တကၠသိုလ္ေက်ာင္းသူေလး မေအးခ်မ္းမြန္ ဆိုင္ကယ္လု၊ အသတ္ခံရပီး အေလာင္းေဖ်ာက္မႈ…

တကၠသိုလ္ေက်ာင္းသူေလး မေအးခ်မ္းမြန္ ဆိုင္ကယ္လု၊ အသတ္ခံရပီး အေလာင္းေဖ်ာက္မႈ…

လူသတ္မႈက်ဴးလြန္ၿပီး ဆိုင္ကယ္လုယူ ေရာင္းစားခဲ့သည္ဟု စြဲခ်က္တင္ထားေသာ တပ္ၾကပ္ႀကီး စ်န္မင္းထက္အား၂၄.၇.၂၀၂၀ရက္ေန႔တြင္ စီရင္ခ်က္ခ်ေတာ့မွာ ျဖစ္ေၾကာင္းသိရပါတယ္ …။

ကေလးၿမိဳ႕တြင္ တကၠသိုလ္ေက်ာင္းသူ မေအးခ်မ္းမြန္ အားသတ္ျဖတ္အေလာင္းေဖ်ာက္ဖ်က္ၿပီး မေအးခ်မ္းမြန္၏ scoppy ဆိုင္ကယ္အား ယူေဆာင္ေရာင္းစားခဲ့ေသာ တပ္ၾကပ္ႀကီး စ်န္မင္းထက္ (Kwee Zingyi) အား ကေလးခရိုင္တရား႐ုံးတြင္ စြဲခ်က္တင္လိုက္ၿပီးအမႈစစ္ေဆးခဲ့ရာ ဆယ္လခန္႔အၾကာ ယခုလာမည့္ ၂၄.၇.၂၀၂၀ ရက္ေန႔တြင္ ေနာက္ဆုံးအၿပီးသတ္အမိန္႔ ခ်မွတ္ေတာ့မွာ ျဖစ္ေၾကာင္းသိရပါတယ္ …။

လူသတ္တရားခံစ်န္မင္းထက္သည္ တပ္မေတာ္သားတဦးျဖစ္သည့္အတြက္ စစ္ခုံ႐ုံးတြင္အရင္ စစ္ေဆးခဲ့ရၿပီး အင္းဒင္ေက်းရြာ မွ ေရႊလုံး(စိုးသီဟ) ဆိုင္ကယ္အား ခိုးယူေရာင္းစားမႈျဖင့္ စစ္ေထာင္ႏွစ္ႏွစ္ခ်မွတ္ခဲ့ၿပီး အရပ္ဖက္တရား႐ုံးသို႔ အမႈဆက္လက္စြဲဆိုနိုင္ရန္ လႊဲအပ္ေပးခဲ့ျခင္းျဖစ္ၿပီး ကေလးခရိုင္တရား႐ုံးတြင္ မေအးခ်မ္းမြန္အားသတ္ခဲ့မႈ အေလာင္းေဖ်ာက္ဖ်က္ခဲ့မႈ ဆိုင္ကယ္ခိုးယူေရာင္းစားမႈတို႔ျဖင့္ စြဲခ်က္တင္နိုင္ခဲ့ျခင္း ျဖစ္တယ္ …။

ကေလးတကၠသိုလ္ေက်ာင္းသူတဦးျဖစ္သည့္ မေအးခ်မ္းမြန္အားတကၠသိုလ္စာေမးပြဲမ်ားၿပီးသည့္ ၂၅.၉.၂၀၁၉ရက္ေန႔တြင္သတ္ျဖတ္ခဲ့သည့္အတြက္ စ်န္မင္းထက္အား ကေလးၿမိဳ႕မရဲစခန္းတြင္ (ပ)၂၁၄၆/၂၀၁၉ ရာဇသတ္ႀကီးဥပေဒ လူသတ္မႈ ပုဒ္မ ၃၀၂ အေလာင္းေဖ်ာက္ဖ်က္မႈပုဒ္မ ၂၀၁ တို႔ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရပါတယ္ …။

မိန္းကေလးတစ္ဦး အားရက္စက္စြာသတ္ျဖတ္ခဲ့ေသာ စ်န္မင္းထက္အား ၿပီးခဲ့သည့္ ၁၆.၁.၂၀၂၀ ရက္ေန႔တြင္ အမႈစတင္စစ္ေဆး ႐ုံးထုတ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္ …။

မေအးခ်မ္းမြန္ ရက္စက္စြာ သတ္ျဖတ္ခံခဲ့ရျခင္းေၾကာင့္ ဖခင္ႀကီး ဦးေမာင္ေမာင္မွာလည္း အစားအေသာက္ မဝင္ေတာ့ေလာက္ေအာင္ စိတ္ထိခိုက္မႈျဖစ္ၿပီး ၆.၅.၂၀၂၀ ရက္ေန႔က ဆုံးပါးကြယ္လြန္သြားခဲ့ရပါတယ္ …။

မိမိတို႔ၿမိဳ႕သူေက်ာင္းသူေလးတစ္ဦး ရက္စက္စြာ သတ္ျဖတ္ခံရသျဖင့္ ယူၾကဳံးမရ ဝမ္းနည္းေၾကကြဲၾကရၿပီး ျပစ္မႈက်ဴးလြန္ေသာတရားခံအား တရား႐ုံးမွ ထိုက္သင့္ေသာျပစ္ဒဏ္ ခ်မွတ္နိုင္ေရးအတြက္ စိတ္ဝင္စားမႈမ်ားျမင့္တက္ေနၿပီး အမႈစီရင္ဆုံးျဖတ္မည့္ ၂၄.၇.၂၀၂၀ ရက္ေန႔တြင္ တရား႐ုံးသို႔သြားေရာက္ၿပီး စီရင္ခ်က္ခ်မႈအား ၾကည့္ရႈၾကမည္ျဖစ္ေၾကာင္းလည္း သိရိွရပါတယ္ …။ ။

ၿမိဳ႕ေစာင့္နတ္

Unicode

တက္ကသိုလ်ကျောင်းသူလေး မအေးချမ်းမွန် ဆိုင်ကယ်လု၊ အသတ်ခံရပီး အလောင်းဖျောက်မှု…

လူသတ်မှုကျူးလွန်ပြီး ဆိုင်ကယ်လုယူ ရောင်းစားခဲ့သည်ဟု စွဲချက်တင်ထားသော တပ်ကြပ်ကြီး ဈန်မင်းထက်အား၂၄.၇.၂၀၂၀ရက်နေ့တွင် စီရင်ချက်ချတော့မှာ ဖြစ်ကြောင်းသိရပါတယ် …။

ကလေးမြို့တွင် တက္ကသိုလ်ကျောင်းသူ မအေးချမ်းမွန် အားသတ်ဖြတ်အလောင်းဖျောက်ဖျက်ပြီး မအေးချမ်းမွန်၏ scoppy ဆိုင်ကယ်အား ယူဆောင်ရောင်းစားခဲ့သော တပ်ကြပ်ကြီး ဈန်မင်းထက် (Kwee Zingyi) အား ကလေးခရိုင်တရားရုံးတွင် စွဲချက်တင်လိုက်ပြီးအမှုစစ်ဆေးခဲ့ရာ ဆယ်လခန့်အကြာ ယခုလာမည့် ၂၄.၇.၂၀၂၀ ရက်နေ့တွင် နောက်ဆုံးအပြီးသတ်အမိန့် ချမှတ်တော့မှာ ဖြစ်ကြောင်းသိရပါတယ် …။

လူသတ်တရားခံဈန်မင်းထက်သည် တပ်မတော်သားတဦးဖြစ်သည့်အတွက် စစ်ခုံရုံးတွင်အရင် စစ်ဆေးခဲ့ရပြီး အင်းဒင်ကျေးရွာ မှ ရွှေလုံး(စိုးသီဟ) ဆိုင်ကယ်အား ခိုးယူရောင်းစားမှုဖြင့် စစ်ထောင်နှစ်နှစ်ချမှတ်ခဲ့ပြီး အရပ်ဖက်တရားရုံးသို့ အမှုဆက်လက်စွဲဆိုနိုင်ရန် လွှဲအပ်ပေးခဲ့ခြင်းဖြစ်ပြီး ကလေးခရိုင်တရားရုံးတွင် မအေးချမ်းမွန်အားသတ်ခဲ့မှု အလောင်းဖျောက်ဖျက်ခဲ့မှု ဆိုင်ကယ်ခိုးယူရောင်းစားမှုတို့ဖြင့် စွဲချက်တင်နိုင်ခဲ့ခြင်း ဖြစ်တယ် …။

ကလေးတက္ကသိုလ်ကျောင်းသူတဦးဖြစ်သည့် မအေးချမ်းမွန်အားတက္ကသိုလ်စာမေးပွဲများပြီးသည့် ၂၅.၉.၂၀၁၉ရက်နေ့တွင်သတ်ဖြတ်ခဲ့သည့်အတွက် ဈန်မင်းထက်အား ကလေးမြို့မရဲစခန်းတွင် (ပ)၂၁၄၆/၂၀၁၉ ရာဇသတ်ကြီးဥပဒေ လူသတ်မှု ပုဒ်မ ၃၀၂ အလောင်းဖျောက်ဖျက်မှုပုဒ်မ ၂၀၁ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရပါတယ် …။

မိန်းကလေးတစ်ဦး အားရက်စက်စွာသတ်ဖြတ်ခဲ့သော ဈန်မင်းထက်အား ပြီးခဲ့သည့် ၁၆.၁.၂၀၂၀ ရက်နေ့တွင် အမှုစတင်စစ်ဆေး ရုံးထုတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ် …။

မအေးချမ်းမွန် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရခြင်းကြောင့် ဖခင်ကြီး ဦးမောင်မောင်မှာလည်း အစားအသောက် မဝင်တော့လောက်အောင် စိတ်ထိခိုက်မှုဖြစ်ပြီး ၆.၅.၂၀၂၀ ရက်နေ့က ဆုံးပါးကွယ်လွန်သွားခဲ့ရပါတယ် …။

မိမိတို့မြို့သူကျောင်းသူလေးတစ်ဦး ရက်စက်စွာ သတ်ဖြတ်ခံရသဖြင့် ယူကြုံးမရ ဝမ်းနည်းကြေကွဲကြရပြီး ပြစ်မှုကျူးလွန်သောတရားခံအား တရားရုံးမှ ထိုက်သင့်သောပြစ်ဒဏ် ချမှတ်နိုင်ရေးအတွက် စိတ်ဝင်စားမှုများမြင့်တက်နေပြီး အမှုစီရင်ဆုံးဖြတ်မည့် ၂၄.၇.၂၀၂၀ ရက်နေ့တွင် တရားရုံးသို့သွားရောက်ပြီး စီရင်ချက်ချမှုအား ကြည့်ရှုကြမည်ဖြစ်ကြောင်းလည်း သိရှိရပါတယ် …။ ။

မြို့စောင့်နတ်