အဓၶမျပဳက်င့္ခံရတာကို မိဘေတြသိမွာေၾကာက္လို႕ ေသေၾကာင္းၾကံစည္ခဲ့တဲ့ဆယ္တန္းေက်ာင္းသူေလး

အဓၶမျပဳက်င့္ခံရတာကို မိဘေတြသိမွာေၾကာက္လို႕ ေသေၾကာင္းၾကံစည္ခဲ့တဲ့ဆယ္တန္းေက်ာင္းသူေလး

ဟို ပုံးၿမိဳ႕နယ္ရွိ လြယ္အြန္းေက်းရြာအုပ္စု ဝါဆို႔ရြာတြင္ အသက္မျပည့္ေသးသည့္မိန္းခေလးတစ္ဦးကို ေလးႏွစ္လုံး ရြာသူႀကီးက အဓမၼျပဳက်င့္သည့္အတြက္ မိဘျပန္မေျပာရဲပဲ အရွက္ရ၍ မိမိကိုယ္ကိုယ္ ေပါင္းသတ္ေဆးေသာက္ၿပီး ေသေၾကာင္းႀကံစည္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရိွရပါတယ္ …။

ထို မိန္းကေလးသည္ တကၠသိုလ္ဝင္တန္းေျဖဆိုထားသူျဖစ္ၿပီး သူမ(၈)တန္းတက္သည့္ႏွစ္မွစ၍ ၎၏ရြာသူႀကီး ဦးေက်ာ္လွ က ေလးႏွစ္တိုင္ အဓမၼျပဳက်င့္လာခဲ့သည္ကို မိဘထံမေျပာရဲဘဲကိုယ့္ကိုယ္ကိုယ္ရွက္မိေသာေၾကာင့္ ေပါင္းသတ္ေဆးေသာက္ ေသေၾကာင္းႀကံစည္ရျခင္းမွ အျဖစ္မွန္ သိရျခင္းျဖစ္ပါတယ္ …။

က်ဴးလြန္သူ ရြာသူႀကီး ဦးေက်ာ္လွသည္ ထိုမိန္းခေလးကို အမ်ိဳးမ်ိဳးၿခိမ္းေျခာက္ ခဲ့ေၾကာင္း၊ မိဘကိုျပန္ေျပာရင္ အကုန္သတ္မည္ဟုလည္းၿခိမ္းေျခာက္ထားေၾကာင္း၊ ဦးေက်ာ္လွသည္ အိမ္ေထာင္သည္ျဖစ္ၿပီး သားသမီးလည္းရွိေၾကာင္းသိရပါတယ္ …။

“ကၽြန္ေတာ့္ ညီမကို အမ်ိဳးမ်ိဳးၿခိမ္းေျခာက္ ေတာ့မိဘကိုမေျပာရဲဘူး…အိမ္မျပန္လာဘူး သူ႔သူငယ္ခ်င္း အိမ္မွာသြားအိပ္တယ္လို႔ေျပာတာေပါ့…

၃ ရက္ေန႔က ေပါင္းသတ္ေဆးေသာက္လိုက္တာ အဲခါ သူဘာေၾကာင့္ေသာက္ရတယ္ဆိုတာ ေမးျမန္းမွသိရတယ္´´လို႔ ထိုမိန္းခေလးအစ္ကိုျဖစ္သူ ခြန္ေဇာ္ေဌးကေျပာပါတယ္ …။

ထိုမိန္းခေလးသည္ အိမ္မျပန္ရဲေတာ့ဘဲ ဇူလိုင္လ ၃ ရက္ကေပါင္းသတ္ေဆးေသာက္ ေသေၾကာင္းႀကံရာ သူ႔သူငယ္ခ်င္းက မိဘကိုအေၾကာင္း ၾကားၿပီး ေဆးထိုးေဆးေသာက္ေပမယ့္မသက္သာသည့္အတြက္ ဇူလိုင္လ ၆ ရက္ေန႔တြင္ ေတာင္ႀကီး ၿမိဳ႕စဝ္စံထြန္းေဆး႐ုံသို႔ ေဆးကုသမႈခံယူေၾကာင္း သိရပါတယ္ …။

မိန္းကေလးကိုကူညီေဆာင္ရြက္ေပးသူတစ္ဦးက“ ေကာင္မေလးက ရွစ္တန္း၊ ကိုးတန္း၊ ၿပီးေတာ့ဆယ္တန္းမွာႏွစ္ႏွစ္က်တယ္ အခုဆို ေလးႏွစ္ဆိုေတာ့ ေကာင္မေလးကရွက္လည္း ရွက္တယ္၊ ရွက္တဲ့အ ခါေတာ့ ေပါင္းသတ္ေဆးေသာက္ ႀကံစည္တာ၊နို႔မို႔ဆို သူ႔မိဘ လည္း မသိဘူး …

ေဆး႐ုံတင္တဲ့အခါမွ ဘယ္လိုျဖစ္တုန္း သူ႔အေမက ေခ်ာ့ေမးတဲ့အခါမွသူေျပာျပတာ၊ ”လို႔ ဆိုပါတယ္။ မိဘျဖစ္သူက သမီးကိုအဓမၼျပဳက်င့္ေၾကာင္း ဟိုပုံးရဲစခန္းတြင္အမႈဖြင့္တိုင္ၾကားထားၿပီး ဦးလွေက်ာ္ကို ဟိုပုံးရဲစခန္းတြင္ ဖမ္းဆီးထားလိုက္ေၾကာင္း မိန္းခေလးဖခင္ေျပာျပခ်က္အရသိရပါတယ္ …။

လက္ရွိ ထိုအမ်ိဳးသမီးသည္ ခႏၶာကႈယ္အတြင္း ေပါင္းသတ္ေဆးအာနိသင္ရွိေနေသးသည့္အတြက္ အသက္အႏၲရယ္စိုးရိမ္ေနရဆဲျဖစ္ေၾကာင္း ဖခင္ေျပာျပခ်က္အရ သိရပါတယ္ …။

မိန္းကေလး၏မိဘမ်ားမွာ ပအိုဝ္းတိုင္းရင္းသားမ်ားျဖစ္ၿပီး ဗမာစကား ေျပာဆိုရာတြင္ အခက္အခဲရွိေၾကာင္း၊ အစိုးရတရား႐ုံးမ်ား၊ ရဲစခန္းမ်ား အတြင္းသြားလာေျပာဆိုရာတြင္လည္း အခက္အခဲရွိေၾကာင္း သိရပါတယ္ …။

ေလးစားစြာျဖင့္ ခရစ္ဒစ္ေပးပါတယ္ …။ ။

The People’s Voice ခမ္းသားေငါဝ္း

Unicode

အဓ္ဓမပြုကျင့်ခံရတာကို မိဘတွေသိမှာကြောက်လို့ သေကြောင်းကြံစည်ခဲ့တဲ့ဆယ်တန်းကျောင်းသူလေး

ဟို ပုံးမြို့နယ်ရှိ လွယ်အွန်းကျေးရွာအုပ်စု ဝါဆို့ရွာတွင် အသက်မပြည့်သေးသည့်မိန်းခလေးတစ်ဦးကို လေးနှစ်လုံး ရွာသူကြီးက အဓမ္မပြုကျင့်သည့်အတွက် မိဘပြန်မပြောရဲပဲ အရှက်ရ၍ မိမိကိုယ်ကိုယ် ပေါင်းသတ်ဆေးသောက်ပြီး သေကြောင်းကြံစည်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ် …။

ထို မိန်းကလေးသည် တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူဖြစ်ပြီး သူမ(၈)တန်းတက်သည့်နှစ်မှစ၍ ၎င်း၏ရွာသူကြီး ဦးကျော်လှ က လေးနှစ်တိုင် အဓမ္မပြုကျင့်လာခဲ့သည်ကို မိဘထံမပြောရဲဘဲကိုယ့်ကိုယ်ကိုယ်ရှက်မိသောကြောင့် ပေါင်းသတ်ဆေးသောက် သေကြောင်းကြံစည်ရခြင်းမှ အဖြစ်မှန် သိရခြင်းဖြစ်ပါတယ် …။

ကျူးလွန်သူ ရွာသူကြီး ဦးကျော်လှသည် ထိုမိန်းခလေးကို အမျိုးမျိုးခြိမ်းခြောက် ခဲ့ကြောင်း၊ မိဘကိုပြန်ပြောရင် အကုန်သတ်မည်ဟုလည်းခြိမ်းခြောက်ထားကြောင်း၊ ဦးကျော်လှသည် အိမ်ထောင်သည်ဖြစ်ပြီး သားသမီးလည်းရှိကြောင်းသိရပါတယ် …။

“ကျွန်တော့် ညီမကို အမျိုးမျိုးခြိမ်းခြောက် တော့မိဘကိုမပြောရဲဘူး…အိမ်မပြန်လာဘူး သူ့သူငယ်ချင်း အိမ်မှာသွားအိပ်တယ်လို့ပြောတာပေါ့…

၃ ရက်နေ့က ပေါင်းသတ်ဆေးသောက်လိုက်တာ အဲခါ သူဘာကြောင့်သောက်ရတယ်ဆိုတာ မေးမြန်းမှသိရတယ်´´လို့ ထိုမိန်းခလေးအစ်ကိုဖြစ်သူ ခွန်ဇော်ဌေးကပြောပါတယ် …။

ထိုမိန်းခလေးသည် အိမ်မပြန်ရဲတော့ဘဲ ဇူလိုင်လ ၃ ရက်ကပေါင်းသတ်ဆေးသောက် သေကြောင်းကြံရာ သူ့သူငယ်ချင်းက မိဘကိုအကြောင်း ကြားပြီး ဆေးထိုးဆေးသောက်ပေမယ့်မသက်သာသည့်အတွက် ဇူလိုင်လ ၆ ရက်နေ့တွင် တောင်ကြီး မြို့စဝ်စံထွန်းဆေးရုံသို့ ဆေးကုသမှုခံယူကြောင်း သိရပါတယ် …။

မိန်းကလေးကိုကူညီဆောင်ရွက်ပေးသူတစ်ဦးက“ ကောင်မလေးက ရှစ်တန်း၊ ကိုးတန်း၊ ပြီးတော့ဆယ်တန်းမှာနှစ်နှစ်ကျတယ် အခုဆို လေးနှစ်ဆိုတော့ ကောင်မလေးကရှက်လည်း ရှက်တယ်၊ ရှက်တဲ့အ ခါတော့ ပေါင်းသတ်ဆေးသောက် ကြံစည်တာ၊နို့မို့ဆို သူ့မိဘ လည်း မသိဘူး …

ဆေးရုံတင်တဲ့အခါမှ ဘယ်လိုဖြစ်တုန်း သူ့အမေက ချော့မေးတဲ့အခါမှသူပြောပြတာ၊ ”လို့ ဆိုပါတယ်။ မိဘဖြစ်သူက သမီးကိုအဓမ္မပြုကျင့်ကြောင်း ဟိုပုံးရဲစခန်းတွင်အမှုဖွင့်တိုင်ကြားထားပြီး ဦးလှကျော်ကို ဟိုပုံးရဲစခန်းတွင် ဖမ်းဆီးထားလိုက်ကြောင်း မိန်းခလေးဖခင်ပြောပြချက်အရသိရပါတယ် …။

လက်ရှိ ထိုအမျိုးသမီးသည် ခန္ဓာကှုယ်အတွင်း ပေါင်းသတ်ဆေးအာနိသင်ရှိနေသေးသည့်အတွက် အသက်အန္တရယ်စိုးရိမ်နေရဆဲဖြစ်ကြောင်း ဖခင်ပြောပြချက်အရ သိရပါတယ် …။

မိန်းကလေး၏မိဘများမှာ ပအိုဝ်းတိုင်းရင်းသားများဖြစ်ပြီး ဗမာစကား ပြောဆိုရာတွင် အခက်အခဲရှိကြောင်း၊ အစိုးရတရားရုံးများ၊ ရဲစခန်းများ အတွင်းသွားလာပြောဆိုရာတွင်လည်း အခက်အခဲရှိကြောင်း သိရပါတယ် …။

လေးစားစွာဖြင့် ခရစ်ဒစ်ပေးပါတယ် …။ ။

The People’s Voice ခမ်းသားငေါဝ်း