ေဗာက္ထတဲ့ဆံေကသာပိုင္႐ွင္မ်ားအတြက္ ေဗာက္ေပ်ာက္ကင္းေစမယ့္ သဘာဝေပါင္းတင္နည္း…
လွပထူထဲၿပီး ေပ်ာ့ေပ်ာင္းႏူးညံ့တဲ့ ဆံေကသာေလး ပိုင္ဆိုင္ခ်င္တာကေတာ့ ပ်ိဳေမတိုင္းရဲ႕ အိပ္မက္ပါပဲ။ ဒါေပမယ္႔ ေနေရာင္ျခည္ဒဏ္၊ ဖုန္မႈန္႔နဲ႔ အညစ္အေၾကးမ်ား ကပ္ညွိျခင္း …၊
ဆံပင္မၾကာခဏ ေဆးဆိုး ပံုသြင္းျခင္းတို႔ေၾကာင့္ အပူဒဏ္နဲ႔ ဓာတုေဆးဝါးမ်ားေၾကာင့္ ဆံပင္မ်ား ပ်က္စီးၾကမ္းတမ္းကာ အဖ်ားႏွစ္ခြ ျဖစ္လာပါေတာ့တယ္ …။
ဒါ့အျပင္ သင့္ခႏၶာကိုယ္က ေရဓာတ္လံုေလာက္စြာ မေသာက္သံုးဘူးဆိုရင္ေတာ့ ဦးေရျပားကအစိုဓာတ္မရ႐ွိတဲ့အတြက္ေၾကာင့္ ေဗာက္ထတတ္ပါတယ္ …။
ေဗာက္ထတဲ့ ဆံေကသာပိုင္႐ွင္မ်ားအတြက္ ေဗာက္ေပ်ာက္ကင္းေစမယ့္ သဘာဝ ေပါင္းတင္နည္းလမ္းမ်ားကို ေဝမွ်ေပးလိုက္ပါတယ္ေနာ္ …။
“ေပါင္းတင္နည္း ၁”
ဒိန္ခ်ဥ္ ဖန္ခြက္ တစ္ဝက္ခန္႔၊ သံပုယိုရည္ စားပြဲတင္ဇြန္း ၁ ဇြန္းနဲ႔ ပ်ားရည္ စားပြဲတင္ဇြန္းတစ္ဇြန္းတို႔ကို ပန္းကန္လံုး တစ္လံုးထဲမွာ ေရာေမႊေပးလိုက္ပါ …။
သမေအာင္နယ္ၿပီးသြားၿပီဆိုရင္ေတာ့ ဆံပင္အရင္းကေန အဖ်ားအထိ ေသခ်ာသုတ္လိမ္းေပးလိုက္ပါ။ၿပီးရင္ ေခါင္းကို Shower Cap ေလးနဲ႔ အုပ္ထားေပးၿပီး မိနစ္ ၃၀ ခန္႔ ေစာင့္လိုက္ပါ …။
မိနစ္ ၃၀ ျပည့္ၿပီဆိုရင္ေတာ့ ဆာလဖာမပါဝင္တဲ့ေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္ေပးလိုက္ပါ။ တစ္ပတ္ကို တစ္ႀကိမ္ (သို႔) ႏွစ္ႀကိမ္ခန္႔ ျပဳလုပ္ေပးမယ္ဆိုရင္ေတာ့ ေဗာက္ေပ်ာက္သြားပါလိမ့္မယ္ …။
“ေပါင္းတင္နည္း ၂”
ငွက္ေပ်ာသီးမွည့္ ၂ လံုး၊ ပ်ားရည္ စားပြဲတင္ဇြန္း ၂ ဇြန္း၊ သံလြင္ဆီ စားပြဲတင္ဇြန္း ၁ ဇြန္းနဲ႔ သံပုယိုရည္ စားပြဲတင္ဇြန္း ၂ ဇြန္း တို႔ လိုအပ္ပါမယ္ …။
အရင္ဦးဆံုး ငွက္ေပ်ာသီးမွည့္ကို ပန္းကန္လံုးေလးထဲထည့္ၿပီး ခက္ရင္းနဲ႔ ေခ်မြေပးလိုက္ပါ။ ၿပီးမွ သံလြင္ဆီ၊ ပ်ားရည္နဲ႔ သံပုယိုရည္တို႔ ေလာင္းထည့္ၿပီး သမေအာင္ ေမႊေပးပါ …။
ထို႔ေနာက္ ဦးေရျပားနဲ႔ ဆံေကသာကို သုတ္လိမ္းေပးၿပီး ႏွိပ္နယ္ေပးလိုက္ပါ။ မိနစ္ ၃၀ ၾကာမွ ဆာလဖာမပါဝင္တဲ့ ေခါင္းေလွ်ာ္ရည္နဲ႔ ေခါင္းေလွ်ာ္ေပးလိုက္ပါ …။
ဒီေပါင္းတင္နည္းေလးကို တစ္ပတ္မွာ တစ္ႀကိမ္ခန္႔ ျပဳလုပ္ေပးမယ္ဆိုရင္လည္း ေခါင္းေပၚက ေဗာက္ေတြ သိသိသာသာ ေပ်ာက္ကင္းသြားပါလိမ့္မယ္ …။
“ေပါင္းတင္နည္း ၃”
ေထာပတ္သီးမွည့္ တစ္လံုး၊ ပ်ားရည္ စားပြဲတင္ဇြန္း ၂ ဇြန္းနဲ႔ သံလြင္ဆီ စားပြဲတင္ဇြန္း ၂ ဇြန္းတို႔ လိုအပ္ပါမယ္ …။
ပထမဦးဆံုး ေထာပတ္သီးကို ပန္းကန္လံုးေလးထဲထည့္ၿပီး ခက္ရင္းေလးနဲ႔ အႏွစ္ျဖစ္သြားေအာင္ ေခ်လိုက္ပါ။ ၿပီးရင္ ပ်ားရည္နဲ႔ သံလြင္ဆီတို႔ကို ေရာၿပီး ထပ္ ေမႊေပးလိုက္ပါ …။
ပီးတဲ့အခါ ဆံေကသာကို အရင္းကေန အဖ်ားအထိ သုတ္လိမ္းေပးလိုက္ပါ။ ၄၅ မိနစ္ခန္႔ၾကာမွ ဆာလဖာမပါဝင္တဲ့ ေခါင္းေလွ်ာ္ရည္ေလးနဲ႔ ေလွ်ာ္ေပးပါ …။
ဒီေပါင္းတင္နည္းေလးကိုေတာ့ တစ္ပတ္မွာ တစ္ႀကိမ္ခန္႔ ျပဳလုပ္ေပးလို႔ရပါတယ္ …။
“ေပါင္းတင္နည္း ၄”
ၾကက္ဥ အကာ ၂ လံုးနဲ႔ သံလြင္ဆီ စားပြဲတင္ဇြန္း ၂ ဇြန္းတို႔ကို ပန္းကန္လံုးေလးထဲထည့္ၿပီး ေမႊခေလာက္ေပးလိုက္ပါ။ ၿပီးရင္ ဆံပင္ကို အရင္းကေန အဖ်ားအထိ သုတ္လိမ္းေပးလိုက္ပါ …။
ပီးရင္ ဆာလဖာမပါတဲ့ ေခါင္းေလွ်ာ္ရည္အသံုးျပဳၿပီး ေရေအးေအးေလးနဲ႔ ေခါင္းေလွ်ာ္ေပးလိုက္ပါ။ ဒီေပါင္းတင္နည္းလမ္းကို တစ္ပတ္မွာ ၁ ႀကိမ္ကေန ၂ ႀကိမ္အထိ အသံုးျပဳေပးႏိုင္ပါတယ္ …။
အခုေဖာ္ျပေပးသြားတဲ့ နည္းလမ္း ၄ မ်ိဳးထဲက မိမိႀကိဳက္ႏွစ္သက္ရာကို ေရြးခ်ယ္အသံုးျပဳလိုက္ပါ။ ေဗာက္ေတြ ကင္းေဝးၿပီး က်န္းမာထူထဲလွပတဲ့ ဆံေကသာေလးကို ျပန္လည္ပိုင္ဆိုင္ႏိုင္မွာပဲ ျဖစ္ပါတယ္ေနာ္ …။ ။
Credit:MystyleMyanmar
Unicode
ဗောက်ထတဲ့ဆံကေသာပိုင်ရှင်များအတွက် ဗောက်ပျောက်ကင်းစေမယ့် သဘာဝပေါင်းတင်နည်း…
လှပထူထဲပြီး ပျော့ပျောင်းနူးညံ့တဲ့ ဆံကေသာလေး ပိုင်ဆိုင်ချင်တာကတော့ ပျိုမေတိုင်းရဲ့ အိပ်မက်ပါပဲ။ ဒါပေမယ့် နေရောင်ခြည်ဒဏ်၊ ဖုန်မှုန့်နဲ့ အညစ်အကြေးများ ကပ်ညှိခြင်း …၊
ဆံပင်မကြာခဏ ဆေးဆိုး ပုံသွင်းခြင်းတို့ကြောင့် အပူဒဏ်နဲ့ ဓာတုဆေးဝါးများကြောင့် ဆံပင်များ ပျက်စီးကြမ်းတမ်းကာ အဖျားနှစ်ခွ ဖြစ်လာပါတော့တယ် …။
ဒါ့အပြင် သင့်ခန္ဓာကိုယ်က ရေဓာတ်လုံလောက်စွာ မသောက်သုံးဘူးဆိုရင်တော့ ဦးရေပြားကအစိုဓာတ်မရရှိတဲ့အတွက်ကြောင့် ဗောက်ထတတ်ပါတယ် …။
ဗောက်ထတဲ့ ဆံကေသာပိုင်ရှင်များအတွက် ဗောက်ပျောက်ကင်းစေမယ့် သဘာဝ ပေါင်းတင်နည်းလမ်းများကို ဝေမျှပေးလိုက်ပါတယ်နော် …။
“ပေါင်းတင်နည်း ၁”
ဒိန်ချဉ် ဖန်ခွက် တစ်ဝက်ခန့်၊ သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်းတို့ကို ပန်းကန်လုံး တစ်လုံးထဲမှာ ရောမွှေပေးလိုက်ပါ …။
သမအောင်နယ်ပြီးသွားပြီဆိုရင်တော့ ဆံပင်အရင်းကနေ အဖျားအထိ သေချာသုတ်လိမ်းပေးလိုက်ပါ။ပြီးရင် ခေါင်းကို Shower Cap လေးနဲ့ အုပ်ထားပေးပြီး မိနစ် ၃၀ ခန့် စောင့်လိုက်ပါ …။
မိနစ် ၃၀ ပြည့်ပြီဆိုရင်တော့ ဆာလဖာမပါဝင်တဲ့ခေါင်းလျှော်ရည်နဲ့ လျှော်ပေးလိုက်ပါ။ တစ်ပတ်ကို တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် ပြုလုပ်ပေးမယ်ဆိုရင်တော့ ဗောက်ပျောက်သွားပါလိမ့်မယ် …။
“ပေါင်းတင်နည်း ၂”
ငှက်ပျောသီးမှည့် ၂ လုံး၊ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း တို့ လိုအပ်ပါမယ် …။
အရင်ဦးဆုံး ငှက်ပျောသီးမှည့်ကို ပန်းကန်လုံးလေးထဲထည့်ပြီး ခက်ရင်းနဲ့ ချေမွပေးလိုက်ပါ။ ပြီးမှ သံလွင်ဆီ၊ ပျားရည်နဲ့ သံပုယိုရည်တို့ လောင်းထည့်ပြီး သမအောင် မွှေပေးပါ …။
ထို့နောက် ဦးရေပြားနဲ့ ဆံကေသာကို သုတ်လိမ်းပေးပြီး နှိပ်နယ်ပေးလိုက်ပါ။ မိနစ် ၃၀ ကြာမှ ဆာလဖာမပါဝင်တဲ့ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပေးလိုက်ပါ …။
ဒီပေါင်းတင်နည်းလေးကို တစ်ပတ်မှာ တစ်ကြိမ်ခန့် ပြုလုပ်ပေးမယ်ဆိုရင်လည်း ခေါင်းပေါ်က ဗောက်တွေ သိသိသာသာ ပျောက်ကင်းသွားပါလိမ့်မယ် …။
“ပေါင်းတင်နည်း ၃”
ထောပတ်သီးမှည့် တစ်လုံး၊ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းတို့ လိုအပ်ပါမယ် …။
ပထမဦးဆုံး ထောပတ်သီးကို ပန်းကန်လုံးလေးထဲထည့်ပြီး ခက်ရင်းလေးနဲ့ အနှစ်ဖြစ်သွားအောင် ချေလိုက်ပါ။ ပြီးရင် ပျားရည်နဲ့ သံလွင်ဆီတို့ကို ရောပြီး ထပ် မွှေပေးလိုက်ပါ …။
ပီးတဲ့အခါ ဆံကေသာကို အရင်းကနေ အဖျားအထိ သုတ်လိမ်းပေးလိုက်ပါ။ ၄၅ မိနစ်ခန့်ကြာမှ ဆာလဖာမပါဝင်တဲ့ ခေါင်းလျှော်ရည်လေးနဲ့ လျှော်ပေးပါ …။
ဒီပေါင်းတင်နည်းလေးကိုတော့ တစ်ပတ်မှာ တစ်ကြိမ်ခန့် ပြုလုပ်ပေးလို့ရပါတယ် …။
“ပေါင်းတင်နည်း ၄”
ကြက်ဥ အကာ ၂ လုံးနဲ့ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို ပန်းကန်လုံးလေးထဲထည့်ပြီး မွှေခလောက်ပေးလိုက်ပါ။ ပြီးရင် ဆံပင်ကို အရင်းကနေ အဖျားအထိ သုတ်လိမ်းပေးလိုက်ပါ …။
ပီးရင် ဆာလဖာမပါတဲ့ ခေါင်းလျှော်ရည်အသုံးပြုပြီး ရေအေးအေးလေးနဲ့ ခေါင်းလျှော်ပေးလိုက်ပါ။ ဒီပေါင်းတင်နည်းလမ်းကို တစ်ပတ်မှာ ၁ ကြိမ်ကနေ ၂ ကြိမ်အထိ အသုံးပြုပေးနိုင်ပါတယ် …။
အခုဖော်ပြပေးသွားတဲ့ နည်းလမ်း ၄ မျိုးထဲက မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်အသုံးပြုလိုက်ပါ။ ဗောက်တွေ ကင်းဝေးပြီး ကျန်းမာထူထဲလှပတဲ့ ဆံကေသာလေးကို ပြန်လည်ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်နော် …။ ။
Credit:MystyleMyanmar