သူသင့္အေပၚ တိတ္တိတ္ေလး စြဲလမ္းမိေနၿပီဆိုတာ ေဖာ္ျပေနတဲ့ အခ်က္ေတြ…

သူသင့္အေပၚ တိတ္တိတ္ေလး စြဲလမ္းမိေနၿပီဆိုတာ ေဖာ္ျပေနတဲ့ အခ်က္ေတြ…

အခ်စ္ဆိုတာ အခ်ိန္ေနရာမေ႐ြး ျဖစ္ေပၚလာႏိုင္ပါတယ္။ ကိုယ္ဘယ္လုိမွ မထင္ထားတဲ့ သူအေပၚမွာလည္း ခ်စ္မိသြြားႏုိင္သလို ကိုယ္ လံုးဝ ထင္မွတ္မထားတဲ့ သူဟာလည္း ကိုယ့္အေပၚ ခ်စ္မိေနတတ္ေလ႔ ရိွပါတယ္ …။

တစ္ခါတစ္ေလမွာ ပုန္းကြယ္ေနတဲ့ အခ်ိန္ေတြက လံုၿခံဳမႈမ႐ွိပဲ ျမင္သာထင္ေပၚ ေနတတ္ပါတယ္။ သူ႔ရဲ႕ ဒီအခ်က္ေတြက သင့္အေပၚ တိတ္ တခိုးေလး စြဲလမ္းေနမိၿပီဆိုတာကို ေဖာ္ျပေနပါတယ္ေနာ္ …။

အခ်ိန္ေပးတတ္ျခင္း”

ေယာက်ာ္းေလးေတြက သူတို႔မႏွစ္သက္တဲ့ သူေတြအတြက္ အခ်ိန္္ေပးရမွာ ႏွေျမာတြန္႔တုိသေလာက္ သူတို႔သေဘာက်တဲ့ သူအတြက္ဆို မအားလပ္တဲ့ ၾကားကေတာင္ သူတုိ႔ရဲ႕ အခ်ိန္ေတြကို ဖဲ့ေပးတတ္ၾကပါတယ္ …။

သူ႔က သင္အတြက္ အခ်ိန္္ေတြေပါ မ်ားေနခဲ့မယ္ဆိုရင္ သင္္ဖုန္းေလးတစ္ခ်က္ ေကာက္ဆက္လိုက္႐ံုနဲ႔ အေျပးေရာက္လာခဲ့ရင္ ဒါေတြဟာ သင့္အတြက္ အခ်ိန္ေပးျခင္းပါပဲ …။

ဒီလုိ သင့္အတြက္ သူ႔အခ်ိန္ေတြကို ႏွေျမာတြန္႔တိုမေနပဲ ေပးတယ္ဆုိတာ သူ႔သင့္အေပၚ တစ္ျခားသူေတြထက္ ပိုသာတဲ့ ခံစားမႈ ႐ွိေနလုိ႔ပဲ ျဖစ္ပါတယ္ …။

သူ႔ရဲ႕အေလးထား ဦးစားေပးမႈ”

တစ္စံုတစ္ေယာက္ဆီက အေလးထား ဦးစားေပးမႈကို ခံေနရၿပီလား။ တစ္ေယာက္ေယာက္က ကိုယ့္ကိုယ္ အေလးထားတဲ့ ခံစားမႈက တကယ့္ကို ခ်ိဳၿမိန္လွပါတယ္ …။

ကိုယ္တစ္္ေနရာရာ သြားခ်င္တဲ့အခ်ိန္ပဲ ျဖစ္ျဖစ္၊ ပ်င္းေနတဲ့အခ်ိန္ပဲ ျဖစ္ျဖစ္ ကိုယ့္အတြက္ သူ႐ွိေနေပးတာဟာ ဦးစားေပးအေလးထားမႈ တစ္မ်ိဳးပါပဲ …။

ဗိုက္ဆာေနတယ္လို႔ ေျပာလုိက္တာနဲ႔ မုန္႔တစ္ခုခု ဝယ္လာေပးတာကလည္း သူ႔ရဲ႕ အေလးထားမႈကို ေဖာ္ျပတာပါပဲေနာ္ …။

ဒီလုိေတြ သင္အတြက္ ဦးစားေပးေနတာဟာ သင့္အေပၚ သူ႔ရဲ႕ စိတ္ေတြကို ေဖာ္ျပေနတာပါ။အခ်စ္ဆုိတဲဲ့ အရာက ဖံုးကြယ္ရ ေတာ္ေတာ္ ခက္ပါတယ္ …။

တစ္ခါတစ္္ေလမွာ အခ်စ္က ကံယကံ႐ွင္ သတိမထားမိလုိက္ခင္မွာတင္ အထင္းသား ျမင္ေနရတာေတြ ႐ွိတတ္ပါတယ္ …။

သူ႔က သင့္အေပၚ ေလးနက္မႈေတြ၊ ဂ႐ုစိုက္မႈေတြ၊ အခ်ိန္ေပးမႈေတြကေနတစ္ဆင့္ သူ႔ရဲ႕ အခ်စ္ကို ခံစားမိေစပါတယ္။ တစ္္ခါတစ္ေလ သဝန္တိုတာေတြ ႐ွိမယ္၊ တစ္ခါတစ္ေလ စိတ္ေကာက္တာေတြ ႐ွိမယ္ …။

ဒါေပမယ့္ ဒါေတြက ခဏတာ ျဖစ္္ၿပီး သူ႔သင့္အေပၚ ၾကာၾကာ မပစ္ထားနုိင္ဘူးဆိုရင္ေတာ့ သင့္ကိုစြဲလမ္းေနတာ ေသခ်ာေနပါၿပီ …။

ယံုၾကည္ခုိင္မာမႈ”

ယံုၾကည္မႈ ဆုိတာ တစ္စံုတစ္္ေယာက္ကို ခ်စ္မိသြားတဲ့အခါ အလိုလို ျဖစ္ေပၚလာတဲ့ အရာပါ။ လူေတြဟာ ကို္ယ္ခ်စ္ခင္သူရဲ႕စကားကိုဆို ယံုၾကည္ခ်င္ၾကတာ ထံုးစံပဲ ျဖစ္ပါတယ္ …။

သင့္အေပၚ သူ႔ရဲ႕ ယံုၾကည္မႈေတြ ေပးအပ္ထားတယ္ သင္နဲ႔ သူ႔ရဲ႕ ဆက္ဆံေရးကို ယံုၾကည္မႈနဲ႔ ခုိင္မာေစတယ္ဆိုရင္ေတာ့ သူဟာ သင့္ကို တကယ့္အေလးထား ျမတ္ႏုိးလုိ႔ပဲ ျဖစ္ပါတယ္ …။

လူေတြက သင့္ကိုမွားေနတယ္လုိ႔ ေျပာေနၾကရင္ေတာင္္ သင့္ရဲ႕စကားတစ္ခြန္းနဲ႔တင္ သင့္ကို ယံုၾကည္ေပးမယ့္သူမ်ိဳး ျဖစ္ပါတယ္ …။

ဒါေတြက သူသင့္ကို တိတ္တိတ္ေလး စြဲလမ္းေနမိၿပီဆိုတာ သက္ေသျပလို႔ ေနပါတယ္ …။ ။

ခရက္ဒစ္ – အန္တီေမ

Unicode

သူသင့်အပေါ် တိတ်တိတ်လေး စွဲလမ်းမိနေပြီဆိုတာ ဖော်ပြနေတဲ့ အချက်တွေ…

အချစ်ဆိုတာ အချိန်နေရာမရွေး ဖြစ်ပေါ်လာနိုင်ပါတယ်။ ကိုယ်ဘယ်လိုမှ မထင်ထားတဲ့ သူအပေါ်မှာလည်း ချစ်မိသွားနိုင်သလို ကိုယ် လုံးဝ ထင်မှတ်မထားတဲ့ သူဟာလည်း ကိုယ့်အပေါ် ချစ်မိနေတတ်လေ့ ရှိပါတယ် …။

တစ်ခါတစ်လေမှာ ပုန်းကွယ်နေတဲ့ အချိန်တွေက လုံခြုံမှုမရှိပဲ မြင်သာထင်ပေါ် နေတတ်ပါတယ်။ သူ့ရဲ့ ဒီအချက်တွေက သင့်အပေါ် တိတ် တခိုးလေး စွဲလမ်းနေမိပြီဆိုတာကို ဖော်ပြနေပါတယ်နော် …။

အချိန်ပေးတတ်ခြင်း”

ယောက်ျားလေးတွေက သူတို့မနှစ်သက်တဲ့ သူတွေအတွက် အချိန်ပေးရမှာ နှမြောတွန့်တိုသလောက် သူတို့သဘောကျတဲ့ သူအတွက်ဆို မအားလပ်တဲ့ ကြားကတောင် သူတို့ရဲ့ အချိန်တွေကို ဖဲ့ပေးတတ်ကြပါတယ် …။

သူ့က သင်အတွက် အချိန်တွေပေါ များနေခဲ့မယ်ဆိုရင် သင်ဖုန်းလေးတစ်ချက် ကောက်ဆက်လိုက်ရုံနဲ့ အပြေးရောက်လာခဲ့ရင် ဒါတွေဟာ သင့်အတွက် အချိန်ပေးခြင်းပါပဲ …။

ဒီလို သင့်အတွက် သူ့အချိန်တွေကို နှမြောတွန့်တိုမနေပဲ ပေးတယ်ဆိုတာ သူ့သင့်အပေါ် တစ်ခြားသူတွေထက် ပိုသာတဲ့ ခံစားမှု ရှိနေလို့ပဲ ဖြစ်ပါတယ် …။

သူ့ရဲ့အလေးထား ဦးစားပေးမှု”

တစ်စုံတစ်ယောက်ဆီက အလေးထား ဦးစားပေးမှုကို ခံနေရပြီလား။ တစ်ယောက်ယောက်က ကိုယ့်ကိုယ် အလေးထားတဲ့ ခံစားမှုက တကယ့်ကို ချိုမြိန်လှပါတယ် …။

ကိုယ်တစ်နေရာရာ သွားချင်တဲ့အချိန်ပဲ ဖြစ်ဖြစ်၊ ပျင်းနေတဲ့အချိန်ပဲ ဖြစ်ဖြစ် ကိုယ့်အတွက် သူရှိနေပေးတာဟာ ဦးစားပေးအလေးထားမှု တစ်မျိုးပါပဲ …။

ဗိုက်ဆာနေတယ်လို့ ပြောလိုက်တာနဲ့ မုန့်တစ်ခုခု ဝယ်လာပေးတာကလည်း သူ့ရဲ့ အလေးထားမှုကို ဖော်ပြတာပါပဲနော် …။

ဒီလိုတွေ သင်အတွက် ဦးစားပေးနေတာဟာ သင့်အပေါ် သူ့ရဲ့ စိတ်တွေကို ဖော်ပြနေတာပါ။အချစ်ဆိုတဲ့ အရာက ဖုံးကွယ်ရ တော်တော် ခက်ပါတယ် …။

တစ်ခါတစ်လေမှာ အချစ်က ကံယကံရှင် သတိမထားမိလိုက်ခင်မှာတင် အထင်းသား မြင်နေရတာတွေ ရှိတတ်ပါတယ် …။

သူ့က သင့်အပေါ် လေးနက်မှုတွေ၊ ဂရုစိုက်မှုတွေ၊ အချိန်ပေးမှုတွေကနေတစ်ဆင့် သူ့ရဲ့ အချစ်ကို ခံစားမိစေပါတယ်။ တစ်ခါတစ်လေ သဝန်တိုတာတွေ ရှိမယ်၊ တစ်ခါတစ်လေ စိတ်ကောက်တာတွေ ရှိမယ် …။

ဒါပေမယ့် ဒါတွေက ခဏတာ ဖြစ်ပြီး သူ့သင့်အပေါ် ကြာကြာ မပစ်ထားနိုင်ဘူးဆိုရင်တော့ သင့်ကိုစွဲလမ်းနေတာ သေချာနေပါပြီ …။

ယုံကြည်ခိုင်မာမှု”

ယုံကြည်မှု ဆိုတာ တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့အခါ အလိုလို ဖြစ်ပေါ်လာတဲ့ အရာပါ။ လူတွေဟာ က်ိုယ်ချစ်ခင်သူရဲ့စကားကိုဆို ယုံကြည်ချင်ကြတာ ထုံးစံပဲ ဖြစ်ပါတယ် …။

သင့်အပေါ် သူ့ရဲ့ ယုံကြည်မှုတွေ ပေးအပ်ထားတယ် သင်နဲ့ သူ့ရဲ့ ဆက်ဆံရေးကို ယုံကြည်မှုနဲ့ ခိုင်မာစေတယ်ဆိုရင်တော့ သူဟာ သင့်ကို တကယ့်အလေးထား မြတ်နိုးလို့ပဲ ဖြစ်ပါတယ် …။

လူတွေက သင့်ကိုမှားနေတယ်လို့ ပြောနေကြရင်တောင် သင့်ရဲ့စကားတစ်ခွန်းနဲ့တင် သင့်ကို ယုံကြည်ပေးမယ့်သူမျိုး ဖြစ်ပါတယ် …။

ဒါတွေက သူသင့်ကို တိတ်တိတ်လေး စွဲလမ်းနေမိပြီဆိုတာ သက်သေပြလို့ နေပါတယ် …။ ။

ခရက်ဒစ် – အန်တီမေ