သင္အမ်ားဆံုး ဝတ္ေလ့ရွိတဲ့ အဝတ္အစား အေရာင္ကေန ေျပာျပေနတဲ့ သင့္အေၾကာင္းမ်ား

သင္အမ်ားဆံုး ဝတ္ေလ့ရွိတဲ့ အဝတ္အစား အေရာင္ကေန ေျပာျပေနတဲ့ သင့္အေၾကာင္းမ်ား

စိတ္ပညာအရ အေရာင္ေတြ ေရြးခ်ယ္မႈက စိတ္ေနစိတ္ထားနဲ႔လည္း ဆိုင္ပါတယ္တဲ့။ တစ္ခ်ိဳ႕ေတြကေတာ့ ဘယ္အေရာင္ကို အႀကိဳက္ဆံုးတာ ရွိေပမယ့္ ဝတ္ဖို႔ ေရြးခ်ယ္တဲ့အခါ တစ္ျခား အေရာင္ေတြကို ေရြးခ်ယ္တတ္ၾကပါတယ္။
အဲ့ဒါေၾကာင့္ brightside ကေနၿပီးေတာ့ ကိုယ္ေရြးဝတ္တဲ့ အေရာင္ေတြကေန ကိုယ္အေၾကာင္းကို အခုလိုပဲ ေဖာ္ျပေပးတတ္တယ္လို႔ ဆိုပါတယ္။

(၁) အျပာေရာင္

အျပာေရာင္ကေတာ့ စိတ္ကုိ ေအးခ်မ္းေစတတ္ပါတယ္။ ဖက္ရွင္ပိုင္းဆိုင္ရာ အၾကံေပးသူေတြကေတာ့ အလုပ္ အင္တာဗ်ဴးေတြကို အျပာေရာင္ ဝတ္သြားသင့္ပါတယ္တဲ့။

အေၾကာင္းအရင္းကေတာ့ အျပာေရာင္က သစၥာရွိမႈကို ကိုယ္စားျပဳလုိ႔ပါတဲ့။ ရဲေတြက အျပာေရာင္ ဝတ္ၾကတာ ဒါေၾကာင့္လို႔ ေျပာေလ့ ရွိၾကပါတယ္။

သင္က အျပာေရာင္ကုိ ဝတ္ေလ့ ရွိရင္ေတာ့ ကိုယ္တိုင္ကိုေရာ အမ်ားသူငါကိုေရာ စိတ္ေအးခ်မ္းေစတတ္သူ တစ္ေယာက္ ပါပဲ။

(၂) အဝါေရာင္

စိတ္ပညာအရ အဝါေရာင္က သိပ္ကို ခြန္အားျဖစ္ေစတဲ့ အေရာင္တစ္ခုပါ။ အဝါေရာင္ ဝတ္ေလ့ ရွိတဲ့သူေတြက ခံစားခ်က္ေတြ၊ တီထြင္ဖန္တီးႏိုင္စြမ္းေတြနဲ႔ ကိုယ့္ကိုယ္ကို ေလးစားမႈေတြ ရွိၾကပါတယ္။

သူတုိ႔ေတြက စိတ္အားထက္သန္တတ္ၾကၿပီး ေပ်ာ္ရႊင္စြာ ေနတတ္ၾကပါတယ္။

(၃) ပန္းေရာင္

ပန္းေရာင္ အရင့္ကိုမွ ဝတ္ဆင္တတ္ရင္ ေပ်ာ္ရႊင္တတ္ၿပီး စိတ္လႈပ္ရွားရတာေတြကို ႏွစ္သက္တာကို ေဖာ္ျပေနပါတယ္။ အေနာက္ႏုိင္ငံေတြကေတာ့ ပန္းႏုေရာင္က အျပစ္ကင္းစင္ျခင္းကို ကိုယ္စားျပဳတယ္လို႔ ဆိုပါတယ္။

ပန္းႏုေရာင္ကို ဝတ္ဆင္တတ္ၾကသူေတြကေတာ့ စိတ္ျဖဴစင္ၿပီး ခ်စ္တတ္ၾကသူေတြ ျဖစ္ပါတယ္။ ရက္ေရာတတ္သူေတြ ျဖစ္ၿပီး ေပးကမ္းစြန္႔ၾကဲတတ္ၾကပါတယ္။

(၄) အျဖဴေရာင္

အျဖဴေရာင္ကိုမွ အျမဲလိုလို ဝတ္ဆင္တတ္တဲ့သူေတြကေတာ့ လန္းဆန္းတဲ့အသြင္ ရွိၾကပါတယ္။ စိတ္ေအးခ်မ္းေအာင္ ေနရတာကို သေဘာက်ၾကၿပီး စိတ္ေကာင္းရွိတဲ့သူေတြလည္း ျဖစ္ၾကပါတယ္။

အသန္႔ႀကိဳက္ၾကတဲ့သူေတြလည္း ျဖစ္ပါတယ္။

(၅) အစိမ္းေရာင္

သဘာဝရဲ႕ အေရာင္ျဖစ္တဲ့ အစိမ္းေရာင္ကို ဝတ္တတ္ၾကသူေတြကေတာ့ သြက္လက္တတ္ၾကပါတယ္။ သဘာဝဆန္ဆန္ေနရတာကို ပုိၿပီး သေဘာက်တတ္ၾကသလို သူ႔ေနရာနဲ႔သူ လိုက္ေလ်ာညီေထြ ျဖစ္ေအာင္ ေနတတ္ၾကသူေတြ ျဖစ္ပါတယ္။

(၆) အနီေရာင္

အနီေရာင္ကို ႀကိဳက္ႏွစ္သက္ၿပီး အျမဲလိုလို ဝတ္ၾကတဲ့သူေတြ ရွိပါတယ္။ သူတို႔က တက္ႂကြသူေတြ ျဖစ္ၿပီး ဆြဲေဆာင္မႈ ရွိတဲ့ ပံုစံကို ပိုင္ဆိုင္ထားၾကပါတယ္။ စိတ္ဓာတ္ျပတ္သားမႈေတြ ရွိၿပီး ေပ်ာ္ေပ်ာ္ေနတတ္ၾကသူေတြလည္း ျဖစ္ၾကပါတယ္။

Kham

Unicode

သင်အများဆုံး ဝတ်လေ့ရှိတဲ့ အဝတ်အစား အရောင်ကနေ ပြောပြနေတဲ့ သင့်အကြောင်းများ

စိတ်ပညာအရ အရောင်တွေ ရွေးချယ်မှုက စိတ်နေစိတ်ထားနဲ့လည်း ဆိုင်ပါတယ်တဲ့။ တစ်ချို့တွေကတော့ ဘယ်အရောင်ကို အကြိုက်ဆုံးတာ ရှိပေမယ့် ဝတ်ဖို့ ရွေးချယ်တဲ့အခါ တစ်ခြား အရောင်တွေကို ရွေးချယ်တတ်ကြပါတယ်။
အဲ့ဒါကြောင့် brightside ကနေပြီးတော့ ကိုယ်ရွေးဝတ်တဲ့ အရောင်တွေကနေ ကိုယ်အကြောင်းကို အခုလိုပဲ ဖော်ပြပေးတတ်တယ်လို့ ဆိုပါတယ်။

(၁) အပြာရောင်

အပြာရောင်ကတော့ စိတ်ကို အေးချမ်းစေတတ်ပါတယ်။ ဖက်ရှင်ပိုင်းဆိုင်ရာ အကြံပေးသူတွေကတော့ အလုပ် အင်တာဗျူးတွေကို အပြာရောင် ဝတ်သွားသင့်ပါတယ်တဲ့။

အကြောင်းအရင်းကတော့ အပြာရောင်က သစ္စာရှိမှုကို ကိုယ်စားပြုလို့ပါတဲ့။ ရဲတွေက အပြာရောင် ဝတ်ကြတာ ဒါကြောင့်လို့ ပြောလေ့ ရှိကြပါတယ်။

သင်က အပြာရောင်ကို ဝတ်လေ့ ရှိရင်တော့ ကိုယ်တိုင်ကိုရော အများသူငါကိုရော စိတ်အေးချမ်းစေတတ်သူ တစ်ယောက် ပါပဲ။

(၂) အဝါရောင်

စိတ်ပညာအရ အဝါရောင်က သိပ်ကို ခွန်အားဖြစ်စေတဲ့ အရောင်တစ်ခုပါ။ အဝါရောင် ဝတ်လေ့ ရှိတဲ့သူတွေက ခံစားချက်တွေ၊ တီထွင်ဖန်တီးနိုင်စွမ်းတွေနဲ့ ကိုယ့်ကိုယ်ကို လေးစားမှုတွေ ရှိကြပါတယ်။

သူတို့တွေက စိတ်အားထက်သန်တတ်ကြပြီး ပျော်ရွှင်စွာ နေတတ်ကြပါတယ်။

(၃) ပန်းရောင်

ပန်းရောင် အရင့်ကိုမှ ဝတ်ဆင်တတ်ရင် ပျော်ရွှင်တတ်ပြီး စိတ်လှုပ်ရှားရတာတွေကို နှစ်သက်တာကို ဖော်ပြနေပါတယ်။ အနောက်နိုင်ငံတွေကတော့ ပန်းနုရောင်က အပြစ်ကင်းစင်ခြင်းကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။

ပန်းနုရောင်ကို ဝတ်ဆင်တတ်ကြသူတွေကတော့ စိတ်ဖြူစင်ပြီး ချစ်တတ်ကြသူတွေ ဖြစ်ပါတယ်။ ရက်ရောတတ်သူတွေ ဖြစ်ပြီး ပေးကမ်းစွန့်ကြဲတတ်ကြပါတယ်။

(၄) အဖြူရောင်

အဖြူရောင်ကိုမှ အမြဲလိုလို ဝတ်ဆင်တတ်တဲ့သူတွေကတော့ လန်းဆန်းတဲ့အသွင် ရှိကြပါတယ်။ စိတ်အေးချမ်းအောင် နေရတာကို သဘောကျကြပြီး စိတ်ကောင်းရှိတဲ့သူတွေလည်း ဖြစ်ကြပါတယ်။

အသန့်ကြိုက်ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။

(၅) အစိမ်းရောင်

သဘာဝရဲ့ အရောင်ဖြစ်တဲ့ အစိမ်းရောင်ကို ဝတ်တတ်ကြသူတွေကတော့ သွက်လက်တတ်ကြပါတယ်။ သဘာဝဆန်ဆန်နေရတာကို ပိုပြီး သဘောကျတတ်ကြသလို သူ့နေရာနဲ့သူ လိုက်လျောညီထွေ ဖြစ်အောင် နေတတ်ကြသူတွေ ဖြစ်ပါတယ်။

(၆) အနီရောင်

အနီရောင်ကို ကြိုက်နှစ်သက်ပြီး အမြဲလိုလို ဝတ်ကြတဲ့သူတွေ ရှိပါတယ်။ သူတို့က တက်ကြွသူတွေ ဖြစ်ပြီး ဆွဲဆောင်မှု ရှိတဲ့ ပုံစံကို ပိုင်ဆိုင်ထားကြပါတယ်။ စိတ်ဓာတ်ပြတ်သားမှုတွေ ရှိပြီး ပျော်ပျော်နေတတ်ကြသူတွေလည်း ဖြစ်ကြပါတယ်။

Kham