ဆိုင္ကယ္ေရာင္းရင္ မေကာင္းတာေတြ၊ ခၽြင္းခ်က္ေတြၾကည့္ေျပာေရာင္းေနေသာဆိုင္ရွင္အား ဘာလို႕အဲ႔လိုေရာင္းရတာလဲလို႕ေမးလိုက္ေသာအခါ

ဆိုင္ကယ္ေရာင္းရင္ မေကာင္းတာေတြ၊ ခၽြင္းခ်က္ေတြၾကည့္ေျပာေရာင္းေနေသာဆိုင္ရွင္အား ဘာလို႕အဲ႔လိုေရာင္းရတာလဲလို႕ေမးလိုက္ေသာအခါ

ငေဆးေက်ာင္း ဒုတိယႏွစ္တက္ေနတဲ့အခ်ိန္.. ဧၿပီလ ေက်ာင္းပိတ္လို႔ ပဲခူးအိမ္ကို ျပန္ေနတုန္း …၊

တေန႔မွာ…ဦးေလးျဖစ္သူရဲ႕ သူငယ္ခ်င္း ဆိုင္ကယ္ေရာင္းဝယ္ေရးဆိုင္ကို အလည္သြားျဖစ္တယ္ …။

အဲ့ေခတ္ အဲ့ဒီအခ်ိန္က…. ဆိုင္ကယ္ေတြကို ေအာက္လမ္းကေန သယ္ယူလာၿပီးမွ ျပန္ေရာင္းၾကရတာပါ …။

အဲ့ဒီ ဆိုင္ကယ္ေရာင္းတဲ့ဆိုင္မွာထိုင္ေနတုန္း ဆိုင္ပိုင္ရွင္ရဲ႕ ဆိုင္ကယ္ေရာင္းေနတဲ့ ပုံစံကို သတိထားမိတယ္ …။

သူ႔နာမည္က ဦးမင္း (အမည္လႊဲ) ကြၽန္ေတာ့္ ဦးေလးနဲ႔က ငယ္သူငယ္ခ်င္းေတြ …၊

ဦးမင္းက ဆိုင္ကယ္လာဝယ္တဲ့ သူေတြကို ဒီဆိုင္ကယ္က ဘာခ်ိဳ႕ယြင္းခ်က္ရွိတယ္။ ဒီဆိုင္ကယ္က ဘယ္အခ်က္ေတြ မေကာင္းဘူး… ဒီအခ်က္ေတြေတာ့ ေကာင္းတယ္… စသျဖင့္ အေသးစိတ္ ရွင္းျပေနတယ္ …။

ပထမ ကြၽန္ေတာ္ထင္ေနတာက အခုလာဝယ္တဲ့သူက ဦးမင္း မိတ္ေဆြျဖစ္လို႔… အေသးစိတ္ရွင္းျပေနတယ္လို႔ ထင္ေနတာ၊ ေနာက္ထပ္ လာဝယ္တဲ့သူ ေလးငါးေယာက္ကိုလဲ အဲ့အတိုင္းပဲ အေသးစိတ္ရွင္းျပေနတယ္ …။

ကြၽန္ေတာ္လဲ အံ့ၾသလာတာနဲ႔ ဦးမင္းအနားကို ခဏသြားၿပီး ဦးမင္း အခုလိုရွင္းျပေနေတာ့ သူတို႔က ဒီဆိုင္ကယ္ရဲ႕ အားနည္းခ်က္ေတြကို သိသြားၿပီး၊ မဝယ္ေတာ့ရင္ ဘယ္လိုလုပ္မလဲလို႔ ခပ္တိုးတိုးေလး ေမးလိုက္တယ္ …။

ဦးမင္းက ၿပဳံးျပၿပီး…မင္း ဒီေန႔ အားတယ္ မဟုတ္လား… ေန႔လည္စာ လမ္းထိပ္ကဆိုင္မွာ သြားစားၾကမယ္။ အဲ့ဒီက်မွ ငါရွင္းျပမယ္တဲ့ေလ …။

ကြၽန္ေတာ္လဲ သိခ်င္ေဇာနဲ႔ ထိုင္ေစာင့္လိုက္တာ။ ေန႔လည္ တနာရီခြဲသြားတယ္…ကဲ.. ငါတို႔ လမ္းထိပ္ကထမင္းဆိုင္ကို သြားၾကရေအာင္လို႔… ဦးမင္းက ေျပာတာနဲ႔ …၊

ကြၽန္ေတာ္နဲ႔ ဦးမင္း ထမင္းဆိုင္ကို သြားခဲ့ၾကတယ္။ ဆိုင္ေရာက္ေတာ့ မင္း ဘာစားမလဲ..ႀကိဳက္တာမွာ… ငါဝယ္ေကြၽးမယ္တဲ့ေလ …။

ဘာမွမစားခ်င္ဖူး၊ ဦးမင္း… ဆိုင္ကယ္ေတြကို ဘာျဖစ္လို႔ အဲ့ဒီပုံစံနဲ႔ေရာင္းရတာလဲဆိုတာဘဲ ေျပာျပလို႔ အတင္းပူဆာမိတယ္…သူက ငါဆိုင္ကယ္ ေရာင္းဝယ္ေရးလုပ္ေနတာ မင္းတို႔ လူမွန္း မသိခင္ကထဲကတဲ့ …။

ဟုတ္တယ္….သူက ဆိုင္ကယ္ေရာင္းဝယ္ေရးမွာ ဆရာတစ္ဆူဘဲ.. ဟုတ္တယ္ေလ… ကြၽန္ေတာ္ သိတာေပါ့… ဦးမင္း ဆိုၿပီး ျပန္ေျဖလိုက္တယ္ …။

မင္း သတိထားမိလား…. မင္း ခုနစ္တန္း ရွစ္တန္းေလာက္တုန္းက ငါ ေဆး႐ုံ ခဏခဏတက္ရတယ္။ သိတာေပါ့ဗ်ာ… ကြၽန္ေတာ္ေတာင္ ကြၽန္ေတာ့္ ဦးေလး၊ ဦးမင္း သူငယ္ခ်င္းနဲ႔ ေဆး႐ုံလာၾကည့္ေသးတယ္ေလဆို​ေတာ့ …။

သူက ငါ ဘာျဖစ္လို႔ ေဆး႐ုံတက္ရတယ္လို႔ မင္း ထင္လဲတဲ့…ဟ…ဦးမင္း ကြၽန္ေတာ္က အခုမွ ေဆးတကၠသိုလ္ ဒုတိယႏွစ္ေလဗ်ာ… ဘယ္လိုလုပ္သိအုံးမွာလဲဆိုေတာ့….

ေအး.. ငါ အပူစာေတြ စားမိလို႔တဲ့ေလ …။

ဗ်ာ.. အပူစာ… ဘာႀကီးတုန္းဗ်လို႔ ေမးလိုက္ေတာ့..

သူက … ငါအရင္က ဆိုင္ကယ္ေရာင္းရင္ ဂ်င္းထည့္ၿပီးေရာင္းတယ္၊ အျမတ္ႀကီးျမတ္တယ္.. ပိုက္ဆံဆိုတာ ငါ့အတြက္ေတာ့ ရွာရတာ အရမ္းလြယ္တဲ့အရာပဲတဲ႔ ….။

ၾကာလာေတာ့ ငါရင္ေတြ ပူလာတယ္… ေဆးခန္း ေဆး႐ုံသြားျပတယ္၊ ေရာဂါ မယ္မယ္ရရ ရွာမရဘူး၊ ေဆး႐ုံတက္လိုက္ ျပန္ဆင္းလိုက္နဲ႔ဘဲ အလုပ္ေတြ ရႈပ္ေနခဲ့တာတဲ့ေလ …။

ငါ ေဆး႐ုံကဆင္းရင္ ငါ့အေမ သို႔မဟုတ္ ငါ့အေဖ ေဆး႐ုံတက္ရျပန္….ငါ့တို႔မိသားစုကို ေဆး႐ုံက ဝန္ထမ္းေတြေတာင္ မွတ္မိေနၿပီတဲ့… ခဏေစာင့္အုံး…ငါ ထမင္း ဟင္း မွာလိုက္အုံးမယ္ဆိုတာနဲ႔ ကြၽန္ေတာ္လဲ ေစာင့္ေနရတာေပါ့ …။

ၿပီးေတာ့မွ….တေန႔က်ေတာ့ ငါ ဆရာေတာ္တပါးနဲ႔ ေတြ႕တယ္၊ ဆရာေတာ္ကို ငါ ျဖစ္ေနတာေတြကို ေလွ်ာက္လိုက္ေတာ့ …၊

ဆရာေတာ္က ငါ့မ်က္ႏွာကို ေသေသခ်ာခ်ာၾကည့္ၿပီး အပူစာေတြ မစားနဲ႔ ဒကာႀကီးတဲ့။ ေန႔စဥ္ရွာေဖြေနတဲ့ ပိုက္ဆံထဲမွာ သူမ်ားေတြရဲ႕ အပူေတြမပါလာေစနဲ႔တဲ့ …။

ေအး..ငါလဲ အဲ့ဒီေန႔ကစၿပီး…လူေတြကို ဂ်င္းထည့္တာရပ္လိုက္တယ္..အမွန္အတိုင္းဘဲ ေျပာၿပီး ေရာင္းတယ္တဲ့ေလ….အမွန္အတိုင္းေျပာၿပီး ေရာင္းေတာ့… သိပ္မေရာင္းရေတာ့ဘူးထင္ေနတာ …။

ဒီေန႔ မင္း ျမင္တဲ့အတိုင္းဘဲေလ၊ ငါ အခုမွ ထမင္းစားရတယ္တဲ့ေလ…ငါဆီမွာ ျဖစ္ေနတဲ့ ဘာမွန္းမသိတဲ့ ေရာဂါေတြလဲ..ဘယ္လို ဘယ္လို ေပ်ာက္သြားမွန္းကို မသိေတာ့ပါဘူးတဲ႔ …။

ေသခ်ာတာက ငါ အခုစားတဲ့ ထမင္းထဲမွာ အပူစာေတြ မပါေတာ့ဖူးတဲ့…. အဲ့အခ်ိန္တုန္းကေတာ့ဗ်ာ… ကြၽန္ေတာ္က ငယ္ေသးေတာ့ သူေျပာတာကို ေသခ်ာနားမလည္ဘူး …။

ေနာက္ပိုင္း ကြၽန္ေတာ္ တျဖည္းျဖည္း နားလည္လာတယ္ …။

ကြၽန္ေတာ္ ရင္ထဲပူေလာင္ေနရင္…

ကြၽန္ေတာ့္အိမ္မွာ ပူေလာင္ေနရင္…

ကြၽန္ေတာ္ သေဘာေပါက္လိုက္ၿပီ …။

ငါတို႔အိမ္မွာ သူမ်ားေတြ ပူေလာင္ၿပီးမွရတဲ့ ပိုက္ဆံေတြေရာက္ေနလို႔ ျဖစ္လိမ့္မယ္ဆိုၿပီး …၊

ကိုယ္တတ္ႏိုင္သေလာက္ အလွဴလုပ္ေပးတယ္..အခမဲ့ ေဆးကုေပးတယ္…သူမ်ားအပူေတြ ကိုယ့္အိမ္ထဲ မေရာက္ဖို႔ အၿမဲႀကိဳးစားေနမိတယ္ …။

က်န္ရွိေနေသးတဲ့ လူ႔ဘဝသက္တမ္းတေလွ်ာက္ကို ပူေလာင္မႈကင္းစြာနဲ႔ ျဖတ္သန္းႏိုင္ဖို႔ အၿမဲႀကိဳးစားေနပါတယ္ဗ်ာ …။ ။

ခ်စ္တဲ့ေက်ာ္

Unicode

ဆိုင်ကယ်ရောင်းရင် မကောင်းတာတွေ၊ ချွင်းချက်တွေကြည့်ပြောရောင်းနေသောဆိုင်ရှင်အား ဘာလို့အဲ့လိုရောင်းရတာလဲလို့မေးလိုက်သောအခါ

ငဆေးကျောင်း ဒုတိယနှစ်တက်နေတဲ့အချိန်.. ဧပြီလ ကျောင်းပိတ်လို့ ပဲခူးအိမ်ကို ပြန်နေတုန်း …၊

တနေ့မှာ…ဦးလေးဖြစ်သူရဲ့ သူငယ်ချင်း ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်ကို အလည်သွားဖြစ်တယ် …။

အဲ့ခေတ် အဲ့ဒီအချိန်က…. ဆိုင်ကယ်တွေကို အောက်လမ်းကနေ သယ်ယူလာပြီးမှ ပြန်ရောင်းကြရတာပါ …။

အဲ့ဒီ ဆိုင်ကယ်ရောင်းတဲ့ဆိုင်မှာထိုင်နေတုန်း ဆိုင်ပိုင်ရှင်ရဲ့ ဆိုင်ကယ်ရောင်းနေတဲ့ ပုံစံကို သတိထားမိတယ် …။

သူ့နာမည်က ဦးမင်း (အမည်လွှဲ) ကျွန်တော့် ဦးလေးနဲ့က ငယ်သူငယ်ချင်းတွေ …၊

ဦးမင်းက ဆိုင်ကယ်လာဝယ်တဲ့ သူတွေကို ဒီဆိုင်ကယ်က ဘာချို့ယွင်းချက်ရှိတယ်။ ဒီဆိုင်ကယ်က ဘယ်အချက်တွေ မကောင်းဘူး… ဒီအချက်တွေတော့ ကောင်းတယ်… စသဖြင့် အသေးစိတ် ရှင်းပြနေတယ် …။

ပထမ ကျွန်တော်ထင်နေတာက အခုလာဝယ်တဲ့သူက ဦးမင်း မိတ်ဆွေဖြစ်လို့… အသေးစိတ်ရှင်းပြနေတယ်လို့ ထင်နေတာ၊ နောက်ထပ် လာဝယ်တဲ့သူ လေးငါးယောက်ကိုလဲ အဲ့အတိုင်းပဲ အသေးစိတ်ရှင်းပြနေတယ် …။

ကျွန်တော်လဲ အံ့သြလာတာနဲ့ ဦးမင်းအနားကို ခဏသွားပြီး ဦးမင်း အခုလိုရှင်းပြနေတော့ သူတို့က ဒီဆိုင်ကယ်ရဲ့ အားနည်းချက်တွေကို သိသွားပြီး၊ မဝယ်တော့ရင် ဘယ်လိုလုပ်မလဲလို့ ခပ်တိုးတိုးလေး မေးလိုက်တယ် …။

ဦးမင်းက ပြုံးပြပြီး…မင်း ဒီနေ့ အားတယ် မဟုတ်လား… နေ့လည်စာ လမ်းထိပ်ကဆိုင်မှာ သွားစားကြမယ်။ အဲ့ဒီကျမှ ငါရှင်းပြမယ်တဲ့လေ …။

ကျွန်တော်လဲ သိချင်ဇောနဲ့ ထိုင်စောင့်လိုက်တာ။ နေ့လည် တနာရီခွဲသွားတယ်…ကဲ.. ငါတို့ လမ်းထိပ်ကထမင်းဆိုင်ကို သွားကြရအောင်လို့… ဦးမင်းက ပြောတာနဲ့ …၊

ကျွန်တော်နဲ့ ဦးမင်း ထမင်းဆိုင်ကို သွားခဲ့ကြတယ်။ ဆိုင်ရောက်တော့ မင်း ဘာစားမလဲ..ကြိုက်တာမှာ… ငါဝယ်ကျွေးမယ်တဲ့လေ …။

ဘာမှမစားချင်ဖူး၊ ဦးမင်း… ဆိုင်ကယ်တွေကို ဘာဖြစ်လို့ အဲ့ဒီပုံစံနဲ့ရောင်းရတာလဲဆိုတာဘဲ ပြောပြလို့ အတင်းပူဆာမိတယ်…သူက ငါဆိုင်ကယ် ရောင်းဝယ်ရေးလုပ်နေတာ မင်းတို့ လူမှန်း မသိခင်ကထဲကတဲ့ …။

ဟုတ်တယ်….သူက ဆိုင်ကယ်ရောင်းဝယ်ရေးမှာ ဆရာတစ်ဆူဘဲ.. ဟုတ်တယ်လေ… ကျွန်တော် သိတာပေါ့… ဦးမင်း ဆိုပြီး ပြန်ဖြေလိုက်တယ် …။

မင်း သတိထားမိလား…. မင်း ခုနစ်တန်း ရှစ်တန်းလောက်တုန်းက ငါ ဆေးရုံ ခဏခဏတက်ရတယ်။ သိတာပေါ့ဗျာ… ကျွန်တော်တောင် ကျွန်တော့် ဦးလေး၊ ဦးမင်း သူငယ်ချင်းနဲ့ ဆေးရုံလာကြည့်သေးတယ်လေဆို​တော့ …။

သူက ငါ ဘာဖြစ်လို့ ဆေးရုံတက်ရတယ်လို့ မင်း ထင်လဲတဲ့…ဟ…ဦးမင်း ကျွန်တော်က အခုမှ ဆေးတက္ကသိုလ် ဒုတိယနှစ်လေဗျာ… ဘယ်လိုလုပ်သိအုံးမှာလဲဆိုတော့….

အေး.. ငါ အပူစာတွေ စားမိလို့တဲ့လေ …။

ဗျာ.. အပူစာ… ဘာကြီးတုန်းဗျလို့ မေးလိုက်တော့..

သူက … ငါအရင်က ဆိုင်ကယ်ရောင်းရင် ဂျင်းထည့်ပြီးရောင်းတယ်၊ အမြတ်ကြီးမြတ်တယ်.. ပိုက်ဆံဆိုတာ ငါ့အတွက်တော့ ရှာရတာ အရမ်းလွယ်တဲ့အရာပဲတဲ့ ….။

ကြာလာတော့ ငါရင်တွေ ပူလာတယ်… ဆေးခန်း ဆေးရုံသွားပြတယ်၊ ရောဂါ မယ်မယ်ရရ ရှာမရဘူး၊ ဆေးရုံတက်လိုက် ပြန်ဆင်းလိုက်နဲ့ဘဲ အလုပ်တွေ ရှုပ်နေခဲ့တာတဲ့လေ …။

ငါ ဆေးရုံကဆင်းရင် ငါ့အမေ သို့မဟုတ် ငါ့အဖေ ဆေးရုံတက်ရပြန်….ငါ့တို့မိသားစုကို ဆေးရုံက ဝန်ထမ်းတွေတောင် မှတ်မိနေပြီတဲ့… ခဏစောင့်အုံး…ငါ ထမင်း ဟင်း မှာလိုက်အုံးမယ်ဆိုတာနဲ့ ကျွန်တော်လဲ စောင့်နေရတာပေါ့ …။

ပြီးတော့မှ….တနေ့ကျတော့ ငါ ဆရာတော်တပါးနဲ့ တွေ့တယ်၊ ဆရာတော်ကို ငါ ဖြစ်နေတာတွေကို လျှောက်လိုက်တော့ …၊

ဆရာတော်က ငါ့မျက်နှာကို သေသေချာချာကြည့်ပြီး အပူစာတွေ မစားနဲ့ ဒကာကြီးတဲ့။ နေ့စဉ်ရှာဖွေနေတဲ့ ပိုက်ဆံထဲမှာ သူများတွေရဲ့ အပူတွေမပါလာစေနဲ့တဲ့ …။

အေး..ငါလဲ အဲ့ဒီနေ့ကစပြီး…လူတွေကို ဂျင်းထည့်တာရပ်လိုက်တယ်..အမှန်အတိုင်းဘဲ ပြောပြီး ရောင်းတယ်တဲ့လေ….အမှန်အတိုင်းပြောပြီး ရောင်းတော့… သိပ်မရောင်းရတော့ဘူးထင်နေတာ …။

ဒီနေ့ မင်း မြင်တဲ့အတိုင်းဘဲလေ၊ ငါ အခုမှ ထမင်းစားရတယ်တဲ့လေ…ငါဆီမှာ ဖြစ်နေတဲ့ ဘာမှန်းမသိတဲ့ ရောဂါတွေလဲ..ဘယ်လို ဘယ်လို ပျောက်သွားမှန်းကို မသိတော့ပါဘူးတဲ့ …။

သေချာတာက ငါ အခုစားတဲ့ ထမင်းထဲမှာ အပူစာတွေ မပါတော့ဖူးတဲ့…. အဲ့အချိန်တုန်းကတော့ဗျာ… ကျွန်တော်က ငယ်သေးတော့ သူပြောတာကို သေချာနားမလည်ဘူး …။

နောက်ပိုင်း ကျွန်တော် တဖြည်းဖြည်း နားလည်လာတယ် …။

ကျွန်တော် ရင်ထဲပူလောင်နေရင်…

ကျွန်တော့်အိမ်မှာ ပူလောင်နေရင်…

ကျွန်တော် သဘောပေါက်လိုက်ပြီ …။

ငါတို့အိမ်မှာ သူများတွေ ပူလောင်ပြီးမှရတဲ့ ပိုက်ဆံတွေရောက်နေလို့ ဖြစ်လိမ့်မယ်ဆိုပြီး …၊

ကိုယ်တတ်နိုင်သလောက် အလှူလုပ်ပေးတယ်..အခမဲ့ ဆေးကုပေးတယ်…သူများအပူတွေ ကိုယ့်အိမ်ထဲ မရောက်ဖို့ အမြဲကြိုးစားနေမိတယ် …။

ကျန်ရှိနေသေးတဲ့ လူ့ဘဝသက်တမ်းတလျှောက်ကို ပူလောင်မှုကင်းစွာနဲ့ ဖြတ်သန်းနိုင်ဖို့ အမြဲကြိုးစားနေပါတယ်ဗျာ …။ ။

ချစ်တဲ့ကျော်