



(1) လမ်းပျောက်လာမယ်



(2) အဓိပ္ပါယ်မဲ့လာမယ်






(4) ဘဝက မတိုးတက်တော့ဘူး


Khin

Unicode

ကိုယ့်ကိုယ်ကို အရမ်းညှာလွန်းတဲ့အခါ ကြုံတွေ့လာရမယ့် ဆိုးကျိုး (၄)ချက်

တကယ်တော့ ဘဝဆိုတာ တိုက်ပွဲတစ်ခုလို့ တော်တော်များများက ပြောလေ့ရှိကြပါတယ်။ ဟုတ်ပါတယ် ဘဝဆိုတာ ကိုယ်လိုချင်တာတွေကို ရဖို့အတွက် တိုက်ယူမှ ရနိုင်တဲ့ အောင်မြင်မှုပါ။

တကယ်တော့ ကိုယ့်ကိုယ်ကို အရမ်းသနားလွန်းအားကြီးပြီး ညုာတာလွန်းတဲ့အခါ ကိုယ့်ဆီမှာ ဒီလိုအဆိုးတွေ ကြုံတွေ့လာရမှာ ဖြစ်ပါတယ်။

(1) လမ်းပျောက်လာမယ်

တစ်ခါတစ်လေမှာ ဘာလုပ်ရမှန်း ဖြစ်တတ်တဲ့ အချိန်ဆိုတာ လူတိုင်းမှာ ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ရှေ့ကိုလှမ်းဖို့ နောက်တစ်လှမ်းဆုတ်ရတဲ့ အခြေအနေတွေ ရှိတတ်ပါတယ်။

ဒါပေမယ့် ဘာမှမလုပ်ပဲ အချိန်ယူတာမျိုးက လူကို လမ်းပျောက်စေနိုင်ပါတယ်။ အချိန်ယူတာများလာတဲ့အခါ ဘာလုပ်ရမှန်းမသိတော့ပဲ ယောင်လည်လည် ဖြစ်လာတတ်ပါတယ်။

(2) အဓိပ္ပါယ်မဲ့လာမယ်

ကြုံဖူးလား ကိုယ့်သူငယ်ချင်းတွေကတော့ အလုပ်တွေလုပ်ပြီး ဘဝကို ကြိုးစားနေကြတဲ့ အချိန်မှာ ကိုယ်ကတော့ ဘာအလုပ်အကိုင်မှ မရှိတဲ့ အခြေအနေမျိုး။

မိဖဆီတွေကတော့ ကိုယ့်ရဲ့သားသမီးပေါ် မငြိုငြင်ဘူးဆိုပေမယ့် ကိုယ်တိုင်အတွက် ကိုယ်လမ်းကို ကိုယ်ဖောက်ဖို့လိုအပ်ပါတယ်။ ဘာမှမလုပ်ပဲ အဲလိုမျိုး အနေကြာလာတဲ့အခါ ဘဝကြီးက ငြီးငွေ့ပျင်းရိစရာကောင်းပြီး အဓိပ္ပါယ်မရှိသလို ခံစားရစေပါတယ်။

(3) ယုံကြည်မှု ပျောက်ဆုံးလာမယ်

ကိုယ့်ကိုယ့်ကို သနားတာကတော့ သနားတာပေါ့ ဒါပေမယ့် အရမ်းငဲ့ညှာလွန်းပြီး ကိုယ့်ကိုယ်ကို ဘာမှမခိုင်းရက်၊ မလုပ်ရက် ဖြစ်နေရင်တော့ ကိုယ့်ဘဝရဲ့ တက်လမ်းကို ဘယ်အချိန် သွားရှာတော့မှာလဲ။

အလုပ်တစ်ခုခု လုပ်ဖို့ မကြိုးစားမိတဲ့အခါ၊ ဘဝကို ရေလိုက်ငါးလိုက်ပဲ နေနေမိတဲ့အခါ ကိုယ့်ဆီမှာ ရှိရင်းစွဲ ယုံကြည်မှုတောင် ပျောက်ဆုံးလာစေတတ်ပါတယ်။ နောက်ဆို ကိုယ်တစ်ခုခု လုပ်ဖို့တောင် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတာတွေ ဖြစ်လာပါတယ်။

(4) ဘဝက မတိုးတက်တော့ဘူး

ကိုယ့်မှာ ရှိသင့်တဲ့ အရည်အချင်းတွေ ရှိရဲ့နဲ့ ဘာမှ ထပ်ကြိုးစားမှု မရှိဘူး၊ ဘဝကို ဒီအတိုင်းပဲ သာသာယာယာ ဖြတ်သန်းမိတဲ့အခါမှာ ဘဝက တိုးတက်မလာပဲ ကိုယ့်အတွက် အောင်မြင်မှုဆိုတာ ဘာမှန်းတောင် မသိတော့ပါဘူး။ ဘဝတိုက်ပွဲမှာ ကိုယ်ဟာ အရှုံးပေးလိုက်သူ တစ်ယောက်အဖြစ် နေထိုင်နေသလိုပါပဲနော်။

Khin