မိန္းကေလးမ်ားအတြက္ ေစ့စပ္အၿပီး Relationship ထိန္းသိမ္းနည္းမ်ား

မိန္းကေလးမ်ားအတြက္ ေစ့စပ္အၿပီး Relationship ထိန္းသိမ္းနည္းမ်ား

ေဘာ္ဒါေတြနဲ႔အျပင္ထြက္တာကိုထြက္ပါေစ

ေယာက်္ားဆိုသည္မွာ အေပါင္းအသင္းမက္ပါတယ္။ ဒါေၾကာင့္မို႔ လြတ္လပ္ခြင့္ေလးေတာ့ေပးလိုက္ပါ မခင္ေလးရယ္။

သူအဲ့လိုထြက္ခ်ိန္မွာ ဖုန္းခဏခဏမဆက္ပါနဲ႔။ တစ္ေခါက္ေလာက္ Video Call ေခၚေျပာလိုက္ပါ။ ဒီေလာက္ဆို စိတ္ခ်ရပါၿပီ။

အလုပ္နဲ႔ပတ္သတ္ၿပီးေတာ့သဝန္မတိုပါနဲ႔

လုပ္ငန္းခြင္ဆိုတာကသိတဲ့အတိုင္း ေယာက်္ား ၊ မိန္းမ မေရြး ပတ္သတ္ေနရတာပါ။ ကိုယ့္ေၾကာင့္နဲ႔ ကိုယ့္ခ်စ္သူကိုလုပ္ငန္းခြင္မွာ မထိခိုက္ေစပါနဲ႔။
တစ္ခါတစ္ရံ သင္နဲ႔ရွိတဲ့အခ်ိန္ အလုပ္ကိစၥနဲ႔ မိန္းကေလးတစ္ေယာက္ကဖုန္းဆက္တဲ့အခါ Speaker ဖြင့္ခိုင္းတာမ်ိဳးေတြမလုပ္ပါနဲ႔။ သူ႔ကိုလဲေစာ္ကားရာေရာက္သလို အလုပ္နဲ႔ပတ္သတ္တာေတြမို႔ သူ႔Privacy ကို ထိခိုက္ေစပါတယ္။

သင့္ခ်စ္သူကို ဂိမ္းေဆာ့တတ္ရင္ ေပးေဆာ့ပါ

ဂိမ္းနဲ႔ငါနဲ႔ ဘာကိုေရြးမလဲေတြ မလုပ္ပါနဲ႔။ ဂိမ္းစြဲတာက ဘိန္းစြဲတာထက္ေတာ့ ေကာင္းပါတယ္။ ဒါေပမဲ့ သူ႔ကို ကိုယ့္အတြက္အခ်ိန္ေပးဖို႔လဲ ေျပာျပပါ။ သူသာတကယ္ခ်စ္ရင္ ဂိမ္းခ်ည္းပဲေဆာ့မေနပဲ သင့္ကို အခ်ိန္ေပးပါလိမ့္မယ္။

အမွတ္တရေန႔ေတြမွာ ေလၽွာက္သြားတာမ်ိဳးလုပ္ေပးပါ

ဓာတ္ပုံေတြရိုက္ပါ ကိုယ္တတ္နိုင္သေလာက္ လက္ေဆာင္ေလးေတြေပးပါ။ ဒီဓာတ္ပုံေတြကို ေနာင္အခ်ိန္ေတြမွာ Throw Back အျဖစ္ ျပန္တင္ပါ။ ဒါဟာ ႏွစ္ေယာက္ၾကားကို ေႏြးေထြးေစပါတယ္။

႐ုပ္ရွင္အတူတူၾကည့္တာမ်ိဳး ၊ ညစာအတူတူစားတာမ်ိဳးကလဲ အခ်စ္ေတြကိုပိုတိုးပြားေစပါတယ္။

ဒါေတြကေတာ့အၾကမ္းဖ်င္း Relationship ထိန္းသိမ္းနည္းေလးေတြပါ။ ကၽြန္ေတာ္အႀကံေပးခ်င္တာကေတာ့ အရမ္းခ်စ္တာမ်ိဳးထက္ သံေယာဇဥ္ႀကီးေအာင္ႀကိဳးစားပါ။

ဘာေၾကာင့္လဲဆိုရင္ အခ်စ္ထက္ သံေယာဇဥ္ႀကိဳးကပိုခိုင္ျမဲလို႔ပါ။ ခ်စ္သူမ်ားအားလုံး ေပ်ာ္ရႊင္ၾကပါေစေနာ္။

unicode

မိန်းကလေးများအတွက် စေ့စပ်အပြီး Relationship ထိန်းသိမ်းနည်းများ

ဘော်ဒါတွေနဲ့အပြင်ထွက်တာကိုထွက်ပါစေ

ယောကျ်ားဆိုသည်မှာ အပေါင်းအသင်းမက်ပါတယ်။ ဒါကြောင့်မို့ လွတ်လပ်ခွင့်လေးတော့ပေးလိုက်ပါ မခင်လေးရယ်။

သူအဲ့လိုထွက်ချိန်မှာ ဖုန်းခဏခဏမဆက်ပါနဲ့။ တစ်ခေါက်လောက် Video Call ခေါ်ပြောလိုက်ပါ။ ဒီလောက်ဆို စိတ်ချရပါပြီ။

အလုပ်နဲ့ပတ်သတ်ပြီးတော့သဝန်မတိုပါနဲ့

လုပ်ငန်းခွင်ဆိုတာကသိတဲ့အတိုင်း ယောကျ်ား ၊ မိန်းမ မရွေး ပတ်သတ်နေရတာပါ။ ကိုယ့်ကြောင့်နဲ့ ကိုယ့်ချစ်သူကိုလုပ်ငန်းခွင်မှာ မထိခိုက်စေပါနဲ့။
တစ်ခါတစ်ရံ သင်နဲ့ရှိတဲ့အချိန် အလုပ်ကိစ္စနဲ့ မိန်းကလေးတစ်ယောက်ကဖုန်းဆက်တဲ့အခါ Speaker ဖွင့်ခိုင်းတာမျိုးတွေမလုပ်ပါနဲ့။ သူ့ကိုလဲစော်ကားရာရောက်သလို အလုပ်နဲ့ပတ်သတ်တာတွေမို့ သူ့Privacy ကို ထိခိုက်စေပါတယ်။

သင့်ချစ်သူကို ဂိမ်းဆော့တတ်ရင် ပေးဆော့ပါ

ဂိမ်းနဲ့ငါနဲ့ ဘာကိုရွေးမလဲတွေ မလုပ်ပါနဲ့။ ဂိမ်းစွဲတာက ဘိန်းစွဲတာထက်တော့ ကောင်းပါတယ်။ ဒါပေမဲ့ သူ့ကို ကိုယ့်အတွက်အချိန်ပေးဖို့လဲ ပြောပြပါ။ သူသာတကယ်ချစ်ရင် ဂိမ်းချည်းပဲဆော့မနေပဲ သင့်ကို အချိန်ပေးပါလိမ့်မယ်။

အမှတ်တရနေ့တွေမှာ လျှောက်သွားတာမျိုးလုပ်ပေးပါ

ဓာတ်ပုံတွေရိုက်ပါ ကိုယ်တတ်နိုင်သလောက် လက်ဆောင်လေးတွေပေးပါ။ ဒီဓာတ်ပုံတွေကို နောင်အချိန်တွေမှာ Throw Back အဖြစ် ပြန်တင်ပါ။ ဒါဟာ နှစ်ယောက်ကြားကို နွေးထွေးစေပါတယ်။

ရုပ်ရှင်အတူတူကြည့်တာမျိုး ၊ ညစာအတူတူစားတာမျိုးကလဲ အချစ်တွေကိုပိုတိုးပွားစေပါတယ်။

ဒါတွေကတော့အကြမ်းဖျင်း Relationship ထိန်းသိမ်းနည်းလေးတွေပါ။ ကျွန်တော်အကြံပေးချင်တာကတော့ အရမ်းချစ်တာမျိုးထက် သံယောဇဉ်ကြီးအောင်ကြိုးစားပါ။

ဘာကြောင့်လဲဆိုရင် အချစ်ထက် သံယောဇဉ်ကြိုးကပိုခိုင်မြဲလို့ပါ။ ချစ်သူများအားလုံး ပျော်ရွှင်ကြပါစေနော်။