ဇြဲကပင္ေတာင္တြင္ ကိုယ့္ကိုကိုယ္အဆုံးစီရင္သြားခဲ့တဲ့ ေကာင္ေလးရဲ႕ မိဘအိမ္သို႔သြားၿပီး အားေပးႏွစ္သိမ့္ခဲ့တဲ့ Sinon Loresca

ဇြဲကပင္ေတာင္တြင္ ကိုယ့္ကိုကိုယ္အဆုံးစီရင္သြားခဲ့တဲ့ ေကာင္ေလးရဲ႕ မိဘအိမ္သို႔သြားၿပီး အားေပးႏွစ္သိမ့္ခဲ့တဲ့ Sinon Loresca

ျမန္မာျပည္ရွိ ဆင္းရဲသား အေျခခံလူတန္းစားမ်ားရဲ႕ဘ၀ကို စာနာသနားစိတ္ျဖင့္ တစ္ဖက္တစ္လမ္းကေန တတ္ႏိုင္သေလာက္ လိုက္လံကူညီေထာက္ပံ့ေပးေနတဲ့ ဖိလစ္ပိုင္ႏိုင္ငံသား Sinon Loresca ဟာဆိုရင္ သူ႔ရဲ႕ျဖဴစင္တဲ့စိတ္ထား၊ ၾကင္နာတတ္တဲ့ ႏွလုံးသားေၾကာင့္ ျမန္မာပရိသတ္ေတြရဲ႕ အခ်စ္ေတြကို ရရွိပိုင္ဆိုင္ထားတဲ႔သူတစ္ေယာက္လည္း ျဖစ္ပါတယ္ …။

 

အလ်ဥ္းသင့္ရင္ သင့္သလို ကူညီလႉဒါန္းမႈေတြျပဳလုပ္ေနတဲ့ SInon က ျမန္မာျပည္သူေတြရဲ႕ ကိုးကြယ္မႈနဲ႔ ယဥ္ေက်းမႈကိုလည္း အေလးထားျမတ္ႏိုးသူတစ္ေယာက္ပါ …။

Sinon က ကိုဗစ္-၁၉ ေရာဂါေၾကာင့္ Stay Home ကာလမ်ားအၿပီးမွာ ျမန္မာျပည္ရဲ႕ နာမည္ႀကီးေနရာေဒသေတြကို သြားလာလည္ပတ္ေနတာကို ေတြ႕ရပါတယ္။ လက္ရွိမွာေတာ့ ဇြဲကပင္ေျမ ဘားအံကိုေရာက္ရွိေနတဲ့ Sinon က ကရင္ျပည္နယ္ကိုေရာက္ခိုက္မွာ မၾကာေသးခင္ကမွ ဇြဲကပင္ေတာင္တြင္ ကိုယ့္ကိုကိုယ္ Suicide လုပ္ျပီး အဆုံးစီရင္သြားတဲ့ေကာင္ေလးရဲ႕ မိဘမ်ားရွိရာ ေနအိမ္သို႔သြားေရာက္ခဲ့တယ္လို႔ သိရပါတယ္ …။

သားျဖစ္သူ ဆုံးပါးသြားတာေၾကာင့္ ပူေဆြးေသာကေရာက္ေနတဲ့ ထိုေကာင္ေလးရဲ႕မိဘအိမ္သို႔သြားေရာက္ၿပီး အားေပးႏွစ္သိမ့္ခဲ့တာကို ေတြ႕ျမင္ရပါတယ္။ ထိုအေၾကာင္းကိုေတာ့ Sinon က…

“ဒီေန႔ က်ေတာ္ မၾကာ‌ေသးခင္က Suicideလုပ္သြားတဲ့ ေကာင္ေလးရဲ႕မိဘေတြအိမ္ကို သြားခဲ့ပါတယ္.. က်ေတာ္သူတို႔ေတြကိုႏွိမ္သိမ့္ေပးခဲ့တယ္…သူတို႔ေတြဘယ္ေလာက္မ်ား ပူေဆြးေသာကေရာက္ေနမလဲဗ်ာ 😔အဲ့ဒါေၾကာင့္ သူတို႔အခုလိုမေမွ်ာ္လင့္တဲ့အရာျဖစ္သြားတဲ့အခ်ိန္၊ ပူေဆြးေသာကေရာက္ေနတဲ့အခ်ိန္မွာ သြားေရာက္ခဲ့တာပါ.. ဒီေန႔ေတာ့ဒီေလာက္ပါဘဲ” ဆိုကာ မိဘေတြရဲ႕ပူေဆြးမႈကို သူကိုယ္တိုင္ဝမ္းနည္းခံစားခဲ့ရေၾကာင္း ပုံရိပ္မ်ားႏွင့္တကြ ေရးသားမွ်ေဝထားခဲ႔ပါတယ္ …။

Sinon ရဲ႕ ျဖဴစင္ၿပီး ၾကင္နာတတ္တဲ့ စိတ္ထားေလးကေတာ့ တကယ့္ကို ခ်ီးက်ဴးစရာပါပဲေနာ္ …။ ။

(ပိုပိုေလး)

Unicode

ဇွဲကပင်တောင်တွင် ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားခဲ့တဲ့ ကောင်လေးရဲ့ မိဘအိမ်သို့သွားပြီး အားပေးနှစ်သိမ့်ခဲ့တဲ့ Sinon Loresca

မြန်မာပြည်ရှိ ဆင်းရဲသား အခြေခံလူတန်းစားများရဲ့ဘဝကို စာနာသနားစိတ်ဖြင့် တစ်ဖက်တစ်လမ်းကနေ တတ်နိုင်သလောက် လိုက်လံကူညီထောက်ပံ့ပေးနေတဲ့ ဖိလစ်ပိုင်နိုင်ငံသား Sinon Loresca ဟာဆိုရင် သူ့ရဲ့ဖြူစင်တဲ့စိတ်ထား၊ ကြင်နာတတ်တဲ့ နှလုံးသားကြောင့် မြန်မာပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ် …။

အလျဉ်းသင့်ရင် သင့်သလို ကူညီလှူဒါန်းမှုတွေပြုလုပ်နေတဲ့ SInon က မြန်မာပြည်သူတွေရဲ့ ကိုးကွယ်မှုနဲ့ ယဉ်ကျေးမှုကိုလည်း အလေးထားမြတ်နိုးသူတစ်ယောက်ပါ …။

Sinon က ကိုဗစ်-၁၉ ရောဂါကြောင့် Stay Home ကာလများအပြီးမှာ မြန်မာပြည်ရဲ့ နာမည်ကြီးနေရာဒေသတွေကို သွားလာလည်ပတ်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ ဇွဲကပင်မြေ ဘားအံကိုရောက်ရှိနေတဲ့ Sinon က ကရင်ပြည်နယ်ကိုရောက်ခိုက်မှာ မကြာသေးခင်ကမှ ဇွဲကပင်တောင်တွင် ကိုယ့်ကိုကိုယ် Suicide လုပ်ပြီး အဆုံးစီရင်သွားတဲ့ကောင်လေးရဲ့ မိဘများရှိရာ နေအိမ်သို့သွားရောက်ခဲ့တယ်လို့ သိရပါတယ် …။

သားဖြစ်သူ ဆုံးပါးသွားတာကြောင့် ပူဆွေးသောကရောက်နေတဲ့ ထိုကောင်လေးရဲ့မိဘအိမ်သို့သွားရောက်ပြီး အားပေးနှစ်သိမ့်ခဲ့တာကို တွေ့မြင်ရပါတယ်။ ထိုအကြောင်းကိုတော့ Sinon က…

“ဒီနေ့ ကျတော် မကြာ‌သေးခင်က Suicideလုပ်သွားတဲ့ ကောင်လေးရဲ့မိဘတွေအိမ်ကို သွားခဲ့ပါတယ်.. ကျတော်သူတို့တွေကိုနှိမ်သိမ့်ပေးခဲ့တယ်…သူတို့တွေဘယ်လောက်များ ပူဆွေးသောကရောက်နေမလဲဗျာ 😔အဲ့ဒါကြောင့် သူတို့အခုလိုမမျှော်လင့်တဲ့အရာဖြစ်သွားတဲ့အချိန်၊ ပူဆွေးသောကရောက်နေတဲ့အချိန်မှာ သွားရောက်ခဲ့တာပါ.. ဒီနေ့တော့ဒီလောက်ပါဘဲ” ဆိုကာ မိဘတွေရဲ့ပူဆွေးမှုကို သူကိုယ်တိုင်ဝမ်းနည်းခံစားခဲ့ရကြောင်း ပုံရိပ်များနှင့်တကွ ရေးသားမျှဝေထားခဲ့ပါတယ် …။

Sinon ရဲ့ ဖြူစင်ပြီး ကြင်နာတတ်တဲ့ စိတ်ထားလေးကတော့ တကယ့်ကို ချီးကျူးစရာပါပဲနော် …။ ။

(ပိုပိုလေး)