ခနခန ဘုရားပန်းမလဲရအောင် တာရှည်ခံ လှပတဲ့ ဘုရားပန်းထိုးနည်း

ရာသီဥတုကြောင့် ရော ပန်းတွေက ရေတွေကြောင့်ပါ ဘုရားပန်းတွေက သိပ်မခံဖြစ်ကြတာ အိမ်ရှင်မတိုင်းသိပါတယ်နော်။ ဒီနေ့တော့ အိမ်ရှင်မတို့ ဘုရားပန်းကပ်တဲ့အခါ ဘုရားပန်းကို လှပသပ္ပါယ်အောင်ရယ် တာရှည်ခံအောင်

ရယ် လုပ်တဲ့ နည်းလေးကိုပုံလေးတွေနဲ့ တကွ ပြန်လည်မျှဝေလိုက်ပါတယ်….အသုံးဝင်မယ်ထင်ပါတယ်…ဖတ်ကြည့်လိုက်ပါနော်ငယ်ငယ်က မေမေက ဘုရားပန်းအိုးထိုးခိုင်းရင် ပန်းတွေကို ကိုယ်က လှလှလေး စီပြီး ထိုး

ထားလိုက်၊ သူတို့က လည်သွားလိုက်နဲ့စိတ်ထဲ ကသိကအောင့် ဖြစ်ခဲ့ဖူးတယ်။ကိုယ်ထိုးထားတဲ့ ပန်းအိုးလေး လှနေရင် ပန်းလေးတွေကို ကြည့်ပြီး ကြည်နူးမိ ပီတိဖြစ်မိကြတယ် မဟုတ်လား။အခုနောက်ပိုင်း ပန်းအိုးထိုးတိုင်း လွယ်ကူ

မြန်ဆန်ပြီး လှတယ်လို့ ထင်မိလို့ ကျွန်မ ထိုးနေကျ ပုံစံလေး ဝေမျှ ပေးလိုက်ပါတယ်။ (ပညာရှင်တော့ မဟုတ်ပါဘူးရှင်)။

ဒီအချက်တွေက ပန်းကြာကြာခံအောင်လို့ အခြေခံ လိုက်နာရမယ့် အချက်တွေပါ။ပန်းတွေကို ဝယ်လာတဲ့အခါ ဇောက်ထိုး ကိုင်ပေးပါ။ နေရောင်ကို များများရလေ ပန်းက ညှိုးလွယ်လေမို့ပါ။ပန်းတွေကို ဆေးကြောသန့်စင်တဲ့အခါ

ဇောက်ထိုးကိုင်ပြီး ရေလောင်းပါ။ အပွင့်များပေါ်မှ ရေများ ကုန်အောင် ခါချပေးပါ။ပွင့်ဖတ်တွေပေါ်မှာ ရေတွေ တင်နေရင် ရေရဲ့အလေးချိန်ကြောင့် ပန်းကြာကြာမခံပါဘူးရှင်။ပန်းထိုးထဲက ရေနဲ့ထိမယ့် နေရာက အရွက်တွေကို ကုန်

အောင် ခြွေပေးပါ။ရိုးတံကို ဖြတ်တဲ့အခါ အဆစ်နားကပ်မဖြတ်ပါနဲ့။အဆစ်အောက် တစ်လက်မခန့်ကနေ ၄၅ ဒီဂရီ စောင်းပြီး ဖြတ်ပါရှင်။ ဒါမှ ရေစုပ်ယူအားကောင်းပြီး ပန်းကြာကြာခံမှာပါ။ပန်းအိုးရေကို ခဏခဏ ပြန်လဲပေးပါ။

၁ပတ် ၁ခါ ပန်းကို ၁ ဆစ် တိုအောင် ဖြတ်ပါ။ပုံလေးတွေ အဆုံးထိ ကြည့်ပြီး ကိုယ်နဲ့ ပန်းအိုးထိုးတဲ့နည်း တူမတူ ပြောခဲ့ပေးနော်။ခုလို ပန်းအိုးထိုးနည်းပြောပြတဲ့ အစ်မအတွက်လည်း ကျေးဇူးတင်စကားဆိုခဲ့ပေးပါအုံးနော်..

Source ; Sandi Maung

Zawgyi Version

ရာသီဥတုေၾကာင့္ ေရာ ပန္းေတြက ေရေတြေၾကာင့္ပါ ဘုရားပန္းေတြက သိပ္မခံျဖစ္ၾကတာ အိမ္ရွင္မတိုင္းသိပါတယ္ေနာ္။ ဒီေန႔ေတာ့ အိမ္ရွင္မတို႔ ဘုရားပန္းကပ္တဲ့အခါ ဘုရားပန္းကို လွပသပၸါယ္ေအာင္ရယ္ တာရွည္ခံေအာင္

ရယ္ လုပ္တဲ့ နည္းေလးကိုပုံေလးေတြနဲ႔ တကြ ျပန္လည္မွ်ေဝလိုက္ပါတယ္….အသုံးဝင္မယ္ထင္ပါတယ္…ဖတ္ၾကည့္လိုက္ပါေနာ္ငယ္ငယ္က ေမေမက ဘုရားပန္းအိုးထိုးခိုင္းရင္ ပန္းေတြကို ကိုယ္က လွလွေလး စီၿပီး

ထိုးထားလိုက္၊ သူတို႔က လည္သြားလိုက္နဲ႔စိတ္ထဲ ကသိကေအာင့္ ျဖစ္ခဲ့ဖူးတယ္။ကိုယ္ထိုးထားတဲ့ ပန္းအိုးေလး လွေနရင္ ပန္းေလးေတြကို ၾကည့္ၿပီး ၾကည္ႏူးမိ ပီတိျဖစ္မိၾကတယ္ မဟုတ္လား။အခုေနာက္ပိုင္း ပန္းအိုးထိုးတိုင္း လြယ္ကူ

ျမန္ဆန္ၿပီး လွတယ္လို႔ ထင္မိလို႔ ကြၽန္မ ထိုးေနက် ပုံစံေလး ေဝမွ် ေပးလိုက္ပါတယ္။ (ပညာရွင္ေတာ့ မဟုတ္ပါဘူးရွင္)။

ဒီအခ်က္ေတြက ပန္းၾကာၾကာခံေအာင္လို႔ အေျခခံ လိုက္နာရမယ့္ အခ်က္ေတြပါ။ပန္းေတြကို ဝယ္လာတဲ့အခါ ေဇာက္ထိုး ကိုင္ေပးပါ။ ေနေရာင္ကို မ်ားမ်ားရေလ ပန္းက ညႇိဳးလြယ္ေလမို႔ပါ။ပန္းေတြကို ေဆးေၾကာသန႔္စင္တဲ့အခါ

ေဇာက္ထိုးကိုင္ၿပီး ေရေလာင္းပါ။ အပြင့္မ်ားေပၚမွ ေရမ်ား ကုန္ေအာင္ ခါခ်ေပးပါ။ပြင့္ဖတ္ေတြေပၚမွာ ေရေတြ တင္ေနရင္ ေရရဲ႕အေလးခ်ိန္ေၾကာင့္ ပန္းၾကာၾကာမခံပါဘူးရွင္။ပန္းထိုးထဲက ေရနဲ႔ထိမယ့္ ေနရာက အ႐ြက္ေတြကို ကုန္

ေအာင္ ေႁခြေပးပါ။႐ိုးတံကို ျဖတ္တဲ့အခါ အဆစ္နားကပ္မျဖတ္ပါနဲ႔။အဆစ္ေအာက္ တစ္လက္မခန႔္ကေန ၄၅ ဒီဂရီ ေစာင္းၿပီး ျဖတ္ပါရွင္။ ဒါမွ ေရစုပ္ယူအားေကာင္းၿပီး ပန္းၾကာၾကာခံမွာပါ။ပန္းအိုးေရကို ခဏခဏ ျပန္လဲေပးပါ။

၁ပတ္ ၁ခါ ပန္းကို ၁ ဆစ္ တိုေအာင္ ျဖတ္ပါ။ပုံေလးေတြ အဆုံးထိ ၾကည့္ၿပီး ကိုယ္နဲ႔ ပန္းအိုးထိုးတဲ့နည္း တူမတူ ေျပာခဲ့ေပးေနာ္။ခုလို ပန္းအိုးထိုးနည္းေျပာျပတဲ့ အစ္မအတြက္လည္း ေက်းဇူးတင္စကားဆိုခဲ့ေပးပါအုံးေနာ္..

Source ; Sandi Maung