Bestfriend ျဖစ္ဖို႔ ေသခ်ာေပါက္ ေက်ာ္ျဖတ္ရမယ့္ အဆင့္ (၅) ဆင့္အေၾကာင္း

Bestfriend ျဖစ္ဖို႔ ေသခ်ာေပါက္ ေက်ာ္ျဖတ္ရမယ့္ အဆင့္ (၅) ဆင့္အေၾကာင္း

သူငယ္ခ်င္းတုိင္းလိုလို ေက်ာ္ျဖတ္ရတဲ့ အဆင့္ (၅) ဆင့္ရွိပါတယ္။ သင္တို႔ေရာ ဘယ္အဆင့္ကိုေရာက္ေနၿပီလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္လား။

(၁) သူစိမ္း

ဒီအခ်ိန္မွာ သင္နဲ႔သင့္သူငယ္ခ်င္းျဖစ္လာမယ့္လူဟာ အခ်င္းခ်င္းဘာမွမသိၾကေသးပါဘူး။ မ်က္မွန္းတမ္းမိရံု၊ သတိထားမိရံု ဒါမွမဟုတ္ နာမည္ၾကားမိရံုပဲရွိဦးမွာပါ။

ဒီအဆင့္မွာေတာ့ သင္ဟာ သူနဲ႔ပတ္သက္တဲ့အရာတိုင္းကို ေခါင္းထဲစြဲေနမွာပါ။

(၂) အသိ

ဒီအခ်ိန္မွာ သူစိမ္းလိုမ်ိဳး မ်က္မွန္းတမ္းမိတာေတာင္ မသိခ်င္ေယာင္မေဆာင္ေတာ့ဘဲနဲ႔ ေတြ႕ရင္ ျပံဳးျပတာမ်ိဳး၊ ဘယ္လဲတို႔၊ ေရာက္ၿပီလားတို႔ ႏႈတ္ဆက္တဲ့ဆင့္ျဖစ္သြားပါၿပီ။ ဒီအဆင့္မွာေတာ့ ခ်ိဳခ်ိဳသာသာ ယဥ္ယဥ္ေက်းေက်းေလးဆက္ဆံေနုတုန္းပါပဲ။

(၃) မိတ္ေဆြ

တစ္ခါတစ္ေလ အျပင္ေလးဘာေလးသြား၊ မုန္႔ေလးဘာေလးစားနဲ႔ ေတြ႕တုိင္း လွလွပပေလးျပင္ဆင္ၿပီး စကားေျပာေလးေတြခ်ိဳေနတုန္းအဆင့္ပါပဲ။ အကူအညီလွမ္းေတာင္းတာမ်ိဳးေတြေတာ့ လုပ္ေနၿပီေပါ့ေလ။ ဒါေပမဲ့လည္း သင့္ရဲ႕အေကာင္းဆံုးဆိုတဲ့ အရာေတြကိုပဲ သူတို႔ကိုျပခ်င္ေနဆဲပါ။

(၄) ရင္းႏွီးတဲ့သူငယ္ခ်င္း

သူတုိ႔ကိုသင့္ရဲ႕စက္ဝုိင္းထဲမွာ ဆြဲသြင္းလုိက္ပါၿပီ။ သူတုိ႔နဲ႔အတူတူ ရယ္ေမာမယ္၊ ေပ်ာ္ရႊင္ရမယ္၊ သံေယာဇဥ္လည္းစရွိလာၿပီဆိုတဲ့သေဘာေပါ့။ ေနာက္ သူတို႔ကိုလည္း စတင္ယံုၾကည္လာၾကပါၿပီ။ သင္လိုတဲ့အခ်ိန္တုိင္းလိုလိုမွာလည္း သူတုိ႔ရွိေနပါၿပီ။ ဒါေပမဲ့ သူတုိ႔ဟာ တစ္ဘဝစာအတြက္ သူငယ္ခ်င္းေတြေတာ့ မဟုတ္ႏုိင္ေသးပါဘူး

(၅) အရင္းႏွီးဆံုးသူစိမ္းမ်ား

မိသားစုထက္၊ ခ်စ္သူရည္စားထက္ေတာင္ သူတုိ႔အေၾကာင္းကိုပိုသိေနမယ္၊ ပိုၿပီးလည္းသံေယာဇဥ္ရွိေနၿပီး အရမ္းကို ခ်စ္ခင္ရတဲ့ သူစိမ္းေလးေတြပါပဲ။ ကုိယ့္ရဲ႕အေကာင္း၊ အဆိုးမွန္သမွ် အရာရာတုိင္းကို မဖံုးကြယ္ဘဲ စစ္မွန္တာေတြပဲ ခ်ျပေလ့ရွိၿပီး ဘယ္ခ်ိန္မဆို လိုအပ္တဲ့အခ်ိန္တုိင္း သူ႕ဖက္ကေရာ ကိုယ့္ဖက္ကပါ ကိုယ္က်ိဳးစြန္႔ကူညီတတ္ၾကပါတယ္။

penny

Unicode

Bestfriend ဖြစ်ဖို့ သေချာပေါက် ကျော်ဖြတ်ရမယ့် အဆင့် (၅) ဆင့်အကြောင်း

သူငယ်ချင်းတိုင်းလိုလို ကျော်ဖြတ်ရတဲ့ အဆင့် (၅) ဆင့်ရှိပါတယ်။ သင်တို့ရော ဘယ်အဆင့်ကိုရောက်နေပြီလဲဆိုတာ ကြည့်လိုက်ကြရအောင်လား။

(၁) သူစိမ်း

ဒီအချိန်မှာ သင်နဲ့သင့်သူငယ်ချင်းဖြစ်လာမယ့်လူဟာ အချင်းချင်းဘာမှမသိကြသေးပါဘူး။ မျက်မှန်းတမ်းမိရုံ၊ သတိထားမိရုံ ဒါမှမဟုတ် နာမည်ကြားမိရုံပဲရှိဦးမှာပါ။

ဒီအဆင့်မှာတော့ သင်ဟာ သူနဲ့ပတ်သက်တဲ့အရာတိုင်းကို ခေါင်းထဲစွဲနေမှာပါ။

(၂) အသိ

ဒီအချိန်မှာ သူစိမ်းလိုမျိုး မျက်မှန်းတမ်းမိတာတောင် မသိချင်ယောင်မဆောင်တော့ဘဲနဲ့ တွေ့ရင် ပြုံးပြတာမျိုး၊ ဘယ်လဲတို့၊ ရောက်ပြီလားတို့ နှုတ်ဆက်တဲ့ဆင့်ဖြစ်သွားပါပြီ။ ဒီအဆင့်မှာတော့ ချိုချိုသာသာ ယဉ်ယဉ်ကျေးကျေးလေးဆက်ဆံနေုတုန်းပါပဲ။

(၃) မိတ်ဆွေ

တစ်ခါတစ်လေ အပြင်လေးဘာလေးသွား၊ မုန့်လေးဘာလေးစားနဲ့ တွေ့တိုင်း လှလှပပလေးပြင်ဆင်ပြီး စကားပြောလေးတွေချိုနေတုန်းအဆင့်ပါပဲ။ အကူအညီလှမ်းတောင်းတာမျိုးတွေတော့ လုပ်နေပြီပေါ့လေ။ ဒါပေမဲ့လည်း သင့်ရဲ့အကောင်းဆုံးဆိုတဲ့ အရာတွေကိုပဲ သူတို့ကိုပြချင်နေဆဲပါ။

(၄) ရင်းနှီးတဲ့သူငယ်ချင်း

သူတို့ကိုသင့်ရဲ့စက်ဝိုင်းထဲမှာ ဆွဲသွင်းလိုက်ပါပြီ။ သူတို့နဲ့အတူတူ ရယ်မောမယ်၊ ပျော်ရွှင်ရမယ်၊ သံယောဇဉ်လည်းစရှိလာပြီဆိုတဲ့သဘောပေါ့။ နောက် သူတို့ကိုလည်း စတင်ယုံကြည်လာကြပါပြီ။ သင်လိုတဲ့အချိန်တိုင်းလိုလိုမှာလည်း သူတို့ရှိနေပါပြီ။ ဒါပေမဲ့ သူတို့ဟာ တစ်ဘဝစာအတွက် သူငယ်ချင်းတွေတော့ မဟုတ်နိုင်သေးပါဘူး

(၅) အရင်းနှီးဆုံးသူစိမ်းများ

မိသားစုထက်၊ ချစ်သူရည်စားထက်တောင် သူတို့အကြောင်းကိုပိုသိနေမယ်၊ ပိုပြီးလည်းသံယောဇဉ်ရှိနေပြီး အရမ်းကို ချစ်ခင်ရတဲ့ သူစိမ်းလေးတွေပါပဲ။ ကိုယ့်ရဲ့အကောင်း၊ အဆိုးမှန်သမျှ အရာရာတိုင်းကို မဖုံးကွယ်ဘဲ စစ်မှန်တာတွေပဲ ချပြလေ့ရှိပြီး ဘယ်ချိန်မဆို လိုအပ်တဲ့အချိန်တိုင်း သူ့ဖက်ကရော ကိုယ့်ဖက်ကပါ ကိုယ်ကျိုးစွန့်ကူညီတတ်ကြပါတယ်။

penny