မိန္းမကိုယ္က အန႔ံဆုိးထြက္ျခင္းကို ကာကြယ္ႏုိင္မယ့္ နည္းလမ္းေကာင္းမ်ား…

မိန္းမကိုယ္က အန႔ံဆုိးထြက္ျခင္းကို ကာကြယ္ႏုိင္မယ့္ နည္းလမ္းေကာင္းမ်ား…

မိန္းမကိုယ္အဂၤါက အနံ႔ဆုိးထြက္ျခင္းဟာ အေၾကာင္းအရင္းအမ်ိဳးမ်ိဳးေၾကာင္ ့ျဖစ္ႏုိင္ၿပီး မသန္႔႐ွင္းတာ၊ ေဟာမုန္း အေျပာင္းအလဲျဖစ္တာ၊ တစ္ျခားက်န္းမာေရးျပသနာနဲ႔ လိင္ပိုင္းဆိုင္ရာ ေတြေၾကာင့္ ျဖစ္ေပၚႏုိင္ၿပီး တစ္ခါတစ္ေလမွာ ရာသီစက္ဝန္းနဲဲ႔ ေခၽြးေတြေၾကာင့္လည္း ျဖစ္ႏုိင္ပါတယ္။ ဒီလုိျဖစ္ေပၚတဲ့အခါ ကိုယ့္ကိုယ္ကို ယံုၾကည္မႈက်ဆင္းေစတာျဖစ္လို႔ ဒီျပသနာကို ေျဖ႐ွင္းေပးမယ့္ နည္းလမ္းေလးေတြကို မွ်ေဝေပးလုိက္ပါတယ္ေနာ္ …။

႐ွာလကာရည္”

ေရမ်ားမ်ား ခ်ိဳးျခင္းက မိန္းမကိုယ္အဂၤါအနံ႔ဆုိးထြက္ျခင္းကို မကာကြယ္ႏုိင္ပါဘူး။ ေနာက္ၿပီး မိန္္းမကိုယ္အဂၤါကို သန္႔႐ွင္းစြာ ထားဖုိ႔လုိအပ္ၿပီး တကယ္လုိ႔ မသန္္႔႐ွင္းဘူးဆိုရင္ ဘက္တီးရီးယားေတြက အနံ႔ဆိုးထြက္ျခင္းကို ျဖစ္ေပၚေစမွာ ျဖစ္ပါတယ္။ ႐ွာလကာရည္ကို အနံ႔ဆုိးထြက္ျခင္းကို တားဆီးေပးႏုိင္ၿပီး အထူးသျဖင့္ ပန္္းသီး႐ွာလကာရည္က ပိုၿပီးေကာင္းမြန္ပါတယ္။ ဒါေၾကာင့္ ေရခ်ိဳးတဲ့အခ်ိန္မွာ ႐ွာလကာရည္ကို အသံုးျပဳေပးျခင္းက အနံ႔ဆိုးထြက္ျခင္းနဲ႔ ဘက္တီးရီးယားေတြကိုလည္း ဖယ္႐ွားေပးႏိုင္ပါတယ္ …။

Essential Oil”

Essential oil ကလည္း အနံ႔ဆိုးထြက္ျခင္းကို ေကာင္းမြန္ေစပါတယ္။ Essential oil ေတြထဲကမွ tea tree oil ဟာ အနံ႔ဆုိးထြက္ျခင္းကို ေပ်ာက္ကင္းေစၿပီး ဘက္တီးရီးယားေတြကို ဖယ္႐ွားေပးႏုိင္ပါတယ္။ ဒါေပမယ့္လို႔ essential oil ကိုအသံုးျပဳတဲ့အခါ သတိထားရမွာတစ္ခုက ေလာင္းခ်တာမ်ိဳးမလုပ္ဖို႔ပါပဲ။ ဒါက သင့္ကို ေနရထုိင္ရအဆင္မေျပျဖစ္ေစမွာ ျဖစ္ပါတယ္ …။

ေက်ာက္ခ်ဥ္”

ေက်ာက္ခ်ဥ္မွာ ဘက္တီးရီးယားနဲ႔ မိႈေတြကို ေသေစႏုိင္တဲ့ အစြမ္း႐ွိတာမုိ႔ ေတာ္ေတာ္မ်ားမ်ားက အန႔႔ံဆုိးထြက္ျခင္းကို ကာကြယ္ဖုိ႔ အသံုးျပဳၾကပါတယ္။ ေက်ာက္ခ်ဥ္ဟာ မိန္းမကိုယ္အဂၤါအနံ႔ဆိုးထြက္ျခင္းကိုတင္မက ဂ်ိဳင္းမဲျခင္းနဲ႔ ဂ်ိဳင္းနံ႔နံျခင္းကိုပါ ေေပ်ာက္ကင္းေစပါတယ္ …။

ေရေႏြးေငြ႔နဲ႔ သန႔္စင္ျခင္း”

ဒီနည္းလမ္းက ဟိုးအရင္ လူႀကိဳက္မ်ားတဲ့ နည္းလမ္းတစ္ခုျဖစ္ၿပီးေတာ့ က်န္းမာေရးအတြက္လည္း ေကာင္းမြန္ပါတယ္။ ေရေႏြးထဲမွာ ေဆးဖက္ဝင္ အ႐ြက္တစ္ခ်ိဳ႕ထည့္ၿပီး သန္္႔စင္ေပးရမွာ ျဖစ္ပါတယ္။ ဒီနည္းလမ္းက အနံ႔ဆိုးထြြက္ျခင္းကို ကာကြယ္ႏုိင္ၿပီး က်န္းမာေရးအတြက္ပါ ေကာင္းမြန္တဲ့အတြက္ ႏုိင္ငံေတာ္ေတာ္မ်ားမ်ားက လူႀကိဳက္မ်ားတဲ့ နည္းတစ္ခုလည္း ျဖစ္ပါတယ္ေနာ္ …။

Writer – Khin

Source- Aunty may

Unicode

မိန်းမကိုယ်က အနံ့ဆိုးထွက်ခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းကောင်းများ…

မိန်းမကိုယ်အင်္ဂါက အနံ့ဆိုးထွက်ခြင်းဟာ အကြောင်းအရင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး မသန့်ရှင်းတာ၊ ဟောမုန်း အပြောင်းအလဲဖြစ်တာ၊ တစ်ခြားကျန်းမာရေးပြသနာနဲ့ လိင်ပိုင်းဆိုင်ရာ တွေကြောင့် ဖြစ်ပေါ်နိုင်ပြီး တစ်ခါတစ်လေမှာ ရာသီစက်ဝန်းနဲ့ ချွေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ပေါ်တဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုကျဆင်းစေတာဖြစ်လို့ ဒီပြသနာကို ဖြေရှင်းပေးမယ့် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော် …။

ရှာလကာရည်”

ရေများများ ချိုးခြင်းက မိန်းမကိုယ်အင်္ဂါအနံ့ဆိုးထွက်ခြင်းကို မကာကွယ်နိုင်ပါဘူး။ နောက်ပြီး မိန်းမကိုယ်အင်္ဂါကို သန့်ရှင်းစွာ ထားဖို့လိုအပ်ပြီး တကယ်လို့ မသန့်ရှင်းဘူးဆိုရင် ဘက်တီးရီးယားတွေက အနံ့ဆိုးထွက်ခြင်းကို ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ ရှာလကာရည်ကို အနံ့ဆိုးထွက်ခြင်းကို တားဆီးပေးနိုင်ပြီး အထူးသဖြင့် ပန်းသီးရှာလကာရည်က ပိုပြီးကောင်းမွန်ပါတယ်။ ဒါကြောင့် ရေချိုးတဲ့အချိန်မှာ ရှာလကာရည်ကို အသုံးပြုပေးခြင်းက အနံ့ဆိုးထွက်ခြင်းနဲ့ ဘက်တီးရီးယားတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ် …။

Essential Oil”

Essential oil ကလည်း အနံ့ဆိုးထွက်ခြင်းကို ကောင်းမွန်စေပါတယ်။ Essential oil တွေထဲကမှ tea tree oil ဟာ အနံ့ဆိုးထွက်ခြင်းကို ပျောက်ကင်းစေပြီး ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါပေမယ့်လို့ essential oil ကိုအသုံးပြုတဲ့အခါ သတိထားရမှာတစ်ခုက လောင်းချတာမျိုးမလုပ်ဖို့ပါပဲ။ ဒါက သင့်ကို နေရထိုင်ရအဆင်မပြေဖြစ်စေမှာ ဖြစ်ပါတယ် …။

ကျောက်ချဉ်”

ကျောက်ချဉ်မှာ ဘက်တီးရီးယားနဲ့ မှိုတွေကို သေစေနိုင်တဲ့ အစွမ်းရှိတာမို့ တော်တော်များများက အနံ့ဆိုးထွက်ခြင်းကို ကာကွယ်ဖို့ အသုံးပြုကြပါတယ်။ ကျောက်ချဉ်ဟာ မိန်းမကိုယ်အင်္ဂါအနံ့ဆိုးထွက်ခြင်းကိုတင်မက ဂျိုင်းမဲခြင်းနဲ့ ဂျိုင်းနံ့နံခြင်းကိုပါ ပျောက်ကင်းစေပါတယ် …။

ရေနွေးငွေ့နဲ့ သန့်စင်ခြင်း”

ဒီနည်းလမ်းက ဟိုးအရင် လူကြိုက်များတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီးတော့ ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။ ရေနွေးထဲမှာ ဆေးဖက်ဝင် အရွက်တစ်ချို့ထည့်ပြီး သန့်စင်ပေးရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းက အနံ့ဆိုးထွက်ခြင်းကို ကာကွယ်နိုင်ပြီး ကျန်းမာရေးအတွက်ပါ ကောင်းမွန်တဲ့အတွက် နိုင်ငံတော်တော်များများက လူကြိုက်များတဲ့ နည်းတစ်ခုလည်း ဖြစ်ပါတယ်နော် …။

Writer – Khin

Source- Aunty may