ဒီအစားအစာ (၇) မ်ိဳးဟာ သင့္ရဲ႕ မ အဂၤါကို အနံ႔ဆိုးေတြ ထြက္ေစႏိုင္ပါတယ္

ဒီအစားအစာ (၇) မ်ိဳးဟာ သင့္ရဲ႕ မ အဂၤါကို အနံ႔ဆိုးေတြ ထြက္ေစႏိုင္ပါတယ္

သင့္ရဲ႕ မ အဂၤါကေန အနံ႔ဆိုးေတြထြက္ေနလို႔ စိတ္ညစ္ေနၿပီလား။ ဘာမွမလုပ္ခင္မွာ သင့္အေနနဲ႔ အခုရက္ပိုင္း ဒီအစားအစာ (၇) မ်ိဳးကို ဆက္တိုက္စားမိေနၿပီလားဆိုတာ စဥ္းစားၾကည့္ပါဦး။

(၁) ေကာ္ဖီ

Oregon State University ရဲ႕ စမ္းသပ္ခ်က္အရ ေကာ္ဖီဟာ သင့္ရဲ႕ မ အဂၤါအနံ႔ကိုေျပာင္းလဲေစႏုိင္ပါတယ္။

(၂) ဆီေၾကာ္မုန္႔

ဆီေၾကာ္ေတြဆိုတာ အဆီတက္ေစရံုတင္မကဘဲ မ အဂၤါရဲ႕ pH level ကို ယိုယြင္းကာ ပိုဝင္ေစႏုိင္ပါတယ္။

(၃) ကညြန္႔

ကညြန္႔ေတြအမ်ားႀကီးစားရင္ အေပါ့စြန္႔တဲ့အခါ အနံ႔ျပင္းႏုိင္သလို မ အဂၤါမွာရွိေနတဲ့ pH level ကိုလည္း ပ်က္ျပားေစတဲ့အတြက္ေၾကာင့္ အနံ႔ဆိုးထြက္ေစတာပါ။

(၄) ၾကက္သြန္နီ

IU Health ရဲ႕ ေလ့လာေတြ႕ရွိခ်က္အရ မ အဂၤါမွာရွိေနတဲ့ က်န္းမာတဲ့ဘတ္တီးရီးယားေလးေတြရဲ႕ အနံ႕ကို ၾကက္သြန္က ေျပာင္းေပးလိုက္ျခင္းေၾကာင့္ အနံ႔ဆိုးေတြထြက္လာတာပါတဲ့။ ၾကက္သြန္စားၿပီး နံတဲ့ပါးစပ္နဲ႔ အျဖစ္ခ်င္းအတူတူပဲ။

(၅) ခ်ိစ့္

ခ်ိစ့္အလြန္အကၽြံစားျခင္းဟာ အနံ႔နံေစႏုိင္တယ္ဆိုေပမယ့္လို႔ ဒိန္ခ်ဥ္က်ေတာ့ အနံ႔နံမႈကိုေလ်ာ့က်ေစပါတယ္တဲ့။

(၆) သၾကား

Yeast bacteria ေပါက္ဖြားဖို႔အတြက္ သၾကားလိုအပ္ေပမယ့္လို႔ သၾကားဓာတ္အရမ္းမ်ားလာတဲ့အခါမွာေတာ့ yeast ျဖစ္ပြားမႈႏႈန္းျမင့္တက္ကာ အနံ႔ွဆိုးေတြ ထြက္လာႏုိင္ပါတယ္။

(၇) အရက္

တစ္ပတ္မွာ ဝိုင္ ၃၊ ၄ ခြက္ေလာက္ေသာက္တာ က်န္းမာေရးနဲ႔ေတာင္ ညီညြတ္ေနေသးတာေၾကာင့္ ကိစၥသိပ္မရွိေပမယ့္လို႔ alcohol ပမာဏအရမ္းမ်ားတဲ့အရက္ေတြကို လြန္လြန္က်ဴးက်ဴးေသာက္မိတဲ့အခါ အားေျခာက္လာတတ္တာေၾကာင့္ သင့္ မ အဂၤါမွာ အက်ိဳးျပဳတဲ့အခၽြဲေတြ ထြက္ျခင္းကိုပါ ရပ္တန္႔ေစပါတယ္။

ဒါေၾကာင့္ ထိန္းသိမ္းမႈလုပ္ငန္းစဥ္ေတြ ပ်က္ယြင္းလာၿပီး အခုလို အနံ႔ဆိုးေတြ ထြက္လာတာပါပဲ။

penny

Unicode

ဒီအစားအစာ (၇) မျိုးဟာ သင့်ရဲ့ မ အင်္ဂါကို အနံ့ဆိုးတွေ ထွက်စေနိုင်ပါတယ်

သင့်ရဲ့ မ အင်္ဂါကနေ အနံ့ဆိုးတွေထွက်နေလို့ စိတ်ညစ်နေပြီလား။ ဘာမှမလုပ်ခင်မှာ သင့်အနေနဲ့ အခုရက်ပိုင်း ဒီအစားအစာ (၇) မျိုးကို ဆက်တိုက်စားမိနေပြီလားဆိုတာ စဉ်းစားကြည့်ပါဦး။

(၁) ကော်ဖီ

Oregon State University ရဲ့ စမ်းသပ်ချက်အရ ကော်ဖီဟာ သင့်ရဲ့ မ အင်္ဂါအနံ့ကိုပြောင်းလဲစေနိုင်ပါတယ်။

(၂) ဆီကြော်မုန့်

ဆီကြော်တွေဆိုတာ အဆီတက်စေရုံတင်မကဘဲ မ အင်္ဂါရဲ့ pH level ကို ယိုယွင်းကာ ပိုဝင်စေနိုင်ပါတယ်။

(၃) ကညွန့်

ကညွန့်တွေအများကြီးစားရင် အပေါ့စွန့်တဲ့အခါ အနံ့ပြင်းနိုင်သလို မ အင်္ဂါမှာရှိနေတဲ့ pH level ကိုလည်း ပျက်ပြားစေတဲ့အတွက်ကြောင့် အနံ့ဆိုးထွက်စေတာပါ။

(၄) ကြက်သွန်နီ

IU Health ရဲ့ လေ့လာတွေ့ရှိချက်အရ မ အင်္ဂါမှာရှိနေတဲ့ ကျန်းမာတဲ့ဘတ်တီးရီးယားလေးတွေရဲ့ အနံ့ကို ကြက်သွန်က ပြောင်းပေးလိုက်ခြင်းကြောင့် အနံ့ဆိုးတွေထွက်လာတာပါတဲ့။ ကြက်သွန်စားပြီး နံတဲ့ပါးစပ်နဲ့ အဖြစ်ချင်းအတူတူပဲ။

(၅) ချိစ့်

ချိစ့်အလွန်အကျွံစားခြင်းဟာ အနံ့နံစေနိုင်တယ်ဆိုပေမယ့်လို့ ဒိန်ချဉ်ကျတော့ အနံ့နံမှုကိုလျော့ကျစေပါတယ်တဲ့။

(၆) သကြား

Yeast bacteria ပေါက်ဖွားဖို့အတွက် သကြားလိုအပ်ပေမယ့်လို့ သကြားဓာတ်အရမ်းများလာတဲ့အခါမှာတော့ yeast ဖြစ်ပွားမှုနှုန်းမြင့်တက်ကာ အနှံ့ဆိုးတွေ ထွက်လာနိုင်ပါတယ်။

(၇) အရက်

တစ်ပတ်မှာ ဝိုင် ၃၊ ၄ ခွက်လောက်သောက်တာ ကျန်းမာရေးနဲ့တောင် ညီညွတ်နေသေးတာကြောင့် ကိစ္စသိပ်မရှိပေမယ့်လို့ alcohol ပမာဏအရမ်းများတဲ့အရက်တွေကို လွန်လွန်ကျူးကျူးသောက်မိတဲ့အခါ အားခြောက်လာတတ်တာကြောင့် သင့် မ အင်္ဂါမှာ အကျိုးပြုတဲ့အချွဲတွေ ထွက်ခြင်းကိုပါ ရပ်တန့်စေပါတယ်။

ဒါကြောင့် ထိန်းသိမ်းမှုလုပ်ငန်းစဉ်တွေ ပျက်ယွင်းလာပြီး အခုလို အနံ့ဆိုးတွေ ထွက်လာတာပါပဲ။

penny