ဆံသားပါးတဲ့မိန္းကေလးတုိင္း ဆံသားေကာင္းၿပီး အုံထူေနဖုိ႕ေန႔စဥ္ ဂရုစိုက္ေပးသင့္တဲ႔ အခ်က္(၅)ခ်က္

ဆံသားပါးတဲ့မိန္းကေလးတုိင္း ဆံသားေကာင္းၿပီး အုံထူေနဖုိ႕ေန႔စဥ္ ဂရုစိုက္ေပးသင့္တဲ႔ အခ်က္(၅)ခ်က္

ဆံသားပါးတဲ့ မိန္းကေလးတုိင္းရဲ႕ အိပ္မက္က ဆံသားေကာင္းၿပီး အုံထူေနဖုိ႕ ျဖစ္ပါတယ္။ ၾကမ္းတမ္းပ်က္ဆီးေနတဲ့ ဆံပင္မ်ိဳး ကို ဘယ္သူမွ မလုိခ်င္ၾကပါဘူး။ ဆံသားေကာင္းၿပီး အုံထူေနဖုိ႕ဆုိရင္ ေန႕တုိင္း ဆံသားကို ဂရုစုိက္ေပးေနဖို႔ေတာ႔ လိုအပ္ပါတယ္။ ဆံပင္ပါးရတဲ့ အေၾကာင္းရင္းေတြကေတာ့ စိတ္ဖိစီးမႈမ်ားတာေၾကာင့္ ၊ ေဟာ္မုန္း အတတ္အက်ျဖစ္ တာေၾကာင့္ ၊ အာဟာရနည္းတာေၾကာင့္ ၊ ေလထုညစ္ညမ္းတာေၾကာင့္ နဲ႕ မ်ိဳးရုိးေၾကာင့္ပဲ ျဖစ္ပါတယ္ေနာ္ …။

(၁) ဦးေရျပားကို ႏွိပ္နယ္ေပးပါ”

အုန္းဆီကို ဇလုံထဲထည့္ေပးၿပီး ေႏြးသြားေအာင္ အပူေပးပါ။ ေႏြးေနတဲ့ အုန္းဆီနဲ႕ ဦးေရျပားကို ႏွိပ္နယ္ေပးပါ။ မိနစ္အနည္းငယ္ေလာက္ႏွိပ္နယ္ေပးဖုိ႕လုိပါတယ္။ ညလုံးေပါက္တဲ့အထိ လိမ္းအိပ္ေပး ၿပီး မနက္ထရင္ ေခါင္းေလွ်ာ္ေပးပါ။ ဒီနည္းကေတာ့ ဦးေရျပားရဲ႕ ေသြးလည္ပတ္မႈကို လႈံေဆာ္ေပးၿပီး ဆံပင္သန္လာ ေစပါတယ္ …။

(၂) စနစ္က်က် ေခါင္းေလွ်ာ္ေပးပါ”

ေခါင္းေလွ်ာ္တဲ့အခါ စနစ္က်က်နဲ႕ ေခါင္းေလွ်ာ္ေပးဖုိ႕လုိပါတယ္။ စနစ္က်က် ေခါင္းေလွ်ာ္ေပးလုိက္တာနဲ႕ သိသာတဲ့ ရလဒ္ကို ရလာမွာပါ။ ပထမအခ်က္က ေန႕တုိင္း ေခါင္းေလွ်ာ္ရည္နဲ႕ ေခါင္း ေလွ်ာ္တာ မလုပ္ပါနဲ႕၊ ဒီလုိလုပ္တာက ဆံပင္ကို စုိေျပေစမယ့္ ဦးေရျပားကေနရလာတဲ့ သဘာ၀အဆီဓာတ္ ေတြ ကိုေျခာက္ေသြ႕သြားေစႏုိင္လုိ႕ပါ။ ေနာက္တစ္ခ်က္ကေတာ့ ေရပူနဲ႕ ေခါင္းေလွ်ာ္တာေတြ မလုပ္ပါနဲ႕၊ ဒီလုိလုပ္တာ က ဆံသားကို ေျခာက္ေသြ႕ေစၿပီး ၾကမ္းသြားေစႏုိင္လုိ႕ ျဖစ္ႏုိင္ရင္ ေရေအးနဲ႕ ေခါင္းေလွ်ာ္ေပးပါ …။

(၃) သဘာ၀အတုိင္း ေခါင္းအေျခာက္ခံေပးပါ”

ေခါင္းေလွ်ာ္ၿပီးတုိင္း သဘာ၀အတုိ္င္း ေခါင္းေျခာက္ခံတာ အ ေကာင္းဆုံးပါ။ သဘာ၀အတုိင္းဆုိတာ မ်က္ႏွာသုတ္ပ၀ါနဲ႕ ေခါင္းသုတ္ေပးပါ။ သဘာ၀အတုိင္း ေခါင္းေျခာက္ ေပးတာက ဆံသားအတြက္ေကာင္းေစႏုိင္သလို ဆံပင္လည္း သန္လာေစပါတယ္ …။

(၄) ညင္သာစြာ ေခါင္းဖီးေပးပါ”

ေခါင္းဘီးေရြးတဲ့အခါမွာ ပလက္စတစ္ေခါင္းဘီး ၊ သံနဲ႕လုပ္ထားတဲ့ ေခါင္း ဘီးေတြကိုေရွာင္ေပးပါ။ ေနာက္ၿပီး ေရစုိေနတဲ့အခ်ိန္မွာ ေခါင္းမဖီးပါနဲ႕။ ဘီးက်ဲကိုသုံးၿပီး ဆံပင္ကို ညင္သာ စြာေခါင္းဖီးေပးပါ။ တစ္ခ်ိန္လုံး ေခါင္းမဖီးေပးပါနဲ႕။ တစ္ေန႕ကို (၂)ႀကိမ္ ေလာက္ပဲ ေခါင္းဖီးေပးပါ …။

(၅) စားေသာက္ပုံ မွန္ပါေစ”

ဆံသားဖံြၿဖိဳးမႈက သင့္စားေနတဲ့ အစားအေသာက္ေပၚမူတည္ပါတယ္။ ဆံပင္သန္ဖုိ႕ရာအတြက္ အာဟာရရွိတဲ့ အစားအစာေတြကို စားရမွာျဖစ္ပါတယ္။ ပရုိတင္း ၊ ဗီတာမင္ (A,E,C) ၊ သံဓာတ္ ၊ ကယ္ဆီယမ္ ၊ omega-3 fatty acids ၊ biotin နဲ႕ magnesium စတ့ဲ ဓာတ္ေတြပါတဲ့ အစားအစာမ်ိဳးကို စားေပးသင့္ပါတယ္ေနာ္ …။

Credit

Unicode

ဆံသားပါးတဲ့မိန်းကလေးတိုင်း ဆံသားကောင်းပြီး အုံထူနေဖို့နေ့စဉ် ဂရုစိုက်ပေးသင့်တဲ့ အချက်(၅)ချက်

ဆံသားပါးတဲ့ မိန်းကလေးတိုင်းရဲ့ အိပ်မက်က ဆံသားကောင်းပြီး အုံထူနေဖို့ ဖြစ်ပါတယ်။ ကြမ်းတမ်းပျက်ဆီးနေတဲ့ ဆံပင်မျိုး ကို ဘယ်သူမှ မလိုချင်ကြပါဘူး။ ဆံသားကောင်းပြီး အုံထူနေဖို့ဆိုရင် နေ့တိုင်း ဆံသားကို ဂရုစိုက်ပေးနေဖို့တော့ လိုအပ်ပါတယ်။ ဆံပင်ပါးရတဲ့ အကြောင်းရင်းတွေကတော့ စိတ်ဖိစီးမှုများတာကြောင့် ၊ ဟော်မုန်း အတတ်အကျဖြစ် တာကြောင့် ၊ အာဟာရနည်းတာကြောင့် ၊ လေထုညစ်ညမ်းတာကြောင့် နဲ့ မျိုးရိုးကြောင့်ပဲ ဖြစ်ပါတယ်နော် …။

(၁) ဦးရေပြားကို နှိပ်နယ်ပေးပါ”

အုန်းဆီကို ဇလုံထဲထည့်ပေးပြီး နွေးသွားအောင် အပူပေးပါ။ နွေးနေတဲ့ အုန်းဆီနဲ့ ဦးရေပြားကို နှိပ်နယ်ပေးပါ။ မိနစ်အနည်းငယ်လောက်နှိပ်နယ်ပေးဖို့လိုပါတယ်။ ညလုံးပေါက်တဲ့အထိ လိမ်းအိပ်ပေး ပြီး မနက်ထရင် ခေါင်းလျှော်ပေးပါ။ ဒီနည်းကတော့ ဦးရေပြားရဲ့ သွေးလည်ပတ်မှုကို လှုံဆော်ပေးပြီး ဆံပင်သန်လာ စေပါတယ် …။

(၂) စနစ်ကျကျ ခေါင်းလျှော်ပေးပါ”

ခေါင်းလျှော်တဲ့အခါ စနစ်ကျကျနဲ့ ခေါင်းလျှော်ပေးဖို့လိုပါတယ်။ စနစ်ကျကျ ခေါင်းလျှော်ပေးလိုက်တာနဲ့ သိသာတဲ့ ရလဒ်ကို ရလာမှာပါ။ ပထမအချက်က နေ့တိုင်း ခေါင်းလျှော်ရည်နဲ့ ခေါင်း လျှော်တာ မလုပ်ပါနဲ့၊ ဒီလိုလုပ်တာက ဆံပင်ကို စိုပြေစေမယ့် ဦးရေပြားကနေရလာတဲ့ သဘာဝအဆီဓာတ် တွေ ကိုခြောက်သွေ့သွားစေနိုင်လို့ပါ။ နောက်တစ်ချက်ကတော့ ရေပူနဲ့ ခေါင်းလျှော်တာတွေ မလုပ်ပါနဲ့၊ ဒီလိုလုပ်တာ က ဆံသားကို ခြောက်သွေ့စေပြီး ကြမ်းသွားစေနိုင်လို့ ဖြစ်နိုင်ရင် ရေအေးနဲ့ ခေါင်းလျှော်ပေးပါ …။

(၃) သဘာဝအတိုင်း ခေါင်းအခြောက်ခံပေးပါ”

ခေါင်းလျှော်ပြီးတိုင်း သဘာဝအတ်ိုင်း ခေါင်းခြောက်ခံတာ အ ကောင်းဆုံးပါ။ သဘာဝအတိုင်းဆိုတာ မျက်နှာသုတ်ပဝါနဲ့ ခေါင်းသုတ်ပေးပါ။ သဘာဝအတိုင်း ခေါင်းခြောက် ပေးတာက ဆံသားအတွက်ကောင်းစေနိုင်သလို ဆံပင်လည်း သန်လာစေပါတယ် …။

(၄) ညင်သာစွာ ခေါင်းဖီးပေးပါ”

ခေါင်းဘီးရွေးတဲ့အခါမှာ ပလက်စတစ်ခေါင်းဘီး ၊ သံနဲ့လုပ်ထားတဲ့ ခေါင်း ဘီးတွေကိုရှောင်ပေးပါ။ နောက်ပြီး ရေစိုနေတဲ့အချိန်မှာ ခေါင်းမဖီးပါနဲ့။ ဘီးကျဲကိုသုံးပြီး ဆံပင်ကို ညင်သာ စွာခေါင်းဖီးပေးပါ။ တစ်ချိန်လုံး ခေါင်းမဖီးပေးပါနဲ့။ တစ်နေ့ကို (၂)ကြိမ် လောက်ပဲ ခေါင်းဖီးပေးပါ …။

(၅) စားသောက်ပုံ မှန်ပါစေ”

ဆံသားဖွံဖြိုးမှုက သင့်စားနေတဲ့ အစားအသောက်ပေါ်မူတည်ပါတယ်။ ဆံပင်သန်ဖို့ရာအတွက် အာဟာရရှိတဲ့ အစားအစာတွေကို စားရမှာဖြစ်ပါတယ်။ ပရိုတင်း ၊ ဗီတာမင် (A,E,C) ၊ သံဓာတ် ၊ ကယ်ဆီယမ် ၊ omega-3 fatty acids ၊ biotin နဲ့ magnesium စတဲ့ ဓာတ်တွေပါတဲ့ အစားအစာမျိုးကို စားပေးသင့်ပါတယ်နော် …။

Credit