











Credit

Unicode

“ရက်စက်လှတဲ့ ပထွေးရဲ့ နှိပ်စက်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ သားငယ်လေး” (ရုပ်သံ)

ဒီသနားစရာ ကလေးငယ်လေးရဲ့အဖြစ်ကို အဒေါ်ဖြစ်သူက တင်ထားတာဖြစ်ပါတယ်….အဒေါ်ဖြစ်သူက ခုလို တင်ထားပါတယ်

“ငါ့တူလေး ဘဝဆက်တိုင်း ဒီလိုမိခင်မျိုး ပထွေးမျိုးနဲ့ မကြုံပါစေ ကောင်းရာမွန်ရာဘဝရောက်ပါစေ … ။

အသက် 3 နှစ်လေးကို ဘယ်လောက်တောင်လုပ်ထားတာလဲ မျက်နှာမာရစရာမရှိ နံရိုး 5ချောင်းတောင်ကျိုးရအောင် လူမဆန်တဲ့ ပထွေးမျိုးဘဝဆက်တိုင်းမတွေ့ပါစေနဲ့ …. ။

ဒင်းတို့ လင်မယား အချုပ်ခန်းထဲမာ သေဒဏ်ပေးရမာ…နာတယ်နာတယ်လို့ အော်နေရှာတာတဲ့ ရက်စက်လိုက်တာ ငါ့တူလေး မျက်နှာလေးမြင်လိုက်တော့ မခံစားနိုင်ဘူး … ။

အဖွားအိမ်မာနေနေတာ အဆင်ပြေနေတာ ဒင်းတို့လင်မယား လာခေါ်ပီးပြုစုမလိုနဲ့ တစ်ပတ်တောင်မကြာဘူး ခုလိုဖြစ်ရတယ် … ။

ဘေးအိမ်ကလူတွေကအသံဖမ်းထားတာ နာတယ်နာတယ်လို့ အော်နေတာတဲ့ မခံစားနိုင်ဘူးဟယ် … ။

မအေမရှိတုန်း ကလေးကိုနှိပ်စက် ပထွေးဖြစ်သူက ။ဒါကိုအမေဖြစ်သူက အစားမှားပီးသေတယ်လို့လိမ်တယ် ဒီလိုအမေမျိုးမမြင်ဘူးဖူး … ။

ဒင်းတို့လင်မယားသေမိန့်ပေးရမာ လင်က ဖုန်းအားသွင်းကြိုးနဲ့ရိုက်တယ် ဆေးလိပ်မီးနဲ့ နားထင်ကိုထိုးတယ်တဲ့ ခြေထောက်နဲ့ကန်တာ နံရိုး 5ချောင်းကျိုးတယ် … ။

ဒီကလေးလေး ခုမ 3 နှစ်တောင်မပြည့်သေးတာ လုပ်ရက်လိုက်တာ နင်တို့မျက်နှာ ငါတွေ့ရအုံးမာပါ အဲ့ကျမ နှစ်ယောက်ဆွဲလုပ်ပြစ်မယ် လင်ယောမယားယော လင်တရူးမ လင်ကိုဖုံးပေးတယ် သားသမီးကိုမကြည့်တဲ့ဟာမ နင်နဲ့အမျိုးတော်ရတာ ရှက်တယ် ဒင်းတို့မျက်ခွက်တွေ တင်အုံးမာ”

ဆိုပြီးတင်ထားတာဖြစ်ပါတယ် … ။

Credit