






(၂) အားနာရတယ်



(၃) မှန်ကြည့်နေရတယ်


(၄) အမြဲ သတိထားရတယ်


(၅) အထင်လွဲခံရတယ်



Kham

Unicode

မွေးရာပါ မျက်နှာထား တည်တဲ့သူတွေ အမြဲကြုံလေ့ရှိတဲ့ အခက်အခဲ(၅)ခု

ကိုယ့်မျက်နှာထား ဘယ်လိုပုံစံ ရှိနေလဲဆိုတာကို သတိမထားမိတတ်တဲ့သူတွေ ရှိပါတယ်။ သူတို့တွေကတော့ မကြာခဏ သူများက ပြောလိုက်မှာ ကိုယ့်မျက်နှာထားကို မလုံမလဲ ဖြစ်တတ်ကြသူတွေ ဖြစ်ပါတယ်။

ဒီလို မျက်နှာထား မထားတတ်တဲ့သူတွေမှာတော့ အခုလို အခက်အခဲလေးတွေ ရှိနေတတ်ပါတယ်။

(၁) စိတ်ဆိုးနေတယ်လို့ အထင်ခံရတယ်

သူတို့တွေ အဓိက ကြုံရတာကတော့ မျက်နှာကို စူပုတ်ထားတယ်လို့ အထင်ခံရတာပဲ ဖြစ်ပါတယ်။ သူတို့တွေရဲ့ တကယ့်စိတ်ထဲမှာတော့ စူပုတ်တာ မဟုတ်ပဲ ပုံမှန်တည်နေတာမျိုး ဖြစ်ပါတယ်။

ဒါပေမယ့်လည်း စိတ်ဆိုးနေတယ်လို့လည်း အထင်ခံနေရတတ်တာမျိုးကို ကြုံနေရပါသေးတယ်။

(၂) အားနာရတယ်

သူတို့တွေက သူတို့ရဲ့ မျက်နှာထားကြောင့် ပတ်ဝန်းကျင်ကို အားနာမိရတာတွေလည်း ရှိပါတယ်။ သတိမထားမိတဲ့အခါ ကိုယ်က ပြုံးနေတာကို လူတွေ မြင်နေတာ ဒါမှမဟုတ် စိတ်ဆိုးနေတယ်လို့ မြင်နေတာ စတာတွေကြောင့် အားနာနေရပါတယ်။

ကိုယ့်မျက်နှာထားကြောင့် တခြားသူတွေအပေါ် အားနာမိတဲ့ ခံစားချက်မျိုး အမြဲ ဝင်တတ်ကြပါသေးတယ်။

(၃) မှန်ကြည့်နေရတယ်

သူတို့တွေက တစ်ယောက်ယောက် မင်းမျက်နှာက ဘာဖြစ်နေတာလဲလို့ မေးခံလိုက်တာနဲ့ မှန်ကို ကြည့်မိတဲ့ ပြဿနာလည်း ရှိပါသေးတယ်။ သူတို့ မျက်နှာအနေအထားကို မှန်ကြည့်ပြီး စစ်ဆေးရတာလည်း သူတို့ရဲ့ အလုပ်တစ်ခုလိုပါပဲ။
ဒါပေမယ့်လည်း တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို ပုံမှန် မျက်နှာအနေအထားလို့ ထင်တတ်ပါသေးတယ်။

(၄) အမြဲ သတိထားရတယ်

အရေးကြီးတဲ့ ရုံးနဲ့ ပွဲလမ်းသဘင်တွေမှာဆိုရင် သူတို့က မျက်နှာထားကို ပိုပြီး ဂရုစိုက်တတ်ရပါသေးတယ်။ မျက်နှာအနေအထားက စိတ်အခြေအနေနဲ့ မတူတာမျိုး ဖြစ်နေတတ်တာမို့ အခုလို သတိထားကြရတာ ဖြစ်ပါတယ်။

(၅) အထင်လွဲခံရတယ်

သူတို့တွေက မကြာခဏ အထင်လွဲခံရသူတွေလည်း ဖြစ်ပါတယ်။ သူတို့ကို တလောကလုံးကို လုပ်ကျွေးနေတဲ့ မျက်နှာနဲ့ဆိုပြီး ပြစ်တင်ပြောဆိုတာကို ခံရသလို အမျိုးမျိုး ထပ်အပြောခံရပါသေးတယ်။

ဒါကတော့ သူတို့ရဲ့ မျက်နှာမထားတတ်တဲ့ အခြေအနေကြောင့်ပဲ ဖြစ်ပါတယ်။

Kham