ဦးမြင့်ခိုင်
Unicode
ကပ်ဆိုက်တာ မဆန်းဘူး…(လုပ်ရက် လိုက်ကြတာဗျာ)
တရုတ် တောင်ကိုးရီးယား နိုင်ငံတွေမှာဘုရားဆင်းတုတော်တွေက လာဘ်ခေါ်ရုပ်တု အဆင့်ပဲရှိတယ် …။
အမေရိကန် ပြင်သစ် အင်္ဂလန် နိုင်ငံတွေမှာ Buddha Bar ဆိုပြီး ဗုဒ္ဓပုံတွေနဲ့ အရက်ဆိုင်တွေ အများကြီးရှိတယ် …။
အင်ဒိုတို့ မလေးရှားတို့စတဲ့ အစ္စလာမ်မစ်နိုင်ငံတွေမှာ ဗုဒ္ဓ ပုံတွေ နဲ့အတွင်းခံဘောင်းဘီတွေ ဖိနပ်တွေ အရက်ခွက်တွေ အများကြီး သုံးစွဲနေကြတယ် ဗုဒ္ဓပုံနဲ့သော့တွေ လုပ်ကြတယ် …။
တခု မေးချင်ပါတယ်။ တကယ်လို့များ မြန်မာနိုင်ငံမှာ အခြာဒဘာသာတွေရဲ့ အထွတ်အမြတ်ထားရာ ပုဂိုလ်တွေကို ပုံတွေနဲ့အရက်ဆိုင်တွေ ဖွင့်ရင် အခြားဘာသာဝင်တွေ ဘယ်လိုခံစားရမလဲ သိချင်မိပါတယ်
သံရုံးတွေကနေတဆင့် အရေးယူဖို့ တောင်းဆိုမှာမလား ကိုယ်မခံနိုင်ရင်
သူများဘာသာကိုလည်း မစော်ကားသင့်ဘူးလေ။ မြန်မာပြည်က ခေါင်းဆောင်တွေနဲ့ သာသနာရေး တာဝန်ရှိသူတွေက လည်း ဘာတခုမှ ပြင်းပြင်းထန်ထန်တုန့်ပြန်တာတားမြစ်တာသတိပေးတာ မရှိခဲ့ဘူး …။
စိတ်ကုန်ဖို့ကောင်းတယ်မတားမြစ်တော့လည်း စော်ကားတာ မထူးဆန်းပါဘူးလေ။ မယုံကြည်ခွင့်ရှိတယ်။ ဒါက လူ့အခွင့်အရေး စော်ကားခွင့်မရှိဘူး ဒါက လူလိုနားမလည်တာ …။
မြန်မာပြည်မှာ တောင် အခု ဗုဒ္ဓပုံကို အမေရိကန်သံရုံးက မျက်နှာဖုံးတပ်တယ် ပန်းချီဆရာကဦးခေါင်းကိုထမီနဲ့ပါတ်တယ် အမေရိကန်နိုင်ငံသားခံယူထားတဲ့ မြန်မာပြည်ဖွား ခရစ်ယာမ်တယောက်က လေယာဉ်ပေါ် ရဟန်းတွေဆွမ်းကပ်တာ တခြားဘာသာတွေကို နှိမ်တယ်ပြောတယ် …။
အခုလည်း ရဟန်းပုံကို သေမင်းလို သဘောနဲ့ပန်ချီတွေ စွဲတယ်စော်ကားတဲ့သူတွေက မသိလို့စော်ကားတယ်ပဲထားပါတော့ စော်ကားခံရတဲ့သူတွေက သူ့အပြစ်သူခံလိမ့်မယ်ချည်း နှလုံသွင်းနေတာတော့ တော်တော်မှားတယ်။ အခုကပ်ဆိုက်ပြီလေ ကိုယ်တွေပါနေမရတော့ဘူး အကုသိုလ်ဆိုတာ တခြားသူတွေကိုလည်း ရိုက်ခတ်တတ်ပါတယ် …။
ဒါ့ကြောင့်ဗုဒ္ဓက အာနန္ဒာ မဟုတ်တာကိုမဟုတ်ဘူး ပြောရမယ် တဲ့မဟန ဆရာတော်ကြီးများနဲ့သာဝန်လည်း အလုပ်လုပ်ဖို့သင့်နေပါပြီ …။
အစ္စလာမ်မစ်ကို ကာကွယ်ဖို့အိုအိုင်စီ ဆိုတဲ့ အစ္စလာမ်မစ်ကောင်စီ ရှိတယ် …။
ခရစ်ယာမ်ကို ကာကွယ်ဖို့ ပုပ်ရဟန်းမင်းကြီးနဲ့ခရစ်ယာမ်အသင်းတော်တွေရှိတယ် ဗုဒ္ဓကို ကာကွယ်ဖို့ ဘယ်သူရှိလဲ မေးရမလို ဖြစ်နေပါပြီ …။
ဘုရားမျက်နှာကြည့်ကြမှာလား ထိုင်ခုံတွေ လာဘ်တွေပဲဂကြည့်ကြမှာလားလည်း မေးချင်မိတယ် …။
ဘာသာကြီးတခုတည်းက ကြီးဆိုးတာမခံနိုင်ဘူးဆိုတဲ့သူတွေရော အခု ဘာလုပ်နေကြလဲ …?
ဗုဒ္ဓဆိုတာ တလောကလုံးမှာအတုမရှိပါဘူး။ ရတနာသုံးပါးဟာ ဗုဒ္ဓဘာသာရဲ့အသဲနှလုံးပါ ကြီးကျယ်မြင့်မြတ်မူ့ကိုသီလသမာဓိပညာ နဲ့တိုင်းပါတယ် …။
ကံ ကံရဲ့ အကျိးကို ယုံကြည်ကြပါတယ်။ ဒါဗုဒ္ဓဘာသာရဲ့ လမ်းစဉ်ပါ …။
ပူဇော်ရင် ကျင့်သုံးရင် အကျိုးပေးကြီးကျယ်သလောက် စော်ကားရင်လည်း အကျိုးပေးကြီးကျယ်တာပါပဲ …။
တကမ္ဘာလုံး ဝိုင်းပြီး စော်ကားမှတော့ကပ်ဆိုက်တာ မဆန်းပါဘူးဖန်ဆင်းရှင်ဝါဒမဟုတ်ဘူး ကယ်တင်ရှင်ဝါဒမဟုတ်ဘူး ကိုယ်လုပ်ရင် ကိုယ်ခံရတဲ့ဝါဒ ရှင်းလား …?
မလုပ်သင့်တာ မလုပ်ဖို့ တားနေတာကို ဆက်လုပ်မယ်ဆိုရင် လည်း ဆက်လုပ်ကြပေါ့ မတားပါဘူး ဒုက္ခရောက်မှ မေတ္တာမထားနိုင်ကြဘူလား ကရုဏာ မထားနိုင်ကြဘူးလား လာမပြောနဲ့ခင်ဗျားတို့အတွက် ဥပေက္ခာပဲ ပေးမယ် …။
တနေ့ကျရင် ခလုတ်တိုက်တာတောင်ဂေါတမ ဗုဒ္ဓ ကယ်ပါ ဆိုတဲ့စကား ခင်ဗျား တို့ ပြောလာကြမှာပါ လို့ကျုပ်ရဲရဲကြီးပြောရင်တယ် …။
ကမ္ဘာကြီးပေါ်မှာ ခင်ဗျားတို့နဲ့အတူတူ လူဖြစ်လာတဲ့ ကံပါလာတော့ ကျုပ်တို့လည်း မိုးကြိုးပစ်ရင် စက်ကွင်းမိသလောက်တော့ ခံရမှာပေါ့ …။
မေတ္တာတို့ ကရုဏာ တို့ဆိုတာ လူစိတ်ရှိသူ လူ့ကျင့်ဝတ်နဲ့ညီတဲ့သူတွေနဲ့ပဲ တန်ပါတယ် လူစိတ်မရှိသူတွေအတွက် မတန်ပါဘူး …။
ဗုဒ္ဓတရားတော်တွေကို ခင်ဗျားတို့တွေ မကြည်ညိုပေမဲ့ နတ်တွေ ဗြဟ္မာတွေက ကြည်ညိုတယ် သူတို့က ခင်ဗျားတို့ရဲ့ စော်ကားမူ့တွေ မရပ်တန့်မချင်း ပညာပေးလိမ့်မယ် မယုံရင် စောင့်ကြည့် ကပ်သုံးပါး အကုန်လာမှာ
ကြီးမားတဲ့အကုသိုလ်ကံတွေရဲ့ အကျိုးဆက်ဟာဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ သိလာလိမ့်မယ်ဖန်ဆင်းရှင်လား ကယ်တင်ရှင်လားကံ ကံရဲ့ အကျိုးလားဆိုတာ တနေ့ကမ္ဘာကြီးပေါ်ကလူတွေ သဘောပေါက်လာတဲ့အထိ ပြောင်းလဲလာလိမ့်မယ် …။
နောင်မွေးလာမဲ့ လူသားမျိုးဆက်တွေကံကောင်းဖို့ လက်ရှိပစ္စပ္ပန် လူဆိုးလူယုတ်တွေ နဲ့ လဲရမယ် …။
ဂေါတမ ဗုဒ္ဓဆိုတာပေးဆပ်မူ့ အကြီးကြီး ပေးဆပ်ပြီးမှဘုရားဖြစ်လာတာစော်ကားရင်လည်း ပေးဆပ်မူ့အကြီးကြီးတွေပဲ ပေးဆပ်ရမယ် …။
ဒါဟာ ကျိန်စာမဟုတ်ဘူးဓမ္မတာပဲ …။ ။
ဦးမြင့်ခိုင်
ယုံကြည်သူများ share နိုင်ပါသည် …။