ဘယ္သူ႕ကိုမွ မွီခိုစရာမလိုတဲ့ မိန္းမသားတစ္ေယာက္ျဖစ္ဖို႕ ရွိသင့္ရွိထိုက္တဲ့ အရာမ်ား…

ဘယ္သူ႕ကိုမွ မွီခိုစရာမလိုတဲ့ မိန္းမသားတစ္ေယာက္ျဖစ္ဖို႕ ရွိသင့္ရွိထိုက္တဲ့ အရာမ်ား…

မိန္းကေလးဆိုတာနဲ႕ မွီခိုတတ္တဲ့သူ၊ ေပ်ာ့ညံ့တဲ့သူေတြလို႕ သတ္မွတ္လို႕မရတဲ့ေခတ္ကိုေရာက္လာပါျပီ။ လူတိုင္းကိုယ့္တာဝန္ကိုယ္ယူနိုင္ဖို႕ ၾကိဳးစားေနၾကတဲ့အခ်ိန္မွာ မိန္းကေလးတစ္ေယာက္ ကိုယ့္အားကိုယ္ကိုးျပီး ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္နိုင္ဖို႕၊ အမွီအခိုကင္းတဲ့သူတစ္ေယာက္ျဖစ္နိုင္ဖို႕အတြက္ဆိုရင္ ဒီအခ်က္ေလးေတြကို အျမဲတမ္းေခါင္းထဲရွိေနေအာင္ ကိုယ့္ကိုယ္ကို သတိေပးေနဖို႕လိုပါတယ္ေနာ္ …။

ကိုယ့္ကိုယ္ကို လက္ခံႏိုင္ရမယ္”

ကိုယ့္ရဲ႕ခ်ို႕ယြင္းခ်က္၊အားနည္းခ်က္ေတြကိုပဲေတြးျပီး စိတ္ညစ္ေနမယ္၊ စိတ္ဓာတ္က်ေနမယ္ဆိုရင္ ဘယ္လိုလုပ္သန္မာတဲ့အမ်ိဳးသမီးတစ္ေယာက္ျဖစ္နိုင္မွာလဲ။ သန္မာသူတစ္ေယာက္ျဖစ္ခ်င္ရင္ ကိုယ့္ရဲ႕အားသာခ်က္ေတြကိုျမင္ေအာင္ၾကည့္နိုင္ရမယ္၊ ကိုယ့္ကိုယ္ကို ေလးစားတန္ဖိုးထားတတ္ ရပါမယ္ …။

ကိုယ္တိုးတက္ဖို႔ ဦးစားေပးရမယ္”

အလုပ္တစ္ခုလုပ္တဲ့အခါမွာပဲျဖစ္ျဖစ္၊ ပညာရပ္တစ္ခုခုကိုေလ့လာတဲ့အခါမွာပဲျဖစ္ျဖစ္၊ ပိုက္ဆံနဲ႕တျခားအရာေတြထက္ ကိုယ္တိုးတက္ဖို႕ကို ပိုျပီးဦးစားေပးရပါမယ္။ ဘယ္ေနရာမွာပဲျဖစ္ျဖစ္ ကိုယ့္အတြက္ အသိပညာတစ္ခုခု ရေအာင္ေတာ႔ ယူတတ္ ရပါမယ္ …။

အတိတ္ကိုအတိတ္မွာပဲထားခဲ့နိုင္ရမယ္ ဒါေပမယ့္ သင္ခန္းစာေတာ့ယူနိုင္ရမယ္”

လူတိုင္းမွာ ဝမ္းနည္းစရာ၊ နာက်င္စရာ အတိတ္ျဖစ္ရပ္ေတြ အနည္းနဲ႕အမ်ားေတာ့ရွိတတ္ၾကတာခ်ည္းပါပဲ။ အဲ့ဒီအျဖစ္အပ်က္ေတြထဲကေနရုန္းထြက္ျပီး ဘဝကိုေရွ႕ဆက္နိုင္ဖို႕လိုပါတယ္။ အတိတ္ကအျဖစ္ေတြကို အတိတ္မွာပဲထားခဲ့နိုင္ေအာင္ၾကိုးစားပါ။ ဒါေပမယ့္ အဲ့ဒီ အျဖစ္အပ်က္ေတြကေန သင္ခန္းစာေတာ့ ယူနိုင္ပါေစ …။

တျခားလူေတြရဲ႕အျမင္နဲ႕အသက္မရွင္သင့္ဘူး”

ကိုယ့္အေပၚလူေတြဘယ္လိုျမင္ေနမလဲလို႕ေတြးပူျပီး ကိုယ္တကယ္လုပ္ခ်င္တာကိုမလုပ္ဘဲေနလိုက္ရတာမ်ိဳး၊ လူေတြအျမင္ကိုထည့္တြက္လြန္းျပီး ကိုယ့္ဆႏၵကို အရမ္းခ်ိဳးနွိမ္ထားတာမ်ိဳးက အသက္ၾကီးလာရင္ေနာင္တရတတ္ပါတယ္။ ဒါေၾကာင့္ တျခားလူေတြရဲ႕အျမင္ကိုသိပ္မေတြးဘဲ ကိုယ္လုပ္ခ်င္တာေတြကို စိတ္ပါလက္ပါနဲ႔ လုပ္သင့္ပါတယ္ …။

ေပ်ာ္ေပ်ာ္ေနရမယ္”

ကိုယ့္စိတ္ခ်မ္းသာဖို႕ထက္ ဘယ္အရာမွအေရးမၾကီးပါဘူး။ ဒါေၾကာင့္ ဘယ္အတြက္မွ စိတ္ညစ္၊စိတ္ဆင္းရဲမေနပါနဲ႕။ အခက္အခဲေတြ႕လာရင္ ေျဖရွင္းနိုင္မယ့္နည္းလမ္းကိုရွာပါ။ ေျဖရွင္းဖို႕ခက္တဲ့အရာေတြအတြက္ တျခားသူေတြဆီကအၾကံဉာဏ္ေတြေတာင္းပါ။ တတ္နိုင္သေလာက္ ေပ်ာ္ေပ်ာ္ေနျပီး ဘဝကိုျဖတ္သန္းသြားဖို႕ ကို္ယ့္ကိုယ္ကိုအျမဲ သတိေပးေနဖို႔ လိုပါတယ္ေနာ္ …။ ။

Written by PP

Unicode

ဘယ်သူ့ကိုမှ မှီခိုစရာမလိုတဲ့ မိန်းမသားတစ်ယောက်ဖြစ်ဖို့ ရှိသင့်ရှိထိုက်တဲ့ အရာများ…

မိန်းကလေးဆိုတာနဲ့ မှီခိုတတ်တဲ့သူ၊ ပျော့ညံ့တဲ့သူတွေလို့ သတ်မှတ်လို့မရတဲ့ခေတ်ကိုရောက်လာပါပြီ။ လူတိုင်းကိုယ့်တာဝန်ကိုယ်ယူနိုင်ဖို့ ကြိုးစားနေကြတဲ့အချိန်မှာ မိန်းကလေးတစ်ယောက် ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့၊ အမှီအခိုကင်းတဲ့သူတစ်ယောက်ဖြစ်နိုင်ဖို့အတွက်ဆိုရင် ဒီအချက်လေးတွေကို အမြဲတမ်းခေါင်းထဲရှိနေအောင် ကိုယ့်ကိုယ်ကို သတိပေးနေဖို့လိုပါတယ်နော် …။

ကိုယ့်ကိုယ်ကို လက်ခံနိုင်ရမယ်”

ကိုယ့်ရဲ့ချို့ယွင်းချက်၊အားနည်းချက်တွေကိုပဲတွေးပြီး စိတ်ညစ်နေမယ်၊ စိတ်ဓာတ်ကျနေမယ်ဆိုရင် ဘယ်လိုလုပ်သန်မာတဲ့အမျိုးသမီးတစ်ယောက်ဖြစ်နိုင်မှာလဲ။ သန်မာသူတစ်ယောက်ဖြစ်ချင်ရင် ကိုယ့်ရဲ့အားသာချက်တွေကိုမြင်အောင်ကြည့်နိုင်ရမယ်၊ ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားတတ် ရပါမယ် …။

ကိုယ်တိုးတက်ဖို့ ဦးစားပေးရမယ်”

အလုပ်တစ်ခုလုပ်တဲ့အခါမှာပဲဖြစ်ဖြစ်၊ ပညာရပ်တစ်ခုခုကိုလေ့လာတဲ့အခါမှာပဲဖြစ်ဖြစ်၊ ပိုက်ဆံနဲ့တခြားအရာတွေထက် ကိုယ်တိုးတက်ဖို့ကို ပိုပြီးဦးစားပေးရပါမယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကိုယ့်အတွက် အသိပညာတစ်ခုခု ရအောင်တော့ ယူတတ် ရပါမယ် …။

အတိတ်ကိုအတိတ်မှာပဲထားခဲ့နိုင်ရမယ် ဒါပေမယ့် သင်ခန်းစာတော့ယူနိုင်ရမယ်”

လူတိုင်းမှာ ဝမ်းနည်းစရာ၊ နာကျင်စရာ အတိတ်ဖြစ်ရပ်တွေ အနည်းနဲ့အများတော့ရှိတတ်ကြတာချည်းပါပဲ။ အဲ့ဒီအဖြစ်အပျက်တွေထဲကနေရုန်းထွက်ပြီး ဘဝကိုရှေ့ဆက်နိုင်ဖို့လိုပါတယ်။ အတိတ်ကအဖြစ်တွေကို အတိတ်မှာပဲထားခဲ့နိုင်အောင်ကြိုးစားပါ။ ဒါပေမယ့် အဲ့ဒီ အဖြစ်အပျက်တွေကနေ သင်ခန်းစာတော့ ယူနိုင်ပါစေ …။

တခြားလူတွေရဲ့အမြင်နဲ့အသက်မရှင်သင့်ဘူး”

ကိုယ့်အပေါ်လူတွေဘယ်လိုမြင်နေမလဲလို့တွေးပူပြီး ကိုယ်တကယ်လုပ်ချင်တာကိုမလုပ်ဘဲနေလိုက်ရတာမျိုး၊ လူတွေအမြင်ကိုထည့်တွက်လွန်းပြီး ကိုယ့်ဆန္ဒကို အရမ်းချိုးနှိမ်ထားတာမျိုးက အသက်ကြီးလာရင်နောင်တရတတ်ပါတယ်။ ဒါကြောင့် တခြားလူတွေရဲ့အမြင်ကိုသိပ်မတွေးဘဲ ကိုယ်လုပ်ချင်တာတွေကို စိတ်ပါလက်ပါနဲ့ လုပ်သင့်ပါတယ် …။

ပျော်ပျော်နေရမယ်”

ကိုယ့်စိတ်ချမ်းသာဖို့ထက် ဘယ်အရာမှအရေးမကြီးပါဘူး။ ဒါကြောင့် ဘယ်အတွက်မှ စိတ်ညစ်၊စိတ်ဆင်းရဲမနေပါနဲ့။ အခက်အခဲတွေ့လာရင် ဖြေရှင်းနိုင်မယ့်နည်းလမ်းကိုရှာပါ။ ဖြေရှင်းဖို့ခက်တဲ့အရာတွေအတွက် တခြားသူတွေဆီကအကြံဉာဏ်တွေတောင်းပါ။ တတ်နိုင်သလောက် ပျော်ပျော်နေပြီး ဘဝကိုဖြတ်သန်းသွားဖို့ က်ိုယ့်ကိုယ်ကိုအမြဲ သတိပေးနေဖို့ လိုပါတယ်နော် …။ ။

Written by PP