လက္ေခ်ာင္းေလးေတြကို ေကြး၊ဆန႔္႐ုံျဖင့္ ရရွိလာႏိုင္မယ္႔ အက်ိဳးေက်းဇူးမ်ား…

လက္ေခ်ာင္းေလးေတြကို ေကြး၊ဆန႔္႐ုံျဖင့္ ရရွိလာႏိုင္မယ္႔ အက်ိဳးေက်းဇူးမ်ား…

လက္စြပ္ဝတ္တဲ့ လက္သူႂကြယ္နဲ႔လက္ညႇိုးတို႔ကို အေကြးအဆန႔္လုပ္႐ုံနဲ႔ ခႏၶာ ကိုယ္ရဲ႕ က်န္းမာေရးအတြက္ အမ်ားႀကီး အေထာက္အကူျဖစ္ေစတယ္ လို႔ ေျပာရင္ အံ့အားသင့္ေကာင္းသင့္ၾကမွာပါ။ ဒါေပမယ့္ ဒါဟာတကယ္ပါ။ အထက္ပါပုံမွာ ျပထားတဲ့ အဲ့ဒီလိုလက္အေနအထား(position) ကို မုဒရာ(mudras)လို႔ ေခၚၿပီး၊ ေယာဂက်င့္စဥ္မွာေတာ့ တကယ့္ကို အေရးႀကီးတဲ့ အခန္းက႑မွာပါ၀င္တဲ့ အေနအထားတစ္ခု ျဖစ္ပါတယ္ …။

လက္ေခ်ာင္းေလးေတြ မွာ အာ႐ုံေၾကာေတြအဆုံးသတ္ေတြ အမ်ားႀကီး စုပုံေနပါတယ္။ ဒီနည္းလမ္းေတြ ကို လက္ေခ်ာင္းကိုအသုံးျပဳတဲ့ ေယာဂက်င့္စဥ္လို႔လည္း အလြယ္သတ္မွတ္ လို႔ရပါတယ္။ စကၠန႔္အနည္းငယ္ေလာက္ လုပ္ေပးျခင္းအားျဖင့္ ခႏၶာကိုယ္ရဲ့ က်န္းမာေရးအတြက္ အမ်ားႀကီးအေထာက္အကူျဖစ္ေစမွာပဲ ျဖစ္ပါတယ္ …။

(1) Gyan Mudra

ထိုင္လ်က္ေယာဂက်င့္တဲ့အခါမွာ ထိုင္တဲဲ့ပုံစံကို ေတြ႕ဖူးၾကမွာပါ။ အဲ့ဒီလို တင္ပ််ဥ္ေခြ ထိုင္ရ မွာပါ။ ခါးကိုမတ္ မတ္ထား၊လက္ေတြကို ဒူးတစ္ဖက္စီမွာခ် ထားပါ။ လက္ညႇိုးနဲ႔လက္မကို ပုံမွာျပထားတဲ့အတိုင္း ထိထားရမွာ ျဖစ္ပါတယ္။ အဲ့ဒီလို ထိုင္ေပးျခင္းအားျဖင့္ အာ႐ုံစူးစိုက္မႈ ေကာင္းမြန္လာေစကာ အိပ္မေပ်ာ္တာနဲ႔ စိတ္ဓါတ္က်တာေတြကို ေလ်ာ့ပါးေအာင္ ကုစားေပးႏိုင္ပါတယ္ …။

(2) Vaya Mudra

ပုံမွာျပထားတဲ့ အတိုင္းလက္ညႇိုးကို ေကြးၿပီး လက္မနဲ႔ဖိထားေပးရမွာပါ။ တစ္ခု သတိထားရမွာက လက္မရဲ့ေအာက္ေျခနဲ႔ထိေအာင္ ဖိထားေပးရမွာပါ။ခႏၶာ ကိုယ္အတြက္ မလိုအပ္တဲ့ ဂတ္စ္ေတြကိုဖယ္ ရွားေပးနိုင္ကာ၊ေလပြတာ အစရွိတဲ့ ေလနဲ႔ဆိုင္တဲ့ ေရာဂါေတြအတြက္ ေကာင္းပါတယ္ …။

(3) Prithvi Mudra

လက္မနဲ႔လက္သူႂကြယ္ကို ပုံမွာျပထားတဲ့အတိုင္း အဖ်ားေလးႏွစ္ခုကို ထိေပး ရမွာပါ။က်န္လက္ေခ်ာင္းေတြကိုေတာ့ ဆန႔္ထုတ္ေပးထားရမွာပါ။ ဒီလို လုပ္ေပးျခင္းအားျဖင့္ ခႏၶာကိုယ္ရဲ႕(ပထဝီ =ေျမဓါတ္) ကို ညီမၽွေစပါတယ္။ ေသြးလည္ ပတ္မႈနဲ႔ အစာေျခဖ်က္မႈအားကို ေကာင္းေစပါတယ္ …။

(4) Agni Mudra

လက္သူႂကြယ္ကို လက္ဖဝါးစီေရာက္ေအာင္ ေကြးထားၿပီး လက္မနဲ႔ဖိထားေပး ရမွာပါ။ကိုလက္စထေရာနဲ႔အဆီကို ေလ်ာ့က်ေစသလို ဇီဝျဖစ္စဥ္ေတြကိုပါ တိုးတက္ ေကာင္းမြန္ေစႏိုင္ပါတယ္ …။

(5) Jal Mudra

လက္မနဲ႔လက္သန္းထိပ္ႏွစ္ခုကို ထိေပးရမွာပါ။ထိ႐ုံေလးထိရမွာျဖစ္ၿပီး အရမ္း ႀကီး ဖိဖို႔မလိုပါဘူး။ခႏၶာကိုယ္ရဲ့နာက်င္မွုကိုသက္သာေစ၊ေသြး လွည့္ပတ္မႈကို ေကာင္းမြန္ေစကာ၊ ပါးစပ္ေျခာက္(ႏႈတ္ခမ္းေျခာက္)တာေတြကို ေလ်ာ့ပါးသက္သာ ေစပါတယ္ …။

(6) Shunya Mudra

လက္ခလယ္ကို လက္မနဲ႔ဖိရမွာပါ။လက္မရဲ့ေအာက္ေျခနဲ႔ဖိရမွာပါ။ အျမင္အာ ႐ုံမူးေနာက္၊ မူးေဝတာ၊ နား၊ ႏွာေခါင္းနဲ႔ လၽွာမွာျဖစ္တတ္တဲ့ ေရာဂါေတြအတြက္ ေကာင္းမြန္ေစပါတယ္ …။

(7)Prana Healing

လက္သန္း၊လက္သူႂကြယ္ကိုေကြးၿပီး လက္မထိပ္နဲ႔ပုံမွာျပထားတဲ့အတိုင္း ထိထားေပးရမွာပါ။ခႏၶာကိုယ္ကို အင္အားျပည့္ဝလာေစကာ ကိုယ္ခံအားစနစ္ကို ပိုေကာင္းလာေစသလို မ်က္လုံးေရာဂါေတြအတြက္လည္း ေကာင္းေစပါတယ္ …။ ။

Ref;gofitstayfit

[Unicode]

လက်ချောင်းလေးတွေကို ကွေး၊ဆန့်ရုံဖြင့် ရရှိလာနိုင်မယ့် အကျိုးကျေးဇူးများ…

လက်စွပ်ဝတ်တဲ့ လက်သူကြွယ်နဲ့လက်ညှိုးတို့ကို အကွေးအဆန့်လုပ်ရုံနဲ့ ခန္ဓာ ကိုယ်ရဲ့ ကျန်းမာရေးအတွက် အများကြီး အထောက်အကူဖြစ်စေတယ် လို့ ပြောရင် အံ့အားသင့်ကောင်းသင့်ကြမှာပါ။ ဒါပေမယ့် ဒါဟာတကယ်ပါ။ အထက်ပါပုံမှာ ပြထားတဲ့ အဲ့ဒီလိုလက်အနေအထား(position) ကို မုဒရာ(mudras)လို့ ခေါ်ပြီး၊ ယောဂကျင့်စဉ်မှာတော့ တကယ့်ကို အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်တဲ့ အနေအထားတစ်ခု ဖြစ်ပါတယ် …။

လက်ချောင်းလေးတွေ မှာ အာရုံကြောတွေအဆုံးသတ်တွေ အများကြီး စုပုံနေပါတယ်။ ဒီနည်းလမ်းတွေ ကို လက်ချောင်းကိုအသုံးပြုတဲ့ ယောဂကျင့်စဉ်လို့လည်း အလွယ်သတ်မှတ် လို့ရပါတယ်။ စက္ကန့်အနည်းငယ်လောက် လုပ်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအတွက် အများကြီးအထောက်အကူဖြစ်စေမှာပဲ ဖြစ်ပါတယ် …။

(1) Gyan Mudra

ထိုင်လျက်ယောဂကျင့်တဲ့အခါမှာ ထိုင်တဲ့ပုံစံကို တွေ့ဖူးကြမှာပါ။ အဲ့ဒီလို တင်ပျဉ်ခွေ ထိုင်ရ မှာပါ။ ခါးကိုမတ် မတ်ထား၊လက်တွေကို ဒူးတစ်ဖက်စီမှာချ ထားပါ။ လက်ညှိုးနဲ့လက်မကို ပုံမှာပြထားတဲ့အတိုင်း ထိထားရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ထိုင်ပေးခြင်းအားဖြင့် အာရုံစူးစိုက်မှု ကောင်းမွန်လာစေကာ အိပ်မပျော်တာနဲ့ စိတ်ဓါတ်ကျတာတွေကို လျော့ပါးအောင် ကုစားပေးနိုင်ပါတယ် …။

(2) Vaya Mudra

ပုံမှာပြထားတဲ့ အတိုင်းလက်ညှိုးကို ကွေးပြီး လက်မနဲ့ဖိထားပေးရမှာပါ။ တစ်ခု သတိထားရမှာက လက်မရဲ့အောက်ခြေနဲ့ထိအောင် ဖိထားပေးရမှာပါ။ခန္ဓာ ကိုယ်အတွက် မလိုအပ်တဲ့ ဂတ်စ်တွေကိုဖယ် ရှားပေးနိုင်ကာ၊လေပွတာ အစရှိတဲ့ လေနဲ့ဆိုင်တဲ့ ရောဂါတွေအတွက် ကောင်းပါတယ် …။

(3) Prithvi Mudra

လက်မနဲ့လက်သူကြွယ်ကို ပုံမှာပြထားတဲ့အတိုင်း အဖျားလေးနှစ်ခုကို ထိပေး ရမှာပါ။ကျန်လက်ချောင်းတွေကိုတော့ ဆန့်ထုတ်ပေးထားရမှာပါ။ ဒီလို လုပ်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့(ပထဝီ =မြေဓါတ်) ကို ညီမျှစေပါတယ်။ သွေးလည် ပတ်မှုနဲ့ အစာခြေဖျက်မှုအားကို ကောင်းစေပါတယ် …။

(4) Agni Mudra

လက်သူကြွယ်ကို လက်ဖဝါးစီရောက်အောင် ကွေးထားပြီး လက်မနဲ့ဖိထားပေး ရမှာပါ။ကိုလက်စထရောနဲ့အဆီကို လျော့ကျစေသလို ဇီဝဖြစ်စဉ်တွေကိုပါ တိုးတက် ကောင်းမွန်စေနိုင်ပါတယ် …။

(5) Jal Mudra

လက်မနဲ့လက်သန်းထိပ်နှစ်ခုကို ထိပေးရမှာပါ။ထိရုံလေးထိရမှာဖြစ်ပြီး အရမ်း ကြီး ဖိဖို့မလိုပါဘူး။ခန္ဓာကိုယ်ရဲ့နာကျင်မှုကိုသက်သာစေ၊သွေး လှည့်ပတ်မှုကို ကောင်းမွန်စေကာ၊ ပါးစပ်ခြောက်(နှုတ်ခမ်းခြောက်)တာတွေကို လျော့ပါးသက်သာ စေပါတယ် …။

(6) Shunya Mudra

လက်ခလယ်ကို လက်မနဲ့ဖိရမှာပါ။လက်မရဲ့အောက်ခြေနဲ့ဖိရမှာပါ။ အမြင်အာ ရုံမူးနောက်၊ မူးဝေတာ၊ နား၊ နှာခေါင်းနဲ့ လျှာမှာဖြစ်တတ်တဲ့ ရောဂါတွေအတွက် ကောင်းမွန်စေပါတယ် …။

(7)Prana Healing

လက်သန်း၊လက်သူကြွယ်ကိုကွေးပြီး လက်မထိပ်နဲ့ပုံမှာပြထားတဲ့အတိုင်း ထိထားပေးရမှာပါ။ခန္ဓာကိုယ်ကို အင်အားပြည့်ဝလာစေကာ ကိုယ်ခံအားစနစ်ကို ပိုကောင်းလာစေသလို မျက်လုံးရောဂါတွေအတွက်လည်း ကောင်းစေပါတယ် …။ ။

Ref;gofitstayfit