ေဖာက္ျပန္ေနတဲ့ ခ်စ္သူေကာင္ေလး ျပန္ေရာက္လာဖို႔ ဘုိးေတာ္ဆီသြားလိုက္တဲ႔ ေကာင္မေလးရဲ႕အျဖစ္
ကၽြန္မ နဲ ႔ခ်စ္ သူဟာ လက္တြဲလာတာ ၄ ႏွစ္ ရွိပါၿပီ။ ဒီႏွစ္ကုန္ရင္ လက္ထပ္ဖို႔စီစဥ္ထားပါတယ္။ ဒါေပမယ့္ သူဟာ အလိုလိုေနရင္း ” ငါတို႔လမ္းခြဲၾကရေအာင္ သူက ကၽြန္မကို မခ်စ္ေတာ့ပါဘူး။ အခု သူကအသစ္ေတြ႕ေနပါၿပီ။ လက္တြဲလာတဲ့ အခ်ိန္ေတြမွာ ခ်စ္တယ္ ဆိုတာ ညာေျပာခဲ့တာပါ …။
သူက ခ်စ္သူ အသစ္နဲ႔ဒီႏွစ္ကုန္ရင္ လက္ထပ္ေတာ့မွာ” လို႔လာေျပာပါတယ္။ ကၽြန္မလည္း နည္းမ်ိဳးစံုနဲ႔ ကၽြန္မ ဆီသူျပန္လာဖို႔ ႀကိဳးစားပါတယ္။ ကၽြန္မ ဘာမွားေနလဲ၊ ဘယ္ေနရာေတြမွာ မေကာင္းတာလုပ္ခဲ့မိလဲ၊လို႔ေမးၿပီး လိုအပ္တာေတြရွိရင္ ကၽြန္မျပင္ပါ့မယ္ …။
သူလိုတာ အားလံုးျဖည့္ဆည္းေပးၿပီး သူ႔အလိုက် အားလံုးျဖစ္ေစရပါမယ္။” အရင္လိုပဲ ခ်စ္သူ ျပန္ ျဖစ္ေနဖို႔ ” ပဲေတာင္းဆိုခ်င္တာပါ …။
ဒါေပမယ့္ ကၽြန္မ ျပန္ရလိုက္တာေတြကေတာ့ သူ႔ရဲ႕ေအးစက္မႈ၊ စိတ္မၾကည္လင္မႈ၊ စိတ္ရႈပ္မႈ ေတြမို႔ ကၽြန္မ ဘာလုပ္လုပ္ အမွားေတြခ်ည္းပဲ လုပ္မိေနေတာ့တာပါပဲ။ သူငယ္ခ်င္းက ကၽြန္မကို ေဆးနဲ႔ျပဳစားတာ သြားလုပ္ဖို႔ အၾကံေပးပါတယ္ …။
ပံုမွန္အားျဖင့္ ကၽြန္မဒီလုပ္ရပ္ေတြကို မႀကိဳက္တဲ့အျပင္ မပတ္သက္ အနားလည္း မသြားခ်င္ပါဘူး။ဒါေပမယ့္ အခုေတာ့ အခ်စ္စိတ္နဲ႔ သူသာျပန္လာမယ္ဆိုရင္ ဘာျဖစ္ျဖစ္ အားလံုးကို လုပ္ခ်င္စိတ္ ျဖစ္ေပၚလာပါတယ္ …။
ဘိုးေတာ္ ရာစီ ဆီကိုေခၚသြားမယ္တဲ့။ ဘိုးေတာ္ က အရမ္းေတာ္ပါတယ္၊ သူငယ္ခ်င္း အမ်ိဳးတေယာက္ ခင္ပြန္းက မယားငယ္နဲ႔ သြားေနလို႔ ဘိုးေတာ္ က ျပန္လာေအာင္ ေခၚေပးတယ္ …၊
ျပန္လာၿပီးေနာက္ သူဟာ ဒီေန႔အထိပဲ သူ႔ဇနီးကို သိပ္ခ်စ္ သိပ္အလိုလိုက္လာၿပီး အသစ္ထပ္မရွာေတာ့ဘူး။ ဘိုးေတာ္ အိမ္ကတထပ္အိမ္ေလးပါ။ ကား ၁၀ စီးရပ္လို႔ရတဲ့ ကားပါကင္ ေလးရွိပါတယ္။ ပထမေန႔ ကၽြန္မ သြားေတာ့ ကား ၃ စီး ရပ္ထားတာေတြ႕ရပါတယ္ …။
အိမ္ထဲကိုလွမ္းၾကည့္ေတာ့ ထိုင္ေနသူမ်ားလြန္းလို႔ အိမ္အဝင္ေပါက္ အျပင္ေတာင္ ေရာက္ေနပါတယ္။ရီေမာသံ ေတြလည္း တခါတခါ အျပင္ဘက္ကို ပ်ံ႕လြင့္လာပါတယ္။ သူငယ္ခ်င္းက ကၽြန္မကိုအိမ္ထဲေခၚသြားခဲ႔ပါတယ္ …။
ကၽြန္မျမင္လိုက္ရတာကေတာ့ ” အသက္ ၂၈ – ၂၉ ေလာက္ရွိမယ့္ အမ်ိဳးသား တေယာက္ဆံပင္ရွည္၊ တကိုယ္လံုးအျပည့္ ေဆးမွင္ေၾကာင္အရုပ္ေတြ ထိုးထားတယ္။ညႇိဳ႕မ်က္လံုးေလးနဲ႔ လက္ကစီးကရက္ကိုျပာေခၽြလိုက္ ရီစရာေျပာလိုက္ ရီေနလိုက္ေပါ့ …။
ဧည့္သည္ ေတြကလည္း တခါတေလ ရီေမာလိုက္ေပါ့ ေပ်ာ္စရာႀကီး။ သူကက်ားသစ္ကြက္ေလး ဝတ္ထားတယ္။ စြဲေဆာင္မႈ အျပည့္နဲ႔ၾကည့္လို႔ေကာင္းပါတယ္။သူငယ္ခ်င္းေျပာတဲ့ ဘိုးေတာ္ ဆိုတာသူေပါ့။ ဘာလို႔ငယ္ငယ္ေလးပဲ ရွိေနေသးတာလဲ …။
ဒါေပမယ့္ ဒီအခ်ိန္မွာ သူငယ္ခ်င္း က ကၽြန္မ ကိုေကာင္းတယ္ေျပာရင္ ေရရွည္ ကို ဘာမွမေတြးပဲ ယံုၾကည္မိပါတယ္။ ကၽြန္မတို႔ႏွစ္ေယာက္ နာရီဝက္ေလာက္ ေစာင့္လိုက္ရပါတယ္ …။
အရင္ေရာက္ေနတဲ့ အုပ္စုေတြ ျပန္သြားၾကၿပီး ကၽြန္မတို႔အလွည့္ေရာက္လာပါၿပီ။သူငယ္ခ်င္း က ( ပန္း ၅ ပြင့္၊ အေမႊးတိုင္ ၅ တိုင္၊ ) ေငြ ၁၀၀ ဘတ္ ကန္ေတာ့ၿပီး ကၽြန္မနဲ႔ ကၽြန္မခ်စ္သူ နာမည္ နဲ႔ ေနရပ္ ေရာေရးၿပီး ဘိုးေတာ္ ကိုေပးရပါတယ္ …။
ကၽြန္မ နာမည္ ကိုဖတ္ၿပီး ကံမေကာင္းဘူး။ အခ်စ္လုခံရမယ္။ ခ်စ္သူ နာမည္ ကိုဖတ္ၿပီး ဒါမင္းခ်စ္သူလားလို႔ေမးေတာ့့ ဟုတ္ပါတယ္လို႔ ကၽြန္မ က ေျဖလိုက္ပါတယ္ …။
” ဘာမ်ားေမးစရာ ရွိသလဲ “လို႔ ဘိုးေတာ္ကေမးပါတယ္။ ခဏတာ တိတ္ဆိတ္သြားပါတယ္။ ဘာေမးရမွန္းလည္း ကၽြန္မ မသိပါဘူး။သူငယ္ခ်င္းက လက္တို႔ၿပီး ေျပာလိုက္ေလ ဆိုတာေတာင္ ဘာေျပာရမွန္း မသိပါဘူး …။
ဘိုးေတာ္က မ်က္ေစ့မွိတ္ၿပီး ၅ ခါ ၊ ၁၀ ခါထိ ဂါထာ ရြတ္ေနပါတယ္။ ၿပီးေတာ့ ကၽြန္မ ကို လွည့္ၾကည့္ၿပီး ” သူ႔ကိုသိပ္ခ်စ္လို႔ အခုေတာ့ စိတ္ဆင္းရဲေနရၿပီ၊ ကိုယ့္ကိုယ္ကို သတ္ေသဖို႔ ေတာင္ၾကံေနၿပီ …၊
သူကမင္းဆီကို ျပန္လာေစခ်င္သလား ” လို႔ လွည့္ေမးပါတယ္။ ” ျပန္လာေစခ်င္ပါတယ္ “လို႔ကၽြန္မေျဖ လိုက္ပါတယ္။ ” ဒါဆိုရင္ ငါကမင္းကိုကူညီမယ္…ဒါေပမယ့္ ဝန္ေဆာင္ခ ေပးရမွာေနာ္ မင္းမွာ ပိုက္ဆံ ဘယ္ေလာက္ရွိလဲ”
” ႏွစ္ေထာင္ပါရွင္ ” ဘိုးေတာ္ က မ်က္ေစ့မွိတ္လိုက္ၿပီး ” မဟုတ္ဘူး။ အိတ္ထဲမွာ ငါးေထာင္ဘတ္ ရွိတယ္။ ဘဏ္စာအုပ္ထဲမွာ ဘတ္ ၃ ေသာင္း ထပ္ရွိေသးတယ္ …။
” ကၽြန္မအရမ္းအံ့ဩသြားတယ္။ ဘိုးေတာ္က ဘယ္လိုမ်ား သိတာပါလိမ့္။ ” သူျပန္လာေစခ်င္ရင္ ဘိုးေတာ္ ကို ဝန္ေဆာင္ခ ဘတ္ ၃ ေသာင္း ေပးရမယ္ ” ” သေဘာတူပါတယ္ ” လို႔ ကၽြန္မ ျပန္ေျပာလိုက္ပါတယ္။
သူငယ္ခ်င္းက ကၽြန္မ ကို ” ႐ူးေနလား ဘတ္ ၃ ေသာင္းႀကီးမ်ားေတာင္ မစဥ္းစားေတာ့ဘူးလား ” အံ့ဩစြာနဲ႔ေျပာပါတယ္ …။
ဒါေပမယ့္ အခုေတာ့ ခ်စ္သူ ျပန္လာဖို႔ထက္ ဘယ္အရာမွ ကၽြန္မအတြက္ အေရးမႀကီးေတာ့ပါဘူး။ဘိုးေတာ္ ကကၽြန္မမ်က္ႏွာကို ျပံဳးၾကည့္ရင္းနဲ႔ “………ေတြကို သြားယူခိုင္းပါတယ္ …။
”ကၽြန္မ အစီအစဥ္ စလုပ္ရန္ လိုအပ္တာေတြ ယူလာခိုင္းပါတယ္။ ေနာက္ေန႔မနက္လင္းေတာ့ ဘိုးေတာ္ကိုသြားေတြ႕ပါတယ္။ အရင္ေရာက္သူေတြ မ်ားလြန္းတာမို႔ ေန႔လည္ ၂ နာရီ မွပဲ ကၽြန္မ အလွည့္ကိုေရာက္ပါေတာ့တယ္ …။
ဘိုးေတာ္ ကကၽြန္မကို ျပံဳးျပပါတယ္။ ” ပရိတ္ေရနဲ႔ ေရသန္႔စင္ရမယ္ ” ဘိုးေတာ္က အမ်ိဳးသား တေယာက္ကို ကၽြန္မအား ပရိတ္ေရနဲ႔ ေဆးေၾကာသန္႔စင္ ေပးခိုင္းပါတယ္။ ဒီအမ်ိဳးသားကလည္း ဂါထာ ေတြရြတ္ရင္း ကၽြန္မကိုေရသန္႔စင္ ေပးပါတယ္ …။
ၿပီးေနာက္ ကၽြန္မယူလာတဲ့ ပစၥည္းေတြနဲ႔ ၁၀ မိနစ္ေလာက္ၾကာေအာင္ ရြတ္ဖတ္ေနျပန္ပါတယ္။ ၿပီးေတာ့ ကၽြန္မလက္မွာ ပရိတ္ႀကိဳး ခ်ည္ေပးၿပီး သူခိုင္းတာေတြ လုပ္ရန္ မွာၾကားပါတယ္ …။
၁။ ေန႔တိုင္း ညေနခင္းမွာ ကၽြန္မက ေျခလွမ္း ၉၉၉ လွမ္း လမ္းေလၽွာက္ရပါမယ္ …။
၂။ မအိပ္ခင္ ဘုရားစာ ၉၉ ႀကိမ္ ဆိုရပါမယ္ …။
၃။ အေဖ ဒါမွမဟုတ္ အေမ နဲ႔ ေန႔တိုင္းဖုန္းဆက္ၿပီး ျဖစ္ပ်က္သမၽွကို မလိမ္ညာပဲ အကုန္ ရင္ဖြင့္ေျပာျပရပါမယ္ …။
၄။ ဒီေန႔ကစၿပီး ၁၅ ရက္တိတိ ခ်စ္သူ နဲ႔ အဆက္အသြယ္ မလုပ္ရပါဘူး။ ကတိေပးထားတာ ပ်က္ကြက္မိရင္ ေနာက္တရက္မွာ အသစ္တခါစၿပီး ၁၅ ရက္ျပည့္ေအာင္ လုပ္ရပါမယ္ …။
ဒီ ၁၅ ရက္ အတြင္းမွာ ေပးထားတဲ့ ကတိ အတိုင္း တိက်စြာလုပ္ႏိုင္ရင္ ခ်စ္သူ ဟာ ကၽြန္မဆီကိုျပန္လာမွာ ေသခ်ာေနပါတယ္။ ကၽြန္မ ဟာ ဘိုးေတာ္ ေျပာတဲ့ အခ်က္ေတြကို ကတိ ေပးထားတဲ့အတိုင္း တိက်စြာလုပ္သြားပါတယ္ …။
ပထမရက္၊ ဒုတိယရက္၊ တတိယရက္၊ စတုတၳရက္၊ ပဥၥမရက္…. ၁၅ ရက္ အျပီးမွာေတာ့ ေပးထားတဲ့ ရက္ျပည့္သြားၿပီမို႔ ေနာက္ေန႔မနက္အေစာႀကီးပဲ ကၽြန္မက ဘိုးေတာ္ ဆီကိုထြက္လာခဲ့ပါတယ္ …။
” ဘယ္လိုေနလဲ ခံစားေနရတာေတြ သက္သာလာတယ္ မဟုတ္လား ” လို ႔ဘိုးေတာ္ ကေမးပါတယ္။ ” ဟုတ္ကဲ့ စိတ္ပိုခ်မ္းသာ ေနရသက္သာလာပါတယ္ ” ” သူ႔ကို သိပ္ခ်စ္တာပဲလား ” လို႔ဘိုးေတာ္ ကေမးပါတယ္ …။
” ဟုတ္ကဲ့ ” ” အေမ့ဆီကို ေန႔တိုင္းဖုန္းဆက္ခဲ့ရဲ႕လား ” ” ဆက္ပါတယ္ ”” အေမ ဘာေျပာေသးလဲ …”
သူဝမ္းနည္းေနလား ” ” အေမ ဘာမွမေျပာပါဘူး၊ သူဝမ္းနည္းေနၿပီးမွ တျဖည္းျဖည္းခ်င္း ကၽြန္မ ကို ႏွစ္သိမ့္ေခ်ာ့ေမာ့ပါတယ္ …။
” ” အေမ ဝမ္းနည္းေနေတာ့ မင္းေရာဝမ္းမနည္းဘူးလား ” ကၽြန္မက တိတ္ဆိတ္သြားပါတယ္ …။
စၿပီးစဥ္းစားေနမိပါၿပီ။ ” ဝမ္းနည္းပါတယ္ ”” မင္းငိုေတာ့ အေမ ကဘာေျပာလဲ ” ” အေမလည္း လိုက္ငိုပါတယ္
” ” အေမ ကိုခ်စ္လား ” ” ခ်စ္ပါတယ္ ” ” မင္းကိုဘယ္သူက ဝမ္းနည္းေအာင္ လာလုပ္တာလဲ၊ မင္းဒီလိုခံစားေနရေအာင္ ဘယ္သူကလာလုပ္တာလဲ၊ ဟိုအမ်ိဳးသား ေပါ့ဟုတ္လား ” ကၽြန္မ တိတ္ဆိတ္စြာ ထိုင္ေနမိတယ္။ မ်က္ရည္ေတြ စက်လာၿပီ …။
” အလုပ္ကရတဲ့ ပိုက္ဆံ အေမ ကိုေပးဖူးလား၊ ေဈးမွာဟင္းေတြေတြ႕ရင္ အေမဒါေလးႀကိဳက္တတ္တယ္ ဆိုၿပီး သတိရ တတ္လား၊ မင္းဘာဟင္းႀကိဳက္တတ္တာလဲေရာ မွတ္မိရဲ႕လား …၊
ေန႔တိုင္းစားဖို႔ဝယ္လာတဲ့ ဟင္းေတြဟာ မင္းအႀကိဳက္လား၊ မင္း ခ်စ္သူ အႀကိဳက္လား၊ ဘာျဖစ္လို႔မ်ားသူက မင္းရဲ႕ေသြးသားထဲထ ိေရာက္ေအာင္ ဩဇာလႊမ္းမိုး ေနရတာလဲ” မင္းကိုသူ ဘာလို႔ပစ္သြားရတာလဲ ေျဖလို႔ရမလား …?
” ” သူ အသစ္ထပ္ေတြ႕သြားလို႔ပါ ” ” ဘာလို႔သူ အသစ္ထပ္ေတြ႕သြားရတာလဲ ”
” မသိပါဘူး ” ေျပာရင္း ကၽြန္မ က မ်က္ရည္ သုတ္လိုက္ပါတယ္ ”
” ဘာျဖစ္လို႔လဲဆိုရင္ ဒါဟာ သဘာဝ ပဲေလ၊ သဘာဝ ဆိုတာေရာ နားလည္ရဲ႕လား၊ လူေကာင္း ဟာေကာင္းတာပဲေတြးမယ္၊ လုပ္မယ္၊ ေျပာမယ္ …။
မေကာင္းတဲ့သူရဲ႕ အေတြးဟာလည္း မေကာင္းတာပဲ ျဖစ္လာမယ္၊ ဘဝမွာ ဒီလို ဆင္းရဲဒုကၡေတြ တသက္လံုးၾကံဳခ်င္ရင္ေတာ့ မင္းခ်စ္သူ ကိုျပန္လာခိုင္းလိုက္ေပါ့ …။
ဒါေပမယ့္ မင္းဘဝကိုေပ်ာ္ရႊင္ေစခ်င္ရင္၊ အေမကိုဝမ္းမနည္းေစခ်င္ရင္၊ ဘဝကိုပိုေကာင္းေစခ်င္ရင္၊ လူေကာင္းေတြနဲ႔သာေတြ႕ေစခ်င္ရင္ေတာ့ မင္းခ်စ္သူကို စြန္႔လႊတ္လိုက္ပါ။ အဘိုးေတာ့ လူေတြအသဲကြဲလို႔ ေသတာ တခါမွ မေတြ႕ဖူးေသးဘူး …။
ဒါေပမယ့္ လူေတြဘာလို႔ ေသတာလဲဆိုေတာ့ သူတို႔ဟာ မစဥ္းစားတတ္လို႔ ကိုယ့္ကိုယ္ကို အ႐ံွဳးေပးလို႔ စိတ္ေပ်ာ့ညံ့လို႔၊ သူ႔အေၾကာင္းမေတြးရင္ စိတ္ကူးထဲမွာေတာင္ မရွိေတာ့ရင္ တျဖည္းျဖည္းနဲ႔ မင္းခံစားရတာေတြ သက္သာလာမယ္ …။
ကိုယ္ခႏၶာကို မလုပ္ဖို႔ တားဆီးလို႔ရေပမယ့္ စိတ္ ကိုတားဆီးဖို႔ဆိုတာ တကယ္ျပင္းထန္တဲ့ဆႏၵ မရွိရင္မျဖစ္ႏိုင္ဘူး။ စိတ္ကမင္းပိုင္တာပဲေလ။ ဒါေလးေတာင္ ႏိုင္ေအာင္မတားဆီးႏိုင္ရင္ မင္းဘဝမွာ တသက္လံုး အရွံဳးေပးေနရၿပီ …။
အကယ္၍ စိတ္ကိုအႏိုင္ရရင္ တားဆီးႏိုင္ရင္မင္း စိတ္မဆင္းရဲ ရေတာ့ဘူး။ ဘယ္သူမွ မင္းကိုလာၿပီးမကယ္ႏိုင္ဘူး၊ဘယ္ဆရာဝန္ မွလည္း မင္းကိုေပ်ာက္ေအာင္လာ မကုေပးႏိုင္ဘူး …။
မင္း ကိုကူညီေပးႏိုင္တာဆိုလို႔ မင္းကိုယ္တိုင္နဲ႔ အခ်ိန္ပဲ ရွိတယ္။ ၁၅ ရက္ အတြင္းမွာ ဘယ္လိုေနလဲ …။
” ဘာမွမေတြးတာမို႔ ေနလို႔ေကာင္းပါတယ္ ” ” စိတ္ကိုျပတ္ေအာင္ျဖတ္ၿပီး ဆက္လုပ္ပါ၊ ဒါဟာအရမ္းကို ခက္ခဲလိမ့္မယ္၊ ျဖည္းျဖည္းခ်င္း အခ်ိန္ယူရမွာေပါ့။ အေမ ကိုသာ ပိုၿပီးသတိယေနပါ။ စိတ္ညစ္စရာေတြရွိလာရင္ အေမကိုရင္ဖြင့္ပါ …။
သူ႔ဆီကိုစိတ္ေတြ မေရာက္သြားေအာင္စိတ္ကို သတိေလးနဲ႔ထိန္းပါ။ ၁၅ ရက္ အတြင္းမွာ သူမရွိလည္း မင္းေနႏိုင္တာပဲ။ ေနာက္ေတာ့ေနတတ္သြားမွာပါ။ မင္းလြယ္လြယ္နဲ႔ မေသႏိုင္ေသးပါဘူး မဟုတ္လား …။
စိတ္ျဖတ္လိုက္ပါ။ ဒီ့ျပင္အရာေတြမွာ စိတ္ကိုႏွစ္ထားလိုက္ပါ။ သူ႔အေၾကာင္းကိုစိတ္ကူးထဲေတာင္ မထည့္ပါနဲ႔။ မေကာင္းတဲ့သူဟာသူ႔ ဘဝ နဲ႔သူသြားလိမ့္မယ္ …။
” ဘိုးေတာ္က အိတ္ထဲမွ ပိုက္ဆံ ဘတ္ ၃ ေသာင္းကို လွမ္းႏွိုက္ၿပီး ကၽြန္မကို ျပန္ေပးပါတယ္။ ” ဒီ ပိုက္ဆံ ဘတ္ ၃ ေသာင္း ကို ဘိုးေတာ္ မယူပါဘူး။ ဘတ္ ၂ ေသာင္းကိုမင္းျပန္သိမ္းထားလိုက္ပါ။ ဘတ္ ၅ ေထာင္က အေမ ကိုေပးလိုက္ပါ …။
က်န္တဲ့ဘတ္ ၅ ေထာင္ကိုမင္းယူၿပီး အဝတ္အစားလွလွေလးေတြနဲ႔ မ်က္ႏွာ အသားအေရအလွျပင္ ပစၥည္းေတြဝယ္ၿပီး မင္းကိုယ္မင္း ဒီ့ထက္ပိုၾကည့္ေကာင္းေအာင္ ျပင္ဆင္ပါ ”လို႔ေျပာၿပီးေတာ့ ဘိုးေတာ္ ကရီေမာေနပါတယ္ …။
” ဘိုးေတာ္ ေျပာတာမွတ္ထားပါ၊လူေတြကို မယံုပါနဲ႔၊ အေပၚယံ အျပင္ပန္း ကိုၾကည့္ၿပီး မဆံုးျဖတ္ပါနဲ႔၊ဘယ္ဘိုးေတာ္ ဆီကိုမွေနာက္မသြားပါနဲ႔၊ လူတိုင္းမွာ ကိုယ့္ ခႏၶာကိုယ္ ထဲမွာ စြဲလန္းစရာ ေကာင္းတဲ့အရာေလးေတြ ပါလာၿပီးသားပါ …။
ဒီအရာေတြကို တျခားသူလာၿပီး ႏွစ္သက္လား မႏွစ္သက္ဘူးလား ဆိုတဲ့အေပၚပဲ မူတည္ေနပါတယ္။တခ်ိဳ႕လူေတြက အဝတ္အဝါေရာင္၊ အျဖဴေရာင္ေတြ ဝတ္ထားေပမယ့္ သူတို႔ရဲ႕ အတြင္းစိတ္ရင္းကေလးကေတာ့ လူစိတ္ကိုမရွိၾကတာ အမွန္ပဲ …။
မင္းက မိန္းခေလးဆိုေတာ့ ပိုေတာင္ သတိ ရွိသင့္တယ္။ လူေကာင္းနဲ႔ေတြ႕ရင္ေတာ့ ေကာင္းပါရဲ႕၊ လူယုတ္မာနဲ႔ေတြ႕ရင္ ခႏၶာကိုယ္၊ ပိုက္ဆံ၊ အသဲႏွလံုးေတြလည္း ဆံုး႐ံႈးရမယ္ …။
မင္း ညံ့လို႔ဒီလိုခံရတာမို႔ ဘယ္သူ႔အျပစ္လဲ လို႔လည္းေျပာလို႔မရဘူး။ သူမ်ားေတြကို ရင္ဖြင့္ျပဖို႔လည္း မသင့္ေတာ္ လွဘူး။ မင္းေရွ႕ဆက္မတိုးနဲ႔ ဒီမွာတင္ ရပ္လိုက္ပါေတာ့ …။
ဒီလိုမ်ိဳး ဒီ့ျပင္ ဘိုးေတာ္ ေတြဆီလည္း ထပ္မသြားပါနဲ႔ေတာ့။ ဘိုးေတာ္ ဆံုးမတာေတြကို ေသခ်ာမွတ္ထားပါ။ ဒီေန႔မင္းခ်စ္သူ လာလိမ့္မယ္။ မင္းဘာမင္း ဘာလုပ္သင့္လဲ စဥ္းစား ဆံုးျဖတ္ပါ ” ကၽြန္မလည္းအခန္းကို ျပန္လာခဲ့တယ္။ ၿပီးခဲ့တာေတြ အားလံုးကို အေသးစိတ္ ျပန္ေတြးေနမိတယ္ …။
ကၽြန္မရဲ႕နာက်င္တဲ့ ခံစားမႈေတြ၊ အရင္ကဆို သူ႔ကို သတိယတိုင္း ကၽြန္မ မေနတတ္ေအာင္ခံစားရတယ္၊ အခုေတာ့ အဲ့ဒီလိုမ်ိဳး မခံစားရေတာ့ဘူး။ အရင္ကကၽြန္မ ရဲ႕ ေပ်ာ့ညံ့တဲ့စိတ္ေတြဟာ အခုဆို အရမ္းမာလာတာ ေတြ႕ရတယ္ …။
ဘယ္အခ်ိန္ထဲက ကၽြန္မ ဒီလို ခံႏိုင္ရည္ ရွိလာတာလဲ မသိေတာ့ပါဘူး။ သူ႔ကိုလြမ္းတိုင္း တမ္းတစြာ က်လာတတ္တဲ့ မ်က္ရည္ ေတြလည္း အခုေတာ့ ဘယ္ေပ်ာက္ကုန္ၿပီ လည္း မသိေတာ့ပါဘူး …။
ဘိုးေတာ္ ရဲ႕ဆံုးမစကားေတြကေတာ့ နားႏွစ္ဘက္ထဲမွာ သိမ္းထားတယ္။အခုအခ်ိန္ကစၿပီး ကၽြန္မျပတ္သားေတာ့မယ္လို႔ ဆံုးျဖတ္လိုက္ပါတယ္။ အခန္းတံခါးေခါက္သံ ၾကားရပါတယ္ …။
” ဘယ္သူလဲ ” လို႔ကၽြန္မ ေမးလိုက္ပါတယ္။ ” ငါပဲေဟ့ ” လို႔ေျဖသံၾကားေတာ့ ဘိုးေတာ္ ေျပာထားတာမွန္ေနတာပဲ သူတကယ္လာတယ္ …။
ခုနက ျပတ္သား တင္းမာေနတဲ့ စိတ္ေတြဘယ္ေရာက္ကုန္ၿပီလဲ၊ႏွလံုးခုန္ျမန္လာၿပီ၊ စိတ္ေတြလည္း ေပ်ာ့ညံ့စျပဳလာၿပီ၊ ” ဘာကိစၥ ရွိလို႔လဲ ” လို႔အခန္းတံခါးမဖြင့္ေပးပဲ ေမးလိုက္တယ္၊” ငါ သတိယလို႔ပါ အခန္းတံခါးေလးဖြင့္ေပးပါအံုး …။
” ကၽြန္မေတြေဝစျပဳလာၿပီ မ်က္ရည္ေတြစက်လာၿပီ ဘယ္လိုမ်ား လုပ္ရင္ေကာင္းမလဲ၊ ဘိုးေတာ္ဆံုးမထားသံေတြ ျပန္ၾကားေယာင္လာတယ္၊ အေမ့ကိုလည္း သတိရတယ္ …။
” ျပန္လိုက္ပါအံုးေနာ္ ဒီေန႔ကၽြန္မစကားမေျပာခ်င္ေသးဘူး။ အခု ဒီမွာအေမလည္းေရာက္ေနတယ္၊ ျပန္ပါေတာ့ ”လို႔ညာေျပာလိုက္မိပါတယ္ …။
ကၽြန္မရဲ႕စိတ္ေတြ သိပ္မတင္းမာႏိုင္ေသး၊မျပတ္သားႏိုင္ေသးတာမို႔ ဒီေန႔ေတြ႕လိုက္ရင္ကၽြန္မ အရင္လိုပဲ သူ႔ကိုျပန္သံေယာဇာဥ္ ရွိလာမိမွာမို႔ အေမ ကုိအေၾကာင္းျပၿပီး လိမ္လိုက္ရတာပါပဲ …။
ဒီေန႔အထိ ကၽြန္မ ဘဝ အသစ္ကို အစပ်ိဳးေပးသူ ဘိုးေတာ္ ထံမွာ ကၽြန္မ တပည့္ရင္း အျဖစ္ခံယူထားပါတယ္။ ဘိုးေတာ္နဲ႔သာမေတြ႕ရင္ ကၽြန္မဘဝ လည္းဘာေတြျဖစ္လာမလဲ မေတြးရဲေတာ့ပါ …။
လူဆိုး လူလိမ္ ေတြနဲ႔ေတြ႕ၿပီး ဘာတခုမွမက်န္ေအာင္ အကုန္ဆံုး႐ံႈး ပ်က္စီးသြားႏိုင္ပါတယ္ …။
စာဖတ္သူ သူငယ္ခ်င္းမ်ားကို ေျပာခ်င္တာကေတာ့ ဘိုးေတာ္ ေတြဆိုတာ ဒီလိုေကာင္းသူမ်ိဳး ရွာရခက္ပါတယ္လို႔ သတိေပးခ်င္တာပါပဲ …။ ။
ခရက္ဒစ္
Unicode
ဖောက်ပြန်နေတဲ့ ချစ်သူကောင်လေး ပြန်ရောက်လာဖို့ ဘိုးတော်ဆီသွားလိုက်တဲ့ ကောင်မလေးရဲ့အဖြစ်
ကျွန်မ နဲ့ချစ် သူဟာ လက်တွဲလာတာ ၄ နှစ် ရှိပါပြီ။ ဒီနှစ်ကုန်ရင် လက်ထပ်ဖို့စီစဉ်ထားပါတယ်။ ဒါပေမယ့် သူဟာ အလိုလိုနေရင်း ” ငါတို့လမ်းခွဲကြရအောင် သူက ကျွန်မကို မချစ်တော့ပါဘူး။ အခု သူကအသစ်တွေ့နေပါပြီ။ လက်တွဲလာတဲ့ အချိန်တွေမှာ ချစ်တယ် ဆိုတာ ညာပြောခဲ့တာပါ …။
သူက ချစ်သူ အသစ်နဲ့ဒီနှစ်ကုန်ရင် လက်ထပ်တော့မှာ” လို့လာပြောပါတယ်။ ကျွန်မလည်း နည်းမျိုးစုံနဲ့ ကျွန်မ ဆီသူပြန်လာဖို့ ကြိုးစားပါတယ်။ ကျွန်မ ဘာမှားနေလဲ၊ ဘယ်နေရာတွေမှာ မကောင်းတာလုပ်ခဲ့မိလဲ၊လို့မေးပြီး လိုအပ်တာတွေရှိရင် ကျွန်မပြင်ပါ့မယ် …။
သူလိုတာ အားလုံးဖြည့်ဆည်းပေးပြီး သူ့အလိုကျ အားလုံးဖြစ်စေရပါမယ်။” အရင်လိုပဲ ချစ်သူ ပြန် ဖြစ်နေဖို့ ” ပဲတောင်းဆိုချင်တာပါ …။
ဒါပေမယ့် ကျွန်မ ပြန်ရလိုက်တာတွေကတော့ သူ့ရဲ့အေးစက်မှု၊ စိတ်မကြည်လင်မှု၊ စိတ်ရှုပ်မှု တွေမို့ ကျွန်မ ဘာလုပ်လုပ် အမှားတွေချည်းပဲ လုပ်မိနေတော့တာပါပဲ။ သူငယ်ချင်းက ကျွန်မကို ဆေးနဲ့ပြုစားတာ သွားလုပ်ဖို့ အကြံပေးပါတယ် …။
ပုံမှန်အားဖြင့် ကျွန်မဒီလုပ်ရပ်တွေကို မကြိုက်တဲ့အပြင် မပတ်သက် အနားလည်း မသွားချင်ပါဘူး။ဒါပေမယ့် အခုတော့ အချစ်စိတ်နဲ့ သူသာပြန်လာမယ်ဆိုရင် ဘာဖြစ်ဖြစ် အားလုံးကို လုပ်ချင်စိတ် ဖြစ်ပေါ်လာပါတယ် …။
ဘိုးတော် ရာစီ ဆီကိုခေါ်သွားမယ်တဲ့။ ဘိုးတော် က အရမ်းတော်ပါတယ်၊ သူငယ်ချင်း အမျိုးတယောက် ခင်ပွန်းက မယားငယ်နဲ့ သွားနေလို့ ဘိုးတော် က ပြန်လာအောင် ခေါ်ပေးတယ် …၊
ပြန်လာပြီးနောက် သူဟာ ဒီနေ့အထိပဲ သူ့ဇနီးကို သိပ်ချစ် သိပ်အလိုလိုက်လာပြီး အသစ်ထပ်မရှာတော့ဘူး။ ဘိုးတော် အိမ်ကတထပ်အိမ်လေးပါ။ ကား ၁၀ စီးရပ်လို့ရတဲ့ ကားပါကင် လေးရှိပါတယ်။ ပထမနေ့ ကျွန်မ သွားတော့ ကား ၃ စီး ရပ်ထားတာတွေ့ရပါတယ် …။
အိမ်ထဲကိုလှမ်းကြည့်တော့ ထိုင်နေသူများလွန်းလို့ အိမ်အဝင်ပေါက် အပြင်တောင် ရောက်နေပါတယ်။ရီမောသံ တွေလည်း တခါတခါ အပြင်ဘက်ကို ပျံ့လွင့်လာပါတယ်။ သူငယ်ချင်းက ကျွန်မကိုအိမ်ထဲခေါ်သွားခဲ့ပါတယ် …။
ကျွန်မမြင်လိုက်ရတာကတော့ ” အသက် ၂၈ – ၂၉ လောက်ရှိမယ့် အမျိုးသား တယောက်ဆံပင်ရှည်၊ တကိုယ်လုံးအပြည့် ဆေးမှင်ကြောင်အရုပ်တွေ ထိုးထားတယ်။ညှို့မျက်လုံးလေးနဲ့ လက်ကစီးကရက်ကိုပြာချွေလိုက် ရီစရာပြောလိုက် ရီနေလိုက်ပေါ့ …။
ဧည့်သည် တွေကလည်း တခါတလေ ရီမောလိုက်ပေါ့ ပျော်စရာကြီး။ သူကကျားသစ်ကွက်လေး ဝတ်ထားတယ်။ စွဲဆောင်မှု အပြည့်နဲ့ကြည့်လို့ကောင်းပါတယ်။သူငယ်ချင်းပြောတဲ့ ဘိုးတော် ဆိုတာသူပေါ့။ ဘာလို့ငယ်ငယ်လေးပဲ ရှိနေသေးတာလဲ …။
ဒါပေမယ့် ဒီအချိန်မှာ သူငယ်ချင်း က ကျွန်မ ကိုကောင်းတယ်ပြောရင် ရေရှည် ကို ဘာမှမတွေးပဲ ယုံကြည်မိပါတယ်။ ကျွန်မတို့နှစ်ယောက် နာရီဝက်လောက် စောင့်လိုက်ရပါတယ် …။
အရင်ရောက်နေတဲ့ အုပ်စုတွေ ပြန်သွားကြပြီး ကျွန်မတို့အလှည့်ရောက်လာပါပြီ။သူငယ်ချင်း က ( ပန်း ၅ ပွင့်၊ အမွှေးတိုင် ၅ တိုင်၊ ) ငွေ ၁၀၀ ဘတ် ကန်တော့ပြီး ကျွန်မနဲ့ ကျွန်မချစ်သူ နာမည် နဲ့ နေရပ် ရောရေးပြီး ဘိုးတော် ကိုပေးရပါတယ် …။
ကျွန်မ နာမည် ကိုဖတ်ပြီး ကံမကောင်းဘူး။ အချစ်လုခံရမယ်။ ချစ်သူ နာမည် ကိုဖတ်ပြီး ဒါမင်းချစ်သူလားလို့မေးတော့ ဟုတ်ပါတယ်လို့ ကျွန်မ က ဖြေလိုက်ပါတယ် …။
” ဘာများမေးစရာ ရှိသလဲ “လို့ ဘိုးတော်ကမေးပါတယ်။ ခဏတာ တိတ်ဆိတ်သွားပါတယ်။ ဘာမေးရမှန်းလည်း ကျွန်မ မသိပါဘူး။သူငယ်ချင်းက လက်တို့ပြီး ပြောလိုက်လေ ဆိုတာတောင် ဘာပြောရမှန်း မသိပါဘူး …။
ဘိုးတော်က မျက်စေ့မှိတ်ပြီး ၅ ခါ ၊ ၁၀ ခါထိ ဂါထာ ရွတ်နေပါတယ်။ ပြီးတော့ ကျွန်မ ကို လှည့်ကြည့်ပြီး ” သူ့ကိုသိပ်ချစ်လို့ အခုတော့ စိတ်ဆင်းရဲနေရပြီ၊ ကိုယ့်ကိုယ်ကို သတ်သေဖို့ တောင်ကြံနေပြီ …၊
သူကမင်းဆီကို ပြန်လာစေချင်သလား ” လို့ လှည့်မေးပါတယ်။ ” ပြန်လာစေချင်ပါတယ် “လို့ကျွန်မဖြေ လိုက်ပါတယ်။ ” ဒါဆိုရင် ငါကမင်းကိုကူညီမယ်…ဒါပေမယ့် ဝန်ဆောင်ခ ပေးရမှာနော် မင်းမှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ”
” နှစ်ထောင်ပါရှင် ” ဘိုးတော် က မျက်စေ့မှိတ်လိုက်ပြီး ” မဟုတ်ဘူး။ အိတ်ထဲမှာ ငါးထောင်ဘတ် ရှိတယ်။ ဘဏ်စာအုပ်ထဲမှာ ဘတ် ၃ သောင်း ထပ်ရှိသေးတယ် …။
” ကျွန်မအရမ်းအံ့ဩသွားတယ်။ ဘိုးတော်က ဘယ်လိုများ သိတာပါလိမ့်။ ” သူပြန်လာစေချင်ရင် ဘိုးတော် ကို ဝန်ဆောင်ခ ဘတ် ၃ သောင်း ပေးရမယ် ” ” သဘောတူပါတယ် ” လို့ ကျွန်မ ပြန်ပြောလိုက်ပါတယ်။
သူငယ်ချင်းက ကျွန်မ ကို ” ရူးနေလား ဘတ် ၃ သောင်းကြီးများတောင် မစဉ်းစားတော့ဘူးလား ” အံ့ဩစွာနဲ့ပြောပါတယ် …။
ဒါပေမယ့် အခုတော့ ချစ်သူ ပြန်လာဖို့ထက် ဘယ်အရာမှ ကျွန်မအတွက် အရေးမကြီးတော့ပါဘူး။ဘိုးတော် ကကျွန်မမျက်နှာကို ပြုံးကြည့်ရင်းနဲ့ “………တွေကို သွားယူခိုင်းပါတယ် …။
”ကျွန်မ အစီအစဉ် စလုပ်ရန် လိုအပ်တာတွေ ယူလာခိုင်းပါတယ်။ နောက်နေ့မနက်လင်းတော့ ဘိုးတော်ကိုသွားတွေ့ပါတယ်။ အရင်ရောက်သူတွေ များလွန်းတာမို့ နေ့လည် ၂ နာရီ မှပဲ ကျွန်မ အလှည့်ကိုရောက်ပါတော့တယ် …။
ဘိုးတော် ကကျွန်မကို ပြုံးပြပါတယ်။ ” ပရိတ်ရေနဲ့ ရေသန့်စင်ရမယ် ” ဘိုးတော်က အမျိုးသား တယောက်ကို ကျွန်မအား ပရိတ်ရေနဲ့ ဆေးကြောသန့်စင် ပေးခိုင်းပါတယ်။ ဒီအမျိုးသားကလည်း ဂါထာ တွေရွတ်ရင်း ကျွန်မကိုရေသန့်စင် ပေးပါတယ် …။
ပြီးနောက် ကျွန်မယူလာတဲ့ ပစ္စည်းတွေနဲ့ ၁၀ မိနစ်လောက်ကြာအောင် ရွတ်ဖတ်နေပြန်ပါတယ်။ ပြီးတော့ ကျွန်မလက်မှာ ပရိတ်ကြိုး ချည်ပေးပြီး သူခိုင်းတာတွေ လုပ်ရန် မှာကြားပါတယ် …။
၁။ နေ့တိုင်း ညနေခင်းမှာ ကျွန်မက ခြေလှမ်း ၉၉၉ လှမ်း လမ်းလျှောက်ရပါမယ် …။
၂။ မအိပ်ခင် ဘုရားစာ ၉၉ ကြိမ် ဆိုရပါမယ် …။
၃။ အဖေ ဒါမှမဟုတ် အမေ နဲ့ နေ့တိုင်းဖုန်းဆက်ပြီး ဖြစ်ပျက်သမျှကို မလိမ်ညာပဲ အကုန် ရင်ဖွင့်ပြောပြရပါမယ် …။
၄။ ဒီနေ့ကစပြီး ၁၅ ရက်တိတိ ချစ်သူ နဲ့ အဆက်အသွယ် မလုပ်ရပါဘူး။ ကတိပေးထားတာ ပျက်ကွက်မိရင် နောက်တရက်မှာ အသစ်တခါစပြီး ၁၅ ရက်ပြည့်အောင် လုပ်ရပါမယ် …။
ဒီ ၁၅ ရက် အတွင်းမှာ ပေးထားတဲ့ ကတိ အတိုင်း တိကျစွာလုပ်နိုင်ရင် ချစ်သူ ဟာ ကျွန်မဆီကိုပြန်လာမှာ သေချာနေပါတယ်။ ကျွန်မ ဟာ ဘိုးတော် ပြောတဲ့ အချက်တွေကို ကတိ ပေးထားတဲ့အတိုင်း တိကျစွာလုပ်သွားပါတယ် …။
ပထမရက်၊ ဒုတိယရက်၊ တတိယရက်၊ စတုတ္ထရက်၊ ပဉ္စမရက်…. ၁၅ ရက် အပြီးမှာတော့ ပေးထားတဲ့ ရက်ပြည့်သွားပြီမို့ နောက်နေ့မနက်အစောကြီးပဲ ကျွန်မက ဘိုးတော် ဆီကိုထွက်လာခဲ့ပါတယ် …။
” ဘယ်လိုနေလဲ ခံစားနေရတာတွေ သက်သာလာတယ် မဟုတ်လား ” လို့ဘိုးတော် ကမေးပါတယ်။ ” ဟုတ်ကဲ့ စိတ်ပိုချမ်းသာ နေရသက်သာလာပါတယ် ” ” သူ့ကို သိပ်ချစ်တာပဲလား ” လို့ဘိုးတော် ကမေးပါတယ် …။
” ဟုတ်ကဲ့ ” ” အမေ့ဆီကို နေ့တိုင်းဖုန်းဆက်ခဲ့ရဲ့လား ” ” ဆက်ပါတယ် ”” အမေ ဘာပြောသေးလဲ …”
သူဝမ်းနည်းနေလား ” ” အမေ ဘာမှမပြောပါဘူး၊ သူဝမ်းနည်းနေပြီးမှ တဖြည်းဖြည်းချင်း ကျွန်မ ကို နှစ်သိမ့်ချော့မော့ပါတယ် …။
” ” အမေ ဝမ်းနည်းနေတော့ မင်းရောဝမ်းမနည်းဘူးလား ” ကျွန်မက တိတ်ဆိတ်သွားပါတယ် …။
စပြီးစဉ်းစားနေမိပါပြီ။ ” ဝမ်းနည်းပါတယ် ”” မင်းငိုတော့ အမေ ကဘာပြောလဲ ” ” အမေလည်း လိုက်ငိုပါတယ်
” ” အမေ ကိုချစ်လား ” ” ချစ်ပါတယ် ” ” မင်းကိုဘယ်သူက ဝမ်းနည်းအောင် လာလုပ်တာလဲ၊ မင်းဒီလိုခံစားနေရအောင် ဘယ်သူကလာလုပ်တာလဲ၊ ဟိုအမျိုးသား ပေါ့ဟုတ်လား ” ကျွန်မ တိတ်ဆိတ်စွာ ထိုင်နေမိတယ်။ မျက်ရည်တွေ စကျလာပြီ …။
” အလုပ်ကရတဲ့ ပိုက်ဆံ အမေ ကိုပေးဖူးလား၊ ဈေးမှာဟင်းတွေတွေ့ရင် အမေဒါလေးကြိုက်တတ်တယ် ဆိုပြီး သတိရ တတ်လား၊ မင်းဘာဟင်းကြိုက်တတ်တာလဲရော မှတ်မိရဲ့လား …၊
နေ့တိုင်းစားဖို့ဝယ်လာတဲ့ ဟင်းတွေဟာ မင်းအကြိုက်လား၊ မင်း ချစ်သူ အကြိုက်လား၊ ဘာဖြစ်လို့များသူက မင်းရဲ့သွေးသားထဲထိရောက်အောင် ဩဇာလွှမ်းမိုး နေရတာလဲ” မင်းကိုသူ ဘာလို့ပစ်သွားရတာလဲ ဖြေလို့ရမလား …?
” ” သူ အသစ်ထပ်တွေ့သွားလို့ပါ ” ” ဘာလို့သူ အသစ်ထပ်တွေ့သွားရတာလဲ ”
” မသိပါဘူး ” ပြောရင်း ကျွန်မ က မျက်ရည် သုတ်လိုက်ပါတယ် ”
” ဘာဖြစ်လို့လဲဆိုရင် ဒါဟာ သဘာဝ ပဲလေ၊ သဘာဝ ဆိုတာရော နားလည်ရဲ့လား၊ လူကောင်း ဟာကောင်းတာပဲတွေးမယ်၊ လုပ်မယ်၊ ပြောမယ် …။
မကောင်းတဲ့သူရဲ့ အတွေးဟာလည်း မကောင်းတာပဲ ဖြစ်လာမယ်၊ ဘဝမှာ ဒီလို ဆင်းရဲဒုက္ခတွေ တသက်လုံးကြုံချင်ရင်တော့ မင်းချစ်သူ ကိုပြန်လာခိုင်းလိုက်ပေါ့ …။
ဒါပေမယ့် မင်းဘဝကိုပျော်ရွှင်စေချင်ရင်၊ အမေကိုဝမ်းမနည်းစေချင်ရင်၊ ဘဝကိုပိုကောင်းစေချင်ရင်၊ လူကောင်းတွေနဲ့သာတွေ့စေချင်ရင်တော့ မင်းချစ်သူကို စွန့်လွှတ်လိုက်ပါ။ အဘိုးတော့ လူတွေအသဲကွဲလို့ သေတာ တခါမှ မတွေ့ဖူးသေးဘူး …။
ဒါပေမယ့် လူတွေဘာလို့ သေတာလဲဆိုတော့ သူတို့ဟာ မစဉ်းစားတတ်လို့ ကိုယ့်ကိုယ်ကို အရှုံးပေးလို့ စိတ်ပျော့ညံ့လို့၊ သူ့အကြောင်းမတွေးရင် စိတ်ကူးထဲမှာတောင် မရှိတော့ရင် တဖြည်းဖြည်းနဲ့ မင်းခံစားရတာတွေ သက်သာလာမယ် …။
ကိုယ်ခန္ဓာကို မလုပ်ဖို့ တားဆီးလို့ရပေမယ့် စိတ် ကိုတားဆီးဖို့ဆိုတာ တကယ်ပြင်းထန်တဲ့ဆန္ဒ မရှိရင်မဖြစ်နိုင်ဘူး။ စိတ်ကမင်းပိုင်တာပဲလေ။ ဒါလေးတောင် နိုင်အောင်မတားဆီးနိုင်ရင် မင်းဘဝမှာ တသက်လုံး အရှုံးပေးနေရပြီ …။
အကယ်၍ စိတ်ကိုအနိုင်ရရင် တားဆီးနိုင်ရင်မင်း စိတ်မဆင်းရဲ ရတော့ဘူး။ ဘယ်သူမှ မင်းကိုလာပြီးမကယ်နိုင်ဘူး၊ဘယ်ဆရာဝန် မှလည်း မင်းကိုပျောက်အောင်လာ မကုပေးနိုင်ဘူး …။
မင်း ကိုကူညီပေးနိုင်တာဆိုလို့ မင်းကိုယ်တိုင်နဲ့ အချိန်ပဲ ရှိတယ်။ ၁၅ ရက် အတွင်းမှာ ဘယ်လိုနေလဲ …။
” ဘာမှမတွေးတာမို့ နေလို့ကောင်းပါတယ် ” ” စိတ်ကိုပြတ်အောင်ဖြတ်ပြီး ဆက်လုပ်ပါ၊ ဒါဟာအရမ်းကို ခက်ခဲလိမ့်မယ်၊ ဖြည်းဖြည်းချင်း အချိန်ယူရမှာပေါ့။ အမေ ကိုသာ ပိုပြီးသတိယနေပါ။ စိတ်ညစ်စရာတွေရှိလာရင် အမေကိုရင်ဖွင့်ပါ …။
သူ့ဆီကိုစိတ်တွေ မရောက်သွားအောင်စိတ်ကို သတိလေးနဲ့ထိန်းပါ။ ၁၅ ရက် အတွင်းမှာ သူမရှိလည်း မင်းနေနိုင်တာပဲ။ နောက်တော့နေတတ်သွားမှာပါ။ မင်းလွယ်လွယ်နဲ့ မသေနိုင်သေးပါဘူး မဟုတ်လား …။
စိတ်ဖြတ်လိုက်ပါ။ ဒီ့ပြင်အရာတွေမှာ စိတ်ကိုနှစ်ထားလိုက်ပါ။ သူ့အကြောင်းကိုစိတ်ကူးထဲတောင် မထည့်ပါနဲ့။ မကောင်းတဲ့သူဟာသူ့ ဘဝ နဲ့သူသွားလိမ့်မယ် …။
” ဘိုးတော်က အိတ်ထဲမှ ပိုက်ဆံ ဘတ် ၃ သောင်းကို လှမ်းနှိုက်ပြီး ကျွန်မကို ပြန်ပေးပါတယ်။ ” ဒီ ပိုက်ဆံ ဘတ် ၃ သောင်း ကို ဘိုးတော် မယူပါဘူး။ ဘတ် ၂ သောင်းကိုမင်းပြန်သိမ်းထားလိုက်ပါ။ ဘတ် ၅ ထောင်က အမေ ကိုပေးလိုက်ပါ …။
ကျန်တဲ့ဘတ် ၅ ထောင်ကိုမင်းယူပြီး အဝတ်အစားလှလှလေးတွေနဲ့ မျက်နှာ အသားအရေအလှပြင် ပစ္စည်းတွေဝယ်ပြီး မင်းကိုယ်မင်း ဒီ့ထက်ပိုကြည့်ကောင်းအောင် ပြင်ဆင်ပါ ”လို့ပြောပြီးတော့ ဘိုးတော် ကရီမောနေပါတယ် …။
” ဘိုးတော် ပြောတာမှတ်ထားပါ၊လူတွေကို မယုံပါနဲ့၊ အပေါ်ယံ အပြင်ပန်း ကိုကြည့်ပြီး မဆုံးဖြတ်ပါနဲ့၊ဘယ်ဘိုးတော် ဆီကိုမှနောက်မသွားပါနဲ့၊ လူတိုင်းမှာ ကိုယ့် ခန္ဓာကိုယ် ထဲမှာ စွဲလန်းစရာ ကောင်းတဲ့အရာလေးတွေ ပါလာပြီးသားပါ …။
ဒီအရာတွေကို တခြားသူလာပြီး နှစ်သက်လား မနှစ်သက်ဘူးလား ဆိုတဲ့အပေါ်ပဲ မူတည်နေပါတယ်။တချို့လူတွေက အဝတ်အဝါရောင်၊ အဖြူရောင်တွေ ဝတ်ထားပေမယ့် သူတို့ရဲ့ အတွင်းစိတ်ရင်းကလေးကတော့ လူစိတ်ကိုမရှိကြတာ အမှန်ပဲ …။
မင်းက မိန်းခလေးဆိုတော့ ပိုတောင် သတိ ရှိသင့်တယ်။ လူကောင်းနဲ့တွေ့ရင်တော့ ကောင်းပါရဲ့၊ လူယုတ်မာနဲ့တွေ့ရင် ခန္ဓာကိုယ်၊ ပိုက်ဆံ၊ အသဲနှလုံးတွေလည်း ဆုံးရှုံးရမယ် …။
မင်း ညံ့လို့ဒီလိုခံရတာမို့ ဘယ်သူ့အပြစ်လဲ လို့လည်းပြောလို့မရဘူး။ သူများတွေကို ရင်ဖွင့်ပြဖို့လည်း မသင့်တော် လှဘူး။ မင်းရှေ့ဆက်မတိုးနဲ့ ဒီမှာတင် ရပ်လိုက်ပါတော့ …။
ဒီလိုမျိုး ဒီ့ပြင် ဘိုးတော် တွေဆီလည်း ထပ်မသွားပါနဲ့တော့။ ဘိုးတော် ဆုံးမတာတွေကို သေချာမှတ်ထားပါ။ ဒီနေ့မင်းချစ်သူ လာလိမ့်မယ်။ မင်းဘာမင်း ဘာလုပ်သင့်လဲ စဉ်းစား ဆုံးဖြတ်ပါ ” ကျွန်မလည်းအခန်းကို ပြန်လာခဲ့တယ်။ ပြီးခဲ့တာတွေ အားလုံးကို အသေးစိတ် ပြန်တွေးနေမိတယ် …။
ကျွန်မရဲ့နာကျင်တဲ့ ခံစားမှုတွေ၊ အရင်ကဆို သူ့ကို သတိယတိုင်း ကျွန်မ မနေတတ်အောင်ခံစားရတယ်၊ အခုတော့ အဲ့ဒီလိုမျိုး မခံစားရတော့ဘူး။ အရင်ကကျွန်မ ရဲ့ ပျော့ညံ့တဲ့စိတ်တွေဟာ အခုဆို အရမ်းမာလာတာ တွေ့ရတယ် …။
ဘယ်အချိန်ထဲက ကျွန်မ ဒီလို ခံနိုင်ရည် ရှိလာတာလဲ မသိတော့ပါဘူး။ သူ့ကိုလွမ်းတိုင်း တမ်းတစွာ ကျလာတတ်တဲ့ မျက်ရည် တွေလည်း အခုတော့ ဘယ်ပျောက်ကုန်ပြီ လည်း မသိတော့ပါဘူး …။
ဘိုးတော် ရဲ့ဆုံးမစကားတွေကတော့ နားနှစ်ဘက်ထဲမှာ သိမ်းထားတယ်။အခုအချိန်ကစပြီး ကျွန်မပြတ်သားတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အခန်းတံခါးခေါက်သံ ကြားရပါတယ် …။
” ဘယ်သူလဲ ” လို့ကျွန်မ မေးလိုက်ပါတယ်။ ” ငါပဲဟေ့ ” လို့ဖြေသံကြားတော့ ဘိုးတော် ပြောထားတာမှန်နေတာပဲ သူတကယ်လာတယ် …။
ခုနက ပြတ်သား တင်းမာနေတဲ့ စိတ်တွေဘယ်ရောက်ကုန်ပြီလဲ၊နှလုံးခုန်မြန်လာပြီ၊ စိတ်တွေလည်း ပျော့ညံ့စပြုလာပြီ၊ ” ဘာကိစ္စ ရှိလို့လဲ ” လို့အခန်းတံခါးမဖွင့်ပေးပဲ မေးလိုက်တယ်၊” ငါ သတိယလို့ပါ အခန်းတံခါးလေးဖွင့်ပေးပါအုံး …။
” ကျွန်မတွေဝေစပြုလာပြီ မျက်ရည်တွေစကျလာပြီ ဘယ်လိုများ လုပ်ရင်ကောင်းမလဲ၊ ဘိုးတော်ဆုံးမထားသံတွေ ပြန်ကြားယောင်လာတယ်၊ အမေ့ကိုလည်း သတိရတယ် …။
” ပြန်လိုက်ပါအုံးနော် ဒီနေ့ကျွန်မစကားမပြောချင်သေးဘူး။ အခု ဒီမှာအမေလည်းရောက်နေတယ်၊ ပြန်ပါတော့ ”လို့ညာပြောလိုက်မိပါတယ် …။
ကျွန်မရဲ့စိတ်တွေ သိပ်မတင်းမာနိုင်သေး၊မပြတ်သားနိုင်သေးတာမို့ ဒီနေ့တွေ့လိုက်ရင်ကျွန်မ အရင်လိုပဲ သူ့ကိုပြန်သံယောဇာဉ် ရှိလာမိမှာမို့ အမေ ကိုအကြောင်းပြပြီး လိမ်လိုက်ရတာပါပဲ …။
ဒီနေ့အထိ ကျွန်မ ဘဝ အသစ်ကို အစပျိုးပေးသူ ဘိုးတော် ထံမှာ ကျွန်မ တပည့်ရင်း အဖြစ်ခံယူထားပါတယ်။ ဘိုးတော်နဲ့သာမတွေ့ရင် ကျွန်မဘဝ လည်းဘာတွေဖြစ်လာမလဲ မတွေးရဲတော့ပါ …။
လူဆိုး လူလိမ် တွေနဲ့တွေ့ပြီး ဘာတခုမှမကျန်အောင် အကုန်ဆုံးရှုံး ပျက်စီးသွားနိုင်ပါတယ် …။
စာဖတ်သူ သူငယ်ချင်းများကို ပြောချင်တာကတော့ ဘိုးတော် တွေဆိုတာ ဒီလိုကောင်းသူမျိုး ရှာရခက်ပါတယ်လို့ သတိပေးချင်တာပါပဲ …။ ။
ခရက်ဒစ်