ၾကီးပြားေအာင္ျမင္ခ်င္လၽွင္ ဒီအရာ (၃) ခုကို လံုး၀ မစိုးရိမ္ပါနဲ႔…

ၾကီးပြားေအာင္ျမင္ခ်င္လၽွင္ ဒီအရာ (၃) ခုကို လံုး၀ မစိုးရိမ္ပါနဲ႔…

“ၾကီးပြားေအာင္ျမင္ခ်င္လၽွင္ စိုးရိမ္မေနသင့္တဲ့ အ‌ေၾကာင္း (၃) ခု”

(၁) လုပ္ခဲ့မိတဲ့ အမွားေတြ

လူတိုင္း အမွားနဲ႔ မကင္းနိုင္ ၾကပါဘူး။ ဒါေပမယ့္ အမွားအတြက္ ထိခိုက္ ခံစားေနမယ္ ဆိုရင္ေတာ့ ကိုယ့္ဒုက ၡကိုယ္ရွာေန သလို ပါပဲ။ အမွားေတြ ကေန သင္ခန္းစာ ယူရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ စြန႔္စားစလုပ္ငန္းရွင္ ေတာ္ေတာ္ မ်ားမ်ားက အမွားေတြရဲ့ ေျခာက္လွန႔္ျခင္းကို ခံစားေန ၾကရတတ္ပါတယ္ …။

အတိတ္ကို ေျပာင္းလဲလို့ မရနိုင္ ပါဘူး။ အမွားကေန ပညာယူပါ။ ေတာင္းပန္စရာ လိုအပ္လၽွင္ ေတာင္းပန္လိုက္ပါ။ အမွားေတြကိုပဲ အာ႐ုံစိုက္ ေနမယ္ ဆိုရင္ ေရွ႕ဆက္ရမယ့္ ကိစၥေတြ အတြက္ စိတ္ဓာတ္ခြန္အား ဆုံးရွုံး ရပါလိမ့္မယ္ေနာ္ …။

(၂) ၿပိဳင္ဘက္ေတြ

ၿပိဳင္ဘက္ေတြ အေၾကာင္းကို မိမိရဲ႕အလုပ္နဲ႔ ဘယ္လို ကြဲျပားျခားနားလဲ ဆိုတာ သိရ႐ုံေလာက္ပဲ ေကာင္းပါတယ္။ ဒီ့ထက္ ပိုၿပီး ႏွိုင္းယွဥ္ၾကည့္ မယ္ဆိုရင္ေတာ့ ဘာ အက်ိဳးအျမတ္မွ ရလာမွာ မဟုတ္ပါဘူး …။

သင့္ရဲ့ႀကိဳးစားမွုကို ၿပိဳင္ဘက္ေတြနဲ႔ ႏွိုင္းယွဥ္ေနမယ့္ အစား သင့္ႀကိဳးစားမွုကို လက္ရွိ အေနအထားထက္ ပိုေကာင္းတဲ့ အေနအထားျဖစ္ေအာင္ ဘယ္လို လုပ္ရမလဲ ဆိုတာ အာ႐ုံစိုက္ သင့္ပါတယ္ …။

(၃) အနာဂါတ္

ဒီေန႔ကို မ်က္လုံး တစ္ဖက္နဲ႔ၾကည့္ၿပီး အနာဂါတ္ကို ေနာက္တစ္ဖက္နဲ႔ လွမ္းေမၽွာ္ၾကည့္ေန မယ္ဆိုရင္ ဒီေန႔အတြက္ မ်က္လုံး တစ္ဖက္ ဆုံးရွုံး လိုက္ရပါၿပီ …။

ဒီေန႔ကို အျပည့္အဝ အာ႐ုံမစိုက္ နိုင္ဘူး ဆိုလၽွင္ အေကာင္းဆုံး ဆိုတာ ျဖစ္လာမွာ မဟုတ္ ပါဘူးေနာ္ …။

ေနာက္တစ္ရက္ အတြက္ သို့မဟုတ္ ေနာက္ထပ္ လုပ္ငန္း တစ္ခု အတြက္ စိုးရိမ္တာက လြယ္ပါတယ္။ ဒါေပမယ့္ ဒီလို စိုးရိမ္ေနမယ္ ဆိုလၽွင္ လက္ရွိအခ်ိန္၊ လက္ရွိ လုပ္ငန္းအတြက္ အလားအလာေတြကို လုယက္ ခံစားလိုက္ ရသလို ပါပဲ …။

ဒီေန႔မွာပဲ သင့္ရဲ့ႀကိဳးစားမွုကို ပိုေကာင္းေအာင္၊ ပိုခိုင္ မာလာေအာင္ လုပ္ေပးနိုင္တဲ့ အခြင့္အေရးေတြ အမ်ားႀကီ းရွိ‌ေနပါ တယ္။ သင့္အေနနဲ႔ ထိန္းခ်ဳပ္လို့ မရနိုင္တဲ့ အရာေတြကို အာ႐ုံစိုက္ မေနဘူး ဆိုလၽွင္ လုပ္ငန္း တစ္ခုကို အေကာင္းဆုံး တည္ေဆာက္ လာနိုင္မွာပဲ ျဖစ္ပါတယ္ …။

ထိန္းခ်ဳပ္ကိုင္တြယ္လို့ရတဲ့ အရာေတြကိုပဲ အာ႐ုံစိုက္ပါ။ ဒီေန႔မွာ တိုးတက္မွု တစ္စုံတစ္ရာ မေတြ႕ရေပမယ့္ အခ်ိန္တစ္ ခုေရာက္တဲ့ အခါမွာ အလြယ္တကူ ထိန္းခ်ဳပ္ကိုင္ေတြ လို့ရတဲ့ အရာတစ္ခု ျဖစ္လာမွာ ေသခ်ာပါတယ္ေနာ္ …။ ။

ခရက္ဒစ္

Unicode

ကြီးပွားအောင်မြင်ချင်လျှင် ဒီအရာ (၃) ခုကို လုံး၀ မစိုးရိမ်ပါနဲ့…

“ကြီးပွားအောင်မြင်ချင်လျှင် စိုးရိမ်မနေသင့်တဲ့ အ‌ကြောင်း (၃) ခု”

(၁) လုပ်ခဲ့မိတဲ့ အမှားတွေ

လူတိုင်း အမှားနဲ့ မကင်းနိုင် ကြပါဘူး။ ဒါပေမယ့် အမှားအတွက် ထိခိုက် ခံစားနေမယ် ဆိုရင်တော့ ကိုယ့်ဒုက္ခကိုယ်ရှာနေ သလို ပါပဲ။ အမှားတွေ ကနေ သင်ခန်းစာ ယူရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် စွန့်စားစလုပ်ငန်းရှင် တော်တော် များများက အမှားတွေရဲ့ ခြောက်လှန့်ခြင်းကို ခံစားနေ ကြရတတ်ပါတယ် …။

အတိတ်ကို ပြောင်းလဲလို့ မရနိုင် ပါဘူး။ အမှားကနေ ပညာယူပါ။ တောင်းပန်စရာ လိုအပ်လျှင် တောင်းပန်လိုက်ပါ။ အမှားတွေကိုပဲ အာရုံစိုက် နေမယ် ဆိုရင် ရှေ့ဆက်ရမယ့် ကိစ္စတွေ အတွက် စိတ်ဓာတ်ခွန်အား ဆုံးရှုံး ရပါလိမ့်မယ်နော် …။

(၂) ပြိုင်ဘက်တွေ

ပြိုင်ဘက်တွေ အကြောင်းကို မိမိရဲ့အလုပ်နဲ့ ဘယ်လို ကွဲပြားခြားနားလဲ ဆိုတာ သိရရုံလောက်ပဲ ကောင်းပါတယ်။ ဒီ့ထက် ပိုပြီး နှိုင်းယှဉ်ကြည့် မယ်ဆိုရင်တော့ ဘာ အကျိုးအမြတ်မှ ရလာမှာ မဟုတ်ပါဘူး …။

သင့်ရဲ့ကြိုးစားမှုကို ပြိုင်ဘက်တွေနဲ့ နှိုင်းယှဉ်နေမယ့် အစား သင့်ကြိုးစားမှုကို လက်ရှိ အနေအထားထက် ပိုကောင်းတဲ့ အနေအထားဖြစ်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာ အာရုံစိုက် သင့်ပါတယ် …။

(၃) အနာဂါတ်

ဒီနေ့ကို မျက်လုံး တစ်ဖက်နဲ့ကြည့်ပြီး အနာဂါတ်ကို နောက်တစ်ဖက်နဲ့ လှမ်းမျှော်ကြည့်နေ မယ်ဆိုရင် ဒီနေ့အတွက် မျက်လုံး တစ်ဖက် ဆုံးရှုံး လိုက်ရပါပြီ …။

ဒီနေ့ကို အပြည့်အဝ အာရုံမစိုက် နိုင်ဘူး ဆိုလျှင် အကောင်းဆုံး ဆိုတာ ဖြစ်လာမှာ မဟုတ် ပါဘူးနော် …။

နောက်တစ်ရက် အတွက် သို့မဟုတ် နောက်ထပ် လုပ်ငန်း တစ်ခု အတွက် စိုးရိမ်တာက လွယ်ပါတယ်။ ဒါပေမယ့် ဒီလို စိုးရိမ်နေမယ် ဆိုလျှင် လက်ရှိအချိန်၊ လက်ရှိ လုပ်ငန်းအတွက် အလားအလာတွေကို လုယက် ခံစားလိုက် ရသလို ပါပဲ …။

ဒီနေ့မှာပဲ သင့်ရဲ့ကြိုးစားမှုကို ပိုကောင်းအောင်၊ ပိုခိုင် မာလာအောင် လုပ်ပေးနိုင်တဲ့ အခွင့်အရေးတွေ အများကြီးရှိ‌နေပါ တယ်။ သင့်အနေနဲ့ ထိန်းချုပ်လို့ မရနိုင်တဲ့ အရာတွေကို အာရုံစိုက် မနေဘူး ဆိုလျှင် လုပ်ငန်း တစ်ခုကို အကောင်းဆုံး တည်ဆောက် လာနိုင်မှာပဲ ဖြစ်ပါတယ် …။

ထိန်းချုပ်ကိုင်တွယ်လို့ရတဲ့ အရာတွေကိုပဲ အာရုံစိုက်ပါ။ ဒီနေ့မှာ တိုးတက်မှု တစ်စုံတစ်ရာ မတွေ့ရပေမယ့် အချိန်တစ် ခုရောက်တဲ့ အခါမှာ အလွယ်တကူ ထိန်းချုပ်ကိုင်တွေ လို့ရတဲ့ အရာတစ်ခု ဖြစ်လာမှာ သေချာပါတယ်နော် …။ ။

ခရက်ဒစ်