ဖြစ်ချိန်တန်ရင် ဖြစ်လာတာက တားဆီးမရနိုင်တဲ့ လောကသဘာဝပဲမို့ ဘာပြဿနာပဲကြုံကြုံ အတွေးမလွန်ပါနဲ့ အချိန်တန်ရင် ပြီးသွားမှာပါပဲ …။
Credit to MayHsu
Unicode
လူတစ်ယောက် ဘဝမှာ ဘာကြောင့်မပျော်ရွှင်ရတာလဲ …?
(1) ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိခြင်း”
မိမိကိုယ်ကို ယုံကြည်မှုမရှိခြင်းက သင့်ဘဝကို ပျော်စရာတွေပျောက်ဆုံးစေမယ့် တစ်ခုတည်းသော အရာပါ …။
ယုံကြည်မှု မရှိရင် ဘယ်အရာကိုမှ မလုပ်ရဲပဲ စိုးရိမ်စိတ်နဲ့ အားငယ်စိတ်တွေပဲ ဖြစ်ပေါ်စေနိုင်ပါတယ် …။
(2) ကိုယ့်ကိုယ်ကို သူများနဲ့နှိုင်းယှဉ်ခြင်း”
ကိုယ်ကသူမဟုတ်တဲ့အတွက် ဘယ်တော့မှ သူများနဲ့မနှိုင်းယှဉ်ပါနဲ့ သူ့မှာလဲ သူ့တန်ဖိုးနဲ့သူရှိသလို သင့်မှာလဲ သင့်တန်ဖိုးနဲ့တူတဲ့အရာတွေရှိနေပါတယ်။ ဒါပေမဲ့ တန်ဖိုးခြင်းမတူတော့ ရလဒ်ခြင်းလဲ ဘယ်တူညီနိုင်ပ့မလဲ …၊
ဒါကိုပဲ နှိုင်းယှဉ်ပြီး စိတ်ဓာတ်တွေကျမနေပါနဲ့တော့။ ဘယ်တော့မှလဲ သူများနဲ့ မနှိုင်းပါနဲ့ သင်ကသင် သူကသူပါပဲ မတူညီနိုင်ပါဘူး …။
(3) သူတစ်ပါးဝေဖန်ချက်တွေကိုဂရုစိုက်လွန်ခြင်း”
လူရယ်လို့ဖြစ်လာရင် ကဲ့ရဲ့ခြင်း၊ ဝေဖန်ခြင်းက ဘယ်သူမှ မလွတ်ကင်းပါဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်ကိုယ့်လမ်းကိုယ်ဆက် လျှောက်နေဖို့ပဲ လိုတာပါ …။
ဘေးကိုဂရုစိုက်နေသရွေ့ သင့်ခြေလှမ်းတွေယိုင်သွားဖို့ပဲ ရှိတယ် ပတ်ဝန်းကျင် ရဲ့ဝေဖန်ချက်တွေကြားမှာ သင့်ပျော်ရွှင်မှုတွေ ကိုပျောက်ဆုံးစေလိမ့်မယ် …။
(4) တစ်ခုခုဆို အတွေးလွန်ခြင်း”
အတွေးလွန်းခြင်းက မပျော်ရွှင်ခြင်းရဲ့အစပါ မဖြစ်သေးတာကို ကြိုတွေးပြီး စိတ်ဒုက္ခကို ဖြစ်စေနိုင်ပါတယ် …။
ဖြစ်ချိန်တန်ရင် ဖြစ်လာတာက တားဆီးမရနိူင်တဲ့ လောကသဘာဝပဲမို့ ဘာပြဿနာပဲကြုံကြုံ အတွေးမလွန်ပါနဲ့ အချိန်တန်ရင် ပြီးသွားမှာပါပဲ …။
(5) ဘာကြောင့်ဖြစ်ဖြစ် စိတ်ဓာတ်ကျလွယ်ခြင်း”
သင့်ကို စိတ်ဓာတ်ကျအောင် လုပ်တာက သင်ကိုယ်တိုင်ပါပဲ။ ကြာကြာမထားသင့်တဲ့ စိတ်ခံစားချက်တွေ ဝမ်းနည်းစရာတွေ မကျေနပ်ချက်တွေ ဒေါသဖြစ်စရာ အကြောင်းအရာတွေက သင့်စိတ်ဓာတ်ခိုင်မာခြင်း အပေါ်မူတည်ပါတယ် …။
အမြဲတမ်း တွေးကြောက်နေတဲ့ သင့်စိတ်ကို မပြင်သရွေ့ကတော့ ဘယ်လိုကိစ္စမျိုးပဲလာလာ စိတ်ဓာတ်တွေကျနေအုံးမှာပါပဲ…ဘယ္လိုအခက်အခဲကိုမွကြောက်နေစရာမလိုဘူး ကြောက်တတ်တဲ့ သင့်စိတ်ကိုပဲ သင်ကြောက်ရမှာမို့ ဘာအကြောင်းဖြစ်ဖြစ် စိတ်ဓာတ်ခိုင်မာနေဖို့က အဓိကပါပဲ …။
တကယ်တော့ လူတစ်ယောက်ရဲ့ ပျော်ရွှင်မှုဆိုတာ မိမိကိုယ်တိုင် ထားတဲ့ မိမိစိတ်ဓာတ်အပေါ်မှာပဲ မူတည်နေပါတယ်နော် …။ ။
Credit to MayHsu