ကိုကို ေတြနဲ႔ ခ်စ္မိရင္.…ဒီလို အခ်က္ေတြနဲ႔ အခ်စ္ခံရမွာပါ…

ကိုကို ေတြနဲ႔ ခ်စ္မိရင္.…ဒီလို အခ်က္ေတြနဲ႔ အခ်စ္ခံရမွာပါ…

ကိုကိုေတြကို ခ်စ္မိရင္ ပိုၿပီး အခ်စ္ခံရတယ္။ ပိုၿပီးဆိုးလို႔ရသလို ကေလးတစ္ေယာက္လိုလည္း ခြၽဲလို႔ရပါတယ္။ ကိုကိုေတြက ဆုံးမတတ္သလို လမ္းျပေပးတတ္ပါတယ္။

အဲ့ဒါေၾကာင့္ မိန္းကေလးအမ်ားစုက ကိုကိုေတြကို ခ်စ္ၾကတာက မ်ားပါတယ္ …။

၁။ ကိုကို နဲ႔ခ်စ္မိရင္ ။ ။ အေရးေပးခံရတယ္”

ဘယ္ကိစၥမဆို သင့္ကိုအေရးေပးတယ္။ သင့္ဆုံးျဖတ္ခ်က္ကိုလည္း အေရးေပးၿပီး ဦးစားေပးတယ္။ သူလုပ္ခ်င္တာထက္ သင္လုပ္ခ်င္တာ၊ ျဖစ္ခ်င္တာကို ဦးစားေပးတယ္။

သင္ထက္ အသက္တစ္ႏွစ္ပဲ ႀကီးတယ္ဆိုရင္ေတာင္ သင့္ကို ကေလးတစ္ေယာက္လို ခ်စ္ေနတတ္ေသးတယ္ …။

၂။ ကိုကို နဲ႔ ခ်စ္မိရင္ ။ ။ အေသးစိတ္ကအစ ဂ႐ုစိုက္ခံရတယ္”

သင္မွာေမ့တတ္တာရွိရင္ အၿမဲသတိလိုက္ေပးေနတတ္တယ္။ သင့္ရဲ႕အေသးစိတ္လိုအပ္ခ်က္ကအစ ဂ႐ုစိုက္ေပးတယ္။ ကိုကိုေတြက အႀကီးဆိုၿပီး အနစ္နာလည္းခံတတ္ေသးတယ္။

သင္အျပစ္လုပ္မိလို႔ “ေဆာရီးေနာ္ ကိုကို” လို႔ ေျပာလိုက္တာနဲ႔ အရည္ေပ်ာ္သြားတတ္တာ ကိုကိုေတြပါေနာ္ …။

၃။ ကိုကို နဲ႔ ခ်စ္မိရင္ ။ ။ သဝန္တိုတာေတြမရွိဘူး”

ကိုကိုေတြက ရင့္က်က္ေနၿပီျဖစ္လို႔ သဝန္တိုတာေတြ မရွိပါဘူး။ သဝန္တိုတယ္ဆိုတာ တစ္ေယာက္နဲ႔တစ္ေယာက္ မယုံၾကည္ရမွသာ သဝန္တိုၾကတာလို႔ ေတြးေနတတ္ၾကတာ

ကိုကိုေတြပါ။ ကိုကိုေတြ အမ်ားစုက သဝန္မတိုၾကပါဘူး။ ဒါေပမယ့္ ကိုကိုေတြ သဝန္တိုၿပီဆိုရင္ေတာ့ သူမ်ားနဲ႔မတူေအာင္ကို တိုတတ္ၾကပါတယ္ …။

၄။ ကိုကို နဲ႔ ခ်စ္မိရင္ ။ ။ ဆုံးမတာခံရတယ္”

အတိုအျပတ္ေတြဝတ္ရင္ ဆုံးမတတ္ေသးတာ ကိုကိုေတြပါ။ ျမန္မာဆန္တာေလးမွ ကိုကိုေတြက ရင္ခုန္တတ္ၾကတာပါ။ ကိုကိုေတြက သူတို႔ရခဲ့တဲ့

ဘဝသင္ခန္းစာေတြနဲ႔ ဆုံးမတတ္ေသးတယ္။ မွားေနတာရွိရင္ အမွန္ကို လမ္းျပတတ္ပါ ေသးတယ္ …။

၅။ ကိုကို နဲ႔ ခ်စ္မိရင္ ။ ။ အလိုလိုက္ခံရတယ္”

ကိုကိုေတြက အႀကီးဆိုၿပီး အလိုလိုက္တတ္ေသးတယ္။ ကိုကိုနဲ႔ခ်စ္မိရင္ေတာ့ အလိုလိုက္ခံရတယ္။ သင္ဆိုးသမွ်ကိုလည္း သည္းခံတတ္တယ္။ အခြၽဲခံရတာ ႀကိဳက္ၾကတာ ကိုကိုေတြပါပဲ …။ ။

Hannwe Soe (Auntymay)

Unicode

ကိုကို တွေနဲ့ ချစ်မိရင်.…ဒီလို အချက်တွေနဲ့ အချစ်ခံရမှာပါ…

ကိုကိုတွေကို ချစ်မိရင် ပိုပြီး အချစ်ခံရတယ်။ ပိုပြီးဆိုးလို့ရသလို ကလေးတစ်ယောက်လိုလည်း ချွဲလို့ရပါတယ်။ ကိုကိုတွေက ဆုံးမတတ်သလို လမ်းပြပေးတတ်ပါတယ်။

အဲ့ဒါကြောင့် မိန်းကလေးအများစုက ကိုကိုတွေကို ချစ်ကြတာက များပါတယ် …။

၁။ ကိုကို နဲ့ချစ်မိရင် ။ ။ အရေးပေးခံရတယ်”

ဘယ်ကိစ္စမဆို သင့်ကိုအရေးပေးတယ်။ သင့်ဆုံးဖြတ်ချက်ကိုလည်း အရေးပေးပြီး ဦးစားပေးတယ်။ သူလုပ်ချင်တာထက် သင်လုပ်ချင်တာ၊ ဖြစ်ချင်တာကို ဦးစားပေးတယ်။

သင်ထက် အသက်တစ်နှစ်ပဲ ကြီးတယ်ဆိုရင်တောင် သင့်ကို ကလေးတစ်ယောက်လို ချစ်နေတတ်သေးတယ် …။

၂။ ကိုကို နဲ့ ချစ်မိရင် ။ ။ အသေးစိတ်ကအစ ဂရုစိုက်ခံရတယ်”

သင်မှာမေ့တတ်တာရှိရင် အမြဲသတိလိုက်ပေးနေတတ်တယ်။ သင့်ရဲ့အသေးစိတ်လိုအပ်ချက်ကအစ ဂရုစိုက်ပေးတယ်။ ကိုကိုတွေက အကြီးဆိုပြီး အနစ်နာလည်းခံတတ်သေးတယ်။

သင်အပြစ်လုပ်မိလို့ “ဆောရီးနော် ကိုကို” လို့ ပြောလိုက်တာနဲ့ အရည်ပျော်သွားတတ်တာ ကိုကိုတွေပါနော် …။

၃။ ကိုကို နဲ့ ချစ်မိရင် ။ ။ သဝန်တိုတာတွေမရှိဘူး”

ကိုကိုတွေက ရင့်ကျက်နေပြီဖြစ်လို့ သဝန်တိုတာတွေ မရှိပါဘူး။ သဝန်တိုတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် မယုံကြည်ရမှသာ သဝန်တိုကြတာလို့ တွေးနေတတ်ကြတာ

ကိုကိုတွေပါ။ ကိုကိုတွေ အများစုက သဝန်မတိုကြပါဘူး။ ဒါပေမယ့် ကိုကိုတွေ သဝန်တိုပြီဆိုရင်တော့ သူများနဲ့မတူအောင်ကို တိုတတ်ကြပါတယ် …။

၄။ ကိုကို နဲ့ ချစ်မိရင် ။ ။ ဆုံးမတာခံရတယ်”

အတိုအပြတ်တွေဝတ်ရင် ဆုံးမတတ်သေးတာ ကိုကိုတွေပါ။ မြန်မာဆန်တာလေးမှ ကိုကိုတွေက ရင်ခုန်တတ်ကြတာပါ။ ကိုကိုတွေက သူတို့ရခဲ့တဲ့

ဘဝသင်ခန်းစာတွေနဲ့ ဆုံးမတတ်သေးတယ်။ မှားနေတာရှိရင် အမှန်ကို လမ်းပြတတ်ပါ သေးတယ် …။

၅။ ကိုကို နဲ့ ချစ်မိရင် ။ ။ အလိုလိုက်ခံရတယ်”

ကိုကိုတွေက အကြီးဆိုပြီး အလိုလိုက်တတ်သေးတယ်။ ကိုကိုနဲ့ချစ်မိရင်တော့ အလိုလိုက်ခံရတယ်။ သင်ဆိုးသမျှကိုလည်း သည်းခံတတ်တယ်။ အချွဲခံရတာ ကြိုက်ကြတာ ကိုကိုတွေပါပဲ …။ ။

Hannwe Soe (Auntymay)