မ်က္ႏွာေလး ဝင္းမႊတ္ေနဖို႔ ပိုက္ဆံမကုန္တဲ့ ေပါင္းတင္နည္းေလးပါ…
အလွျပင္ ပစၥည္းေတြကို ကုန္စုံဆိုင္ေတြ အလွျပင္ဆိုင္ေတြမွာ တကူးတက ရွာစရာမလိုပါဘူး။ တကယ္ေတာ့ ကြၽန္မတို႔ ေန႔စဥ္စားသုံးေနတဲ့ အစားအစာေတြဟာလည္း အလွအပ ပစၥည္းေတြပါပဲ …။
အမ်ိဳးသမီးတိုင္း ႏူးညံ့ၿပီး လွပစိုေျပတဲ့ အသားေရမ်ိဳးကို ပိုင္ဆိုင္ ခ်င္ၾကပါတယ္။ ဒါေပမဲ့ ျဖစ္ႏိုင္ပါရဲ႕လား …?
သိပ္ေသခ်ာတာေပါ့။ အသားအေရကို ႏုပ်ိဳ စိုေျပေစဖို႔ ဂ်ပန္ႏိုင္ငံက အမ်ိဳးသမီးေတြရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို ဒီကေန႔မွာ မွ်ေဝေပးခ်င္ပါတယ္ေနာ္ …။
အရမ္းကို ႐ိုးရွင္းလြယ္ကူတဲ့ နည္းလမ္းျဖစ္ၿပီး တကယ္လည္း အက်ိဳးထူးတာမို႔ စာဖတ္သူတို႔ အတြက္ အဆင္ေျပလိမ္႔မယ္လို႔ ေမွ်ာ္လင္႔မိပါတယ္ …။
ပါဝင္ပစၥည္းမ်ား…
ဆန္ စားပြဲတင္ဇြန္း ၃ ဇြန္း ကေန ၄ ဇြန္းထိ
ပ်ားရည္ စားပြဲတင္ဇြန္း ၁ ဇြန္း
ႏြားႏို႔ စားပြဲတင္ဇြန္း ၁ ဇြန္း
ျပဳလုပ္နည္း…
ဆန္ကိုေရေအးနဲ႔ တည္ၿပီး ခ်က္ပါ။ ဆန္က်က္ၿပီ ဆိုရင္ မီးဖိုေပၚက ခ်ေပးၿပီး
ထမင္းကို ဆစ္ခ်ပါ။ ထမင္းရည္ကို ခြက္တစ္လုံးထဲမွာ ထည့္ပါ …။
ႏြားႏို႔နဲ႔ ပ်ားရည္ကို ခုနက ခ်က္ထားတဲ့ ထမင္းထဲထည့္ၿပီး ေသခ်ာေအာင္ ေရာေမႊေပးပါ။ အရည္က ပ်စ္ပ်စ္ေလး ျဖစ္လာပါလိမ့္မယ္ …။
အဲဒါကို မ်က္ႏွာေပၚလိမ္းေပးၿပီး လက္နဲ႔ ေသခ်ာေလး ဖိေပးပါ။ မ်က္လုံးေအာက္နားကိုလည္း ေသခ်ာလိမ္းေပးပါ။ ၿပီးရင္ ၁၀ မိနစ္ကေန ၁၅ မိနစ္ထိ ထားပါ …။
ေဆးေၾကာျခင္း…
ခုနက ခြက္တစ္လုံးထဲမွာ ထည့္ထားတဲ့ ထမင္းရည္ ရွိပါတယ္။ တကယ္လို႔ မ်က္ႏွာေပၚမွာ လိမ္းထားတဲ့ ထမင္းေတြေျခာက္သြားရင္ ထမင္းရည္နဲ႔ မ်က္ႏွာသစ္ပါ ….။
တကယ္လို႔ မ်က္ႏွာမွာ ခြၽဲခြၽဲေလးျဖစ္ေနေသးရင္ ေရနဲ႔ မ်က္ႏွာထပ္သစ္ေပးပါ။ ဆပ္ျပာကိုလုံး၀ မသုံးပါနဲ႔ …။
ဒီနည္းလမ္းကို ၁ ပတ္ ၂ႀကိမ္ လုပ္ေပး႐ုံနဲ႔ ၄ ပတ္ ၅ ပတ္အတြင္းမွာ သိသာတဲ့ရလဒ္ကို ရရွိလာမွာ အေသအခ်ာပါပဲေနာ္ …။ ။
Myfoodmyanmar
Unicode
မျက်နှာလေး ဝင်းမွှတ်နေဖို့ ပိုက်ဆံမကုန်တဲ့ ပေါင်းတင်နည်းလေးပါ…
အလှပြင် ပစ္စည်းတွေကို ကုန်စုံဆိုင်တွေ အလှပြင်ဆိုင်တွေမှာ တကူးတက ရှာစရာမလိုပါဘူး။ တကယ်တော့ ကျွန်မတို့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေဟာလည်း အလှအပ ပစ္စည်းတွေပါပဲ …။
အမျိုးသမီးတိုင်း နူးညံ့ပြီး လှပစိုပြေတဲ့ အသားရေမျိုးကို ပိုင်ဆိုင် ချင်ကြပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ပါရဲ့လား …?
သိပ်သေချာတာပေါ့။ အသားအရေကို နုပျို စိုပြေစေဖို့ ဂျပန်နိုင်ငံက အမျိုးသမီးတွေရဲ့ လျှို့ဝှက်ချက်ကို ဒီကနေ့မှာ မျှဝေပေးချင်ပါတယ်နော် …။
အရမ်းကို ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းဖြစ်ပြီး တကယ်လည်း အကျိုးထူးတာမို့ စာဖတ်သူတို့ အတွက် အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်မိပါတယ် …။
ပါဝင်ပစ္စည်းများ…
ဆန် စားပွဲတင်ဇွန်း ၃ ဇွန်း ကနေ ၄ ဇွန်းထိ
ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
နွားနို့ စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း…
ဆန်ကိုရေအေးနဲ့ တည်ပြီး ချက်ပါ။ ဆန်ကျက်ပြီ ဆိုရင် မီးဖိုပေါ်က ချပေးပြီး
ထမင်းကို ဆစ်ချပါ။ ထမင်းရည်ကို ခွက်တစ်လုံးထဲမှာ ထည့်ပါ …။
နွားနို့နဲ့ ပျားရည်ကို ခုနက ချက်ထားတဲ့ ထမင်းထဲထည့်ပြီး သေချာအောင် ရောမွှေပေးပါ။ အရည်က ပျစ်ပျစ်လေး ဖြစ်လာပါလိမ့်မယ် …။
အဲဒါကို မျက်နှာပေါ်လိမ်းပေးပြီး လက်နဲ့ သေချာလေး ဖိပေးပါ။ မျက်လုံးအောက်နားကိုလည်း သေချာလိမ်းပေးပါ။ ပြီးရင် ၁၀ မိနစ်ကနေ ၁၅ မိနစ်ထိ ထားပါ …။
ဆေးကြောခြင်း…
ခုနက ခွက်တစ်လုံးထဲမှာ ထည့်ထားတဲ့ ထမင်းရည် ရှိပါတယ်။ တကယ်လို့ မျက်နှာပေါ်မှာ လိမ်းထားတဲ့ ထမင်းတွေခြောက်သွားရင် ထမင်းရည်နဲ့ မျက်နှာသစ်ပါ ….။
တကယ်လို့ မျက်နှာမှာ ချွဲချွဲလေးဖြစ်နေသေးရင် ရေနဲ့ မျက်နှာထပ်သစ်ပေးပါ။ ဆပ်ပြာကိုလုံး၀ မသုံးပါနဲ့ …။
ဒီနည်းလမ်းကို ၁ ပတ် ၂ကြိမ် လုပ်ပေးရုံနဲ့ ၄ ပတ် ၅ ပတ်အတွင်းမှာ သိသာတဲ့ရလဒ်ကို ရရှိလာမှာ အသေအချာပါပဲနော် …။ ။
Myfoodmyanmar