Credit-CeleGabar
Unicode
လောကကြီးမှာ ဆက်မနေချင်တော့ဘူးလို့ ပြောလာတဲ့ ထက်ထက်မိုးဦး…(ရုပ်သံ)
သရုပ်ဆောင် ထက်ထက်မိုးဦးဟာ ရွှေစင် ရတနာရွှေဆိုင် ကြော်ငြာကနေတဆင့် ကလေးရော၊ လူကြီးပါ မကျန် တခဲနက် အားပေးခဲ့ကြတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ တစ်ခေတ်တခါ က ကြော်ငြာဘုရင်မလေး လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။ ထက်ထက်မိုးဦးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေက ပရိသတ်ကို အချစ်မလျှော့အောင် အမြဲဆွဲဆောင်နိုင်ခဲ့ပါတယ် …။
ထက်ထက်မိုးဦးက လက်ရှိမှာ အနုပညာအလုပ်တွေအပြင် ဘုရား၊ တရားလည်း ပိုလုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ သူမဟာ ရုပ်ရှင်ဇာတ်ကား ပေါင်းများစွာ၊ တီဗီကြော်ငြာပေါင်း များစွာ တို့ကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ သူမဟာ ၁၉၉၁ ခုနှစ်က အနုပညာလောကထဲကို ပထမဆုံးအကြိမ် စတင်ဝင်ရောက်လာသူပါ။ အဲဒီနောက် ၁၉၉၆ ခုနှစ်မှာတော့ ပန်းသခင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း ‘’ သမီးမိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြန်ပါတယ် …။
ယခုအခါမှာတော့ သူမ၏လက်ရှိအခြေအနေကို အခုလိုပဲ စိတ်မကောင်းစွာနဲ့ ရင်ဖွင့်လာပါတယ် …။
” လက်လျှော့ချင်ပြီလားလို့မေးရင် လက်လျှော့ချင်နေပါပြီ…
ကိုယ်ဘယ်လောက်ကောင်းအောင်နေနေ ဘယ်လောက်ပေးဆပ်ပေးဆပ်
ဘယ်သူကမှအသိအမှတ်မပြုကြဘူးဆိုတော့ စိတ်ဓာတ်ကျတယ်…
လူတွေကြားထဲတောင်မသွားချင်တော့ဘူး ဆိုတဲ့ ” ဆိုပြီးပြေထားတာပဲ ဖြစ်ပါတယ် …။ ။
Credit-CeleGabar
အောက်ဆုံးတွင်ရုပ်သံကြည့်ရန်