြာ ပူေဇာ္ကန္ေတာ့တဲ့အတြက္ ပီတိေတြ ေဝလိုက္ႏွင့္ေပါ့။

သားသမီးေတြရဲ႕ မ်က္ႏွာမွာလည္း မ်က္ရည္ေတြ တဝိုင္းဝိုင္းနဲ႔မို႔ မဂၤလာအရွိဆုံးနဲ႔ အေပ်ာ္ဆုံးျဖစ္ေနမွာ အမွန္ပါ။

Credit to original writer

Unicode

မိဘခြေရာတောင်းလိုသူများအတွက် မိဘခြေရာ ခံယူနည်း

မိဘခြေရာတောင်းလို သူများ အတွက် မိဘခြေရာခံယူနည်း။မိဘခြေရာခံယူပွဲဆိုတာကျနော်တို့မြန်မာနိုင်ငံမှာပျောက်ကွယ်လုနီးပါးဖြစ်နေ ပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ယနေ့ခေတ် လူတွေ လုံးဝကို မသိကြ လို့ပါ။

တကယ်တော့ မိဘခြေရာ ခံယူပွဲ ဆိုတာ မြန်မာတို့ရဲ့ ဂုဏ်ယူဖွယ်ရာ အလေ့အထတစ်ခုဖြစ်တာမို့မြန်မာမိသားစုတိုင်းခံယူကျင့်သုံးသင့်ပါ တယ်။

ကျေးဇူးရှင်မင်းကွန်းဆရာတော်ဘုရားကြီးနဲ့ကုံလုံဆရာတော်ဘုရားကြီးတို့ရဲ့မိဘခြေရာတောင်းယူပူဇော်နည်းလေးကိုအောက်မှာဖော်ပြပေး လိုက်ပါ တယ်။ မိဘခြေရာ တောင်းယူသောနေ့ဟာ မိဘရောသားသမီးတွေပါမင်္ဂလာရှိသောမွေးနေ့(သို့)မွေးရက်နှင့်မှတ်တမ်းအပ် တဲ့နေ့များတွင် ကျင်းပလျှင် ပို၍ကောင်းမွန်၏။ မိဘခြေရာတောင်းယူတဲ့အချိန်မှာ မိဘရော၊ သားသမီးပါ ရေချိုး သန့်စင်ပြီး သန့်ရှင်းသော အဝတ်များ ဝတ်ဆင်ကာ ဘုရားစင် ရှေ့မှာ ထိုင်ပါ။

ကျနော်တို့ဗုဒ္ဓဘာသာလူမျိုးတွေမှာအရပ်လေးမျက်နှာ၊အရပ်ရှစ်မျက်နှာ၊အရပ်ဆယ်မျက်နှာရှိတဲ့အထဲမှအထက်အရပ်ရပ်ကိုဦးထိပ်ပန်ဆင်ပြီး ရတနာ(၃)ပါးကို ပူဇော်ကန်တော့ပါ။

ပြီးရင်အရှေ့အရပ်မှာမိဘ၊တောင်အရပ်မှာဆရာသမား၊မြောက်အရပ်မှာကျေးဇူးရှင်များကိုကန်တော့ပြီးခင်ပွန်းကြီး(၁ဝ)ပါးအားဝန်ချတောင်းပန်ကာ ဘုရားစင်ရှေ့မှာ ငါးပါးသီလ ခံယူဆောက်တည် ပါ။

နေရာယူရန်။ ။ မိဘမှ မြင့်သောမြတ်သောအရပ်မှာထိုင်ပြီးသားသမီးတို့မှမိမိတို့တတ်အားသရွှေ့ကန်တော့ရန်ပစ္စည်းများဖြင့်ကန်တော့ပါ၊၊ မိဘတို့ကလည်း ဆုပေးချီးမြှင့်ပေးပါ။

မိဘများမှမွေးဖွားသန့်စင်တဲ့အရွယ်ကစပြီးယနေ့မိဘများခြေရာမတောင်းယူမီအထိကံသုံးပါးဖြင့်မတော်တဆပစ်မှားမိပါကခွင့်လွှတ်ပါရန်နှင့် မသိမမြင်ရသော ဘဝများတုန်းက အပြစ်များပါမကျန် ခွင့်လွတ် ပါရန်(၃)ကြိမ် တောင်းပန်၍ ကန်တော့ပါ

(၃)ကြိမ်တောင်းပန်၍ကန်တော့ပါ။မိဘများကလည်းခွင့်လွတ်ပါတယ်ဟု(၃)ကြိမ်ဖြေကြားပါ။ခြေရာယူခြင်း။။မိဘခြေထောက်များကိုရေဇလုံ တစ်ခုမှာ ရေဆေးကြောသန့်စင်ပေးပြီး နံ့သာ များလိမ်းပေးပါ။

သနပ်ခါးဆိုရင်လည်းရပါတယ်။နံ့သာလိမ်းထားသောမိဘခြေအစုံကိုယပ်တောင်ဖြင့်ယပ်ခပ်ပေးပါ။ပြီးလျှင်ဆီ၊နနွင်း(သို့)ပုံနှိပ်မှင်ဖြင့်မိဘခြေဖဝါးကို ညင်သာစွာ လိမ်းပေးပါ။

သန့်ရှင်းသောအဝတ်ပေါ်တွင်ပိတ်ဖြူစခင်းပေးပြီးအမေ့ခြေဖဝါးကိုဘယ်မှစညာနောက်လိုက်ကာပိတ်ဖြူစပေါ်တွင်နင်းပေးပါ။အဖေဆိုလျှင်တော့ ညာအစ ဘယ်အဆုံး လုပ်ရမှာ ဖြစ်ပါတယ်။

ပိတ်ဖြူပေါ်မှာ မိဘများနင်းပြီး မတ်တပ်ရပ်ကာ သရဏဂုံတည်နေစဉ် သားသမီးများကလည်း မိဘတို့ရဲ့ ခြေအစုံကိုဦးခေါင်းနှင့်ထိ၍ပူဇော် ကန်တော့နေပါ။

ထို့နောက်ဘေးမှဦးဆောင်၍မိဘခြေရာတောင်းပေးသူမှမိဘတို့အားသားသမီးများအတွက်မေတ္တာများဤခြေရာတွင်ထားခဲ့ပေးပါ။ထားခဲ့ပါ သလား ဟု (၃)ကြိမ်အမေး အဖြေ ပြုလုပ်ပေးပါ။

မိဘရဲ့ ခြေရာများဟာ သာမန်အချိန်မှာ ထင်ရစ် ခဲ့တဲ့ ခြေရာ မဟုတ်ဘဲ သရဏဂုံပွားများရင်း ကျန်ရစ်ခဲ့တာဖြစ်တဲ့အတွက်ဆောင်ယူသော သား သမီး များ လောကီ၊

လောကုတ္တရာအကျိုးထူးများစွာရရှိသလိုချီးမြှင့်ပေးသောမိဘများမှာလည်းမိဘဝတ္တရားကျေပွန်၍အသက်ရှည်စိတ်ကျမ်းမာစေပါတယ်။မိဘခြေရာ

ကျန်ရစ်ခဲ့တဲ့ ပိတ်ဖြူစပေါ်မှာ မိဘ၏ မွေးသက္ကရာဇ် တောင်းယူသော သားသမီးများ၏ အမည်၊ တောင်းယူသော နေ့စွဲများကို အမှတ်တရ ရေးထိုးပါ။
မိဘတို့ရဲ့ခြေဖဝါးများကိုမူလဆေးကြောထားသောရေဇလုံအတွင်းမှာရေနဲ့ပင်ဆေးကြောပြီးနံ့သာရေလိမ်းပေးပါ။မိဘတို့ရဲ့ခြေရင်း၌မိဘခြေထောက် များ ဆေးကြောထားသော ရေဇလုံအတွင်းသို့ သားဆိုလျှင် ညာဘက်လက် ထည့်ပါ။

သမီးဆိုလျှင် ဘယ်ဘက်လက်ထည့်ပြီး မိဘတို့အပေါ် ကာယကံ၊ ဝစီကံ၊ မနောကံအဖြစ် ပြစ်မှားမိသော အပြစ်များရှိပါက ကျေပါစေဟု ဆုတောင်းကာ ထိုရေဖြင့် ဦးခေါင်းနဲ့ မျက်နှာကို (၃)ကြိမ်ထိပါ။

မျက်နှာသစ်လိုကသစ်နိုင်ပါတယ်။ မိဘခြေရာတောင်းယူပြီးနောက်။ ။ မိဘခြေရာတောင်းယူပြီး မှန်ဘောင်သွင်းကာ ခေါင်းရင်းမှာထားပြီး ညစဉ် ရှိခိုး ကန်တော့ ပြီးမှ ညအိပ်ရာဝင်ပါ။ ကြီးမားသော မိဘရဲ့ မေတ္တာအား နေ့စဉ်ခံယူပါတယ်ဟုရွတ်ဆိုပါ။

မိမိ အဓိဠာန်နိုင်သလောက် ဥပမာ (၃)ရက်၊(၅)ရက်မှ(၁၀)ရက်တန်သည်အထိဥပုသ်သီလစောင့်ပါ။အရေးကြုပါကမိမိစောင့်ထိန်းခဲ့သော သီလကို သစ္စာဆို တိုင်တည်နိုင်ပါတယ်။ မိဘခြေရာ တောင်းယူပေးစဉ်ဦးဆောင်သူမှအောက်ပါဂါထာများကိုရွတ်ဖတ်ပူဇော်ပေးရပါမယ်။

မိဘခြေရာယူစဉ်ရွတ်ဆိုရန်။။“ဒသမာသေ၊ဥရေကတွာ၊ဗပါသေတိ၊ပုဎိကာရဏံ၊အာယုဒီဃံဝဿသတံမာတုပါဒံနမာမဟ္လံသာမာတာ”အကြင် အမိ သည် ဒသမာသေ– ဆယ်လတိုင်တိုင်ဦးရေကတွာ– ရင်ဖြင့်ပိုက်လွယ်သည်ကိုပြု၍ ပုဎိကာရဏံ–

ကြီးပွားခြင်းအကြောင်းကို ကတွာ– ပြု၍၊ ပေါသတိ– နို့ရည်တိုက်ကျွေးမွေးမြူပေး၏၊ဝဿသတံ– အနှစ်တစ်ရာတိုင်တိုင် ထိုအမိ၏ ပါဒံ– ခြေအစုံကို အဟံ– အကျွန်ုပ်သည် နမာမိ– ရိုသေမြတ်နိုး ရှိခိုးပါ၏။ “ဗုသိကာရော၊ အလိဂ္ဂေတွာ၊ ဥပ္ပိတွာ ပီယပုတ္ထထံ၊ ရာဇပဇ္ဈံ၊ သုပတိဌံ ပီတုပါဒံနမာမဟ္လံ”

ယာပီတု– အကြင်အဖသည် ဗုသိကာရော– ကြီးပွားကြောင်းကိုပြုလျှက် အလိဂ္ဂေတွာ– လည်ကို ဖက်၍ ဥပ္ပိတွာ– နမ်း၍ပီယပုတ္ထထံ– ချစ်လှ စွာသော သား ကို ရာဇပဇ္ဈံ– မင်းမှူးမတ်တို့၏အလယ်၌ သုပတိဌံ– ကောင်းစွာတည်စေ၏သော ပီတု– ထိုအဖ၏ ပါဒံ–

ခြေအစုံကို အဟံ– အကျွန်ုပ်သည် နမာမိ– ရိုသေမြတ်နိုး ရှစ်ခိုးပါ၏။ ထိုသို့ မိဘခြေရာ တောင်းယူနေစဉ်မှာ မိဘတွေရဲ့ မျက်နှာဇရာကို သံဝေဂရလိုက် သား သမီးတွေက ရိုသေလေးမြတ်စွာ ပူဇော်ကန်တော့တဲ့အတွက် ပီတိတွေ ဝေလိုက်နှင့်ပေါ့။

သားသမီးတွေရဲ့ မျက်နှာမှာလည်း မျက်ရည်တွေ တဝိုင်းဝိုင်းနဲ့မို့ မင်္ဂလာအရှိဆုံးနဲ့ အပျော်ဆုံးဖြစ်နေမှာ အမှန်ပါ။

Credit to original writer