



သူတို့တွေကတော့ …









Kham

Unicode

Boy ဆန်တဲ့ ဖက်ရှင်ကို ကြိုက်တဲ့ မိန်းကလေးတွေရဲ့စိတ်နေစိတ်ထားများ

မိန်းကလေးဆိုတာ အလှကြိုက်တယ်၊ ချစ်စရာကောင်းတဲ့ပုံတွေနဲ့ လှတပတ မိန်းကလေးဆန်တဲ့ အဝတ်တွေကိုပဲ ကြိုက်ကြတာချည်းလို့ မထင်လိုက်ပါနဲ့။

မိန်းကလေးတွေမှာ boy fashion ကိုမှ ကြိုက်တဲ့ ဝတ်တတ်တဲ့ သူတွေ ရှိပါတယ်။

သူတိူ့တွေကတော့ …

(1) ဖက်ရှင်ကို စိတ်ဝင်စားတယ်

ဖက်ရှင်တွေကိုစိတ်ဝင်စားလွန်းသူတွေ ဖြစ်ပါတယ်။ သူတို့ ကြိုက်လေ့ ရှိတဲ့ ဖက်ရှင်တွေက စတိုင်မိုက်တဲ့ အရာတွေ ဖြစ်တဲ့အပြင် ကြည့်ကောင်းနေတတ်ပါတယ်။ ဒါပေမယ့်လည်း မိန်းကလေးအဝတ်တွေ သိပ်ဝတ်လေ့ ကြိုက်မရှိတာကြောင့် တမျိုးတော့ မြင်ခံရလေ့ ရှိပါတယ်။

(2) ယောင်္ကျားလေး ဖြစ်ချင်စိတ် ရှိတတ်တယ်

သူတို့တွေက ယောင်္ကျားလေး ဖြစ်ချင်တယ်ဆိုတာကတော့ သူတို့ရဲ့ အဝတ်အစားတွေကို ပိုပြီး ခပ်မိုက်မိုက် ဝတ်ချင်တတ်ကြတာကြောင့်ပါပဲ။ စတိုင်ကျတဲ့ ကောင်လေးတွေ ကြည့်ပြီးရင်လည်း သူတို့က အားကျတတ်ပါသေးတယ်။

(3)လွတ်လပ်တာကို သဘောကျတယ်

Boy ဆန်တဲ့ ဖက်ရှင်ကို ကြိုက်တဲ့သူအများစုကတော့ ချုပ်ချယ်တာတွေ ပိတ်ပင်တာတွေကို မနှစ်မြို့တဲ့သူ ဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ် လှုပ်ရှား သွားရတာကို သဘောကျပြီး ရိုးရိုးရှင်းရှင်း နေချင်စိတ် ရှိကြပါတယ်။

(4) စိတ်ပေါ့ပေါ့ပါးပါး နေတတ်တယ်

သူတို့တွေက စိတ်ညစ်တာတွေ စိတ်ရှုပ်တာတွေကို အကြာကြီး သိမ်းမထားတတ်ကြပါဘူး။ သူတို့က ဘာလို့ အကြာကြီး စိတ်ညစ်ခံနေမလဲ။ လူဆိုတာ ပျော်ဖို့လည်း လိုအပ်တယ်လို့ ခံယူထားပြီး စိတ်ကြည်လင်အောင် နေတတ်ကြပါတယ်။

Kham