နွေဦးတော်လှန်ရေးနဲ့ပက်သက်လို့စကစ ကို အပြတ်သားဆုံးစိန်ခေါ်လိုက်တဲ့အိပန်ဆယ်လို
နွေဦးတော်လှန်ရေးနဲ့ပက်သက်လို့ စကစ ကိုအပြတ်သားဆုံးစိန်ခေါ်လိုက်တဲ့ အိပန်ဆယ်လို
အာဏာသိမ်းပြီးကာလတွေမှာတော့ စကစ ကနေအပူတပြင်းနဲ့အလိုရှိနေတဲ့ ပန်ဆယ်လိုကတော့ လွတ်မြောက်ရာဖြစ်တဲ့ အမေရိကန်နိုင်ငံကို သွားရောက်နိုင်ခဲ့လို့ လူတွေရဲ့ဝေဖန်မှုကို ခံနေရပေမဲ့ ပန်ဆယ်လိုကတော့ အပြုံးမပျက်ခဲ့ပါဘူး။ ဒီနေ့လေးမှာတော့ ပန်ဆယ်လိုက စကစကနေ ဦးကျော်မိုးထွန်းကို ပြန်ပို့ပေးဖို့အမေရိကန်ကိုစာပို့ပြီးတောင်းဆိုတာနဲ့ပက်သက်လို့ သူမက ” ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကို ပြန်ပေးဖို့ အသာထားဦး။
ပန်ဆယ်လိုကိုပဲ ပြန်တောင်းကြည့်ပါဦး။မေဒိကန်က ပေးမလားလို့။ လူကိုသော် ပေးမည်လော စစ်ကိုသော် ပြုမည်လောလို့ ရာဇသံလေး ပေးကြည့်ပါလား။
ဇရှိရင်ပေါ့။ ငိ Feeling- တဆုံးချွန်ပေးမည့် မိပန်လေး ” လို့ ရေးသားထားခဲ့ပါတယ်။ ဒါ့အပြင် သူမက မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နွေဦးတော်လှန်ရေးနဲ့ပက်သက်လို့ သူမဘက်က သူမတတ်နိုင်သလောက်အစွမ်းကုန်ထိ လုပ်သွားမယ်ဆိုတဲ့ အကြောင်းကိုလည်း ရေးသားထားခဲ့ပါသေးတယ်။
သူမက ” ဒီရက်ထဲ စာရေးကျဲပါမယ်။ အကောင့်ဟောင်း ပြန်ရဖို့ ကြိုးစားနေဆဲကာလမို့ အကောင့်သစ်လည်း မဖွင့်သေးသလို ဒီPage တစ်ခုနဲ့ Telegram Channel ကလွဲရင် အခြားဘယ်အကောင့်၊ ဘယ်ပေ့ချ်မှ မသုံးသေးပါဘူး။
အတုတွေတွေ့ရင် Report သာ ထုပေးကြပါ။ ပြင်ပဘဝမှာ ခဏ Settle ချဖို့ အချိန်ပေးရတော့မှာ ဖြစ်သလို နွေဦးတော်လှန်ရေးအတွက် နိုင်ငံခြားဘာသာနဲ့ ထုတ်ဝေမယ့် စာအုပ်အတွက် ကြိုတင်ဝယ်ယူထားတဲ့ ထုတ်ဝေသူကို ကတိပေးထားတဲ့ စာမူပေးရမယ့် အချိန်လည်း နီးကပ်လာတာမို့ စာအုပ်အတွက် စာရေးဖို့ အာရုံစိုက်မှာမို့ ဖေ့စ်ဘုတ်ပေါ်မှာ အနည်းငယ် စာရေးကျဲပါမယ်။
နေ့နဲ့ည အချိန်လွဲချော်မှုကြောင့် မြန်မာချိန်အတိုင်းFacebook လိုက်သုံး၊ Meeting တွေတက်နေရတာ ရက်ပေါင်းကြာလာတော့ အိပ်ရေးပျက်၊ ကျန်းမာရေးထိပြီး အာရုံစူးစိုက်နိုင်မှု ကျလာတယ်။ အမြဲ ပင်ပန်းနေသလို ရုပ်ပေါက်လာတယ်။ အာရုံစုစည်းနိုင်ဖို့ Screen Time အနည်းငယ်လျှော့ပါမယ်။
မြန်မာ့နွေဦးတော်လှန်ရေးမှာ မြန်မာပြည်သူတွေရဲ့ ခံစားချက်၊ ဖိနှိပ်ခံရမှုတွေ၊ အမျိုးသမီးဝရမ်းပြေးတစ်ယောက်ရဲ့ နေ့စွဲတွေနဲ့ စစ်အာဏာရူးတွေရဲ့ ယုတ်မာပက်စက်မှုတွေကို ကိုယ်နိုင်ရာ ကလောင်နဲ့ အခြားနိုင်ငံတွေ သိအောင် ထင်ဟပ်ရေးသားနိုင်ဖို့ ကြိုးစားနေပါတယ်။ ပျောက်သွားမယ် ထင်ပြီး ပျော်မနေကြနဲ့နော်… ဟိုဘက်ရပ်ကွက်ကကောင်တွေ။
အလုပ်ရှုပ်မှာမို့ အဆော်ကျဲမယ်ပဲ ပြောတာ။ မဆော်တော့ဘူး ပြောတာ မဟုတ်ဘူး။မြန်မာလို ဆော်ရတာ ပျင်းလာလို့ အခြားနိုင်ငံတွေအထိ နင်တို့ အယုတ်တမာတွေ ဘယ်လိုယုတ်မာလဲသိအောင် ရေးမှာမို့။သိဘို့…. 😌 ” ဆိုပြီးရေးသားထားခဲ့ပါတယ်။
သူမရဲ့ ပိုစ်အောက်မှာတော့ မှတ်ချက်မျိုးစုံနဲ့ ပွဲစည်လို့ နေပြန်ပါတယ်။ Cele World ပရိသတ်ကြီးလည်း ကျန်းမာရေးကို ပိုပြီးဂရုစိုက်ရင်းအောင်ပွဲနေ့အထိရောက်အောင် တောင့်ခံထားကြအုံးစို့နော်…
Source: Pencilo On Earth
Zawgyi