Source: ဝတ် ရည် မိုး’s FB
Unicode
(၁၃)နှစ် ငယ်တဲ့ ချစ်သူလေးနဲ့ မနဲ့မောင် အချစ်ဇာတ်လမ်းလေး သာယာနေတဲ့ ပိုပို
အဆိုတော် ပိုပိုကတော့ “ချစ်ဖူးခဲ့သမျှ” အယ်လ်ဘမ်နဲ့ အောင်မြင်မှုတွေ များစွာ ပိုင်ဆိုင်ခဲ့တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ် …။
ပိုပိုက လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေသလို သူမရဲ့ မနဲ့မောင် အချစ်ဇာတ်လမ်းလေးကိုလည်း သာယာပျော်ရွှင်ဖွယ်ဖြစ်အောင် တည်ဆောက်ထားတာ ဖြစ်ပါတယ် …။
ပိုပိုက သူမထက် အသက် (၁၃)နှစ်ငယ်တဲ့ ချစ်သူကောင်လေးနဲ့ နားလည်မှုရှိတဲ့ ချစ်သူဘဝလေးကို ခိုင်မာအောင် တည်ဆောက်နေလျက်ရှိတာပဲ ဖြစ်ပါတယ် …။
လက်ရှိမှာတော့ ပိုပိုက ကလောမြို့လေးကို ရောက်ရှိနေတာဖြစ်ပြီး အေးချမ်းသာယာမှုတွေပြည့်နှက်နေတဲ့ ကလောမြို့လေးကို ချစ်သူမောင်နဲ့ အတူတူ သွားလည်ချင်သေးတဲ့အကြောင်းကို အခုလိုပဲပြောထားပါတယ် …။
“အခု လေဆိပ် ဆင်းနေပြီ…ရန်ကုန်မှာ သီချင်း အသစ်တွေ လုပ်ဖို့ ပြန်ရတော့မယ်…ဘုရားရှိခိုးပါ သီချင်းလေးလဲ ထွက်ဖို့ လုပ်လိုက်ဦးမယ်…
စိတ်က ကလော မှာ ကျန်နေခဲ့ပြီ 😞 နောက်တခါတော့ မောင်နဲ့ အတူ လာလည်မယ် ကလော မြို့ကလေးရေ ❤️ ” ဆိုပြီး ပြောထားပါတယ် …။
ပိုပိုကတော့ သူမထက် အသက် (၁၃)နှစ်တောင် ငယ်ပေမယ့် သူမအပေါ် နားလည်မှုအပြည့်ပေးနိုင်တဲ့ ချစ်သူလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ် …။
ပရိသတ်ကြီးလည်း အပျိုကြီး ပိုပိုရဲ့ အချစ်ရေးလေးကို အားကျနေကြပြီ ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် …။ ။
Source: ဝတ် ရည် မိုး’s FB