ခ်စ္ရသူနဲ႔ အၿမဲမခြဲ လက္တြဲသြားခ်င္တယ္ဆိုရင္ ဒီအခ်က္ (၅) ခ်က္ကို လိုက္နာျပဳမူရန္ လိုအပ္

ကိုယ့္ခ်စ္ရသူနဲ႔ တစ္သက္လုံး လက္တြဲၿပီး ဘဝခရီးလမ္းကို အတူေလွ်ာက္လွမ္းခ်င္ပါသလား..

ဒီအခ်က္ေလးေတြက သင္တို႔ႏွစ္ဦး တစ္ေယာက္ကိုတစ္ေယာက္ ပိုနားလည္လာေအာင္၊ သံေယာဇဥ္ပိုရွိလာေအာင္ ကူညီပံ့ပိုးေပးႏိုင္တယ္ဆိုတာ မယုံမရွိပါနဲ႔။

၁။ ေျဖးေျဖးခ်င္း ေရွ႕ဆက္ပါ။ စိတ္ျမန္၊ လက္ျမန္ ဘယ္အရာကိုမွ မလုပ္မိပါေစနဲ႔..

တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈရွိေအာင္ ႀကိဳးစားဖို႔ဆို ဘယ္အရာကိုမွ အလ်င္စလို လုပ္စရာမလိုပါဘူး တစ္ဆင့္ခ်င္းသြားပါ။ အတူေနဖို႔၊ ခ်စ္တင္းႏွီးေႏွာဖို႔ ကိစၥေတြကအစ ရည္းစားျဖစ္ၿပီးၿပီးခ်င္း လုပ္ေဆာင္သင့္တဲ့အရာေတြ မဟုတ္ပါဘူး။ အားလုံးကို တစ္ဆင့္ခ်င္း လုပ္ေဆာင္သြားပါ အခ်ိန္ယူပါ။

၂။ သင္လိုအပ္တာက ဘာဆိုတာ ေျပာျပပါ..

တစ္ခါတစ္ေလ တစ္ေယာက္ရဲ႕အႀကိဳက္ကိုခ်ည္း တစ္ေယာက္က လိုက္ေပးေနရင္ အဲ့ဒီ တစ္ေယာက္ရဲ႕စိတ္ခံစားခ်က္က တစ္မ်ိဳး ျဖစ္သြားႏိုင္ပါတယ္။ ဒီေတာ့ ကိုယ္ခံစားရတာဘာဆိုတာေတာ့ ကိုယ့္ခ်စ္သူ သိထားမွ ျဖစ္မွာပါ။

ဒီလိုဆိုရင္ သူလည္း နားလည္သြားလိမ့္မယ္။ စိတ္ထဲမွာပဲ အရာအားလုံးကို ထည့္မထားပဲ ကိုယ့္ခ်စ္သူကို ကိုယ့္ခံစားခ်က္၊ ကိုယ့္လိုအပ္ခ်က္ စတာေတြကို ဖြင့္ေျပာၿပီး ေပးသိလိုက္ပါ။

၃။ သင့္သူငယ္ခ်င္း၊ မိသားစု၊ အလုပ္နဲ႔ ဝါသနာကို ေမ့မထားပါနဲ႔..

ကိုယ့္ခ်စ္သူနဲ႔ ႏွစ္ဦး အၿမဲတမ္းရွိေနတာမ်ိဳး လိုခ်င္တတ္ၾကတာ မမွားပါဘူး ဒါေပမယ့္ ကိုယ့္ခ်စ္သူအျပင္ ကိုယ့္ဘဝအတြက္ အျခားအေရးႀကီးတဲ့ အရာေတြကိုလည္း ေမ့မထားလိုက္ပါနဲ႔။

အထူးသျဖင့္ သူငယ္ခ်င္းေတြနဲ႔ အတူေမ်ာဖို႔၊ မိသားစုကို အခ်ိန္ေပးႏိုင္ဖို႔၊ ကိုယ့္အလုပ္အတြက္ တိုးတက္ရာ တိုးတက္ေၾကာင္းေတြ ေလ့လာဆည္းဖူးဖို႔၊ ကိုယ္ဝါသနာပါတဲ့ အရာေလးေတြကို ပုံမွန္ေဆာင္႐ြက္ဖို႔ဟာ သင့္ဘဝအတြက္ အေရးႀကီးပါတယ္။

၄။တစ္ေယာက္တည္းအခ်ိန္ေလးေတြ ဖန္တီးပါ..

အရာရာတိုင္း ခ်စ္သူနဲ႔အတူ တတြဲတြဲေဆာင္႐ြက္ေနတာမ်ိဳးခ်ည္း မလုပ္ပါနဲ႔။ တကယ္ေတာ့ ကိုယ့္ကိုယ္ကို နားလည္ေအာင္ ႀကိဳးစားဖို႔၊ စိတ္ေတြရႈပ္လာရင္ ကိုယ့္ကိုယ္ကို ျပန္အားေပးဖို႔၊ အနာဂတ္လမ္းခရီးကို စီမံခန႔္ခြဲဖို႔ တစ္ေယာက္တည္းအခ်ိန္ဆိုတာ လိုကိုလိုအပ္ပါတယ္။

၅။ ႏိုးဆိုၿပီး ျငင္းဆိုဖို႔လည္း မတြန႔္ဆုတ္ပါနဲ႔..

တကယ္လို႔ ကိုယ့္ခ်စ္သူက ကိုယ့္ကို ေတာင္းဆိုလာတဲ့ အရာကို ကိုယ္လုံးဝလက္မခံႏိုင္ဘူးဆိုရင္ ႏိုး ဆိုၿပီး ျငင္းလိုက္ပါ။ ဆုံးျဖတ္ခ်က္ခ်တဲ့အပိုင္းကိုလည္း ႏွစ္ဦးသေဘာတူ ခ်ႏိုင္ဖို႔သာ ႀကိဳးစားပါ။

[ Unicode ]

ကိုယ့်ချစ်ရသူနဲ့ တစ်သက်လုံး လက်တွဲပြီး ဘဝခရီးလမ်းကို အတူလျှောက်လှမ်းချင်ပါသလား..

ဒီအချက်လေးတွေက သင်တို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ပိုနားလည်လာအောင်၊ သံယောဇဉ်ပိုရှိလာအောင် ကူညီပံ့ပိုးပေးနိုင်တယ်ဆိုတာ မယုံမရှိပါနဲ့။

၁။ ဖြေးဖြေးချင်း ရှေ့ဆက်ပါ။ စိတ်မြန်၊ လက်မြန် ဘယ်အရာကိုမှ မလုပ်မိပါစေနဲ့..

တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိအောင် ကြိုးစားဖို့ဆို ဘယ်အရာကိုမှ အလျင်စလို လုပ်စရာမလိုပါဘူး တစ်ဆင့်ချင်းသွားပါ။ အတူနေဖို့၊ ချစ်တင်းနှီးနှောဖို့ ကိစ္စတွေကအစ ရည်းစားဖြစ်ပြီးပြီးချင်း လုပ်ဆောင်သင့်တဲ့အရာတွေ မဟုတ်ပါဘူး။ အားလုံးကို တစ်ဆင့်ချင်း လုပ်ဆောင်သွားပါ အချိန်ယူပါ။

၂။ သင်လိုအပ်တာက ဘာဆိုတာ ပြောပြပါ..

တစ်ခါတစ်လေ တစ်ယောက်ရဲ့အကြိုက်ကိုချည်း တစ်ယောက်က လိုက်ပေးနေရင် အဲ့ဒီ တစ်ယောက်ရဲ့စိတ်ခံစားချက်က တစ်မျိုး ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ ကိုယ်ခံစားရတာဘာဆိုတာတော့ ကိုယ့်ချစ်သူ သိထားမှ ဖြစ်မှာပါ။

ဒီလိုဆိုရင် သူလည်း နားလည်သွားလိမ့်မယ်။ စိတ်ထဲမှာပဲ အရာအားလုံးကို ထည့်မထားပဲ ကိုယ့်ချစ်သူကို ကိုယ့်ခံစားချက်၊ ကိုယ့်လိုအပ်ချက် စတာတွေကို ဖွင့်ပြောပြီး ပေးသိလိုက်ပါ။

၃။ သင့်သူငယ်ချင်း၊ မိသားစု၊ အလုပ်နဲ့ ဝါသနာကို မေ့မထားပါနဲ့..

ကိုယ့်ချစ်သူနဲ့ နှစ်ဦး အမြဲတမ်းရှိနေတာမျိုး လိုချင်တတ်ကြတာ မမှားပါဘူး ဒါပေမယ့် ကိုယ့်ချစ်သူအပြင် ကိုယ့်ဘဝအတွက် အခြားအရေးကြီးတဲ့ အရာတွေကိုလည်း မေ့မထားလိုက်ပါနဲ့။

အထူးသဖြင့် သူငယ်ချင်းတွေနဲ့ အတူမျောဖို့၊ မိသားစုကို အချိန်ပေးနိုင်ဖို့၊ ကိုယ့်အလုပ်အတွက် တိုးတက်ရာ တိုးတက်ကြောင်းတွေ လေ့လာဆည်းဖူးဖို့၊ ကိုယ်ဝါသနာပါတဲ့ အရာလေးတွေကို ပုံမှန်ဆောင်ရွက်ဖို့ဟာ သင့်ဘဝအတွက် အရေးကြီးပါတယ်။

၄။တစ်ယောက်တည်းအချိန်လေးတွေ ဖန်တီးပါ..

အရာရာတိုင်း ချစ်သူနဲ့အတူ တတွဲတွဲဆောင်ရွက်နေတာမျိုးချည်း မလုပ်ပါနဲ့။ တကယ်တော့ ကိုယ့်ကိုယ်ကို နားလည်အောင် ကြိုးစားဖို့၊ စိတ်တွေရှုပ်လာရင် ကိုယ့်ကိုယ်ကို ပြန်အားပေးဖို့၊ အနာဂတ်လမ်းခရီးကို စီမံခန့်ခွဲဖို့ တစ်ယောက်တည်းအချိန်ဆိုတာ လိုကိုလိုအပ်ပါတယ်။

၅။ နိုးဆိုပြီး ငြင်းဆိုဖို့လည်း မတွန့်ဆုတ်ပါနဲ့..

တကယ်လို့ ကိုယ့်ချစ်သူက ကိုယ့်ကို တောင်းဆိုလာတဲ့ အရာကို ကိုယ်လုံးဝလက်မခံနိုင်ဘူးဆိုရင် နိုး ဆိုပြီး ငြင်းလိုက်ပါ။ ဆုံးဖြတ်ချက်ချတဲ့အပိုင်းကိုလည်း နှစ်ဦးသဘောတူ ချနိုင်ဖို့သာ ကြိုးစားပါ။