သန္းေခါင္ေက်ာ္မွ အိပ္တတ္တဲ့သူေတြ ခံစားလာရမယ့္ ဆိုးက်ိဳးမ်ား…

သန္းေခါင္ေက်ာ္မွ အိပ္တတ္တဲ့သူေတြ ခံစားလာရမယ့္ ဆိုးက်ိဳးမ်ား…

ဟိုးတေလာက ညသန္းေခါင္ႀကီးက်မွ စာရင္းေတြ ထထတင္လို႔ အိပ္ေရးပ်က္ၾကရတာ သိေပမယ့္ အခုေနာက္ပိုင္း ထပ္တုိးစာရင္းေတြ မရွိသေလာက္ ျဖစ္ေနပါၿပီေနာ္။ ဒီအတြက္ေၾကာင့္ ညအိပ္ခ်ိန္ေတြလည္း အရင္လိုပဲ ျပန္မွန္ေအာင္ က်င့္ယူၾကပါေတာ့လို႔ အၾကံေပးခ်င္ပါတယ္။ မဟုတ္ဘဲ ေန႔စဥ္ရက္ဆက္ မနက္လင္းမွ အိပ္ေနမယ္ဆိုရင္ေတာ့ မ်က္ႏွာအသားရည္ေတြဟာ တစနဲ႔တစ္ပ်က္ဆီးယိုယြင္းလာမွာျဖစ္ၿပီး ဘယ္ေလာက္ေကာင္းတဲ့ skin care ေတြပဲသံုးသံုး ကယ္ႏုိင္မွာ မဟုတ္ေတာ့ပါဘူး …။

ဒီေတာ့ ညဖက္ကို သန္းေခါင္ေက်ာ္ မနက္လင္းကာမွ အိပ္တဲ့အခါ ဘာေတြျဖစ္ႏုိင္သလဲ ဆိုတာကို ေအာက္မွာ ဆက္ဖတ္ေပးၾကပါအံုးေနာ္ …။

(၁) အိုမင္းေလ်ာ့ရြဲလာျခင္း”

လူတစ္ေယာက္ဟာ ေနာက္အက်ဆံုး အိပ္ယာဝင္ခ်ိန္ဟာ ၁၀ နာရီဆိုၿပီး ပညာရွင္ေတြက သတ္မွတ္ထားခဲ့ၾကပါတယ္။ ဘာေၾကာင့္ဆိုရင္ ေကာ္လဂ်င္အသစ္ျပန္ျဖစ္မႈဟာ အိပ္စက္လိုက္တာမွ ျပန္လည္အသစ္ျဖစ္ေပၚမွာျဖစ္ၿပီး အခ်ိန္ကလည္း ည ၁၀ နာရီပတ္ဝန္းက်င္ဆိုေတာ့ အကယ္၍ မိမိအေနနဲ႔ မနက္ ၂ နာရီ၊ ၃ နာရီေလာက္မွ အိပ္တဲ့အခါ ေကာ္လဂ်င္ျဖစ္ပြားမႈႏႈန္းကို ေႏွာင့္ေႏွးေစပါတယ္။ အေရည္ျပားေတြ တင္းရင္းဖို႔၊ အရြယ္တင္ဖုိ႔ကို ျပဳလုပ္ေပးတဲ့ ကော္လဂ်င္ကို ကိုယ့္ခႏၶာကိုယ္အတြင္းက အလံုအေလာက္မရတဲ့အခါမွာေတာ့ supplement ေတြေသာက္လည္းဘဲ မ်က္လံုးေဘး အေရးအေၾကာင္းေတြေေပၚလာတာမ်ိဳး၊ smile line ေတြျဖစ္လာတာမ်ိဳး၊ ခႏၶာကိုယ္အေရျပားေတြ ေလ်ာ့ရဲလာတာမ်ိဳးေတြကို မလြဲမေသြၾကံဳေတြ႕ရမွာပါ။ ရွိရင္းစြဲအသက္ထက္ ပိုအိုစာတာမ်ိဳးေပါ့။

(၂) ဆံပင္ေတြပါးလာျခင္း”

အိပ္ေရးပ်က္ျခင္းဟာ telogen effluvium ဆိုတဲ့ ဓာတ္တစ္မ်ိဳးကို ထုတ္လႊင့္ေပးပါတယ္။ ဒီဓာတ္ဟာ stress hormone လို႔ေခၚတဲ့ cortisol ကို တုိးျမွင့္ေပးၿပီး သူ႕ရဲ႕ဆိုးက်ိဳးကေတာ့ အေရျပားကို ဦးတည္တာ ျဖစ္တဲ့အတြက္ ဆံပင္ေတြကၽြတ္လာကာ တစ္ေျဖးေျဖးနဲ႔ ပါးပါးလိုက္လာပါလိမ့္မယ္ …။

(၃) ဝက္ျခံေတြ ပိုပိုထြက္လာျခင္း”

အိပ္ယာေနာက္က်မွဝင္ျခင္းဟာလည္း အိပ္ေရးပ်က္ျခင္းတစ္မ်ိဳးပါပဲ။ အိပ္ေရးပ်က္တာဟာ ခႏၶာကိုယ္ကို ဖိဆီးမႈ (stress) ေတြ အမ်ားႀကီး ေပးတဲ့အတြက္ေၾကာင့္ စိတ္ဖိစီးမႈနဲ႔အတူတူပဲ ခႏၶာကိုယ္မွာ stress မ်ားလာတဲ့အခါ ဝက္ျခံနဲ႔ အဆီဖုေတြကို ပိုျဖစ္ေစႏုိင္ပါတယ္။

(၄) အသားအရည္မ်ား ၾကမ္းေထာ္လာျခင္း”

ေကာ္လဂ်င္အတုိင္းပဲ ဆဲလ္အသစ္ျဖစ္ေပၚျခင္းကလည္း ညဖက္ ၁၀ နာရီပတ္ဝန္းက်င္ေလာက္ ေနာက္ဆံုးထား အိပ္ေပးကာမွ လုပ္ငန္းစဥ္ကို အျပည့္အဝျဖစ္ေစပါတယ္။ ပ်ိဳေမတို႔ မနက္လင္းမွ အိပ္တဲ့ေန႔ေတြဆို အိပ္ယာႏုိးလာလို႔ မ်က္ႏွာသစ္ၿပီး ကိုယ့္မ်က္ႏွာအသားအေရကို ကိုင္ၾကည့္ရင္ ၾကမ္းတမ္းေနတာကို ၾကံဳဖူးၾကတယ္မလား။ ဒါဟာ မ်က္ႏွာအသားေရၾကမ္းတမ္းရံုတင္မကဘဲ တင္းတိတ္ေတြနဲ႔ အမာရြတ္အမည္းစက္တေြကို ပိုၿပီး ထင္ရွားေစဖို႔လည္း အားေပးပါေသးတယ္ …။

(၅) မ်က္အိတ္အေျခအေန”

မ်က္အိတ္ေဖာင္းျခင္းနဲ႔ မ်က္ကြင္းညိဳျခင္းေတြဟာ မ်က္ႏွာမွာ အသိသာဆံုးနဲ႔ေပ်ာက္ေအာင္လုပ္ဖို႔ အခက္ခဲဆံုးဆိုတဲ့အထဲ ပါဝင္ေနပါတယ္။ အိပ္ယာဝင္ေနာက္က်တာမ်ိဳး ၁ ပတ္ေလာက္ပဲျဖစ္လာခဲ့မယ္ဆိုရင္ေတာင္ ပ်ိဳေမတုိ႔ရဲ႕မ်က္လံုးေအာက္အရည္ျပားေလးဟာ သိသိသာသာေျပာင္းလဲလာမွာပါ။ Panda eyes ေလးေတြျဖစ္ရင္ ကိုယ္ပဲ စိတ္ဆင္းရဲရမွာမလို႔ အရင္လို ပံုမွန္ခ်ိန္ျပန္အိပ္ဖို႔ကို တိုက္တြန္းလိုက္ရပါတယ္ …။

(၆) ခႏၶာကိုယ္ အေလးခ်ိန္ျပႆနာ”

ညဖက္မအိပ္တဲ့အခါ အမ်ားစုေသာ အမ်ိဳးသမီးေတြဟာ အေၾကာင္းရင္း (၂) ခုေၾကာင့္ ကိုယ္အေလးခ်ိန္ အဆမတန္ ထိုးတက္လာတတ္ပါတယ္။ ပထမတစ္ခ်က္ကေတာ့ ညဖက္အိပ္ခ်ိန္တန္လို႔ မအိပ္တဲ့အခါ အဆာေခ်စနစ္က ဦးေႏွာက္နဲ႔ခ်ိန္ဆက္အလုပ္ေနရတဲ့အတြက္ ဗိုက္ပိုဆာလာမယ္၊ ဒီေတာ့ စားမိၿပီး ဝိတ္ေတြတက္လာတတ္လာတတ္ပါတယ္။ ဒီခ်က္အတြက္ ေျဖရွင္းနည္းကေတာ့ မစားဘဲေနလို႔ရေပမယ့္ ဒုတိယေျမာက္အခ်က္ကေတာ့ ေစာေစာအိပ္မွ ေျဖရွင္းလို႔ရမယ့္နည္းလမ္းပါ။ အဲဒါဘာလဲဆိုဆိုရင္ လူ႕ခႏၶာကိုယ္ဟာ သာမန္အိပ္ခ်ိန္မ်ိဳးမွာ မအိပ္ရတဲ့အတြက္ေၾကာင့္ ဇီဝရုပ္ျဖစ္ပ်က္မႈလုပ္ငန္းစဥ္ေတြ (metabolism) ေတြဟာ ကေမာက္ကမျဖစ္ကုန္ကာ ဝေစတဲ့ေဟာ္မုန္းတစ္ခုကို ထုတ္လႊတ္ေပးတာေၾကာင့္ ကိုယ္အေလးခ်ိန္ဟာ အဆမတန္ ထိုးတက္လာတာပဲ ျဖစ္ပါတယ္တဲ႔ေနာ္ …။ ။

Penny

Unicode

သန်းခေါင်ကျော်မှ အိပ်တတ်တဲ့သူတွေ ခံစားလာရမယ့် ဆိုးကျိုးများ…

ဟိုးတလောက ညသန်းခေါင်ကြီးကျမှ စာရင်းတွေ ထထတင်လို့ အိပ်ရေးပျက်ကြရတာ သိပေမယ့် အခုနောက်ပိုင်း ထပ်တိုးစာရင်းတွေ မရှိသလောက် ဖြစ်နေပါပြီနော်။ ဒီအတွက်ကြောင့် ညအိပ်ချိန်တွေလည်း အရင်လိုပဲ ပြန်မှန်အောင် ကျင့်ယူကြပါတော့လို့ အကြံပေးချင်ပါတယ်။ မဟုတ်ဘဲ နေ့စဉ်ရက်ဆက် မနက်လင်းမှ အိပ်နေမယ်ဆိုရင်တော့ မျက်နှာအသားရည်တွေဟာ တစနဲ့တစ်ပျက်ဆီးယိုယွင်းလာမှာဖြစ်ပြီး ဘယ်လောက်ကောင်းတဲ့ skin care တွေပဲသုံးသုံး ကယ်နိုင်မှာ မဟုတ်တော့ပါဘူး …။

ဒီတော့ ညဖက်ကို သန်းခေါင်ကျော် မနက်လင်းကာမှ အိပ်တဲ့အခါ ဘာတွေဖြစ်နိုင်သလဲ ဆိုတာကို အောက်မှာ ဆက်ဖတ်ပေးကြပါအုံးနော် …။

(၁) အိုမင်းလျော့ရွဲလာခြင်း”

လူတစ်ယောက်ဟာ နောက်အကျဆုံး အိပ်ယာဝင်ချိန်ဟာ ၁၀ နာရီဆိုပြီး ပညာရှင်တွေက သတ်မှတ်ထားခဲ့ကြပါတယ်။ ဘာကြောင့်ဆိုရင် ကော်လဂျင်အသစ်ပြန်ဖြစ်မှုဟာ အိပ်စက်လိုက်တာမှ ပြန်လည်အသစ်ဖြစ်ပေါ်မှာဖြစ်ပြီး အချိန်ကလည်း ည ၁၀ နာရီပတ်ဝန်းကျင်ဆိုတော့ အကယ်၍ မိမိအနေနဲ့ မနက် ၂ နာရီ၊ ၃ နာရီလောက်မှ အိပ်တဲ့အခါ ကော်လဂျင်ဖြစ်ပွားမှုနှုန်းကို နှောင့်နှေးစေပါတယ်။ အရေည်ပြားတွေ တင်းရင်းဖို့၊ အရွယ်တင်ဖို့ကို ပြုလုပ်ပေးတဲ့ ကော်လဂျင်ကို ကိုယ့်ခန္ဓာကိုယ်အတွင်းက အလုံအလောက်မရတဲ့အခါမှာတော့ supplement တွေသောက်လည်းဘဲ မျက်လုံးဘေး အရေးအကြောင်းတွေပေါ်လာတာမျိုး၊ smile line တွေဖြစ်လာတာမျိုး၊ ခန္ဓာကိုယ်အရေပြားတွေ လျော့ရဲလာတာမျိုးတွေကို မလွဲမသွေကြုံတွေ့ရမှာပါ။ ရှိရင်းစွဲအသက်ထက် ပိုအိုစာတာမျိုးပေါ့။

(၂) ဆံပင်တွေပါးလာခြင်း”

အိပ်ရေးပျက်ခြင်းဟာ telogen effluvium ဆိုတဲ့ ဓာတ်တစ်မျိုးကို ထုတ်လွှင့်ပေးပါတယ်။ ဒီဓာတ်ဟာ stress hormone လို့ခေါ်တဲ့ cortisol ကို တိုးမြှင့်ပေးပြီး သူ့ရဲ့ဆိုးကျိုးကတော့ အရေပြားကို ဦးတည်တာ ဖြစ်တဲ့အတွက် ဆံပင်တွေကျွတ်လာကာ တစ်ဖြေးဖြေးနဲ့ ပါးပါးလိုက်လာပါလိမ့်မယ် …။

(၃) ဝက်ခြံတွေ ပိုပိုထွက်လာခြင်း”

အိပ်ယာနောက်ကျမှဝင်ခြင်းဟာလည်း အိပ်ရေးပျက်ခြင်းတစ်မျိုးပါပဲ။ အိပ်ရေးပျက်တာဟာ ခန္ဓာကိုယ်ကို ဖိဆီးမှု (stress) တွေ အများကြီး ပေးတဲ့အတွက်ကြောင့် စိတ်ဖိစီးမှုနဲ့အတူတူပဲ ခန္ဓာကိုယ်မှာ stress များလာတဲ့အခါ ဝက်ခြံနဲ့ အဆီဖုတွေကို ပိုဖြစ်စေနိုင်ပါတယ်။

(၄) အသားအရည်များ ကြမ်းထော်လာခြင်း”

ကော်လဂျင်အတိုင်းပဲ ဆဲလ်အသစ်ဖြစ်ပေါ်ခြင်းကလည်း ညဖက် ၁၀ နာရီပတ်ဝန်းကျင်လောက် နောက်ဆုံးထား အိပ်ပေးကာမှ လုပ်ငန်းစဉ်ကို အပြည့်အဝဖြစ်စေပါတယ်။ ပျိုမေတို့ မနက်လင်းမှ အိပ်တဲ့နေ့တွေဆို အိပ်ယာနိုးလာလို့ မျက်နှာသစ်ပြီး ကိုယ့်မျက်နှာအသားအရေကို ကိုင်ကြည့်ရင် ကြမ်းတမ်းနေတာကို ကြုံဖူးကြတယ်မလား။ ဒါဟာ မျက်နှာအသားရေကြမ်းတမ်းရုံတင်မကဘဲ တင်းတိတ်တွေနဲ့ အမာရွတ်အမည်းစက်တေွကို ပိုပြီး ထင်ရှားစေဖို့လည်း အားပေးပါသေးတယ် …။

(၅) မျက်အိတ်အခြေအနေ”

မျက်အိတ်ဖောင်းခြင်းနဲ့ မျက်ကွင်းညိုခြင်းတွေဟာ မျက်နှာမှာ အသိသာဆုံးနဲ့ပျောက်အောင်လုပ်ဖို့ အခက်ခဲဆုံးဆိုတဲ့အထဲ ပါဝင်နေပါတယ်။ အိပ်ယာဝင်နောက်ကျတာမျိုး ၁ ပတ်လောက်ပဲဖြစ်လာခဲ့မယ်ဆိုရင်တောင် ပျိုမေတို့ရဲ့မျက်လုံးအောက်အရည်ပြားလေးဟာ သိသိသာသာပြောင်းလဲလာမှာပါ။ Panda eyes လေးတွေဖြစ်ရင် ကိုယ်ပဲ စိတ်ဆင်းရဲရမှာမလို့ အရင်လို ပုံမှန်ချိန်ပြန်အိပ်ဖို့ကို တိုက်တွန်းလိုက်ရပါတယ် …။

(၆) ခန္ဓာကိုယ် အလေးချိန်ပြဿနာ”

ညဖက်မအိပ်တဲ့အခါ အများစုသော အမျိုးသမီးတွေဟာ အကြောင်းရင်း (၂) ခုကြောင့် ကိုယ်အလေးချိန် အဆမတန် ထိုးတက်လာတတ်ပါတယ်။ ပထမတစ်ချက်ကတော့ ညဖက်အိပ်ချိန်တန်လို့ မအိပ်တဲ့အခါ အဆာချေစနစ်က ဦးနှောက်နဲ့ချိန်ဆက်အလုပ်နေရတဲ့အတွက် ဗိုက်ပိုဆာလာမယ်၊ ဒီတော့ စားမိပြီး ဝိတ်တွေတက်လာတတ်လာတတ်ပါတယ်။ ဒီချက်အတွက် ဖြေရှင်းနည်းကတော့ မစားဘဲနေလို့ရပေမယ့် ဒုတိယမြောက်အချက်ကတော့ စောစောအိပ်မှ ဖြေရှင်းလို့ရမယ့်နည်းလမ်းပါ။ အဲဒါဘာလဲဆိုဆိုရင် လူ့ခန္ဓာကိုယ်ဟာ သာမန်အိပ်ချိန်မျိုးမှာ မအိပ်ရတဲ့အတွက်ကြောင့် ဇီဝရုပ်ဖြစ်ပျက်မှုလုပ်ငန်းစဉ်တွေ (metabolism) တွေဟာ ကမောက်ကမဖြစ်ကုန်ကာ ဝစေတဲ့ဟော်မုန်းတစ်ခုကို ထုတ်လွှတ်ပေးတာကြောင့် ကိုယ်အလေးချိန်ဟာ အဆမတန် ထိုးတက်လာတာပဲ ဖြစ်ပါတယ်တဲ့နော် …။ ။

Penny