မိန္းကေလးတစ္ေယာက္အေနနဲ႔ ကိုယ့္ကို အေပ်ာ္တြဲမယ့္သူနဲ႔ ကိုယ့္ကိုအတည္တြဲမယ့္သူ ခြဲတတ္ဖို႔….

မိန္းကေလးတစ္ေယာက္အေနနဲ႔ ကိုယ့္ကို အေပ်ာ္တြဲမယ့္သူနဲ႔ ကိုယ့္ကိုအတည္တြဲမယ့္သူ ခြဲတတ္ဖို႔….

မိန္းကေလးတစ္ေယာက္အေနနဲ႔ကိုယ့္ကို အေပ်ာ္တြဲမယ့္သူနဲ႔ ကိုယ့္ကိုအတည္တြဲမယ့္သူ ခြဲတတ္ဖို႔လိုလိမ့္မယ္ ေယာက်္ားေလးတစ္ေယာက္ မိန္းကေလးတစ္ေယာက္ကိုတြဲရတဲ့အေၾကာင္းအရင္း ႏွစ္ခုပဲ႐ွိပါတယ္ …။

၁.ေရတို အေပ်ာ္တြဲဖို႔နဲ႔ ၂. ေရ႐ွည္ အတည္တြဲဖို႔အတြက္ ေလ့လာ*ဖို႔(ဒီေနရာမွာ ေလ့လာဖို႔ ဆိုတဲ့စကားလုံး ကိုနားလည္ေစခ်င္တယ္။ ဘယ္ေယာက်္ားမွာ စေတြ႕ေတြ႕ခ်င္း မင္းနဲ႔အတည္တြဲမယ္၊ အခ်ိန္တန္ရင္ မင္းကိုပဲယူမယ္လို႔ စဥ္းစားမထားပါဘူး…သူတို႔လဲ သူတို႔လိုခ်င္တဲ့ Standard နဲ႔ပုံစံေတြ သတ္မွတ္ခ်က္ေတြနဲ႔ အဆင္ေျပမေျပ ေလ့လာဦးမွာဆိုတာ မေမ့ပါနဲ႔)

ဘယ္လိုရည္႐ြယ္ခ်က္နဲ႔ပဲျဖစ္ျဖစ္ ေယာက်္ားတစ္ေယာက္ သူ႕ပါးစပ္က ဘယ္ေလာက္ပဲအျမႇဳပ္ထြက္ေအာင္ “ခ်စ္တယ္” ပဲ ေျပာေျပာ သူတို႔ကိုယ္သူတို႔ ေမးေမးေနတဲ့ေမးခြန္းႏွစ္ခုပဲ႐ွိတယ္”ငါခဏအေပ်ာ္တြဲတာပဲလား?” “ငါသူ႕ကိုလက္ထက္ယူမွာလား?”ဒီေနရာမွာ သူ႕အတြက္ အေျဖ ငါးမ်ိဳထြက္လိမ့္မယ္ …။

1. Bye Bye

အစကတည္းက အေပ်ာ္တြဲဖို႔စခဲ့တယ္ အစပိုင္းေတာ့ ႏွစ္ေယာက္သားေပ်ာ္ျမဴးေနေပမယ့္အခ်ိန္အတိုင္းအတာတစ္ခုေရာက္ေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး လမ္းခြဲသြားတယ္ အေပ်ာ္တြဲတာေလ သူ႕အတြက္ေတာ့အစကတည္းက ဒီလိုၿပီးသြားမယ္လို႔ သိခဲ့ၿပီးသား No Hurt Feelings ေပါ့ …။

2. Forever Girlfriend

အေပ်ာ္တြဲဖို႔စခဲ့တယ္ ေပ်ာ္ေနတယ္ႏွစ္ေယာက္သားဒါေပမယ့္ လက္ထပ္ဖို႔အစီစဥ္႐ွိလားဆိုေတာ့ မ႐ွိဘူး သူ႕အတြက္ ေရတိုအေပ်ာ္တြဲဖို႔ပဲစဥ္းစားခဲ့ေပမယ့္ ေရ႐ွည္မွာလဲေပ်ာ္ေနေတာ့ ဒီ”အေပ်ာ္”ေနရာမွာပဲ ၄၊၅ ႏွစ္ကုန္သြားတယ္ “လက္ထပ္မယ္”လို႔တစ္ခါမွ မစဥ္းစားဘူးဘူး …။

3. Lucky Me

အစကေတာ့ အေပ်ာ္တြဲဖို႔ပဲစခဲ့တာပဲအခ်ိန္အတိုင္းအတာတစ္ခု (၆လ၊ ၁ႏွစ္) ေလာက္မွာေကာင္မေလးကမဆိုးဘူးဆိုၿပီး အတည္တြဲၿပီး ယူဖို႔စဥ္းစားသြားတယ္ “မိန္းမေလာင္းလို” သူေလ့လာၿပီး အခ်ိန္တန္ရင္ သူမနဲ႔ Settle လုပ္သြားတယ္ …။

4. My Future Wife

သူကေတာ့ အထက္ကေယာက်္ားေတြလိုမဟုတ္ေတာ့ဘူး။ အစကတည္းက အတည္တြဲဖို႔ပဲ စဥ္းစားတဲ့သူဒီလိုလူေတြ လူငယ္ပိုင္းမွာသိပ္မ႐ွိသေလာက္ပဲSettle ဖို႔အဆင္သင့္ျဖစ္ၿပီလို႔ ယုံၾကည္တဲ့သူ 27-35ၾကားမွာပိုေတြ႕ရတယ္ (တခ်ိဳ႕ကေတာ့ ေပ်ာ္လို႔ေကာင္းတုန္းပဲ) ေကာင္မေလးကို စၾကကတည္းက “မိန္းမေလာင္းလို”မ်က္လုံးနဲ႔ၾကည့္တယ္ ေမးခြန္းေတြေမးတယ္၊ ေလ့လာတယ္ ကိုယ္နဲ႔ေရ႐ွည္အဆင္ေျပမေျပပဲ စဥ္းစားတယ္ တြဲေနရင္းနဲ႔အဆင္ေျပရင္ လက္ထပ္ခြင့္ေတာင္းၿပီး ယူလိုက္တယ္ …။

5. Sorry and Thanks For Your Time

အစကအတည္တြဲဖို႔စဥ္းစားခဲ့တာပဲ ဒါေပမယ့္ အထက္ကလိုအဆင္မေျပေတာ့ ပြင့္ပြင့္လင္းလင္းနဲ႔ပဲေျပာၿပီးလမ္းခြဲသြားတယ္ ေနာက္တစ္ေယာက္ဆက္႐ွာတယ္ သူ႕အတြက္ အခ်ိန္ကတန္ဖိုးႀကီးတယ္၊ တဖက္မိန္းကေလးကိုလဲအားနာတတ္တယ္ ေတာင္းပန္ပါတယ္ေပါ့ ဒီေတာ့ မိန္းကေလးတစ္ေယာက္အေနနဲ႔ ကိုယ္တြဲေနတဲ့ ေယာက်္ားေလးရဲ႕စိတ္ထဲမွာသူကိုယ့္ကို ဘယ္လိုသတ္မွတ္ထားတာလဲ သူကိုယ့္ကို ဘယ္လိုျမင္လဲ ဘယ္လိုထင္လဲ သိဖို႔ …၊

အရမ္းအေရးႀကီးတယ္ ဘယ္ေယာက်္ားကမွ “နင့္ကိုခဏပဲအေပ်ာ္ပဲတြဲမွာ ပ်င္းရင္ျဖတ္မွာ”လို႔ ႀကိဳမေျပာပါဘူး “ခ်စ္တယ္”လို႔ေျပာေနရင္ေတာင္”ခ်စ္တိုင္း ယူမယ္လို႔”ထင္ေနမိတာ ကိုယ့္အမွားပါပဲ ဒါေၾကာင့္ အရင္ဆုံးကိုယ့္ကိုကိုယ္ေမးၾကည့္ရမယ္”ငါကေရာ အေပ်ာ္တြဲမွာလား ဒါမွမဟုတ္ အတည္႐ွာဖို႔အခ်ိန္ေရာက္ၿပီလားေပါ့”ဒါကေတာ့ မိန္းကေလးတစ္ေယာက္နဲ႔တစ္ေယာက္တူမွာေတာ့မဟုတ္ဘူး ကိုယ္ဘယ္ခ်ိန္ေလာက္မွာ အိမ္ေထာင္ျပဳဖို႔ မွန္းထားလဲ ဆိုတာေပၚ မူတည္တယ္ …။

ဥပမာ ကိုယ္က ၃၀ေလာက္မွာ အိမ္ေထာင္ျပဳဖို႔မွန္းထားၿပီး၂၉ေလာက္ထိ ကိုယ့္ကိုအေပ်ာ္တြဲဖို႔ပဲ စဥ္းစားထားတဲ့ ေယာက်္ားတစ္ေယာက္နဲ႔အခ်ိန္မကုန္သင့္ေတာ့ဘူးအသက္အ႐ြယ္နဲ႔မဆိုင္ဘူးရယ္ ကိုယ္ယူခ်င္တဲ့အခ်ိန္နဲ႔ပဲဆိုင္တာ၃၅ မွယူမယ္ဆိုရင္လဲ ဆက္တြဲေပါ့ မတားပါဘူး အပ်ိဳႀကီးလုပ္မွာ Sugar Mommy လုပ္ၿပီး အမ္းမွာဆိုလဲဒီစာဖတ္ရတာ အခ်ိန္ကုန္သြားတဲ့အတြက္ေတာင္းပန္ပါတယ္ အဓိကက “အိမ္ေထာင္ျပဳဖို႔” ရည္႐ြယ္ထားတဲ့မိန္းကေလးေတြကိုယ့္ကိုယူဖို႔ ေတြးေတာင္မေတြးဘူးတဲ့ …။

ေယာက်္ားေတြနဲ႔ အခ်ိန္မကုန္မိေစဖို႔ပဲ မွတ္ထားပါ ခ်စ္တာက ခ်စ္တာတပိုင္းပဲ သူကိုယ့္ကိုယူဖို႔ မစဥ္းစားလို႔ သူကိုယ့္ကိုမခ်စ္ဘူးဆိုၿပီး လက္ညိႇဳးထိုးစြပ္စြဲခိုင္းတာမဟုတ္ပါဘူး အေပ်ာ္တြဲရင္း ခ်စ္မိသြားေပမယ့္လဲ ယူဖို႔အဆင္မေျပလို႔ တဖက္မိန္းကေလးအားနာၿပီး လက္လႊတ္လိုက္ရတဲ့ ေယာက်္ားေတြလဲတစ္ပုံႀကီးပဲ မိန္းကေလးတစ္ေယာက္အတြက္ “ငါသူ႕ကိုခ်စ္ရင္လက္ထပ္မယ္”လို႔ ေတြးေကာင္းေတြးထားေပမယ့္ ေယာက်္ားတစ္ေယာက္အတြက္ ခ်စ္တယ္ဆိုတိုင္း လက္ထပ္ခ်င္မွ လက္ထပ္မွာပါ …။

သူတို႔အတြက္ ခဏတာ ခ်စ္ျခင္းနဲ႔ တစ္ဘဝတာ ႐ိုးေျမက်လက္ထပ္ျခင္းကို ခြဲထားလို႔ရတယ္။ မခ်စ္ဘူး၊ အေပ်ာ္ပဲ ဆိုရင္ေတာ့ ပိုေတာင္ေဝးသြားၿပီေပါ့ ကိုယ့္အခ်ိန္ကို ကိုယ္တြက္ပါ ကိုယ္တြဲေနတဲ့သူ ကိုယ့္အေပၚဘယ္လိုျမင္လဲ ကိုယ္သိပါေစ။ အခ်ိန္ေတြက ျပန္မရဘူးရယ္။ ကိုယ္သူ႕ကိုအေပ်ာ္တြဲေနတဲ့အခ်ိန္တိုင္းမွာကိုယ့္ကို အတည္တြဲမယ့္ သူေတြကို မသိမသာ ခါခ်ေနမိတယ္ဆိုတာ မိန္းကေလးေတြ နားလည္ေစခ်င္မိတယ္ …။ ။

#nkzhmdy #nclrelationship

Unicode

မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ကို အပျော်တွဲမယ့်သူနဲ့ ကိုယ့်ကိုအတည်တွဲမယ့်သူ ခွဲတတ်ဖို့….

မိန်းကလေးတစ်ယောက်အနေနဲ့ကိုယ့်ကို အပျော်တွဲမယ့်သူနဲ့ ကိုယ့်ကိုအတည်တွဲမယ့်သူ ခွဲတတ်ဖို့လိုလိမ့်မယ် ယောက်ျားလေးတစ်ယောက် မိန်းကလေးတစ်ယောက်ကိုတွဲရတဲ့အကြောင်းအရင်း နှစ်ခုပဲရှိပါတယ် …။

၁.ရေတို အပျော်တွဲဖို့နဲ့ ၂. ရေရှည် အတည်တွဲဖို့အတွက် လေ့လာ*ဖို့(ဒီနေရာမှာ လေ့လာဖို့ ဆိုတဲ့စကားလုံး ကိုနားလည်စေချင်တယ်။ ဘယ်ယောက်ျားမှာ စတွေ့တွေ့ချင်း မင်းနဲ့အတည်တွဲမယ်၊ အချိန်တန်ရင် မင်းကိုပဲယူမယ်လို့ စဉ်းစားမထားပါဘူး…သူတို့လဲ သူတို့လိုချင်တဲ့ Standard နဲ့ပုံစံတွေ သတ်မှတ်ချက်တွေနဲ့ အဆင်ပြေမပြေ လေ့လာဦးမှာဆိုတာ မမေ့ပါနဲ့)

ဘယ်လိုရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ် ယောက်ျားတစ်ယောက် သူ့ပါးစပ်က ဘယ်လောက်ပဲအမြှုပ်ထွက်အောင် “ချစ်တယ်” ပဲ ပြောပြော သူတို့ကိုယ်သူတို့ မေးမေးနေတဲ့မေးခွန်းနှစ်ခုပဲရှိတယ်”ငါခဏအပျော်တွဲတာပဲလား?” “ငါသူ့ကိုလက်ထက်ယူမှာလား?”ဒီနေရာမှာ သူ့အတွက် အဖြေ ငါးမျိုထွက်လိမ့်မယ် …။

1. Bye Bye

အစကတည်းက အပျော်တွဲဖို့စခဲ့တယ် အစပိုင်းတော့ နှစ်ယောက်သားပျော်မြူးနေပေမယ့်အချိန်အတိုင်းအတာတစ်ခုရောက်တော့ အကြောင်းအမျိုးမျိုးပြပြီး လမ်းခွဲသွားတယ် အပျော်တွဲတာလေ သူ့အတွက်တော့အစကတည်းက ဒီလိုပြီးသွားမယ်လို့ သိခဲ့ပြီးသား No Hurt Feelings ပေါ့ …။

2. Forever Girlfriend

အပျော်တွဲဖို့စခဲ့တယ် ပျော်နေတယ်နှစ်ယောက်သားဒါပေမယ့် လက်ထပ်ဖို့အစီစဉ်ရှိလားဆိုတော့ မရှိဘူး သူ့အတွက် ရေတိုအပျော်တွဲဖို့ပဲစဉ်းစားခဲ့ပေမယ့် ရေရှည်မှာလဲပျော်နေတော့ ဒီ”အပျော်”နေရာမှာပဲ ၄၊၅ နှစ်ကုန်သွားတယ် “လက်ထပ်မယ်”လို့တစ်ခါမှ မစဉ်းစားဘူးဘူး …။

3. Lucky Me

အစကတော့ အပျော်တွဲဖို့ပဲစခဲ့တာပဲအချိန်အတိုင်းအတာတစ်ခု (၆လ၊ ၁နှစ်) လောက်မှာကောင်မလေးကမဆိုးဘူးဆိုပြီး အတည်တွဲပြီး ယူဖို့စဉ်းစားသွားတယ် “မိန်းမလောင်းလို” သူလေ့လာပြီး အချိန်တန်ရင် သူမနဲ့ Settle လုပ်သွားတယ် …။

4. My Future Wife

သူကတော့ အထက်ကယောက်ျားတွေလိုမဟုတ်တော့ဘူး။ အစကတည်းက အတည်တွဲဖို့ပဲ စဉ်းစားတဲ့သူဒီလိုလူတွေ လူငယ်ပိုင်းမှာသိပ်မရှိသလောက်ပဲSettle ဖို့အဆင်သင့်ဖြစ်ပြီလို့ ယုံကြည်တဲ့သူ 27-35ကြားမှာပိုတွေ့ရတယ် (တချို့ကတော့ ပျော်လို့ကောင်းတုန်းပဲ) ကောင်မလေးကို စကြကတည်းက “မိန်းမလောင်းလို”မျက်လုံးနဲ့ကြည့်တယ် မေးခွန်းတွေမေးတယ်၊ လေ့လာတယ် ကိုယ်နဲ့ရေရှည်အဆင်ပြေမပြေပဲ စဉ်းစားတယ် တွဲနေရင်းနဲ့အဆင်ပြေရင် လက်ထပ်ခွင့်တောင်းပြီး ယူလိုက်တယ် …။

5. Sorry and Thanks For Your Time

အစကအတည်တွဲဖို့စဉ်းစားခဲ့တာပဲ ဒါပေမယ့် အထက်ကလိုအဆင်မပြေတော့ ပွင့်ပွင့်လင်းလင်းနဲ့ပဲပြောပြီးလမ်းခွဲသွားတယ် နောက်တစ်ယောက်ဆက်ရှာတယ် သူ့အတွက် အချိန်ကတန်ဖိုးကြီးတယ်၊ တဖက်မိန်းကလေးကိုလဲအားနာတတ်တယ် တောင်းပန်ပါတယ်ပေါ့ ဒီတော့ မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်တွဲနေတဲ့ ယောက်ျားလေးရဲ့စိတ်ထဲမှာသူကိုယ့်ကို ဘယ်လိုသတ်မှတ်ထားတာလဲ သူကိုယ့်ကို ဘယ်လိုမြင်လဲ ဘယ်လိုထင်လဲ သိဖို့ …၊

အရမ်းအရေးကြီးတယ် ဘယ်ယောက်ျားကမှ “နင့်ကိုခဏပဲအပျော်ပဲတွဲမှာ ပျင်းရင်ဖြတ်မှာ”လို့ ကြိုမပြောပါဘူး “ချစ်တယ်”လို့ပြောနေရင်တောင်”ချစ်တိုင်း ယူမယ်လို့”ထင်နေမိတာ ကိုယ့်အမှားပါပဲ ဒါကြောင့် အရင်ဆုံးကိုယ့်ကိုကိုယ်မေးကြည့်ရမယ်”ငါကရော အပျော်တွဲမှာလား ဒါမှမဟုတ် အတည်ရှာဖို့အချိန်ရောက်ပြီလားပေါ့”ဒါကတော့ မိန်းကလေးတစ်ယောက်နဲ့တစ်ယောက်တူမှာတော့မဟုတ်ဘူး ကိုယ်ဘယ်ချိန်လောက်မှာ အိမ်ထောင်ပြုဖို့ မှန်းထားလဲ ဆိုတာပေါ် မူတည်တယ် …။

ဥပမာ ကိုယ်က ၃၀လောက်မှာ အိမ်ထောင်ပြုဖို့မှန်းထားပြီး၂၉လောက်ထိ ကိုယ့်ကိုအပျော်တွဲဖို့ပဲ စဉ်းစားထားတဲ့ ယောက်ျားတစ်ယောက်နဲ့အချိန်မကုန်သင့်တော့ဘူးအသက်အရွယ်နဲ့မဆိုင်ဘူးရယ် ကိုယ်ယူချင်တဲ့အချိန်နဲ့ပဲဆိုင်တာ၃၅ မှယူမယ်ဆိုရင်လဲ ဆက်တွဲပေါ့ မတားပါဘူး အပျိုကြီးလုပ်မှာ Sugar Mommy လုပ်ပြီး အမ်းမှာဆိုလဲဒီစာဖတ်ရတာ အချိန်ကုန်သွားတဲ့အတွက်တောင်းပန်ပါတယ် အဓိကက “အိမ်ထောင်ပြုဖို့” ရည်ရွယ်ထားတဲ့မိန်းကလေးတွေကိုယ့်ကိုယူဖို့ တွေးတောင်မတွေးဘူးတဲ့ …။

ယောက်ျားတွေနဲ့ အချိန်မကုန်မိစေဖို့ပဲ မှတ်ထားပါ ချစ်တာက ချစ်တာတပိုင်းပဲ သူကိုယ့်ကိုယူဖို့ မစဉ်းစားလို့ သူကိုယ့်ကိုမချစ်ဘူးဆိုပြီး လက်ညှိုးထိုးစွပ်စွဲခိုင်းတာမဟုတ်ပါဘူး အပျော်တွဲရင်း ချစ်မိသွားပေမယ့်လဲ ယူဖို့အဆင်မပြေလို့ တဖက်မိန်းကလေးအားနာပြီး လက်လွှတ်လိုက်ရတဲ့ ယောက်ျားတွေလဲတစ်ပုံကြီးပဲ မိန်းကလေးတစ်ယောက်အတွက် “ငါသူ့ကိုချစ်ရင်လက်ထပ်မယ်”လို့ တွေးကောင်းတွေးထားပေမယ့် ယောက်ျားတစ်ယောက်အတွက် ချစ်တယ်ဆိုတိုင်း လက်ထပ်ချင်မှ လက်ထပ်မှာပါ …။

သူတို့အတွက် ခဏတာ ချစ်ခြင်းနဲ့ တစ်ဘဝတာ ရိုးမြေကျလက်ထပ်ခြင်းကို ခွဲထားလို့ရတယ်။ မချစ်ဘူး၊ အပျော်ပဲ ဆိုရင်တော့ ပိုတောင်ဝေးသွားပြီပေါ့ ကိုယ့်အချိန်ကို ကိုယ်တွက်ပါ ကိုယ်တွဲနေတဲ့သူ ကိုယ့်အပေါ်ဘယ်လိုမြင်လဲ ကိုယ်သိပါစေ။ အချိန်တွေက ပြန်မရဘူးရယ်။ ကိုယ်သူ့ကိုအပျော်တွဲနေတဲ့အချိန်တိုင်းမှာကိုယ့်ကို အတည်တွဲမယ့် သူတွေကို မသိမသာ ခါချနေမိတယ်ဆိုတာ မိန်းကလေးတွေ နားလည်စေချင်မိတယ် …။ ။

#nkzhmdy #nclrelationship