သင့္ကို အတြင္းက်ိတ္ လိုက္ၿပိဳင္ေနတဲ့ သူငယ္ခ်င္းေတြမွာ ဒီလိုစိတ္ဓာတ္မ်ိဳး ရွိေနပါတယ္ ..

သင့္ကို အတြင္းက်ိတ္ လိုက္ၿပိဳင္ေနတဲ့ သူငယ္ခ်င္းေတြမွာ ဒီလိုစိတ္ဓာတ္မ်ိဳး ရွိေနပါတယ္ ..

သူငယ္ခ်င္းဆိုတာ မနာလုိမႈေတြ၊ အႏိုင္ယူလုိခ်င္စိတ္ေတြ မ႐ွိပဲ ကိုယ့္သူငယ္ခ်င္း ေကာင္းစားတာျမင္တဲ့အခါ ကိုယ္ကပါ အလုိလုိ လုိက္ေပ်ာ္တတ္တာမ်ိဳးကို သူငယ္ခ်င္းလုိ႔ ေခၚတာပါ။

ဒါေပမယ့္ သင့္သူငယ္ခ်င္းက သင့္အေပၚ သူငယ္ခ်င္း တစ္္ေယာက္လုိ စိတ္ဓာတ္မ်ိဳးနဲ႔မဆုိင္တဲ့ ၿပိဳင္ဆုိင္ျခင္းေတြ႐ွိေနတယ္ဆုိတာ ဒီအခ်က္ေတြက ေဖာ္ျပေနပါတယ္။

(1) မနာလုိမႈေတြ ႐ွိေနတယ္

ဥပမာ – သင္တစ္ခုခုမွာ ေအာင္ျမင္မႈရတဲ့ အခါမ်ိဳးပဲျဖစ္ျဖစ္၊ တစ္ခုုခု ရ႐ွိတဲ့ အခြင့္အေရးေတြကို ေတြ႔တဲ့အခါတို္င္းမွာ မနာလုိမႈေတြ ႐ွိေနတာကို ေတြြ႔ေနရတတ္ပါတယ္။ သင့္ေ႐ွ႕မွာေတာ့ သင့္အတြြက္ ေပ်ာ္ေပးဟန္ေဆာင္ေပးေပမယ့္ တကယ္တမ္းမွာေတာ့ ႀကိတ္ၿပီး မနာလုိျဖစ္ေနတတ္ပါတယ္။

(2) လိုက္ၿပိဳင္ဆုိင္တတ္တယ္

စစ္မွန္တဲ့ သူငယ္ခ်င္းမွာ ၿပိဳင္ဆုိင္မႈေတြ လံုးဝမ႐ွိပါဘူးေနာ္။ ဒါေပမယ့္ သင့္ရဲ႕ သူငယ္ခ်င္းက သင့္ရဲ႕ေအာင္ျမင္မႈေတြ၊ သင္ေပ်ာ္႐ႊင္ေနတာေတြကို လုိက္ၾကည္ႏူးမေပးႏုိင္တဲ့အျပင္ လုိက္ၿပိဳင္ဆုိင္ေနတတ္တာမ်ိဳးေတြ ႐ွိေနတတ္ပါတယ္။ ဒါက သင့္သူငယ္ခ်င္းဟာ သူငယ္ခ်င္းေကာင္းတစ္ေယာက္ မဟုတ္ဘူးဆုိတာကို ေဖာ္ျပေနပါတယ္ေနာ္။

(3) သင့္ေနာက္ကြယ္မွာ မေကာင္းေၾကာင္းေတြ ေျပာလာတယ္

မနာလိုမႈ၊ ၿပိဳင္္ဆုိိင္မႈေတြက မေကာင္းတဲ့ အက်င့္ေတြကို ျဖစ္ေပၚေစတတ္ပါတယ္။ သင့္အေပၚ အရင္ကေတာ့ မနာလုိမႈ ေသးေသးေလးပဲ ႐ွိတယ္ဆုိေပမယ့္ တျဖည္းျဖည္း အဲဒီ႔မနာလုိမႈေတြက ႀကီးထြားလာၿပီးတဲ့ေနာက္မွာေတာ့ သင့္ေနာက္ကြယ္မွာ သင့္မေကာင္းေၾကာင္းေတြအထိပါ ေျပာလာတတ္ပါတယ္။

(4) သင့္ရဲ႕ အခြင့္္အလမ္းေတြကို လုယူလာတတ္တယ္

ၿပိဳင္ဆုိင္လုိစိတ္ေတြမ်ားလာတဲ့အခါမွာ ကိုယ့္ဆီလာမယ့္ အခြင့္အလမ္းေတြကိုပါ လုယူတာေတြအထိ ျဖစ္လာတတ္ပါတယ္။ သင့္ေ႐ွ႕မွာေတာ့ သင့္အေပၚ ေကာင္းသလုိ ျပဳမူတတ္ေပမယ့္ သင့္ရမယ့္ အခြင့္အလမ္းေတြကိုေတာ့ ေနာက္ကြယ္မွာ ရယူဖုိ႔ ႀကိဳးစားေနတတ္ပါတယ္။

Khin

Unicode

သင့်ကို အတွင်းကျိတ် လိုက်ပြိုင်နေတဲ့ သူငယ်ချင်းတွေမှာ ဒီလိုစိတ်ဓာတ်မျိုး ရှိနေပါတယ် ..

သူငယ်ချင်းဆိုတာ မနာလိုမှုတွေ၊ အနိုင်ယူလိုချင်စိတ်တွေ မရှိပဲ ကိုယ့်သူငယ်ချင်း ကောင်းစားတာမြင်တဲ့အခါ ကိုယ်ကပါ အလိုလို လိုက်ပျော်တတ်တာမျိုးကို သူငယ်ချင်းလို့ ခေါ်တာပါ။

ဒါပေမယ့် သင့်သူငယ်ချင်းက သင့်အပေါ် သူငယ်ချင်း တစ်ယောက်လို စိတ်ဓာတ်မျိုးနဲ့မဆိုင်တဲ့ ပြိုင်ဆိုင်ခြင်းတွေရှိနေတယ်ဆိုတာ ဒီအချက်တွေက ဖော်ပြနေပါတယ်။

(1) မနာလိုမှုတွေ ရှိနေတယ်

ဥပမာ – သင်တစ်ခုခုမှာ အောင်မြင်မှုရတဲ့ အခါမျိုးပဲဖြစ်ဖြစ်၊ တစ်ခုခု ရရှိတဲ့ အခွင့်အရေးတွေကို တွေ့တဲ့အခါတ်ိုင်းမှာ မနာလိုမှုတွေ ရှိနေတာကို တွေ့နေရတတ်ပါတယ်။ သင့်ရှေ့မှာတော့ သင့်အတွက် ပျော်ပေးဟန်ဆောင်ပေးပေမယ့် တကယ်တမ်းမှာတော့ ကြိတ်ပြီး မနာလိုဖြစ်နေတတ်ပါတယ်။

(2) လိုက်ပြိုင်ဆိုင်တတ်တယ်

စစ်မှန်တဲ့ သူငယ်ချင်းမှာ ပြိုင်ဆိုင်မှုတွေ လုံးဝမရှိပါဘူးနော်။ ဒါပေမယ့် သင့်ရဲ့ သူငယ်ချင်းက သင့်ရဲ့အောင်မြင်မှုတွေ၊ သင်ပျော်ရွှင်နေတာတွေကို လိုက်ကြည်နူးမပေးနိုင်တဲ့အပြင် လိုက်ပြိုင်ဆိုင်နေတတ်တာမျိုးတွေ ရှိနေတတ်ပါတယ်။ ဒါက သင့်သူငယ်ချင်းဟာ သူငယ်ချင်းကောင်းတစ်ယောက် မဟုတ်ဘူးဆိုတာကို ဖော်ပြနေပါတယ်နော်။

(3) သင့်နောက်ကွယ်မှာ မကောင်းကြောင်းတွေ ပြောလာတယ်

မနာလိုမှု၊ ပြိုင်ဆိုင်မှုတွေက မကောင်းတဲ့ အကျင့်တွေကို ဖြစ်ပေါ်စေတတ်ပါတယ်။ သင့်အပေါ် အရင်ကတော့ မနာလိုမှု သေးသေးလေးပဲ ရှိတယ်ဆိုပေမယ့် တဖြည်းဖြည်း အဲဒီ့မနာလိုမှုတွေက ကြီးထွားလာပြီးတဲ့နောက်မှာတော့ သင့်နောက်ကွယ်မှာ သင့်မကောင်းကြောင်းတွေအထိပါ ပြောလာတတ်ပါတယ်။

(4) သင့်ရဲ့ အခွင့်အလမ်းတွေကို လုယူလာတတ်တယ်

ပြိုင်ဆိုင်လိုစိတ်တွေများလာတဲ့အခါမှာ ကိုယ့်ဆီလာမယ့် အခွင့်အလမ်းတွေကိုပါ လုယူတာတွေအထိ ဖြစ်လာတတ်ပါတယ်။ သင့်ရှေ့မှာတော့ သင့်အပေါ် ကောင်းသလို ပြုမူတတ်ပေမယ့် သင့်ရမယ့် အခွင့်အလမ်းတွေကိုတော့ နောက်ကွယ်မှာ ရယူဖို့ ကြိုးစားနေတတ်ပါတယ်။

Khin