သင္ဘယ္ေလာက္ဆိုးဆိုး သင့္ေဘးကထြက္ခြာမသြားမယ့္ ခ်စ္သူမ်ိဳးဆိုတာ ဒီလုိပါ…

သင္ဘယ္ေလာက္ဆိုးဆိုး သင့္ေဘးကထြက္ခြာမသြားမယ့္ ခ်စ္သူမ်ိဳးဆိုတာ ဒီလုိပါ…

ခ်စ္တတ္တဲ့ ေယာက္်ားေလးေတြမရွားေပမယ့္မိန္းကေလးတစ္ေယာက္ကို တစ္ဘ၀လံုးစာအတြက္ရည္ရြယ္ၿပီး ထာ၀ရခ်စ္သြားမယ့္ ေယာက္်ားေလးမ်ိဳးကေတာ့ ရွိေတာ့ရွိတယ္၊ ရွားမယ္ ထင္ပါတယ္ …။

အခု ပရိသတ္ႀကီးကို အဲ့ဒီလို ခပ္ရွားရွားေယာက္်ားေလးေတြရဲ႕ အမူအက်င့္ေတြနဲ႔သူတို႔မွာ ေလးစားစရာေကာင္းတဲ့ ဘယ္လိုအခ်က္ေလးေတြ ရွိေနတယ္ဆိုတာကို ပ်ိဳေမေလးေတြသိေစဖို႔ ေဖာ္ျပေပးလိုက္ရပါတယ္ေနာ္ …။

(၁) ျပႆနာကို ေခါင္းမေရွာင္တတ္ဘူး”

မိန္းကေလးတစ္ေယာက္ကိုတစ္ဘ၀လံုးစာရည္ရြယ္ထားတဲ့ ေယာက္်ားတစ္ေယာက္ဟာ ဘယ္ေလာက္ပဲ အခက္အခဲေတြနဲ႔ႀကံဳပါေစ ေရွာင္ေျပးမသြားပါဘူး …။

မထူးဇာတ္ခင္းၿပီး အရက္နဲ႔ ခံစားခ်က္ေတြကို ေျဖသိမ့္ေနမယ့္ သူမ်ိဳးလည္း မဟုတ္ပါဘူး။ သူ႔အတြက္ တခါတေလ ၿငီးေငြ႕စရာေကာင္းခဲ့မယ္ ဆိုရင္ေတာင္ ဂရုစိုက္မႈ၊အေလးထားမႈေတြနဲ႔ သူ႔ရဲ႕လက္တြဲေဖာ္ကို သက္ေတာင့္ သက္သာ ျဖစ္ေစမွာပါ …။

(၂) သင့္ဘက္ကို အျမဲစဥ္းစားေပးတယ္”

ေယာက္်ားတစ္ေယာက္ ဥာဏ္ပညာႀကီးတာဟာ သူဘယ္ေလာက္ထိ စမတ္က်တယ္၊ ထူးခၽြန္ထက္ျမက္သလဲဆိုတဲ့ အေပၚမွာမမူတည္ဘဲ ႀကံဳေတြ႕လာတဲ့ အခက္အခဲ အေျခအေနေပၚမူတည္ၿပီး အေကာင္းဆံုးအႀကံျပဳခ်က္ေတြ ဘယ္ေလာက္ေပးႏိုင္သလဲ၊ ရႈ႕ေထာင့္ေပါင္းစံုရဲ႕အျမင္ေတြကို ထည့္သြင္းစဥ္းစားႏိုင္သလဲဆိုတဲ့ အေပၚမွာပဲ မူတည္ပါတယ္ …။

အဲဒီလိုခ်စ္သူမ်ိဳးကိုပိုင္ဆိုင္ထားရင္ေတာ့ သင္နဲ႔ပတ္သက္ၿပီးအဆင္မေျပစရာေတြႀကံဳလာခဲ့ရင္ေတာင္ ဘယ္လိုေျဖရွင္း ရမလဲဆိုတာသိလို႔ သင့္ကိုထားသြားဖို႔ မရွိႏိုင္ေတာ့ပါဘူး …။

(၃) သင့္အမွားေတြကို လက္ခံႏိုင္မယ္”

ဒီအခ်က္ေၾကာင့္ သင့္ကို ခြင့္မလႊတ္ႏိုင္တဲ့အမွားမ်ိဳး က်ဴးလြန္ဖို႔ဆိုလိုတာမဟုတ္ပါဘူး။ လူတိုင္းကအမွားနဲ႔ မကင္းႏိုင္ၾကဘူး ဆိုတာကိုေတာ့ သူေကာင္းေကာင္း နားလည္ထားပါတယ္ …။

သင့္ရဲ႕မွားယြင္းေနတဲ့အယူအဆ၊ လုပ္ရပ္ေတြ အတြက္လည္း သူ႔ဘက္က အေကာင္းဆံုးလမ္းျပေပးႏိုင္မွာပါ။ သင့္ရဲ႕အမွားေတြနဲ႔ သင့္ကိုျပန္ၿပီး နာက်င္ေစမွာမဟုတ္ပါဘူးေနာ္ …။

(၄) သူ႔အမွားကို တာ၀န္ယူတယ္”

သင့္ကို တစ္သက္လံုးလက္တြဲသြားမယ့္ ေယာက္်ား တ စ္ေယာက္ဟာ သူ႔အမွား အတြက္ ဘယ္ေတာ့မွ သင့္ကို နာက်င္ေစမွာ မဟုတ္ဘူး …။

သူ႔အမွားကိုလည္း ဘယ္ေတာ့မွ လ်စ္လ်ဴရႈဖံုးကြယ္လိုက္တာမ်ိဳး လုပ္မွာမဟုတ္သလို သင့္ရဲ႕ခြင့္လႊတ္မႈကို အရိုးသားဆံုးနည္းလမ္းနဲ႔ပဲ ေတာင္းခံပါလိမ့္မယ္။ တခါတေလ သူ႔ဘက္ကမွန္ေနခဲ့ရင္ေတာင္ သင့္ကိုနာက်င္ေစမိရင္ သူ႔ကိုသူျပန္ၿပီး အျပစ္တင္ေနတတ္တဲ့ ေယာက္်ားမ်ိဳးပါ ..။

(၅) အခ်ိန္တိုင္းအတူရွိေနမယ္”

ဆိုးတူေကာင္းဖက္ သင့္အနားမွာ ရွိေနေပးတဲ့ ေယာက္်ားတစ္ေယာက္ဟာ သင့္ကို ထားသြားဖို႔ ဘယ္ေတာ့မွစဥ္းစားမွာ မဟုတ္ဘူး။ ခ်စ္သူေတြအတြက္ ေ၀းကြာျခင္းဆိုတာ အႏၱရာယ္တစ္ခု၊ အတားအဆီးတစ္ခုဆုိတာ သူ ေကာင္းေကာင္းနားလည္ထားလို႔ပဲ ျဖစ္ပါတယ္ …။

ဘယ္လိုပဲျဖစ္ျဖစ္ ျပီးျပည့္စံုတဲ့ အခ်စ္ဆိုတာမရွိသလို အရာရာျပည့္စံုေနတဲ့ လူဆိုတာလည္း မရွိပါဘူး။ ဒါေၾကာင့္ ခ်စ္သူေတြ ၾကားမွာ တစ္ေယာက္ရဲ႕အားသာခ်က္၊အားနည္းခ်က္ေတြကို တစ္ေယာက္က နားလည္ေပးဖို႔ ပဲ အေရးႀကီးပါတယ္ေနာ္ …။ ။

Myo Myo(auntymay)

Unicode

သင်ဘယ်လောက်ဆိုးဆိုး သင့်ဘေးကထွက်ခွာမသွားမယ့် ချစ်သူမျိုးဆိုတာ ဒီလိုပါ…

ချစ်တတ်တဲ့ ယောက်ျားလေးတွေမရှားပေမယ့်မိန်းကလေးတစ်ယောက်ကို တစ်ဘဝလုံးစာအတွက်ရည်ရွယ်ပြီး ထာဝရချစ်သွားမယ့် ယောက်ျားလေးမျိုးကတော့ ရှိတော့ရှိတယ်၊ ရှားမယ် ထင်ပါတယ် …။

အခု ပရိသတ်ကြီးကို အဲ့ဒီလို ခပ်ရှားရှားယောက်ျားလေးတွေရဲ့ အမူအကျင့်တွေနဲ့သူတို့မှာ လေးစားစရာကောင်းတဲ့ ဘယ်လိုအချက်လေးတွေ ရှိနေတယ်ဆိုတာကို ပျိုမေလေးတွေသိစေဖို့ ဖော်ပြပေးလိုက်ရပါတယ်နော် …။

(၁) ပြဿနာကို ခေါင်းမရှောင်တတ်ဘူး”

မိန်းကလေးတစ်ယောက်ကိုတစ်ဘဝလုံးစာရည်ရွယ်ထားတဲ့ ယောက်ျားတစ်ယောက်ဟာ ဘယ်လောက်ပဲ အခက်အခဲတွေနဲ့ကြုံပါစေ ရှောင်ပြေးမသွားပါဘူး …။

မထူးဇာတ်ခင်းပြီး အရက်နဲ့ ခံစားချက်တွေကို ဖြေသိမ့်နေမယ့် သူမျိုးလည်း မဟုတ်ပါဘူး။ သူ့အတွက် တခါတလေ ငြီးငွေ့စရာကောင်းခဲ့မယ် ဆိုရင်တောင် ဂရုစိုက်မှု၊အလေးထားမှုတွေနဲ့ သူ့ရဲ့လက်တွဲဖော်ကို သက်တောင့် သက်သာ ဖြစ်စေမှာပါ …။

(၂) သင့်ဘက်ကို အမြဲစဉ်းစားပေးတယ်”

ယောက်ျားတစ်ယောက် ဉာဏ်ပညာကြီးတာဟာ သူဘယ်လောက်ထိ စမတ်ကျတယ်၊ ထူးချွန်ထက်မြက်သလဲဆိုတဲ့ အပေါ်မှာမမူတည်ဘဲ ကြုံတွေ့လာတဲ့ အခက်အခဲ အခြေအနေပေါ်မူတည်ပြီး အကောင်းဆုံးအကြံပြုချက်တွေ ဘယ်လောက်ပေးနိုင်သလဲ၊ ရှု့ထောင့်ပေါင်းစုံရဲ့အမြင်တွေကို ထည့်သွင်းစဉ်းစားနိုင်သလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ် …။

အဲဒီလိုချစ်သူမျိုးကိုပိုင်ဆိုင်ထားရင်တော့ သင်နဲ့ပတ်သက်ပြီးအဆင်မပြေစရာတွေကြုံလာခဲ့ရင်တောင် ဘယ်လိုဖြေရှင်း ရမလဲဆိုတာသိလို့ သင့်ကိုထားသွားဖို့ မရှိနိုင်တော့ပါဘူး …။

(၃) သင့်အမှားတွေကို လက်ခံနိုင်မယ်”

ဒီအချက်ကြောင့် သင့်ကို ခွင့်မလွှတ်နိုင်တဲ့အမှားမျိုး ကျူးလွန်ဖို့ဆိုလိုတာမဟုတ်ပါဘူး။ လူတိုင်းကအမှားနဲ့ မကင်းနိုင်ကြဘူး ဆိုတာကိုတော့ သူကောင်းကောင်း နားလည်ထားပါတယ် …။

သင့်ရဲ့မှားယွင်းနေတဲ့အယူအဆ၊ လုပ်ရပ်တွေ အတွက်လည်း သူ့ဘက်က အကောင်းဆုံးလမ်းပြပေးနိုင်မှာပါ။ သင့်ရဲ့အမှားတွေနဲ့ သင့်ကိုပြန်ပြီး နာကျင်စေမှာမဟုတ်ပါဘူးနော် …။

(၄) သူ့အမှားကို တာဝန်ယူတယ်”

သင့်ကို တစ်သက်လုံးလက်တွဲသွားမယ့် ယောက်ျား တ စ်ယောက်ဟာ သူ့အမှား အတွက် ဘယ်တော့မှ သင့်ကို နာကျင်စေမှာ မဟုတ်ဘူး …။

သူ့အမှားကိုလည်း ဘယ်တော့မှ လျစ်လျူရှုဖုံးကွယ်လိုက်တာမျိုး လုပ်မှာမဟုတ်သလို သင့်ရဲ့ခွင့်လွှတ်မှုကို အရိုးသားဆုံးနည်းလမ်းနဲ့ပဲ တောင်းခံပါလိမ့်မယ်။ တခါတလေ သူ့ဘက်ကမှန်နေခဲ့ရင်တောင် သင့်ကိုနာကျင်စေမိရင် သူ့ကိုသူပြန်ပြီး အပြစ်တင်နေတတ်တဲ့ ယောက်ျားမျိုးပါ ..။

(၅) အချိန်တိုင်းအတူရှိနေမယ်”

ဆိုးတူကောင်းဖက် သင့်အနားမှာ ရှိနေပေးတဲ့ ယောက်ျားတစ်ယောက်ဟာ သင့်ကို ထားသွားဖို့ ဘယ်တော့မှစဉ်းစားမှာ မဟုတ်ဘူး။ ချစ်သူတွေအတွက် ဝေးကွာခြင်းဆိုတာ အန္တရာယ်တစ်ခု၊ အတားအဆီးတစ်ခုဆိုတာ သူ ကောင်းကောင်းနားလည်ထားလို့ပဲ ဖြစ်ပါတယ် …။

ဘယ်လိုပဲဖြစ်ဖြစ် ပြီးပြည့်စုံတဲ့ အချစ်ဆိုတာမရှိသလို အရာရာပြည့်စုံနေတဲ့ လူဆိုတာလည်း မရှိပါဘူး။ ဒါကြောင့် ချစ်သူတွေ ကြားမှာ တစ်ယောက်ရဲ့အားသာချက်၊အားနည်းချက်တွေကို တစ်ယောက်က နားလည်ပေးဖို့ ပဲ အရေးကြီးပါတယ်နော် …။ ။

Myo Myo(auntymay)