ခ်စ္သူနဲ႔ ကိုယ္နဲ႔ၾကားမွာ ထားရမယ့္စည္းကမ္းေတြ

ဖုန္းေတြ အတင္းယူၾကည့္တာ၊ Social မွာ စိတ္ႀကိဳက္ ေမႊေႏွာက္တာေတြက ကိုယ္နဲ႔ ခ်စ္သူၾကားမွာ ယုံၾကည္ခ်က္ေတြ နည္းသလို ခံစားေစရမွာပါ။

စုံတြဲေလးတို႔ေရ ခ်စ္သူေတြျဖစ္ၿပီဆိုရင္ ဘယ္ေလာက္ပဲ ရင္းႏွီးရင္းႏွီး ဘယ္ေလာက္ပဲ ခ်စ္ခ်စ္ ထားရမယ့္ စည္းကမ္းေတြကေတာ့ ရွိပါတယ္ေနာ္။ ခ်စ္သူနဲ႔ ကိုယ့္ၾကားမွာ စည္းကမ္းေလးေတြ ရွိမွသာ ႏွစ္ေယာက္စလုံးရဲ့ ခ်စ္ျခင္းေမတၱာက ပိုၿပီးခိုင္ျမဲမွာပါ။

ဒီေတာ့ ခ်စ္သူေတြၾကားထဲမွာ ဘယ္လိုစည္းကမ္းေတြ ထားရမလဲဆိုတာ ေျပာျပမယ္ေနာ္။

ခ်စ္သူေတြၾကားမွာ ဒီအခ်က္က အေရးအႀကီးဆုံး အခ်က္ျဖစ္မွာပါ။ ဖုန္း၊ Social ေတြနဲ႔ပတ္သက္ၿပီးေတာ့ Privacy ရွိဖို႔ လိုပါတယ္ေနာ္။ ခ်စ္သူခ်င္းဆိုေပမယ့္ ယုံၾကည္ခ်က္ေတြ ရွိေနဖို႔ လိုပါတယ္။

ဖုန္းေတြ အတင္းယူၾကည့္တာ၊ Social မွာ စိတ္ႀကိဳက္ ေမႊေႏွာက္တာေတြက ကိုယ္နဲ႔ ခ်စ္သူၾကားမွာ ယုံၾကည္ခ်က္ေတြ နည္းသလို ခံစားေစရမွာပါ။ ဒါေၾကာင့္ သူမသိဘဲ ယူၾကည့္တာမ်ိဳး မလုပ္ပါနဲ႔။

သည္းခံတိုင္း မဆိုးပါနဲ႔

ခ်စ္သူသမီးရည္းစားအတြဲတစ္တြဲမွာ သည္းခံတဲ့သူဆိုတာ ရွိပါတယ္။ တခ်ိဳ႕အတြဲေတြမွာ ေယာက်္ားေလးက သည္းခံတာေတြ ရွိသလို မိန္းကေလးက သည္းခံတာေတြလည္း ရွိပါတယ္။

ဘယ္သူကပဲ သည္းခံသည္းခံ အတိုင္းအတာတစ္ခုရွိတယ္ဆိုတာကို မေမ့ပါနဲ႔။ သူ ငါ့ကို သည္းခံတာပဲေလ ငါဘာလုပ္လုပ္ သည္းခံမွာပဲလို႔ မေတြးပါနဲ႔။ သည္းခံတိုင္းဆိုးေနမယ္ဆိုရင္ခ်စ္သူက စိတ္ကုန္လာပါလိမ့္မယ္။

သူစိမ္းေတြနဲ႔ ဆက္ဆံေရး

ခ်စ္သူနဲ႔ ကိုယ့္ၾကားမွာ ေနာက္ထပ္ ထားရမယ့္ စည္းကမ္းကေတာ့ တျခားသူစိမ္းေတြနဲ႔ ဆက္ဆံေရးပါ။ တျခား သူစိမ္းေယာက်္ားေလးေတြနဲ႔ ေျပာဆိုဆက္ဆံတဲ့အခါမွာလည္း ကိုယ့္ခ်စ္သူ စိတ္ခ်ရတဲ့ အေနအထား ျဖစ္ဖို႔ လိုပါတယ္။

ေကာင္ေလးေတြလည္း ဒီလိုပါပဲ မိန္းကေလးေတြနဲ႔ ေျပာဆိုဆက္ဆံတဲ့အခါမွာလည္း ကိုယ့္ခ်စ္သူ စိတ္ခ်ရတဲ့ အေနအထား ျဖစ္ဖို႔ လိုပါတယ္။ ဒါက ကိုယ္နဲ႔ ခ်စ္သူၾကားမွာ ထားရမယ့္ စည္းကမ္းေတြပါပဲ။

စကားေျပာတဲ့အခါ

ခ်စ္သူေတြၾကားထဲမွာ စကားေျပာတဲ့အခါမွာလည္း စည္းကမ္းရွိဖို႔ လိုပါတယ္။ ငါ့ခ်စ္သူပဲဆိုၿပီး စိတ္ရွိတိုင္း ေျပာဆိုလို႔ေတာ့ မရဘူးေနာ္။ စကားေျပာတဲ့အခါ ကိုယ့္ခ်စ္သူ ႀကိဳက္မယ့္၊ လက္ခံေလာက္မယ့္ စကားလုံးမ်ိဳးေတြနဲ႔ ေျပာပါ။

ကိုယ့္ခ်စ္သူက ေအးေအးေဆးေဆး ေျပာျပလို႔ နားဝင္တယ္ဆိုရင္ ေအးေအးေဆးေဆးသာ ေျပာပါ။ သူ စိတ္ထိခိုက္ေစနိုင္မယ့္ စကားေတြ၊ စိတ္ခုေစမယ့္ စကားေတြနဲ႔ အနိုင္မယူတာ အေကာင္းဆုံးပါ။

unicode..

ဖုန်းတွေ အတင်းယူကြည့်တာ၊ Social မှာ စိတ်ကြိုက် မွှေနှောက်တာတွေက ကိုယ်နဲ့ ချစ်သူကြားမှာ ယုံကြည်ချက်တွေ နည်းသလို ခံစားစေရမှာပါ။

စုံတွဲလေးတို့ရေ ချစ်သူတွေဖြစ်ပြီဆိုရင် ဘယ်လောက်ပဲ ရင်းနှီးရင်းနှီး ဘယ်လောက်ပဲ ချစ်ချစ် ထားရမယ့် စည်းကမ်းတွေကတော့ ရှိပါတယ်နော်။ ချစ်သူနဲ့ ကိုယ့်ကြားမှာ စည်းကမ်းလေးတွေ ရှိမှသာ နှစ်ယောက်စလုံးရဲ့ ချစ်ခြင်းမေတ္တာက ပိုပြီးခိုင်မြဲမှာပါ။

ဒီတော့ ချစ်သူတွေကြားထဲမှာ ဘယ်လိုစည်းကမ်းတွေ ထားရမလဲဆိုတာ ပြောပြမယ်နော်။

ချစ်သူတွေကြားမှာ ဒီအချက်က အရေးအကြီးဆုံး အချက်ဖြစ်မှာပါ။ ဖုန်း၊ Social တွေနဲ့ပတ်သက်ပြီးတော့ Privacy ရှိဖို့ လိုပါတယ်နော်။ ချစ်သူချင်းဆိုပေမယ့် ယုံကြည်ချက်တွေ ရှိနေဖို့ လိုပါတယ်။

ဖုန်းတွေ အတင်းယူကြည့်တာ၊ Social မှာ စိတ်ကြိုက် မွှေနှောက်တာတွေက ကိုယ်နဲ့ ချစ်သူကြားမှာ ယုံကြည်ချက်တွေ နည်းသလို ခံစားစေရမှာပါ။ ဒါကြောင့် သူမသိဘဲ ယူကြည့်တာမျိုး မလုပ်ပါနဲ့။

သည်းခံတိုင်း မဆိုးပါနဲ့

ချစ်သူသမီးရည်းစားအတွဲတစ်တွဲမှာ သည်းခံတဲ့သူဆိုတာ ရှိပါတယ်။ တချို့အတွဲတွေမှာ ယောကျ်ားလေးက သည်းခံတာတွေ ရှိသလို မိန်းကလေးက သည်းခံတာတွေလည်း ရှိပါတယ်။

ဘယ်သူကပဲ သည်းခံသည်းခံ အတိုင်းအတာတစ်ခုရှိတယ်ဆိုတာကို မမေ့ပါနဲ့။ သူ ငါ့ကို သည်းခံတာပဲလေ ငါဘာလုပ်လုပ် သည်းခံမှာပဲလို့ မတွေးပါနဲ့။ သည်းခံတိုင်းဆိုးနေမယ်ဆိုရင်ချစ်သူက စိတ်ကုန်လာပါလိမ့်မယ်။

သူစိမ်းတွေနဲ့ ဆက်ဆံရေး

ချစ်သူနဲ့ ကိုယ့်ကြားမှာ နောက်ထပ် ထားရမယ့် စည်းကမ်းကတော့ တခြားသူစိမ်းတွေနဲ့ ဆက်ဆံရေးပါ။ တခြား သူစိမ်းယောကျ်ားလေးတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာလည်း ကိုယ့်ချစ်သူ စိတ်ချရတဲ့ အနေအထား ဖြစ်ဖို့ လိုပါတယ်။

ကောင်လေးတွေလည်း ဒီလိုပါပဲ မိန်းကလေးတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာလည်း ကိုယ့်ချစ်သူ စိတ်ချရတဲ့ အနေအထား ဖြစ်ဖို့ လိုပါတယ်။ ဒါက ကိုယ်နဲ့ ချစ်သူကြားမှာ ထားရမယ့် စည်းကမ်းတွေပါပဲ။

စကားပြောတဲ့အခါ

ချစ်သူတွေကြားထဲမှာ စကားပြောတဲ့အခါမှာလည်း စည်းကမ်းရှိဖို့ လိုပါတယ်။ ငါ့ချစ်သူပဲဆိုပြီး စိတ်ရှိတိုင်း ပြောဆိုလို့တော့ မရဘူးနော်။ စကားပြောတဲ့အခါ ကိုယ့်ချစ်သူ ကြိုက်မယ့်၊ လက်ခံလောက်မယ့် စကားလုံးမျိုးတွေနဲ့ ပြောပါ။

ကိုယ့်ချစ်သူက အေးအေးဆေးဆေး ပြောပြလို့ နားဝင်တယ်ဆိုရင် အေးအေးဆေးဆေးသာ ပြောပါ။ သူ စိတ်ထိခိုက်စေနိုင်မယ့် စကားတွေ၊ စိတ်ခုစေမယ့် စကားတွေနဲ့ အနိုင်မယူတာ အကောင်းဆုံးပါ။