ေသျပီးသား လူတစ္ေယာက္က သင့္ကိုအိပ္မက္ကတဆင့္ ဆက္သြယ္ဖို႔ ၾကိဳးစားတဲ့ပံုစံ(၇)မ်ိဳး…

ေသျပီးသား လူတစ္ေယာက္က သင့္ကိုအိပ္မက္ကတဆင့္ ဆက္သြယ္ဖို႔ ၾကိဳးစားတဲ့ပံုစံ(၇)မ်ိဳး…

ကိုယ့္ေဆြမ်ိဳးသားခ်င္းေတြထဲက ၊ အသိမိတ္ေဆြေတြထဲက တစ္ေယာက္ေယာက္ ေသဆံုးသြားျပီးတဲ့အခါ သူတို႕ကို သတိရတဲ့ စိတ္က ေတာ္ေတာ္နဲ႕ မေလ်ာ့သြားပါဘူး။ ျပီးေတာ့ ေသဆံုးျပီးတဲ့သူက အသက္ရွင္က်န္ရစ္တဲ့သူေတြကို အိပ္မက္ေပးျပီး ဆက္သြယ္ဖို႕ ၾကိဳးစားတတ္ၾကတယ္လို႕လည္း ယူဆတတ္ၾကပါတယ္။ တကယ္ေရာ အဲ့ဒီလိုအျဖစ္မ်ိဳး ရွိပါ့မလားဆိုတာကေတာ့ စဥ္းစားစရာပါပဲ။ ဘာပဲေျပာေျပာ ဆံုးပါးသြားတဲ့ တစ္စံုတစ္ေယာက္က သင့္ကို အိပ္မက္ကတဆင့္ ဆက္သြယ္ဖို႕ ၾကိဳးစားလာရင္ ဒီအခ်က္ေလးေတြ ၾကံဳရတတ္ပါတယ္တဲ့ေနာ္ …။

(၁) အိပ္မက္တဲ့အေၾကာင္းအရာ အေသးစိတ္ကိုမွတ္မိေနတယ္”

မနက္နိုးလာတဲ့အခ်ိန္မွာ အိပ္မက္မက္တဲ့အေၾကာင္းအရာေတြကို ေမ့သြားတတ္ၾကပါတယ္။ မွတ္မိရင္ေတာင္ ဇေ၀ဇ၀ါျဖစ္ေနတုန္္းပါ။ အဲ့ဒီလိုမဟုတ္ဘဲ ေသဆံုးျပီးသားသူကိုလည္း အိမ္မက္မက္တယ္၊ အေၾကာင္းအရာအေသးစိတ္ကိုလည္းမွတ္မိေနတယ္ဆိုရင္ သူတို႕ေတြ သင့္ကိုတစ္ခုခုေျပာခ်င္ေနလို႕ ဆက္သြယ္ဖို႕ ၾကိဳးစားေနတာပဲ ျဖစ္ပါတယ္ …။

(၂) အိပ္မက္ကႏိုးလာခ်ိန္မွာ တစ္ေယာက္ေယာက္စိုက္ၾကည့္ေနသလို ခံစားရတယ္”

ကိုယ္ခ်စ္ခင္ရတဲ့သူေတြ ဆံုးပါးသြားခဲ့ေပမယ့္ သူတို႕ေတြကိုယ့္အနားမွာရွိေနတုန္းပဲလို႕ စိတ္ထဲကေနထင္ေနတတ္ပါတယ္။ ျပီးေတာ့ ညအိပ္တဲ့အခါ သူတို႕ကိုအိပ္မက္မက္ျပီး လန္႕နိုးလာတဲ့အခ်ိန္မွာ ေဘးနားကေနတစ္ေယာက္ေယာက္ၾကည့္ေနသလိုခံစားခ်က္မ်ိဳးျဖစ္တတ္ပါတယ္။ အဲ့ဒီလိုျဖစ္တာက သူတို႕ေတြ သင့္ကိုအိပ္မက္ကေနတဆင့္ဆက္သြယ္ဖို႕ ၾကိဳးစားေနလို႕ပါတဲ့ …။

(၃) အိပ္မက္တစ္ခုျပီးတစ္ခု ဆက္စပ္ျပီးမက္တယ္”

တစ္ညတည္းမွာ အိပ္မက္တစ္ခုနဲ႕တစ္ခု အဆက္အစပ္ေလးေတြနဲ႕မက္ေနတယ္ဆိုရင္လည္း ဒါက သင့္ကိုဆက္သြယ္ဖို႕အေၾကာင္းအရာ တစ္ခုလို႕ ေျပာလို႕ရပါတယ္ …။

(၄) အိပ္ရာႏိုးလာတဲ့အခါၾကည္လင္လန္းဆန္းေနျပီး သက္ေတာင့္သက္သာျဖစ္ေနမယ္”

ေသဆံုးျပီးတဲ့သူေတြကိုအိပ္မက္မက္ျပီး မနက္အိပ္ရာနိုးလာတဲ့အခါ ၾကည္လင္လန္းဆန္း ေနမယ္။ သက္ေတာင့္သက္သာျဖစ္ေနမယ္ ဆိုရင္ သူတို႕ေတြက သင့္ရဲ႕က်န္းမာေရးနဲ႕ပတ္သက္လို႕ စိုးရိမ္ေနျပီး သင့္ကိုမပင္ပန္းေစခ်င္တာေၾကာင့္ ေကာင္းေကာင္းအနားရေအာင္ ကူညီေပးတယ္လို႕ ဆိုၾကပါတယ္ …။

(၅) သူတို႕ေတြကိုနဂိုထက္ ပိုငယ္ရြယ္နုနယ္တဲ့ပံုစံမ်ိဳးေတြ႕ရတယ္”

အိပ္မက္ထဲမွာ သူတို႕ေသဆံုးခ်ိန္တုန္းကထက္ ပိုငယ္ရြယ္နုနယ္တဲ့ပံုစံမ်ိဳးျမင္ေတြ႕ရတယ္ဆိုုရင္၊ က်န္းမာေရးေကာင္းတဲ့ပံုစံမ်ိဳးကိုေတြ႕ရတယ္ဆိုရင္ သူတို႕ကို သတိရေနတာကို သူတို႕ကလည္းသိတယ္ဆိုတဲ့အေၾကာင္း အသိေပးတာပါတဲ့။ ျပီးေတာ့ သင့္ကိုလည္း ေပ်ာ္ေပ်ာ္ေနေစခ်င္တယ္လို႕ ေျပာခ်င္တာပါတဲ့ေနာ္ …။

(၆) အိပ္မက္လို႕မထင္ရဘူး၊ တကယ့္အျဖစ္အပ်က္လို႕ထင္ရတယ္”

တခါတေလ ေသသြားျပီးသားလူကိုအိပ္မက္မက္တဲ့အခါ အိပ္မက္လို႕မထင္ရဘဲ တကယ့္အျဖစ္အပ်က္လို႕ထင္ရတဲ့အခါမ်ိဳးေတြရွိပါတယ္။ အနံအသက္၊ အသံ၊ ျမင္ကြင္း နဲ႕ ခံစားခ်က္ေတြက တကယ့္အျပင္မွာျဖစ္ေနသလိုမ်ိဳး ထင္ရရင္သူတို႕ေတြ သင္နဲ႕အနီးနားတ၀ိုက္မွာရွိေနျပီး သင္နဲ႕ဆက္သြယ္ခ်င္လို႕ ျဖစ္ႏိုင္ပါတယ္ …။

(၇) စကားေျပာတယ္”

ေသဆံုးျပီးတဲ့လူက အိပ္မက္ထဲမွာ စကားေျပာတယ္ဆိုရင္၊ သူတို႕အသံကိုေကာင္းေကာင္းၾကားရတယ္လို႕ မက္ရင္ သူတို႕လက္ရွိေရာက္ေနတဲ့ေနရာမွာ အဆင္ေျပေနျပီဆိုတဲ့ အဓိပၸါယ္ပါ။ သူတို႕ကိုမစိုးရိမ္ဖို႕၊ စိတ္မပူနဲ႕ေတာ့လို႕ ေျပာခ်င္တာပဲ ျဖစ္ပါတယ္တဲ႔ …။ ။

MAY THAZINHTOO

Unicode

သေပြီးသား လူတစ်ယောက်က သင့်ကိုအိပ်မက်ကတဆင့် ဆက်သွယ်ဖို့ ကြိုးစားတဲ့ပုံစံ(၇)မျိုး…

ကိုယ့်ဆွေမျိုးသားချင်းတွေထဲက ၊ အသိမိတ်ဆွေတွေထဲက တစ်ယောက်ယောက် သေဆုံးသွားပြီးတဲ့အခါ သူတို့ကို သတိရတဲ့ စိတ်က တော်တော်နဲ့ မလျော့သွားပါဘူး။ ပြီးတော့ သေဆုံးပြီးတဲ့သူက အသက်ရှင်ကျန်ရစ်တဲ့သူတွေကို အိပ်မက်ပေးပြီး ဆက်သွယ်ဖို့ ကြိုးစားတတ်ကြတယ်လို့လည်း ယူဆတတ်ကြပါတယ်။ တကယ်ရော အဲ့ဒီလိုအဖြစ်မျိုး ရှိပါ့မလားဆိုတာကတော့ စဉ်းစားစရာပါပဲ။ ဘာပဲပြောပြော ဆုံးပါးသွားတဲ့ တစ်စုံတစ်ယောက်က သင့်ကို အိပ်မက်ကတဆင့် ဆက်သွယ်ဖို့ ကြိုးစားလာရင် ဒီအချက်လေးတွေ ကြုံရတတ်ပါတယ်တဲ့နော် …။

(၁) အိပ်မက်တဲ့အကြောင်းအရာ အသေးစိတ်ကိုမှတ်မိနေတယ်”

မနက်နိုးလာတဲ့အချိန်မှာ အိပ်မက်မက်တဲ့အကြောင်းအရာတွေကို မေ့သွားတတ်ကြပါတယ်။ မှတ်မိရင်တောင် ဇဝေဇဝါဖြစ်နေတုန်းပါ။ အဲ့ဒီလိုမဟုတ်ဘဲ သေဆုံးပြီးသားသူကိုလည်း အိမ်မက်မက်တယ်၊ အကြောင်းအရာအသေးစိတ်ကိုလည်းမှတ်မိနေတယ်ဆိုရင် သူတို့တွေ သင့်ကိုတစ်ခုခုပြောချင်နေလို့ ဆက်သွယ်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ် …။

(၂) အိပ်မက်ကနိုးလာချိန်မှာ တစ်ယောက်ယောက်စိုက်ကြည့်နေသလို ခံစားရတယ်”

ကိုယ်ချစ်ခင်ရတဲ့သူတွေ ဆုံးပါးသွားခဲ့ပေမယ့် သူတို့တွေကိုယ့်အနားမှာရှိနေတုန်းပဲလို့ စိတ်ထဲကနေထင်နေတတ်ပါတယ်။ ပြီးတော့ ညအိပ်တဲ့အခါ သူတို့ကိုအိပ်မက်မက်ပြီး လန့်နိုးလာတဲ့အချိန်မှာ ဘေးနားကနေတစ်ယောက်ယောက်ကြည့်နေသလိုခံစားချက်မျိုးဖြစ်တတ်ပါတယ်။ အဲ့ဒီလိုဖြစ်တာက သူတို့တွေ သင့်ကိုအိပ်မက်ကနေတဆင့်ဆက်သွယ်ဖို့ ကြိုးစားနေလို့ပါတဲ့ …။

(၃) အိပ်မက်တစ်ခုပြီးတစ်ခု ဆက်စပ်ပြီးမက်တယ်”

တစ်ညတည်းမှာ အိပ်မက်တစ်ခုနဲ့တစ်ခု အဆက်အစပ်လေးတွေနဲ့မက်နေတယ်ဆိုရင်လည်း ဒါက သင့်ကိုဆက်သွယ်ဖို့အကြောင်းအရာ တစ်ခုလို့ ပြောလို့ရပါတယ် …။

(၄) အိပ်ရာနိုးလာတဲ့အခါကြည်လင်လန်းဆန်းနေပြီး သက်တောင့်သက်သာဖြစ်နေမယ်”

သေဆုံးပြီးတဲ့သူတွေကိုအိပ်မက်မက်ပြီး မနက်အိပ်ရာနိုးလာတဲ့အခါ ကြည်လင်လန်းဆန်း နေမယ်။ သက်တောင့်သက်သာဖြစ်နေမယ် ဆိုရင် သူတို့တွေက သင့်ရဲ့ကျန်းမာရေးနဲ့ပတ်သက်လို့ စိုးရိမ်နေပြီး သင့်ကိုမပင်ပန်းစေချင်တာကြောင့် ကောင်းကောင်းအနားရအောင် ကူညီပေးတယ်လို့ ဆိုကြပါတယ် …။

(၅) သူတို့တွေကိုနဂိုထက် ပိုငယ်ရွယ်နုနယ်တဲ့ပုံစံမျိုးတွေ့ရတယ်”

အိပ်မက်ထဲမှာ သူတို့သေဆုံးချိန်တုန်းကထက် ပိုငယ်ရွယ်နုနယ်တဲ့ပုံစံမျိုးမြင်တွေ့ရတယ်ဆိုရင်၊ ကျန်းမာရေးကောင်းတဲ့ပုံစံမျိုးကိုတွေ့ရတယ်ဆိုရင် သူတို့ကို သတိရနေတာကို သူတို့ကလည်းသိတယ်ဆိုတဲ့အကြောင်း အသိပေးတာပါတဲ့။ ပြီးတော့ သင့်ကိုလည်း ပျော်ပျော်နေစေချင်တယ်လို့ ပြောချင်တာပါတဲ့နော် …။

(၆) အိပ်မက်လို့မထင်ရဘူး၊ တကယ့်အဖြစ်အပျက်လို့ထင်ရတယ်”

တခါတလေ သေသွားပြီးသားလူကိုအိပ်မက်မက်တဲ့အခါ အိပ်မက်လို့မထင်ရဘဲ တကယ့်အဖြစ်အပျက်လို့ထင်ရတဲ့အခါမျိုးတွေရှိပါတယ်။ အနံအသက်၊ အသံ၊ မြင်ကွင်း နဲ့ ခံစားချက်တွေက တကယ့်အပြင်မှာဖြစ်နေသလိုမျိုး ထင်ရရင်သူတို့တွေ သင်နဲ့အနီးနားတဝိုက်မှာရှိနေပြီး သင်နဲ့ဆက်သွယ်ချင်လို့ ဖြစ်နိုင်ပါတယ် …။

(၇) စကားပြောတယ်”

သေဆုံးပြီးတဲ့လူက အိပ်မက်ထဲမှာ စကားပြောတယ်ဆိုရင်၊ သူတို့အသံကိုကောင်းကောင်းကြားရတယ်လို့ မက်ရင် သူတို့လက်ရှိရောက်နေတဲ့နေရာမှာ အဆင်ပြေနေပြီဆိုတဲ့ အဓိပ္ပါယ်ပါ။ သူတို့ကိုမစိုးရိမ်ဖို့၊ စိတ်မပူနဲ့တော့လို့ ပြောချင်တာပဲ ဖြစ်ပါတယ်တဲ့ …။ ။

MAY THAZINHTOO